ပသီမောင်နှမရဲ့ အမုန်း (ဇာတ်သိမ်း)

may flowersSeptember 25, 20121min038

အိမ်ကိုပြန်ရောက်လာပေမဲ့ ကိုဘသာတစ်ယောက်မဖြစ်စဖူး ထိုတောက်ခေါက်သံစူးစူးကိုပဲ မကြာခဏကြား

ကြားနေခဲ့ပါတယ်။ ဒါပေမဲ့ နာနာဘဝတို့ နတ်တို့ကိုအယုံအကြည်မရှိဘူးလို့ ကြွေးကြော်ထားသူ ကိုဘသာတစ်

ယောက်ကတော ့အဲဒီအကြောင်းကိုလည်းအခြားသူတစ်ယောက်ကိုပြောပြရမှာရှက်သလိုလို ဘာလိုလိုမို့ဘယ်

သူ့ကိုမှမပြောပြပဲ နှုတ်ပိတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစူးရှလှတဲ့ နာနာကျဉ်းကျဥ်းတောက်ခေါက်သံကိုတော့ အ

မြဲတမ်းလိုလို ကြားယောင်နေခဲ့မိပါတယ်။

ဒီလိုနဲ့ အဖြစ်အပျက်ကတစ်ပါတ်နီးပါးကြာသွားခဲ့ပါပြီ။ တစ်ပါတ်အချိန်ကြာသွားခဲ့ပေမဲ့ ကိုဘသာရဲ့ကြောက်ရွံ့

စိတ်က ပျောက်မသွားခဲ့ပါဘူး။ သူ့ကို တစ်စုံတစ်ယောက်စူးစူးရဲရဲစိုက်ကြည့်နေသလိုခံစားချက်  တွေကိုမကြာ

ခဏ ခံစားမိတတ်ပါတယ်။တစ်နေ့..ကိုဘသာတစ်ယောက်အလုပ်ကိစ္စနဲ့ အနီးနားကမြို့ကိုစက်ဘီးတစ်စီးနဲ့

ထွက်လာခဲ့ပါတယ်။ ထိုမြို့နဲ့ ကိုဘသာတို့မြို့ကြားမှာတော့ ငမိုးရိပ်ချောင်းကိုဖြတ်ပြီးဆောက်လုပ်ထားတဲ့ ငမိုး

ရိပ်တံတားတစ်ခုကို ဖြတ်သွားရပါတယ်။ တံတားကိုသစ်သားတွေနဲ့တည်ဆောက်ထားပြီး

ကားတစ်စီးဖြတ်မောင်းရုံလောက်သာအကျယ်ရှိပါတယ်။ ဘေးအကာရံရယ်လို့မရှိပေမဲ့ ဒီတံတားကို အမှီပြုပြီး

ဖြတ်သန်းသွားလာနေကြတဲ့ ကိုဘသာတို့အဖို့ကတော့ သိပ်မထူးဆန်းပဲ အေးအေးဆေးဆေးမျက်စိမှိတ်

ပြီးတောင် စက်ဘီးစီးပြီးကူးသွားနိုင်ကြပါတယ်။  ကိုဘသာလည်း အရင်လိုကိစ္စတွေဖြစ်မှာစိုးပြီး

အလုပ်ပြီးတာနဲ့တန်းပြန်လာခဲ့ပါတယ်။ အဲ..တံတားပေါ်အရောက်မှာတော့ ညနေ ခြောက်နာရီခွဲလောက်ရှိနေ

ခဲ့ပေမဲ့ လူသူလေးပါးမြင်နိုင်လောက်တဲ့အထိ အလင်းရောင်တော့ရှိနေပါသေးတယ်။ ဖြတ်နေကျတံတားရယ်မို့

ကိုဘသာလည်း ဘေးဘီတောင်ကြည့်နေစရာမလိုပဲ လေလေးချွန်ကာအေးဆေးပဲ ဖြတ်စီးလာခဲ့ပါတယ်။

တံတားအလယ်လောက်ရောက်ချိန်မှာတော့ လျှင်မြန်လွန်းလှတဲ့ အမဲရောင်အရိပ်တစ်ခုဟာ ကိုဘသာရဲ့ဘေး

ကို အားကုန်တွန်းထဲ့လိုက်ပါတော့တယ်။ ပြင်းထန်လွန်းလှတဲ့ တွန်းအားကြောင့်ကိုဘသာစက်ဘီးအရှိန်နဲ့ လဲကျ

သွားခဲ့ပါတယ်။ ကိုဘသာလည်း အကာအရံမရှိတဲ့တံတားပေါ်ကနေ ခြေလွတ်လက်လွတ်ပြုတ်ကျတော့မလိုဖြစ်

သွားချိန်မှာတော့ ဖြူဖြူသဏ္ဍန်တစ်ခုလိုလိုမဲ့ ဝါးတားတားလူလိုလိုအရိပ်တစ်ခုက ကိုဘသာကိုလှမ်းဆွံထား

လိုက်တာကြောင့် ကိုဘသာချောင်းအောက်ကိုပြုတ်မကျသွားပဲ တံတားအစပ်စွန်းစွန်းလေးပေါ်မှာ ကုတ်တွယ်

ပြီးတန်းလန်းကြီးဖြစ်နေပါတယ်။ အဖြစ်အပျက်က မြန်လွန်းလှတာကြောင့်ကိုဘသာ ခဏတော့ ကြောင်ပြီးနေ

နေမိပါသေးတယ်  ။ အဲ..ခဏအတွင်းမှာပဲ သတိဝင်လာတာကြောင့် ..

“ကယ်ကြပါအုံးဗျာ..ကယ်ကြပါအုံး”

လို့ အနီးအနားမှာရှိတဲ့ လူတွေကို လှမ်းခေါ်အကူအညီတောင်းပါတော့တယ်။ အမှန်တော့ ကိုဘသာဖြစ်လိုက်

တာ မျက်စိတစ်မှိတ်အတွင်း အလွန်မြန်မြန်ကြီးဖြစ်သွားခဲ့တာကြောင့် ပါတ်ဝန်းကျင်တံတားပေါ်ကိုဖြတ်သွားလာ

နေတဲ့ သူတွေလည်းပထမတော့ကြောင်ကြည့်နေမိကြတာပါ။ နောက်..ကိုဘသာအသံကြားမှ သတိဝင်လာကြ

ပြီး တံတားအစွန်းမှာတန်းလန်းကြီးခိုနေတဲ့ ကိုဘသာကိုအပြေးလေး လာရောက်ဆွဲယူ ၊ မတင်ကြပါတော့တယ်။

တံတားအလယ်ကနေ စီးလာရင်းဘာလိုဖြစ်လို့ ရုတ်တရက်ကြီး စက်ဘီးကတစ်စုံတစ်ဦးကတွန်းလှဲလိုက်သလို

ဖြစ်ပြီးလဲကျသွားရတာလည်းလို့ တအံ့တဩနဲ့ ကိုဘသာကိုဝိုင်းမေးကြပါတော့တယ်။ ကိုဘသာကိုယ်တိုင်က

လည်း ကိုယ်တိုင်ကြုံလိုက်ရတဲ့ အဖြစ်ပေမဲ့ ကိုယ်တိုင်လည်းအံ့ဩပြီးမယုံနိုင်လောက်အောင် ထိတ်လန့်နေခဲ့ရှာ

ပါတယ်။

ဒါနဲ့ ကိုဘသာကို အဲဒီတံတားအနီးက ရပ်မိရပ်ဖတစ်ဦးက စက်ဘီးနဲ့တင်ခေါ်ကာ ကိုဘသာရဲ့ အိမ်ကိုရောက်

အောင်လိုက်ပါပို့ဆောင်ပေးခဲ့ရပါတော့တယ်။

အဲဒီညမှာတော့ကိုဘသာတစ်ယောက် အိမ်မက်ဆန်းဆန်းတစ်ခုကိုမက်ပါတော့တယ်။ တကယ်တော့ အိမ်မက်

လို့သာ ခေါင်းစဉ်တပ်လိုက်ပေမဲ့ တကယ့်ကိုအိပ်ပျော်နေတုန်းမက်သလိုလည်းမဟုတ်ပြန်ပါဘူးတဲ့။ လူက အိပ်မ

ပျော်တစ်ပျော်ဖြစ်နေချိန်မှာ အသက်လေးဆယ်ကျော်ကျော်လောက်ရှိမယ်ထင်ရတဲ့ သူတစ်ဦးကိုဘသာဘေး

နားကို လာရပ်နေတာကိုတကယ်လိုလိုအိမ်မက်လိုလိုတွေ့ရတော့တာပါ။ ဒါပေမဲ့မျက်နှာကို ကြည့်လိုက်တော့

လည်း ထင်ထင်ရှားရှားမြင်ရတာမဟုတ်ပဲ ဝေဝါးဝါးသာတွေ့နေရပါတယ်။ သူကကိုဘသာကိုကြည့်ပြီး

 

“မင်း ကံကောင်းတယ်..ငါ့ညီမက မင်းကိုအသေသတ်မလို့လုပ်တာ ငါကတားထားလို့..မင်းကြောင့်ငါတို့

မောင်နှမ တော်တော်အရှက်ရစေခဲ့တယ်

 

လို့ပြောပါတယ်။ ကိုဘသာလည်း သူမသိတဲ့အကြောင်းနဲ့ မည်သူမည်ဝါဖြစ်ကြောင်းမေးရန်  စကားပြောမလို့

ကြံစည်ပေမဲ့ စိတ်ထဲကသာပြောချင်မေးချင်နေပေမဲ့ ပါးစပ်ကတော့ထွက်မလာနိုင်ပဲ အာစည်းထဲ့ထားသလို

ဆွံ့အနေပါတယ်။ ဒါပေမဲ့ သူမေးချင်ပြောချင်တဲ့အကြောင်းကို သိနေသလို ထိုလူကဆက်ပြီးပြောနေပါတယ်။

 

“ငါဘယ်သူမှန်းမင်းမသိဘူးလား…ငါတို့က ပသီမောင်နှမနှစ်ယောက်ပဲ..ငါကအကိုအကြီး..ဟိုနေ့က ငါတို့

ဘာသာ ငါတို့လမ်းကိုသွားတာ မင်းကိုဘာမှအန္တရာယ် မပေးတာမင်းကဘာလို့ မဖွယ်မရာမျိုးစုံဆဲပြီး မဖွယ်

အရာ အပြုအမူတွေလုပ်ခဲ့ရတာလဲ ..ဒါကိုငါ့ညီမကလုံးဝမကျေနပ်ဖူး..သူမင်းနောက်ကိုတောက်လျှောက်

လိုက်နေခဲ့တာ   မင်းကံနိမ့်တဲ့အချိန်ကိုရွှေးပြီး မင်းကိုသတ်ဖို့အထိသူမုန်းနေတယ်……………………..

ဟိုနေ့က တံတားပေါ်မှာလည်း  ငါ့ညီမကမင်းကို တွန်းချလိုက်တာ ငါကယ်လိုက်လို့…..အဲဒါ  ငါသူ့ကိုနား

ချထားတယ်  မင်းငါတို့ကို ဆဲဆိုပြုမူခဲ့တာ သုံးရက်အတွင်းတောင်းပန်ပါ  သုံးရက်ကျော်သွားရင်တော့ ငါ

လည်း သူ့ကိုမတားနိုင်တော့ဘူး …”

 

လို့ပြောပြီ ပိတ်ထားတဲ့ တံခါးကိုဖြတ်ပြီးထွက်ခွာသွားတာကို ကိုဘသာရှင်းရှင်းလင်းလင်းကြီးမြင်နေခဲ့ပါတယ်။

သရဲကိုအကြောက်အလန့်မရှိ နတ်ကိုအယုံအကြည်မရှိတဲ့ ကိုဘသာတစ်ယောက်ကိုယ်တိုင်မယုံနိုင်စရာကောင်း

တဲ့အတွေ့အကြုံတွေကို ခံစားလာချိန်ရောက်တော့ အသက်ဘေးဆိုတဲ့အသိကြောင့် အရင်လိုနှုတ်ဆိတ်မနေနိုင်

တော့ပဲ မနက်ကြတော့သူ့မိန်းမ ကိုဇာတ်စုံခင်းပြီး ဇာတ်ကြောင်းလှန်ကာ ပြန်ပြောပြရပါတော့တယ်။ ကိုဘသာ

မိန်းမကလည်း ယောက်ျားရဲ့စကားကိုကြားပြီး ရင်တုန်ကြောက်လန့်သွားပေမဲ့ ကိုယ်တိုင်အိမ်မှာကလည်း ဘုရား

ကလွဲလို့ နတ်ကိုယုံကြည်ကိုးကွယ်သူမဟုတ်တော့ နတ်အကြောင်းကို ဂဏနဏမသိရှာပါဘူး။ ဒါနဲ့ ရှေ့မှီနောက်

မှှီ ကိုဘသာတို့မြို့မှာ အသက်အကြီးဆုံးစာရင်ဝင်တဲ့ တစ်အိမ်ကျော်က အဖွားမြဆီသွားမေးကြဖို့ လင်မယားနှစ်

ယောက်တိုင်ပင်ပြီး သွားမေးကြပါတယ်။ ဖွားမြကို ဇာတ်စုံခင်းပြအပြီးမှာတော့

“အောင်မလေး …ကံကောင်းလို့မသေတာပါလား..မောင်ဘသာရယ်….”

လို့ ဖွားမြရင်ဘတ်ဖိပြီး ပြောပါတော့တယ်။နောက်ပြီး ဖွားမြကဘသာကိုဆက်ဆုံးမပါတော့တယ်။

 

“ ကိုယ်ယုံကြည်တာမယုံကြည်တာအပထား..ဘယ်သူမှကိုယ့်ကို လာအကြောင်းမဲ့ဆဲဆိုတာ ရန်ပြုတာတော့မ

ကြိုက်ကြဘူးလေ …မင်းကံကောင်းလို့ ကံမြင့်နေလို့သာ ပါလား”

 

လို့ ပြန်ပြောပြီး ထိုမောင်နှမကို လက်ဖက်တစ်ပွဲ ဆေးလိပ်တစ်ဘူးနဲ့ ကန်တော့တောင်းပန်လိုက်ဖို့ပြောပါတယ်။

ကိုဘသာတို့လင်မယားကလည်း နတ်ဆိုတာသူတို့လင်မယားနှစ်ယောက်လုံးနားမလည်ပဲ အစိမ်းသက်သက်မို့

ဘယ်လိုတောင်းပန်ရမလဲ  မေးတော့  အဖွားမြက ကိုဘသာအိမ်မှာပဲ လက်ဖက်အသားလေးပြင်၊ ဆေးလိပ်

တစ်ဘူးပြင်ကာ ထိုမောင်နှမကိုပင့်ဖိတ်၍ တောင်းပန်ဖို့ပြောပါတယ်။ အသက်ဘေးကို ကိုယ်တိုင်ကြုံခဲ့ရတော့

မမြင်ရတဲ့လောကသားကို တောင်းပန်ဖို့ရာ ကိုဘသာဝန်မလေးလှပေမဲ့ အိမ်ပေါ်ခေါ်ပြီးတောင်းပန်သမှုပြုရမယ်

ဆိုတော့ ကိုဘသာတွေဝေသွားပါတယ်။ ဒါကြောင့် အဖွားမြအိမ်မှာပဲ တောင်းပန်ပင့်ဖိတ်ပေးလို့မရဘူးလားမေး

ပြီး အဖွားမြရဲ့ခွင့်ပြုချက်နဲ့ လက်ဖက်တစ်ပန်းကန်၊ ဆေးလိပ်တစ်ဘူးဝယ်ကာ ထိုပသီမောင်နှမနတ်စိမ်းနှစ်ပါး

ကို အမိုက်အမဲလေးတွေမို့ ခွင့်လွှတ်ပါရန် အထပ်ထပ်တောင်းပန်ပြီး ကိုဘသာတို့လင်မယားအိမ်ပြန်လာခဲ့ကြပါ

တော့တယ်။ ထူးခြားမှု့ပဲဆိုဆို တိုက်ဆိုင်မှုပဲပြောပြော  ထိုတောင်းပန်ပြီးနောက်ပိုင်းမှာ ကိုဘသာတစ်ယောက်

အရင်လို တစ်စုံတစ်ဦးကစိုက်ကြည့်နေသလိုခံစားချက်မျိုးလုံးဝမရှိတော့ပဲ   အန္တရာယ်ကင်းကင်းနဲ့

ယခုအချိန်အထိ ကျန်းမာရွှင်လန်းစွာ ထိုမြို့လေးမှာပဲ ဆက်ပြီးနေထိုင်နေပါသေးတယ်။

ထိုအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်ပိုင်းမှာတော့ ကိုဘသာတစ်ယောက်အမြဲပြောတတ်တဲ့ စကားတစ်ခွန်းရှိ

ပါတယ်။ အဲဒါကတော့

“ငါတို့မမြင်နိုင်တဲ့ လောကီနယ်မှာ မမြင်နိုင်တဲ့လောက သားတွေအမှန်တကယ်ရှိတယ်ကွ သူတို့ကိုမယုံ

ကြည်ရင်တောင် မစော်ကားမိစေနဲ့

တဲ့။

 

ဖတ်ရှုအားပေးတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်……….

မေဖလားဝါး။

 

38 comments

  • ကြည်ဆောင်း

    September 25, 2012 at 12:01 pm

    ဇတ်သိမ်းပိုင်းလေးဖတ်ပြီးသွားပါပြီ ….
    အဓိက ကတော့ နတ်ရယ် လူရယ် မဟုတ် အသားလွတ်ရိုင်းတာကို
    ဘယ်သူမှမကြိုက်ဘူးဆိုတာဘဲပေါ့နော်
    တောင်းပန်လို့ရလို့တော်သေး၏လို့ဘဲပြောရမှာဘဲ…

    Reply

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 12:02 pm

    ဪ..
    လက်စသတ်တော့ တောက်ခေါက်တာ အငယ်မကိုးကွ..
    ဟုတ်မဟုတ်…ဒီအောက်မှာ ကွန်းမန် ့လာရေးပြီး သက်သေပြစမ်းဟေ့ 😆
    နောက်ဒါ..
    တားမဟုတ်ဘူး..ကိုဘသာ..ကိုဘသာ

    Reply

      • Good™

        September 25, 2012 at 3:04 pm

        အငယ်မ ကို မလေးမစား လုပ် လို့ တောက်ခေါက်တာ အကိုကြီး မဟာရာဇာ အံစာတုံး လား။
        ကွန့်မန့် ထဲကနေ လ္ဘက်ရော အရက် နဲ့ ဆေးလိပ် ပါ တင် မြှောက်ပါတယ်။
        ဂေဇက် အဟက် မခံရ အောင် စောင့်မတော် မူ ပါ ခင်ဗျား။

        Reply

        • စိန်ဗိုက်ဗိုက်

          September 25, 2012 at 3:37 pm

          ကဲ.ကဲ..
          ဗိုက်ကလေးလဲ တောက်ခေါက်ပြီ
          အသက်နဲ ့ခန္ဓာ အိုးဇားမကွဲချင်ရင်
          ဘီဘီနဲ ့ ကြက်ကြော် ငါးကင် ဘဲကင် ဝက်ကင် ငါးသုံးလုံး ဆက်သကြ

  • surmi

    September 25, 2012 at 12:05 pm

    တကယ် ကြုံဖူးတဲ ့အတွေ ့အကြုံအတိုင်းရေးနိုင်ပါပေတယ်ဗျာ။
    ကျုပ်လည်းတစ်နေ ့ကျရင် အဲဒီမောင်နှမကို ဒူးတုန်အောင်ကြောက်တဲ ့
    မိတ်ဆွေတစ်ဦးကိုလမ်းပြလုပ်ပြီး ပဲခူးရိုးမအလယ်ပိုင်းကိုဝင်ခဲ ့
    ဖူးတာလေးပြောပါဦးမယ်။
    ဆေးလိပ်နာမည်နဲ ့ ဒီမောင်နှမအကြောင်းကြားမိယုံနဲ ့ နေရာဒေသကိုသိနေတာ
    တစ်ချိန်က ကျုပ်လည်းအဲဒီဒေသကိုရောက်ခဲ ့ဖူးလို ့ပါ။
    ကျုပ်ကတော ့ဒီလိုကောင်တွေနဲ ့ပတ်လည်းမပတ်သက်ပါဘူး
    သိပ်လည်းအယူမသည်းပါဘူး
    ကျုပ်မိတ်ဆွေကသာ…………..

    Reply

    • pooch

      September 25, 2012 at 12:54 pm

      ကိုဆာမိရေးဖြစ်အောင်ရေးပါ။ ဒါနဲ့ ပဲခူးရိုးမကို ရောက်ဖူးတယ် ဆိုတော့ တောထဲတောင်ထဲ သွားတဲ့အခါ သစ်ပင်မြင့်ကြီးတွေမှာ ကပ်ပေါက်နေတဲ့ မှော်ဆန်တဲ့ သစ်ခွတချို့အကြောင်းကိုရောများ တွေ့ဖူးကြား ဖူးမလားပဲ။ သိရင်လည်း မျှပါအုန်း။ တချို့လည်း အဲ့ဖက်ပေါက်တဲ့ သစ်ခွတွေကို ဂမုန်းလို့ ခေါ်ကြတယ်။

      မမေရေ အားပေးသွားပါတယ်။ တောမှောက်တတ်တဲ့ အကြောင်းကို မြိုင်ရာဇာတွတ်ပီရဲ့ ဇာတ်လမ်းတွေထဲ မှာ ဖတ်ဖူးလေ့ရှိပါတယ်။ တွတ်ပီရဲ့ ပရိသတ်စစ်စစ်တယောက်ဖြစ်ပြီး ဟိုးအရင်က မလွတ်တမ်းဖတ်လေ့ရှိပါတယ်။ ကာတွန်းဆိုပြီး အထင်သေးလို့ မရပါဘူး။ တောအကြောင်း တောင်အကြောင်း သူတို့ ဓလေ့ သူတို့ အကြောင်းလေးတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

      Reply

      • surmi

        September 25, 2012 at 1:17 pm

        လာမယ်ဒေါ်ပုချ်ရေ
        လကုန်ခါနီးနေလို ့ တာဝန်ဝတ္တရားတွေများနေလို ့
        စိတ်သာပါတယ် လူက မလိုက်နိုင်ဖြစ်နေတာ

        Reply

  • ကိုခင်ခ

    September 25, 2012 at 12:15 pm

    မမေရေ မျော်တော်ဇောနဲ့ မမောရဘဲ ဇာတ်သိမ်းလေး ဖတ်ရတဲ့အတွက် ကျေးဇူးဗျာ။
    စော်ကားမှု ရိုင်းပြမှုကတော့ လက်မခံနိုင်ကြတာများပါတယ်နော်။

    Reply

  • Shwe Tike Soe

    September 25, 2012 at 12:35 pm

    အဲလိုမျိုးတွေရှိတာ တော့ သိတယ်…….ဟိုတစ်ခေါက် ရွာအလှူ ပန်းတနော်သွားတုန်းက အင်ကြင်းပန်းလေးတွေ လှလို. ခူးမလို.လုပ်တာ ရွာသူရွာသားတွေ ခါးခါးသီး ဟန်.တားကျတာ ဘာလို.လဲမေးကြည့်တော့ အဲဒီ အပင်က ပန်းကို ခူးတာ ဟိုညီအမ က မကြိုက်ဘူးတဲ့လေ…………………
    ဘာမှန်းတော့ မသိပါဘူး မခူးနဲ.ဆိုလို. မခူးခဲ့ဘူး………… အခု အန်တီမေဖလားဝါးပြောတဲ့ မောင်နှမလိုပဲနဲ.တူတယ်နော်….

    အဲဒါကြောင့်လူကြီးသူမတွေက ပြောတာ ဟိုနေရာပန်း ဒီနေပန်း လျှောက်မပန်းနဲ.တဲ့ ပန်းချင်လွန်းရင်လဲ ပါးစပ်ကနေ တောင်းပန် ပြီးမှ ပန်းတဲ့ ………. ကိုယ်က မမြင်ရပေမယ့် သူတို.က မြင့်နေရတယ်…………. ချက်ချာကြီးအေ…….. အဟီးးးးး :hee: :kwi:

    Reply

  • may flowers

    September 25, 2012 at 12:35 pm

    ကြည်ဆောင်းရေ ပထမဆုံးကော့မန့်ရေးပြီး အားပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါနော်။

    “ဪ..
    လက်စသတ်တော့ တောက်ခေါက်တာ အငယ်မကိုးကွ..
    ဟုတ်မဟုတ်…ဒီအောက်မှာ ကွန်းမန် ့လာရေးပြီး သက်သေပြစမ်းဟေ့ ”
    သာမီးပြောတာဟုတ်ဖူးနော် စိန်ဗိုက်ဗိုက်ပြောဒါ 😀

    ကိုဆာမိရေ ဒီဇာတ်လမ်းလေးကလည်း လူတစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်ကို ပြန်ရေးထားတာပါ။
    ကိုဆာမိရဲ့ အတွေ့အကြုံဇာတ်လမ်းလေးကိုလည်း ဖတ်ဖို့မျော်နေမယ်နော် မြန်မြန်လေးတင်ပေးပါလို့..။

    စော်ကားမှု ရိုင်းပြမှုကတော့ ဘယ်လေကသားမှမကြိုက်ဘူးဆိုတာ အသေအချာပါပဲ ကိုခင်ခရေ။ ဖတ်ပြီး
    ကော့မန့်ရေးပေးတဲ့အတွက် ကျွန်မကလည်းအထူးကျေးဇူးတင်ပါတယ်။ ကော့မန့်ဝင်ရေးတဲ့သူများမှ စာရေး
    ရတာအားရှိတာမို့လေ။

    Reply

  • may flowers

    September 25, 2012 at 12:39 pm

    အဲ သားသားShwe Tike Soe ပြောတဲ့ ပန်းတနော်က မောင်နှမတော့ အန်တီသိဘူးရယ်။

    ဘူတွေလည်းဟင်။

    Reply

    • Shwe Tike Soe

      September 25, 2012 at 12:43 pm

      တားတားယဲ တိပါဘူး ဂျာ အုပ်ထိန်းသူက အဲဒီပန်းလေးလှဒယ် လိုချင်တယ်ပြောတော့ လူစွမ်းကောင်းလုပ်ခူးပေးမယ် ဆိုပီး ခူးတာ ဝိုင်း တားကြတာလေ…….. အဲဒီ ညီအစ်မက မကြိုက်ဘူးတဲ့ အကိုင်ခံရမယ်ဒဲ့လေ……

      သူတို.ကိုင်တာတော့ မခံနိုင်ပေါင် ဒါနဲ.ပဲ နားရွက်ဆွဲခံလိုက်တော့ ဒယ်…………အဟီးးးးးးးး

      Reply

  • Mon Kit

    September 25, 2012 at 12:40 pm

    မေဖလားဝါးလေးရေ…
    ဇာတ်သိမ်းလေးကို လည်း လှလှပပလေး စိတ်ဝင်စာအောင် ရေးဖွဲ့သွားနိုင်ပါတယ်…
    နောက်လဲ အဲလို လောကီနယ်လွန် ဖြစ်ရပ်လေးတွေ ရှိရင် ရေးပေးအုံးနော်…
    စိတ်ဝင်စားတယ်…
    တော်သေးတာပေါ့… အဲ တပသီ မောင်နှမ က လက်ဖက်တစ်ပွဲ ဆေးလိပ်တစ်ဗူးနဲ့ ကျေနပ်သွားလို့ နော်..
    :kwi:

    Reply

  • may flowers

    September 25, 2012 at 12:48 pm

    Mon Kit ရေ အားပေးဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။။စိတ်ချ အားပေးတဲ့သူရှိလို့ကတော့ သဂျီးဆီက

    ပိုက်ဆံ ကုန်တဲ့အထိ ပိုစ့်တွေရေးပြီး စီးပွားရှာပြစ်မယ် လာထား.. :mrgreen:

    Reply

  • မောင်ပေ

    September 25, 2012 at 12:49 pm

    မေလေး ရဲ ့ဇါတ်လမ်းလေးကို ဖတ်အပြီး ၊ စကယ်ရီမူဗီ လိုမျိုး ၊ ပြန်ရေးချင်မိတယ်ကွယ်
    ခွင့်ပြုမှာလား ဟင်

    Reply

  • may flowers

    September 25, 2012 at 12:51 pm

    ကိုပေကလည်း မေးနေရသေး ရေးသာရေး၊ ရေးသာရေး :mrgreen:

    Reply

  • kyeemite

    September 25, 2012 at 1:11 pm

    ဖြစ်နိုင်တာ မဖြစ်နိုင်တာ ထားလို့..
    စာအရေးအသားကောင်းတော့
    ဖတ်လို့ကောင်းတဲ့ ဇတ်လမ်းလေးတစ်ပုဒ်ဖြစ်သွားတာပဲ…
    အားပေးဖတ်ရှု့သွားပါဂျောင်း…
    :harr:

    Reply

  • may flowers

    September 25, 2012 at 1:14 pm

    စာအရေးအသားကောင်းတယ်ပြောလို့ ခုလမ်းလျောက်တာ ကြမ်းနဲ့မထိတော့ပဲ ဇော်ကန့်လန်ဖြစ်နေပြီ

    ဟီဟိ။

    Reply

  • etone

    September 25, 2012 at 1:15 pm

    ဇာတ်သိမ်းသွားပြီဆိုတော့ .. ပထမပိုင်းကို ပြေးဖတ်လိုက်ဦးမယ် .. အဟီး ။ :mrgreen:
    အပိုင်းဆက်တွေဆိုလျှင် အစဆုံး ဖတ်ရမှ ကျေနပ်တာကြောင့် … ဇာတ်သိမ်း တင်ပြီးအောင် စောင့်နေတာ.. :kwi:

    Reply

  • Ma Ei

    September 25, 2012 at 1:34 pm

    မမြင်နိုင်တဲ့လောက သားတွေအမှန်တကယ်ရှိပါတယ်…
    မယုံကြည်ရင်တောင် မစော်ကားမိစေနဲ့ ဆိုတာ အမှန်ပါဘဲ…
    ငယ်ငယ်က အဖွားလေး ရိုးရာတင်တဲ့ တစ်နေ့မှာ
    အဖေနဲ့ သူငယ်ချင်းတစ်ဦးတို့ မူးမူးနဲ့ နတ်သီချင်းဆိုပါးစပ်ဆိုင်းတီးကြ
    မအိတို့ ကလေးတစ်သိုက် နတ်ပူးတမ်းကကြပါတယ်…
    ကနေကြတုန်း အဲ့ဒီဦးလေးကြီး ထိုင်ခုံပေါ်ကနေ ကြမ်းပြင်ပေါ်ဝုန်းဆို ဆင်းလို့
    နဖူးနဲ့ ကြမ်းပြင် တစ်ဒိုင်းဒိုင်းဆောင့်လို့ စိတ်ဆိုးမာန်ဆိုးနဲ့ကြိမ်းမောင်းပါတော့တယ်…
    အဖွားလေးက နံ့သာဖြူဖျန်း တောင်းပန်မေးတော့ အဘညိုပါတဲ့ သူ့အတွက်ပွဲမပါလို့ သိမယ်တဲ့…
    တောင်းပန်ကန်တော့ပြီး ပွဲပါစေရပါမယ်ဆိုတာတောင်အတော်တောင်းပန်မှ ထွက်သွားတာရယ်…
    အဲ့ဒီဦးလေးကြီးက ယောက်ျားရင့်မကြီး နတ်ဝင်စရာလားဆိုပြီး မယုံလို့
    သူ့မှာ နံသာဖြူရည်တွေဖျန်းတာ လူသက်သေတွေနဲ့မှ မယုံချင် ယုံချင်နဲ့ယုံလိုက်ရတာ…
    ကလေးတွေ ကပွဲလဲ ဆက်မကရဘဲ ပျက်ရော…
    :hee:

    Reply

  • may flowers

    September 25, 2012 at 1:42 pm

    ဟုတ်ပါတယ်မအိရေ မမြင်နိုင်တဲ့လောကသားတွေတကယ်ရှိတာ ညီမလည်းယုံပါတယ်။

    ခုကို ဖတ်ရှုဝင်ရောက်ဆွေးနွေးပေးတာ ကျေးဇူးပါနော်။

    Reply

  • မဟာရာဇာ အံစာတုံး

    September 25, 2012 at 2:05 pm

    ဒါနဲ့ …
    နတ်တင်တဲ့ ဆေးလိပ်က ဘာဆေးလိပ်တုံးဗျ ..
    ဂယ်လို့ ကျုပ်ကြိုက်တဲ့ ဆေးလိပ်ဆိုရင်တော့ ..
    နတ်ပွဲ စွန့်တဲ့ထိ စောင့်လိုက်မလားလို့ဘာ ..
    :kwi:
    အားပေး ဖတ်ရှုအားပါတယ်ဗျာ …
    တကယ်ကောင်းတဲ့ ဇာတ်လမ်းလေးပါလို့ ..

    Reply

  • Novy

    September 25, 2012 at 2:06 pm

    မနိုလည်းမမြင်ရတဲ့ပါရလောကသားတွေရှိတာကို ယုံတယ်

    Reply

  • mayjuly

    September 25, 2012 at 2:17 pm

    အားပေး သွားပါတယ်ညီမရေ …

    Reply

  • Khaing Khaing

    September 25, 2012 at 2:26 pm

    ဇာတ်သိမ်းပိုင်းလေးအထိ အားပေးသွားပါတယ် … မမမေ …… နတ်နဲ့နဂါးမလှည့်စားနဲ့လို့ပြောလို့ … ဒီပို့စ်နဲ့ပတ်သက်ပြီး ဘာမှဝေဖန်ပြောဆိုမျိုးမလုပ်တော့ပါဘူး ……….

    Reply

  • Wow

    September 25, 2012 at 3:09 pm

    တော်သေးဒါပေါ့ အကိုကြီးက ဝင်ဆွဲလို့….
    နို့မို့ အပေါက်မတော် တချက်… :mrgreen:

    Reply

  • ကိုရင်မောင်

    September 25, 2012 at 3:50 pm

    တော်သေးတာပေါ့ အကိုကြီးကသဘောကောင်းလို့….
    ကိုဘသာလုပ်ခံတဲ့အမှု့ကလဲကြည့်အုံးလေ…
    မဖွယ်မရာတွေပြခဲ့တာကို..နတ်မို့လို့နော်
    တို့ရွာက စိန်ဗိုက်ဗိုက်နဲ့တွေ့လို့ကတော့…ဟင်းဟင်း
    လောက်လွဲစာအချက်၁၀ဝလောက်မိနေလောက်ပြီ……ဟားဟား
    ကောင်းတယ်မေဖလားဝါးရေ..
    ဒါမျိုးလေးတွေရေးပါအုံး…..အားပေးနေပါတယ်…

    Reply

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 3:57 pm

    သတ္တိရှိရင် ကြုတ်ကို လာပြကြည့်စမ်းဘာ..ပြကြည့်စမ်းဘာ
    😆

    Reply

      • စိန်ဗိုက်ဗိုက်

        September 25, 2012 at 5:25 pm

        ဟယ်..
        တစ်လုံးပိန် တစ်လုံးဖောင်းနဲ ့ ပြူးနေတာပဲတော့..
        ( မျက်လုံး..မျက်လုံး.. )

        Reply

  • Shwe Ei

    September 25, 2012 at 5:21 pm

    တမီးကတော့ မမြင်ရရင် မချိဝူးလို့ သဘောထားပီး နေပါတယ်ချင့် :kwi:

    Reply

  • may flowers

    September 25, 2012 at 5:42 pm

    မဟာရာဇာ အံစာတုံး ရေ ကောင်းတယ်ပြောလို့ကျေးဇူးတင်ပါတယ်နော်။

    Novy ရေစိတ်ချင်းတူနေပြီ ကော့မန့်ဝင်ရေးပြီးဖတ်ရှုအားပေးလို့ကျေးဇူးပါ။

    Wow ရေနယ်တွေဘက်မှာ တကယ်ပဲအပေါက်မတော်လို့အသက်ဆုံးရှုံးခဲ့တဲ့သူတွေရှိခဲ့ဘူးပါတယ်။

    mayjuly ရေအားပေးတဲ့အတွက် ကျေးဇူး။

    Khaing Khaing ရေစိတ်ထဲရှိတဲ့အတိုင်းဝေဖန်ထောက်ပြလို့လည်းရပါတယ်။ ဝေဖန်ချက်တွေ ကိုကြိုဆိုပါတယ်လို့…ဝေဖန်သူရှိမှ နောက်ရေးမဲ့ပိုစ့်တွေမှာ ဆင်ခြင်နိုင်အောင်လို့ပါ..ခုလိုအားပေးတာ
    ကျေးဇူးတင်ပါတယ် ညီမရယ်။

    ကိုရင်မောင် ရေအားပေးတယ်ပြောလို့ ဆက်ရေးဖို့အားရှိသွားပါတယ် တကယ့်ကိုကျေးဇူးအထူးတင် ပါတယ်နော်။

    Shwe Ei ရေမမြင်ရရင်မရှိဘူးသဘောထားလိုက်တာ ကောင်းပါတယ်။ အလကားသက်သက်တွေး
    ကြောက်နေတာလည်း မဖြစ်သင့်ဘူးလေနော်။ ဒါပေမဲ့ မမြင်ရပေမဲ့ သူတို့ကိုစော်ကားတဲ့အပြုအမူတွေ
    မလုပ်မိစေတာတော့အကောင်းဆုံးထင်ပါတယ်လို့။

    Reply

  • myanmar oscar

    September 25, 2012 at 10:36 pm

    မမမေရေ…ကျွန်တော်ကတော့ယုံတယ်လဲမဟုတ်ဘူး၊မယုံဘူးလဲမဟုတ်ဘူး။
    နတ်ပွဲဆိုစိတ်ဝင်စားတယ်ကြုံရင်ဝင်ကြည့်လိုက်တာပဲသက်သက်မဲ့တော့မသွားဘူး
    သူတို့ကိုလည်းမစော်ကားပါဘူး၊ လမ်းကြုံရင် ကျွန်တော့်ပို့စ် လေးကိုဝင်ပြီး အတင်း
    လေးပြောပေးပါဦး…ကျေးဇူးပါ……………။

    Reply

  • may flowers

    September 25, 2012 at 10:57 pm

    အမယ် အမယ် myanmar oscar ကတော့ လုပ်ချလိုက်ပြန်ပြီ ကျုပ်ကိုများအတင်းပြောတတ်တဲ့သူ

    များမှတ်နေလားမသိဘူး အတင်းမပြောတတ်ပါဘူးနော် နောက်ကွယ်မှာသာမကောင်းကြောင်းပြော

    တာပါ :mrgreen:

    Reply

  • စနေ

    September 25, 2012 at 11:03 pm

    မမေရေ….
    ဝင်ရောက်ဖတ်ရှုသွားပါတယ်……
    မမေရေးတဲ့ ဇာတ်လမ်းတွေကို အမြဲဖတ်ဖြစ်ပါတယ်….
    ကော်မန့်ကတော့ အခုမှပဲ ပေးဖြစ်ပါတယ်….
    ခင်မင်စွာဖြင့် ……….

    Reply

  • ကြောင်ကြီး

    September 26, 2012 at 8:02 am

    ရွာထဲမှာတော့ တောက်စ်ဆိုပီး ခေါက်တတ်တာ အရီးလတ်ရှိတယ်..။ အဲဒီ နတ်ညီမက သူများဖြစ်နေလေမလား….။ 😯

    Reply

  • may flowers

    September 26, 2012 at 1:18 pm

    စနေ ၊ ကိုကြောင်ကြီးရေ ခုလိုဝင်ရောက်ဖတ်ရှုကော့မန့်ပေးတဲ့အတွက် ကျေးဇူးနော်။

    Reply

Leave a Reply

Your email address will not be published.