အသရေ ဖျက်တယ် ဆိုတာ

htet waySeptember 22, 20121min013

လူတစ်ဦး တစ်ယောက်ကို အသရေ ပျက်မှာ သိရဲ့ နစ်နာစေမယ်လို့ ယုံကြည်ပြီး ပြုမူ ပြောဆို ရေးသား ထွင်းထူ ပြောဆိုနေတာဟာ အသရေ ဖျက်ရာရောက်တယ်။ တလောက နယ်မြို့လေး တစ်မြို့မှာ အသရေကို ထိခိုက်စေတဲ့ တိုင်ကြား တင်ပြ စာတွေ ဖြန့်ဝေတယ် ဆိုပြီး တရားရုံးကို ဦးတိုက်လျှောက်တဲ့ အမှုတစ်ခု ကြားသိရတယ်။
အမျိုးသားရေး ဘာသာရေး လူမူရေးတွေ ဆောင်ရွက်နေတဲ့ အသင်း အဖွဲ့ (၃)ခုကို တစ်ဆင့်မြင့် တဲ့ အဆိုပါ အသင်းအဖွဲ့ နဲ့ ဋ္ဌာနချုပ် ဗဟိုကို တင်ပြ တိုင်တန်း စာတွေ ဇြန့်ဝေလို့ လက်မှတ်ရေးထိုး ဖြန့်သူ (၃)ဦးကို နစ်နာသူတွေက တိုင်တန်းတာဖြစ်တယ်။လတ်တလောမှာ တရားရုံးမှာ စစ်ဆေးနေဆဲ လို့ သိရပါတယ်။
အသရေကို ဖျက်တယ် ဆိုတာ အသရေ ဖျက်မှု မြှောက်မှဖြစ်တယ်။အသရေ ဖျက်မှု မြှောက်ရန် အင်္ဂါ ရပ်တွေက
(၁) တရားခံသည် စွပ်စွဲချက်တခုခုကိုပြု ခြင်း သို့မဟုတ်ကြေငြာခြင်း
(၂)ထိုစွပ်စွဲချက်သည် လူတစ်ယောက်နှင့် စပ်လျဉ်းခြင်း
(၃)ယင်း စွပ်စွဲချက်ကို နုတ်ဖြင့် ဖြစ်စေ ၊စာဖြင့်ဖြစ်စေ ၊အမှတ်အသားနှင့် ဖြစ်စေ ၊ ထင်းရှားသောပံဩဏ္ဍန်ဖြင့် ဖြစ်စေ ပြု ခြင်း
(၄) တရားခံသည် ထိုသူ၏အသရေကို နစ်နာစေရန် အကြံဖြင့်သော် လည်းကောင်း ၊နစ်နာစေမည်ဟု သိလျှက်နှင့်သော် လည်းကောင်း ၊ယုံကြည်ရန် အကြောင်းရှိလျှက်နှင့်သော် လည်းကောင်း ပြု လုပ်သည် ဖြစ်ခြင်း ဖြစ်တယ်။
တလောက စကားဝိုင်း တခုမှာဂျာနယ်မှာပါတဲ့ သတင်း တစ်ပုဒ်နဲ့ ပတ်သက်ပြီး အသရေ ဖျက်မှုနဲ့ တရားစွဲ မယ်ဆိုပြီး ပြောနေသံကြားရတယ်။တစ်ချို့က မီဒီယာ လွတ်လပ်ခွင့် ဆိုပြီး ရေး ချင်ရာရေး ဖို့ တိုက်တွန်းနေတာလည်း ကြားရတယ် ။ နယ်သတင်းထေက်လေးတွေက လည်း သတင်း ဖြစ်ရင် ပြီးရော ဆိုပြီး ရှေ့လောက်တင်ကွက် ကြည့်ပြီး ရေးချင်ကြတယ်။ ဒီလို ခောတ်သစ်ကြီး ထဲမှာ အတွေး အခေါ်အားနည်းသူတွေ ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသူ တစ်ချို့က မိမိဖြစ်တည်နေတဲ့ အမှု
အခင်းမှာ ခုတုံး လုပ်ချင်ကြတယ်။မီဒီယာ ကို တလွဲ အားကိုးချင်ကြတယ်။တကယ်တန်း မီဒီယာနောက်မှာ ဥပဒေက ရှိနေပါတယ်။ဒီနေရာမှာ မီဒီယာသမားက ဥပဒေနဲ့ အညီရေးရဲ ပြောရဲ ရမှာဖြစ်တယ်။ ဥပဒေနဲ့ မညီတာကိုတော့ သတိထားရှောင်ရှားရလိမ့်မယ်။ အသရေ ဖျက်မှု အကြောင်း ဆက်ပါအုံးမယ်။
အသရေ ဖျက်တယ် ဆိုသော်လည်း ကင်းလွတ်ခွင့် (၁၀) ချက်ရှိပါတယ်။အကြမ်းဖျင်း အနေနဲ့ ကင်းလွတ်ခွင့် (၁၀)ချက်ကို ပြောရရင်
ပထမကင်းလွတ်ခွင့်
(အများပြည်သူအကျိုးအတွက် ပြုလုပ်ရန် သို့တည်း မဟုတ် ကြေငြာရန် လိုအပ် သည့်မှန်ကန်သော အရာကို စွပ်စွဲခြင်း

ဒုတိယကင်းလွတ်ခွင့်
(ပြည်သူ့ဝန်ထမ်း၏ တာဝန်ဝတ္တရား ဆိုင်ရာ အပြုအမူ)
ပြည်သူဝန်ထမ်း၏ အပြု အမူ စာရိတ္တ နှင့် စပ်လျဉ်း၍ သဘောရိုး ဖြင့် ထင်မြင်ချက်ကို ဖေါ်ပြ ခြင်း

တတိယကင်းလွတ်ခွင့်
(အများပြည့်သူ ပြဿနာ ဆိုင်ရာ တစ်ဦး တစ်ယောက်သောသူ၏ အပြု အမူ)

စတုတ္ထကင်းလွတ်ခွင့်
(တရားရုံး၏ မှုခင်းဆောင်ရွက်ချက်ကိုကြေငြာခြင်း )

ပဉ္စမကင်းလွတ်ခွင့်
(တရားရုံးတွင် စီရင်ဆုံးဖြတ်သည့် အမှု၏ အရည် အသွား သို့တည်း မဟုတ် သက်သေများနှင့် အခြား သက်ဆိုင်သူများ၏ အပြု အမူ)

ဆဋ္ဌမ ကင်းလွတ်ခွင့်
(အထင်အရှားဆောင်ရွက်မူ၏ အရည် အသွား)
လူအများဝေဖန်နိုင်ရန် အထင်းအရှားဆောင်ရွက်မူ တစ်ခုကို အတည့် တလင်း ဖေါ်ပြ ခြင်း ၊

ဥပမာ။ ။စာအုပ်ကိုဝေဖန်ခြင်း၊မိန်ခွန်းကိုဝေဖန်ခြင်း၊ ကပြ ဖျော်ပြေမှုကို ဝေဖန်ခြင်း
သတ္တမ ကင်းလွတ်ခြင်း
( တစ်ဦး တစ်ယောက် သောသူအပါ် ၌ ဥပဒေ နှင့် အညီ အခွင့် အာဏာရှိသူက သဘောရိုး ဖြင့် အပြစ်ဆိုခြင်း )

အဋ္ဌမ ကင်းလွတ်ခွင့်
(လူတစ်ဦး တစ်ယောက်အကြောင်းကို အခွင့်အာဏာရရှိသူအား သဘောရိုးဖြင့်ပြောဆို စွပ်စွဲခြင်း

နဝမကင်းလွတ်ခွင့်
တစ်ဦးတစ်ယောက် သောသူက မိမိ၏အကျိုးကို သို့တည်း မဟုတ် အခြားသူ၏ အကျိုးကို ကာကွယ်စောင့်ရှောက်ရန် သဘောရိုးဖြင့် စွပ်စွဲခြင်း

ဒသမ ကင်းလွတ်ခွင့်
သတိပေးခံရသူ အကျိုး အတွက် ဖြစ်စေ ၊ အများ ပြည်သူ၏ အကျိုး အတွက် ဖြစ်စေ ရည်ရွယ်၍ သတိပေးခြင်း

အထက်ပါ အချက်တွေက အတိုချုပ် တင်ပြ လိုက်တဲ့ ကင်းလွတ်ခွင့်တွေ ဖြစ်တယ်။
အကြောင်း အရာ တစ်ခုကို စွပ်စွဲလိုက်မယ် တကယ် တမ်း မှန်ကန်မှုမရှိရင် ၊ ကင်းလွတ်ခွင့် နဲ့ မသက်ဆိုင်ရင် အသရေ ဖျက်မူဖြစ်တယ်။ စွပ်စွဲချက်က ဘယ်လို စေတနာနဲ့
ဖြစ်ဖြစ် အသရေကို ထိခိုက်နစ်နာနေ ရင် အသရေ ဖျက်မှု ဖြစ်တယ်။ သဘောရိုးဖြင့် သတိပေးချက်ဆိုရာမှာ မိမိအကျိုး အတွက် ဖြစ်စေ ၊ တရားခံက အကျိုးလိုလားတဲ့ သူရဲ့ အကျိုးဖြစ်စေ၊အများပြည်သူရဲ့ အကျိုး
ဖြစ်ရမည့် အပြင် သဘောရိုးနဲ့ ပြုကြောင်း ထင်ရှားရန်လို အပ်တယ်။
အရင်ခောတ်က တရားရုံးတွေမှာ အသရေ ဖျက်တယ် ဆိုတဲ့ ပုဒ်မ ၅၀ဝ အမှုတွေ မကြာခဏ စီရင်တာ ကြားရတယ်။ တစ်ချို့ကလည်း ဖြစ်ရပ်မှန်တွေ ဖြစ်တယ် ။ တစ်ချိုု့ ကိစ္စတွေမှာ လီဆယ် တာတွေ ရှိတယ်။
မောင်ဖြူက မောင်မဲကို လက်ဖက်ရည် ဆိုင်မှာ စာရိတ္တနဲ့ ပတ်သက်ပြီး ပြောတယ် ဘယ်သူတွေ ကြားတယ် ဆိုပြီး ကိုယ့် တပည့်တွေ ကိုယ့် အမျိုးတွေကို သက်သေ လုပ်ပြီး တရားရုံးကို တိုင်လျှောက်တာလည်းရှိတယ်။
တကယ်တန်း မောင်မဲက မောင်ဖြူကို အမှု ဆင်လိုက်တာပဲ ဖြစ်တယ် ဆင်စရာမရှိတော့ ပုဒ်မ ၅၀ဝ နဲ့ ညှိအောင် လုပ်လိုက်တာ ဖြစ်တယ်။ အခုခောတ်မှာတော့ ဒီလို မျိုး အသရေ ပျက်ပါတယ် ဆိုပြီး လီဆယ်တာတွေ ရှိတယ် မအောင်မြင်ဘူး။ တရားရုံးက အမှန် အတိုင်း စီရင် တာတွေ များလာပြီ ဖြစ်တယ်။
တလောက မိတ်ဆွေ တစ်ယောက်က မန္တလေး အလင်းမှာပါတဲ့ ရှေ့နေတွေ မကောင်းကြောင်းဆောင်းပါး ရေးတာ အသရေ ဖျက်မှုနဲ့ တရားစွဲမှာ မကြောက်ဖူးလားလို့ မေးတာခံရတယ်။ ဒါမျိုးတွေက တရားစွဲလို့ မရဘူး လူအားလုံးကို ဆိုလို ခြင်း ဖြစ်တယ် လို့ ဖြေလိုက်ရပါသေးတယ်။ဘယ်ကျောင်းက ကျောင်းသူတွေ
ဆိုပြီး အကျင့်ပျက်နေပါတယ်ရေးရင်တော့ တရားစွဲလို့ ရနိုင်တယ်။နေရာဒေသ အမည်ကို ထည့်သွင်းရေးလို့ ဖြစ်တယ်။
သတင်း တစ်ပုဒ်ကို မိတ်ဆွေ တစ်ယောက် ဂျာနယ်မှာရေးခိုင်းပါတယ် ။ သတင်းရေးတာ မှုခင်း တစ်ခုကို ကြော်ငြာ လို့ ကင်းလွတ်ခွင့်ရှိတယ် ၊ရေးလို့ ရတယ် သို့သော်
ပထမ သတင်းပေးတိုင်တန်း ချက်(FIR)ကို ကျော်လွန်ရေးလို့ မရ ၊ သူဖြစ်ချင်တာ ရေးပေးလို့ မရ ၊ ကိုယ့် သဘော ကိုယ်ဆောင်ရေး ပြီး ဖြစ်ရပ်မှန် နဲ့ လွဲချော်လို့ မရပါ။
ဘယ်လူကြီးကို ဂျာနယ်က ဆော်လိုက် ၊ ဘယ်ကောင့်ကို ချလိုက်ဆိုပြီးး မီဒီယာ သမားကို မြှောက်ထိုး ပင့်ကော် လုပ် ပေးတာ နာ်မြို့ တွေမှာရှိတယ်။မီဒီယာ ကျင့်ဝတ်အရ
ဘက်လိုက်လို့ မရ ၊ ဥပဒေမဲ့ ရေးလို့ မရ လို့ သိထားတယ်။ လူကြီး မကောင်းရင် ပြည်သူ့အကျိုး အတွက် မကောင်း ဘူးရေးရမှာ ဖြစ်တယ် ။ကောင်းတာလုပ်ရင် ကောင်းတာ ကို ရေးပေးရမှာဖြစ်တယ်။ဝေဖန်ချက် တစ်ခုကိုရေးရင် ပြည့်သူ့ဝန်ထမ်းနဲ့ ပတ်သက်လို့ မှန်ကန်သော အကြောင်း အချင်း အရာ ပေါ် မူတည်ပြီး ဝေဖန်ရေးသားရမှာ ဖြစ်တယ်။အထက်မှာ ဆိုပြီး သည့် အတိုင်း ကင်းလွတ်ခွင့် (၁၀) ချက် အပေါ် လိုက်နာရေးသား ရမယ်။
တရားရုံး ဆုံးဖြတ်ချက်ကို လည်း စီရင်ဆုံးဖြတ်ပြီး လျှင် ရေးသားနိုင်တယ်။ ဘယ်လိုမှားယွင်းတယ်၊ဥပဒေ ချို့ယွင်း ချက်ကြောင့် ဘယ်လို မှားရတယ် စသဖြင့် ဝေဖန်ရေးသားနိုင်တယ်။တရားသူကြီး လာဘ်စား ပါတယ်လို့တော့ စွပ်စွဲလို့ မရနိုင်ဘူး ၊ ဒါက သဘောရိုးနဲ့ ဝေဖန်တယ်လို့ ဆိုလို့ မရတော့ ဘူး။ ခိုင်မာတဲ့ အကြောင်း ပြချက် တော့ ရှိရလိမ့်မယ်။
ဆိုခဲ့ပြီးသည့် အတိုင်း အသရေ ဖျက်သော အမှုများ ကို ယခု ကာလတွင် စာပေသမားများ ၊ သတင်း သမားများကို တရားစွဲသည် ဆိုသော သတင်းများကြားရ သိရ ဖတ်ရတယ်။ နောက် တရားရုံးတွေမှာ အသရေ ဖျက်မှုဆိုပြီး စွဲတာတွေ တွေ့ရတယ်။အသရေ ဖျက်မှုဆိုတာ ကျယ်ပြန့်ပါတယ်။ မိမိရေးသော စာ၊ ပြုမူမှုတွေ ဟာ ကင်းလွတ်ခွင့်နဲ့ ညီနေရင် ပြစ်မူ မမြောက်နိုင်ပါဘူး။ တဖက်သတ်စွပ်စွဲချက်တွေမှာ တော့ သဘောရိုး မဟုတ်ဘူး ကင်းလွတ်ခွင့်နဲ့ လည်း မညီညွတ်ရင် အသရေ ဖျက်မှု မြှောက်နိုင်ပါတယ်လို့ အသရေ ဖျက်မှု အကြောင်း တစ်စေ့ တစ်စောင်း တင်ပြ လိုက်ရပါတယ်။
( ကိုးကားချက်။ ။ ဦးကျော်ဇေယျ ၊စာနယ်ဇင်းမှုခင်းများနှင့် စာပေရေးသားဖြန့်ချီခြင်း အသရေ ဖျက်ခြင်းများ)

13 comments

  • nature

    September 22, 2012 at 7:04 pm

    ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်ဆရာထက်ရေ။ Bookmark လုပ်ထားလိုက်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်သားတွေက ဥပဒေနဲ့ပတ်သက်ပြီးဗဟုသုတအားနဲတယ်လို့ထင်ပါတယ်။

    Reply

  • etone

    September 22, 2012 at 8:17 pm

    ကိုယ်နဲ့အလှမ်းဝေးတဲ့ .. အကြောင်းရာမို့ … ဗဟုသုတအနေနဲ့ မှတ်သားရပါတယ် … ။
    အားပေးပါတယ်ဆရာထက်ရေ … ဒါမျိုး ပို့စ်လေးတွေလည်း တကယ်ကို လိုအပ်နေတာပါ … ။

    Reply

  • htet way

    September 22, 2012 at 8:50 pm

    ဆရာကိုနေချားနဲ့ ဆရာမ Etone ခင်ဗျား
    ကျွန်တော်လည်း သိပ်သိလို့ရယ်တော့ မဟုတ်ပါဘူး
    တစ်ချို့ နယ်မြို့တွေမှာ ပိုင်ရာ ဆိုင်ရာတွေနဲ့ ဒီလိုပဲ အသရေ ဖျက်ဆိုပြီး တရားစွဲတာတွေ
    ရယ် မြို့ပေါ်က လူတစ်ချို့ရဲ့ သတင်း မီဒီယာအပေါ်ဝေဖန်ချက်တွေရယ်
    လက်ငင်း တရားရုံး မှာ ဖြစ်နေတာတွေရယ်ကို အခြေခံပြီး ရေးလိုက်တာပါ။
    အခုလို အားပေးတာကျေးဇူးပါ

    Reply

  • ကိုခင်ခ

    September 23, 2012 at 10:33 am

    ရယ်စရာ သရော်ဟာသလေး တစ်ခုရေးပါရစေ။
    ဟိုးရှေးအခါက ဘုရင်ညီလာခံတစ်ခုမှာ ဥပဒေတစ်ခုပြဌာန်းဖို့ ဥပဒေပြုအမတ်နဲ့
    ဝန်မင်းများက အချက်အလက်ကျနစွာတင်ပြတယ်၊ အဲဒီတင်ပြတဲ့ဥပဒေကို ဘုရင်က အတည်ပြုပေးရမှာဖြစ်တော့ ဘုရင်ကြီးက ညီလာခံကိုခေတ္တရပ်နားကြောင်း ညီလာခံပြန်စတဲ့ အခါအခုမောင်မင်းတို့တင်တဲ့ ဥပဒေကို အတည်ပြု မပြုကြေငြာ
    ပေးတော်မူမယ်လို့ မိန့်တော်မူပြီး ညီလာခံကိုခေတ္တရပ်စေတယ်။
    အဲလိုညီလာခံရပ်နားတဲ့အချိန်မှာ ဘုရင်က ဥပဒေပြုအမတ်တစ်ဦးတည်းကို
    ခေါ်တွေ့ပြီး သူသိလိုတာမေးတော်မူ၍ ညီလာခံပြန်ကျင်းပတဲ့အခါ ဥပဒေကို
    အတည်ပြုပြီး တိုင်းသူပြည်သားတွေလိုက်နာစေလို့ မိန်တော်မူလိုက်တယ်တဲ့ကွယ်။
    အဲဒီမှာ ဥပဒေပြုအမတ်ကို ဘုရင်က ဘာမေးလဲသိချင်လား ဒီဥပဒေကိုပြဌာန်းပြီး ငါဘဲဖြစ်ဖြစ်၊ ငါ့မိသားစု ဒါမှမဟုတ် ငါ့အသိုင်းဝိုင်းက ဘဲဖြစ်ဖြစ် အခုအတည်ပြုမယ့်
    ဥပဒေအရ အရေးယူခံရတော့မယ်ဆိုရင် မောင်မင်းဥပဒေက လွတ်နိုင်တဲ့နည်းလမ်းရော
    ရှိရဲ့လားတဲ့၊ အဲဒီမှာ ဥပဒေပြုအမတ်က အရှင်ဘုရားစိုးရိမ်တော်မမူပါနဲ့ ဘုရား ကျွန်တော်မျိုးလည်း အဲဒါကိုဘဲသေချာစဉ်းစားပြီး ရေးထားတာပါတဲ့။
    အော် ဒါကြောင့်လည်း ဘုရင်ကအဲဒီ ဥပဒေကိုအတည်ပြုခဲ့တာကိုး။
    ( မယုံရင် ပုံပြင်မှတ်နော် )

    Reply

  • htet way

    September 23, 2012 at 1:10 pm

    ဆရာကို ခင်ခခင်ဗျား
    မန့်ထားတာလေးကို ဖတ်ပြီး သဘောကျမိပါတယ် ။
    စာရေး ပြီး ဖြန့်ဝေတာတို့ ၊ သိက္ခာကို စော်ကားပြီး အသရေ ဖျက်တာ သေချာရင်တော့
    အမှုက လွတ်မယ် မထင်ပါဘူး။
    ငွေများတရားနိုင် ခောတ်က ဒိတ်အောက်နေလုပါပြီ ။ အမှန် အတိုင်း ဖြစ်နိုင်မယ်လို့ ထင်မိပါတယ်။ တရားသူကြီးတွေ အကျင့် ပြောင်းနေချိန်မှာ ရှေ့နေတွေကတော့ သူတို့ အကျင့် မပြောင်းသေးတာတွေ့ရပါတယ်။
    အခုလို အားပေးတာကျေးဇူးပါဗျာ။

    Reply

  • Thu Wai

    September 24, 2012 at 1:08 pm

    ဘာပြောရမလဲမသိလို့ ၁၅ကျပ်ယူပြီးပြန်တော့မယ်

    Reply

  • Khaing Khaing

    September 24, 2012 at 1:35 pm

    ဆရာထက်ရေ … မအိတုံပြောသလိုပါပဲ … ဒီလိုကိစ္စမျိုးတွေက ညီမတို့နားလည်ဖို့အတွက် ခက်ခဲတော့ ဗဟုသုတအနေနဲ့ဖတ်သွားပါတယ် ….. အစ်ကိုရဲ့ တစ်ခြားပို့စ်လေးတွေကိုလည်း မျှော်နေမိပါတယ် …..

    Reply

  • Tin Tin

    September 24, 2012 at 2:03 pm

    ဆရာထက်ရေ … သိသင့်သိထားတိုက်တဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို
    ဖတ်ရှုမှတ်သားရတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင်….
    နောက်များလဲ ဆက်ရေးပါအုံးနော် … အားပေးနေပါတယ်…

    Reply

  • htet way

    September 24, 2012 at 3:29 pm

    ဆရာ၊ဆရာမတွေ အားပေးကြတာကျေးဇူးပါ
    ညီမလေး ခိုင်ခိုင်ရေ …စာတွေ ရေးဖို့ လည်း အားယူနေပါတယ်ကွယ်။
    ဆရာမ တင်တင်ခင်ဗျား အားပေးတာကျေးဇူးပါ

    Reply

  • aemoshu

    September 26, 2012 at 9:03 am

    ကိုယ်နဲ့ အလှမ်းဝေးတဲ့ကိစ္စပါ … လုံးဝကိုမသိပါဘူး .. ဆိုတော့ကာ ဗဟုသုတ တကယ်ကိုရပါတယ်ဆရာ..ကျေးဇူးအရမ်းတင်ပါတယ်…

    Reply

  • မောင်ပေ

    September 26, 2012 at 12:12 pm

    ဆရာထက်ရေ
    အခုဆိုရင် ဘယ်လိုအနေအထားဆိုရင် အသရေဖျက်မှု နဲ ့စွဲလို ့ရပြီ ဆိုတာ သိသွားပါပြီ
    လက်တွေ ့ကြုံတဲ့အခါကြ ရှေ ့နေကောင်းကောင်းငှားပြီး အမှုကို ခိုင်အောင် ကြိုးစားခိုင်းဖို ့ပဲ စဉ်းစားထားတယ်ဗျို ့။
    :kwi:

    Reply

  • ပန်းစံပါယ်

    September 26, 2012 at 1:53 pm

    ကျမတို့နဲ့အလှမ်းဝေးတဲ့ ဒီလိုဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတတွေပေးတဲ့အတွက် ကျေးဇူးပါရှင်။ နောက်လည်း ဆက်လက်ပြီး တင်ပေးစေချင်ပါတယ်။

    Reply

  • htet way

    September 27, 2012 at 11:37 am

    ဆရာမောင်ပေခင်ဗျား
    ဒီလို အတွေးမျိုးက တချို့ ဆီမှာရှိနေပါတယ် သတင်းသမားကို ဘယ်လိုစွဲမလဲပေါ့။
    ဆရာမောင်ပေလည်း စဉ်းစားထားပါ။ဘယ်လိုရှောင်ရေးရမလဲပေါ့ ။(ရယ်စရာပြောတာ)
    Teacher aemoshu အားပေးတာကျေးဇူးပါလို့။ဆရာမပန်းစံပါယ်ကိုလည်း ကျေးဇူးပါဗျာ။

    Reply

Leave a Reply

Your email address will not be published.