ဖတ်ကြည် ့ဖို ့

etoneJuly 10, 20101min02

၁) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။ Edison

၂) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။ ပြင်သစ်စကားပုံ

၃) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှူတတ်ရမယ်။

၄) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။

၅) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။ ရှိတ်စပီးယား

၆) ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ… ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။

၇) ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်းစာကို သင်နားလည်မယ်။

၈) အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။

၉) ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ “အချစ်” ဖြစ်တယ်။

၁ဝ) ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။

၁၁) ကိုယ့်မှာ ရှိသမျှပစ္စည်း၊ အသိဉာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

၁၂) လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့် ရဲရင့်ခြင်း၊ သတိ္တတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ သတိ္တတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။

၁၃) ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကားတစ်ခွန်းနဲ့ ခလုတ်တိုက် လဲမချလိုက်ပါနဲ့…

၁၄) ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ ရှိတ်စပီးယား

၁၅) တစ်ချက်လေး ချော်လဲတာပါပဲ… သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ လင်ကွန်း

၁၆) ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တစ်ခြားအလုပ်ကို မလုပ်ဘဲ ဖိနပ်ပဲ ချုပ်နေခဲ့လို့ပဲ။ Ralph Waldo Emerson

၁၇) သင့်ရဲ့ အပြုံးတစ်ပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင်အားပေးရုံနဲ့ မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်လိမ့်မယ်။

၁၈) လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က “စစ်မှန်တဲ့ ဂရုစိုက်မှုတွေ” ဖြစ်တယ်။

၁၉) တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။

၂ဝ) ကောင်းမှုလုပ်တာ လူသိခံဖို့မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဟုတ်တဲ့ ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။

———-

နိုင်းနိုင်းစနေ

2 comments

  • kopauk mandalay

    July 10, 2010 at 4:20 pm

    ဘာတွေကိုဘယ်လောက်သိသိ ကိုယ်ခြင်းစာတရားရှိဘို့က အဓိကပါဗျာ။
    http://kopaukmdy.myanmarsarpay.info/

    Reply

  • unclegyi1974

    August 27, 2010 at 3:48 pm

    ဘာတွေကိုဘယ်လောက်သိသိ ကိုယ်ခြင်းစာတရားရှိဘို့က အဓိကပါဗျာ
    ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီအသိက်ိုလက်တွေ့ကျင့်သုံးဖို့တော့လိုပါလိမ့်မယ်။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.