FOREIGNER ကြောက်တဲ့ ဘဲဥ

ဦးသုSeptember 20, 20121min024

  ဘဲဥ တွေက FOREIGNER ဆိုရင်ဟိုးအရင် ကတည်းက အခုထိဘာလို့ကြောက်နေမှန်းကိုမသိဘူး ဗျာ (၁၉.၉.၂၀၁၂ )က ကျွန်တော် တရုတ် ဗီဇာ သွားထုတ်ဖို့ ကို သံရုံးကို ကားငှားပြီးသွားတာ  အဲဒီမှာ ကားသမားကလဲ လိုင်းကား ဒရိုင်ဘာကနေမှ TAXI ပြောင်းမောင်းတာထင်တယ် လိုင်းကား သမားတွေအတိုင်းပဲမောင်းချက်ကတော့ဗျာ။ ကျွန်တော်သွားမယ့် တရုတ်သံရုံးက ပြည်ထောင်စုရိုပ်သာလမ်း ကလေးဆေးရုံ     ရှေ့မှာရှိတာပါ  ကျွန်တော်စီးလာတဲ့ ကားသမား က အလုံလမ်းကနေပြီး ပြည်ထောင်စုရိပ်သာလမ်းဘက်ကို summit park view မရောက်ခင် ပွိုင့်ကနေ နှစ်ထပ်ကွေ့တော့ မီးပွိုင့်ကဘဲဥက ဖမ်းပါလေရော ကားသမားက ညှိတာညှိလို့မရဘူး ဘဲဥက ချလံဖြတ်မယ် ပဲလုုပ်နေတာ အဲဒါနဲ့ ကားသမားက ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ်ကို လက်ညှိုးထိုးပြပြီးဘာပြောလိုက်လဲမသိဘူးအိုကေသွားတယ် ။ ကျွန်တော့်သူငယ်ချင်း ကတော့တရုတ်ပုံနည်းနည်းပေါက်တယ်။  ကားသမားလဲ ပြန်လာရော ဘယ်လိုညှိလိုက်လဲဆိုပြီးမေးလိုက်တာ       သံရုံးက ဆရာတွေ ကအမြန်မောင်းခိုင်းတာအရေးကြီးလို့မောင်းလာတာလို့ပြောလိုက်တာ ဘာမှမပြောတော့ပဲလိုင်စင်ပြန်ပေးလိုက်တယ်တဲ့  ကျွန်တော်တို့နှစ်ယောက်ကိုလဲ ဘဲဥကအနားကပ်ပြီးလာတောင်မကြည့်တော့ပါဘူး အဲဒါသာကြည့်ပေတော့။ ကျွန်တော်တို့ မြန်မာသံရုံးကကော နိုင်ငံခြားမှာ အဲလိုအရေးပေးခံလားမသိဘူး။

နောက်ပြီး မြို့ထဲမှာ အနှေးယာဉ် မဝင်ရနေရာမှာ ဆိုက်ကားတွေကိုလိုက်ဖမ်းနေတဲ့အချိန်နိုင်ငံခြားသားတစ်ယောက် စက်ဘီးလမ်းလည်ကနေစီးလာတာကို မဖမ်းရဲကြဘူး မြန်မာ ဘဲဥတွေ အင်္ဂလိပ်စကားမပြောတတ်လို့ မဖမ်းတာဆိုရင်တောင်မှ   ဘာမှမပြောနဲ့ စခန်းရောက်မှရှင်းဆိုတာလေးကိုတော့ အင်္ဂလိပ်လိုသင်ထားသင့်တယ်လို့ထင်တယ်နော်။

 

24 comments

  • Ju Jue

    September 20, 2012 at 1:30 pm

    ဘဲဥတွေမှ မဟုတ်ပါဘူး… မြန်မာနိုင်ငံသားတော်တော်များများက အဲ့ဒီ နိုင်ငံခြားသားဆိုရင် ကြောက်ကိုနေတာပါ… မဖြစ်သင့်ဘူးလို့ ထင်ပါတယ်…ပတ်ဝန်းကျင်က လူတော်တော်များများက အဲ့လူမျိုးခြားတွေဆို အလိုုလိုရှိန်နေတာကို စဉ်းစားလို့ မရပါဘူး… စဉ်းစားလိုက်ရင်လည်း အကြောင်းပြချက်တွေက အများကြီးပေါ်လာတော့ ကိုယ့်ဘာသာကို ဝမ်းနည်းရမလိုလို ဘာလုပ်လို့ လုပ်ပေးရမလဲဆိုတာတွေဘဲ ချာချာလည်ပြီး နောက်ဆုံးတော့ မတွေးတော့ပဲ ကောင်းပါတယ်လို့ …. 🙂

    Reply

    • P chogyi

      September 21, 2012 at 3:03 pm

      ရိုဟင်ဂျာလည်း နိုင်ငံခြားသားပဲလေ။ မကြောက်ဘူးလား။

      Reply

  • ကထူးဆန်း

    September 20, 2012 at 1:44 pm

    အဟား … အမှန်ပါဘဲ .. ကျွန်တော့် အသိ မလေးရှားတရုတ် ဆို ကားမောင်းချင်သလိုမောင်းတယ် ။ ဘဲဥ ဖမ်းတားလို့ အနားရောက်လာတော့ what ဘဲ မေးရသေးတယ် .. လက်ပြပြီး ဆက်မောင်းခိုင်းတယ် ။
    ကျွန်တော် လည်း တစ်ခါက လုပ်ခဲ့ ဘူူးသော နိုင်ငံခြားကုမ္မဏီက ကားကြီး နဲ့ မသိဘဲ လမ်းပြောင်းပြန် ဝင်သွားဘူးတယ် ။ လူက ဘွတ်တွေ ရွှတ်တွေနဲ့ လည်း ဖြစ်နေတာ ။ အောက်ဆင်းပြီး ပစ္စည်းယူနေတာ ငတ အနားကပ်လာပြီးမှ ဘာမှ မပြောဘဲ ပေစောင်းပေစောင်းနဲ့ ထွက်သွားတာ ။ဘာဖြစ်လို့ပါလဲ အောင်းမေ့တာ ။ အထွက်ကျမှ တစ်လမ်းမောင်း ပြောင်းပြန်ကြီးဝင်တာ သိမှ သဘောပေါက်သွားတယ် ။ စကားတောင် လာမမေးရဲဘူး ..
    မြန်မာတွေရဲ့နိုင်ငံခြားသားကိုကြောက်စိတ် ၊အထင်ကြီးစိတ်တွေ လည်း အတော် ဖျောက်ယူရဦးမှာ..

    Reply

  • Mon Kit

    September 20, 2012 at 1:52 pm

    အင်းးးးးးးးးးးးး…. ခက်ရချည့်ရဲ့…
    🙁

    Reply

  • kai

    September 20, 2012 at 3:22 pm

    ကျုပ်ညီတော်မောင်က.. သူ့အလုပ်မှာ.. ဂျပန်ကောင်လေးတယောက်ခေါ်ခန့်ထားတာ.. အဲဒါ.. ရန်ကုန်လည်လည်သွားတော့…အဲဒီကောင်လေး.. ခေါ်သွားတယ်…

    ဟော်တယ်မှာတည်းတော့.. လော့ဘီထိုင်ခုံမှာထိုင်နေတုံး.. အဲဒီဂျပန်ကောင်လေးက..ဟိုလျှောက်ကြည့်..ဒီလျှောက်လုပ်နေတာပေါ့..

    အဲဒါ.. ဟိုတယ်ရီဆက်ရှင်းက.. တယောက်က.. ကျုပ်ညီကိုလာပြောတယ်…
    ဟိုမှာ.. ခင်ဗျားဘော့စ်ဘာလိုနေလည်းမသိဘူး.. တဲ့..

    အဲလိုလည်းရှိပါသေးတယ်…။ :hee:

    Reply

    • မဟာရာဇာ အံစာတုံး

      September 20, 2012 at 9:31 pm

      အေးဗျ ..
      နိုင်ငံခြားသားဆိုရင်
      မြန်မာတွေက အထင်ကြီးပြီးသား ဖြစ်ဖြစ် နေတတ်တာ ခက်တယ် …
      နိုင်ငံခြားသားဆိုရင် သူဋ္ဌေးတေဂျီးလို့ပဲ မြင်တတ်ကြတယ်ဗျ ..
      အေးလေ .. မြင်မယ် ထင်မယ်ဆိုလည်း မြင်သင့် ထင်သင့်တာကိုး ..
      ဘာကြောင့်လဲဆိုတော့ ???????

      Reply

  • pooch

    September 20, 2012 at 3:55 pm

    မန်းလေးမှာလည်း မဖမ်းရဲကြကြောင်းပါ။ ကိုယ့်ချင်းကိုယ့်ချင်းဆိုရင် အလွန်နှိပ်စက်တတ်ကြောင်းပါ။
    ကမာ္ဘမကျေတဲ့ အမုန်းတွေနဲ့ ကျောင်းတက်စဉ်တလျှောက် ဒင်းတို့ကို အလွန်မုန်းတီးဖူးပါတယ်။ :mrgreen:

    Reply

    • ဦးဦးပါလေရာ

      September 23, 2012 at 9:27 am

      pooch ဆိုင်ကယ်စီးတာ ခဏခဏအဖမ်းခံရလို့ထင်တယ်… 😀

      Reply

  • Shwe Tike Soe

    September 20, 2012 at 3:58 pm

    အမလေး ကျွန်တော်တို.များ နိုင်ငံခြားသားကြောက်ပေါင်……… သူတခွန်းကိုယ်တစ်ခွန်းပဲ တစ်ခွန်းမခံ ပြန်ပြောနိုင်တယ်………. yes , no , yes , no , yes yap yap yap ဒါပဲလေ… ဘာကြောက်စရာလိုလဲ နော……… ဟွင်းဟွင်းဟွင်း :hee: :gee: :kwi:

    Reply

  • Black Cloud

    September 20, 2012 at 4:55 pm

    စာဖတ်သူတို ့ရေ…..

    ဘဲဥမဖမ်းရဲတာ မဟုတ်ပါ…….. မဖမ်းချင်တာပါ………
    တနည်းအားဖြင့် ပြသာနာ မဖြစ်ချင်တာလို ့ မတူတဲ့အမြင်ကနေပြောပါရစေ…..
    ခုနကပြောသလို မှားယွင်းမှူတွေလည်းရှိသလို……..
    သံရုံးက သံအမတ်ကြီးဝင်တိုက်လို ့ ဗဟန်းမှာ လူသေသွားတဲ့အမှူလည်းရှိပါတယ် လွန်ခဲ့တဲ့ သုံးလအတွင်းမှာပါ ဖြစ်တာက……
    (အဲ့သံအမတ်ကြီးက ဘယ်လောက်ပေးလိုက်လဲ မသိဖူး…. အမှူကဖွင့်ကို မဖွင့်လိုက်ရတာပါ….)
    ပြောရရင် နိုင်ငံခြားသားတွေက ပိုက်ဆံရှိတဲ့လူများပါတယ်……. အင်မတန်လည်း အရစ်ရှည်ကြပါတယ်….
    ဆိုတော့ အရဲစွန် ့ပီး ဖမ်းလိုက်လို ့ သူရဲကောင်းပီပီ အမှူဆင်လိုက်မယ်ဆိုရင်…….
    ပြသာနာဖြစ်လာတော့ သူ ့ခေါင်းပေါ်ရောက်မယ်လေ……. ပြသာနာ မကြီးသရွေ ့ လွတ်ပေးထားတာပါ……………. သူလည်း လူသားထဲက လူသားပါ…..

    အမေဆိုတာ ကိုယ့်သားသမီးကိုပဲ ကောင်းအောင် ဆုံးမတာပါ……
    သူများသားသမီးကို ဘာဖြစ်ဖြစ် ဂရုကိုမစိုက်ဖူး……

    အဲ့ဒီတော့…..
    ဒါကို ပြည်သူလူထုက မကျေနပ်လို ့တိုင်တောတယ်ဆိုရင်တော့ တရားမျှတမှူကို လိုချင်တယ်ဆိုရင်တော့ လွတ်တော်ဖြစ်စေ ဂျာနယ်တခုခုမှာဖြစ်စေ အော်ပေါ့ဗျာ…………
    အခုလည်း လူတိုင်း မကျေနပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နေကြတာပါပဲ…….
    ပြောရရင်တော့ ပြည်သူတွေ ကျေနပ်နေလို ့ အခုလို ဆက်ဖြစ်နေတာပေါ့နော်…..

    ဘဲဥတွေကို မမုန်းပါနဲ ့…….
    ဘဲဥလည်း ပြည်သူထဲကပါပဲ……
    သူတို ့လည်း လူပါပဲ……….

    ချစ်ခြင်းမုန်းခြင်း ကင်းပါစေ…………

    လေးစားလျက်
    တိမ်မည်း

    Reply

  • အရီးခင်လတ်

    September 21, 2012 at 2:55 am

    ခေါင်းစဉ် ကို ဖတ်ပြီး ထင်တာ လွဲသွားတယ်။
    FOREIGNER ကတောင် ဘဲဥ ကို ကြောက်နေပါလား ထင်မိတာ။
    အမှန်တော့ “FOREIGNER ကို ကြောက်တဲ့ ဘဲဥ” ဖြစ်နေတာပါလား။ :kwi:

    ဥပဒေအမှန် စိုးမိုးတဲ့ နေတာတွေမှာတော့ ကိုယ်မှန်ရင် ဘယ်သူ့ကို ဘယ်သူကမှ ကြောက်နေစရာ လိုမှာ မဟုတ်ဘူးလို့ ထင်ပါတယ် ကိုသုဝေ ရေ။

    Reply

  • ကြောင်ကြီး

    September 21, 2012 at 8:56 am

    ဘဲဥကို မုန်းဘူးဗျို့.. ဒီမှာ ကြက်ဥတဒါဇင် နှစ်ကျပ်မပေးရဘူး၊ ဘဲဥလေးလုံး နှစ်ကျပ်ပေးတာတောင် လွယ်လွယ်နဲ့ ရှာမရဘူး…

    Reply

  • ဘဲဥ

    September 21, 2012 at 10:36 am

    ဟဲ့ ဟဲ့ သများနဲ့ဆိုင်ဘူးနော် ဘာများလဲလို့ အလန့်တကြားဝင်ကြည့်လိုက်တာတော်ရေ့
    သများဒို့ဂဒေါ့ ဖော်ရင်နာဆိုရင် ကြောက်ပေါင်
    ဖော်ရင်နာမလေးတွေများတွေ့ရင် အစိမ်းလိုက်ကို ဝါးချားပစ်ချင်ဒါ :mrgreen:

    Reply

    • Thu Wai

      September 21, 2012 at 1:07 pm

      ဆောရီး ကိုဘဲဥ နောက်တစ်ခါဆို အဲလိုမသုံးတော့ဘူး
      ဒါပေမယ့်အဲလိုသုံးလိုက်တာကလဲ အားလုံးနားလည်လွယ်တာရယ် စာရိုက်ရသက်သာတာရယ်ကြောင့်

      Reply

      • etone

        September 23, 2012 at 8:39 pm

        ပို့စ်ရေးတာ… ဘဲဥမထင်တာ …. မဟုတ်ဘူးပဲ …. ။ :kwi:

        Reply

  • ဘဲဥ

    September 21, 2012 at 10:37 am

    :harr: :harr:

    Reply

  • TNA

    September 21, 2012 at 2:13 pm

    နာ့နှယ်နော်။ ခေါင်းစဉ်ကြည့်ပြီး နိုင်ငံခြားသားတွေက ဘဲဥမစားရဲဘူးလို့ပြောတာမှတ်လို့ တော်တော် ထူးဆန်းတာပဲဆိုဝင်ဖတ်တာ။ နောက်တော့မှ ထုံးပေသီးဖြစ်နေတာကိုး။ [:*]။ သူတို့က လည်ကတုံးနဲ့ ရှပ်အင်္ကျ ီလက်တို ဝတ်ထားလဲကြောက်တယ်တော့။ အဲလိုဝတ်သွားပြီးဟောက်ကြည့် အလေးတောင်ပြုသေး။

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    Reply

  • Hnin Hnin

    September 22, 2012 at 4:45 pm

    အဖော်တွေ့ပြီ… :mrgreen: ..ဟိုနေ့ကတည်းက foreigner က ဘာလို့ ဘဲဥ(စားတဲ့ဘဲဥ
    ထင်လို့)ကိုကြောက်ရတာပါလိမ့်..ရောဂါပိုးတွေများပြန့်နေလို့လားဆိုပြီးဝင်ကြည့်တာ…
    ပြီးတော့မှ ‘ဘဲဥက ကြောက်ရတဲ့ Foreigner’ ဖြစ်နေတာကိုး..မှားတဲ့အခါလည်း မှားပေမပေါ့…
    သူ့ခမျာ အတောင်းအရမ်းလေးကြောင့် လူမုန်းခံရသလို လှိမ့်လုံး၊ရွှီးလုံး၊ဟောက်လုံးဒဏ်
    တွေကိုလည်း ခံရတာပဲလေ…

    Reply

  • ဦးဦးပါလေရာ

    September 23, 2012 at 9:44 am

    အဓိကအချက်ကတော့
    ကျုပ်တို့နိုင်ငံရဲ့ အမည်နာမဂုဏ်သိက္ခာက တလျှောက်လုံးဆိုးဝါးလာခဲ့ပြီးသားဆိုတော့
    အဲဒီနာမည်ကလေးကို နဲနဲကလေးမှ တချက်ကလေးမှ အပွန်းအခြစ်မခံနိုင်ဘူးဆိုတဲ့
    စာနဲ့ရေးမထားတဲ့ မူဝါဒမျိုးကို ကျုပ်တို့နိုင်ငံရဲ့အုပ်ချုပ်သူတွေအဆင့်ဆင့်က ကိုင်ဆွဲထားပါတယ်။
    အရပ်စကားနဲ့ပြောရရင်တော့- (ပြဿနာမဖြစ်စေနဲ့၊ လွယ်အောင်ရှင်းလိုက်…) ဆိုတာမျိုးပေါ့…။

    အဲဒါကိုအားဖြည့်တဲ့ပထမအချက်က- အုပ်ချုပ်ရေးအဖွဲ့အစည်း(လက်ရှိဆိုထွေအုပ်နဲ့ရဲ)တွေမှာ အလုပ်လုပ်လို့ မျက်နှာကောင်းရတာရှားတယ်။ ပြဿနာမဖြစ်မှ မျက်နှာကောင်းရတယ်။ ဝန်ထမ်းတွေကို ပြောင်းရွှေ့နေရာချတာကအစ ဘယ်သူကပြဿနာနဲတယ် ဆိုတဲ့ အရည်အသွေးမျိုးနဲ့ နေရာကောင်းပေးတာဖြစ်တယ်။ လူကြီးနားရောက်တာဖြစ်တယ်။

    အားဖြည့်တဲ့ဒုတိယအချက်က ကျုပ်တို့က ကျွန်သက်မတရားရှည်နေတာ-
    အင်္ဂလိပ်ကျွန်ဖြစ်လိုက်၊ ဂျပန်ကျွန်ဖြစ်လိုက်၊ စစ်ကျွန်ဖြစ်လိုက်နဲ့ ရာစုနှစ်နှစ်ခုကျော်နေပြီ…
    ဒီတော့ ကိုယ်နဲ့မတူရင် စွတ်ကြောက်ပစ်လိုက်တာ မျိုးဆက် လေးငါးခုရှိပြီ…..။

    ကျုပ်လဲငယ်ငယ်က တော်တော်ကြောက်တတ်တယ်။ အကုန်လုံးကို ကြောက်တယ်။ အကုန်လုံးက ကိုယ့်ကို ဒုက္ခပေးနိုင်တာကိုး။ တကယ်လဲ ဒုက္ခပေးတာကိုး။ ဒုက္ခမရောက်ချင်ရင် လုပ်နိုင်တာတခုပဲရှိတယ်။ ဘာမှမလုပ်နဲ့ ။ အဲဒါပဲ…..။
    ကျုပ်တို့ကို အဲသလိုဖြစ်အောင် သေသေချာချာ ပြုပြင်ပုံလောင်းခဲ့တဲ့ အရာတွေကို အမြစ်မကျန် မြေလှန်ဖယ်ရှားနိုင်တဲ့တနေ့မှ ကျုပ်တို့လူမျိုး လူစဉ်မီမယ်…….။

    Reply

  • ကြောင်လေး

    September 24, 2012 at 9:17 am

    ဦးဦးပါလေရာ says:
    ကျုပ်လဲငယ်ငယ်က တော်တော်ကြောက်တတ်တယ်။ အကုန်လုံးကို ကြောက်တယ်။ အကုန်လုံးက ကိုယ့်ကို ဒုက္ခပေးနိုင်တာကိုး။ တကယ်လဲ ဒုက္ခပေးတာကိုး။ ဒုက္ခမရောက်ချင်ရင် လုပ်နိုင်တာတခုပဲရှိတယ်။ ဘာမှမလုပ်နဲ့ ။ အဲဒါပဲ…..။
    <>

    ကျနော်တို့လည်းခုထိကြောက်နေရတုန်းပဲ၊ မိသားစုရပ်တည်နိုင်ရေးအတွက် အပစ်တစ်ခုကိုအမြဲလုပ်နေရတယ်။ လုံးဝပြန်မလှန်ရဲဘူး၊ သူတို့လုပ်ချင်တာလုပ်လို့ရအောင် ဒီပုံစံသွင်းထားတယ်လို့ခံစားရတယ်။ နေရထိုင်ရတာ ဘဝလုံခြုံမှုမရှိဘူး။ စိုးရွံ့ကြောက်လန့်မှုတွေ အမြဲလွှးမ်းမိုးနေတယ်

    Reply

Leave a Reply to အိမ်လွမ်းသူ Cancel Reply

Your email address will not be published.