ရွာထဲဝင်ခွင့်မရသူတစ်ယောက်

Ko chogyiSeptember 14, 20121min017

ကျွန်တော်ရွာထဲမဝင်ဖြစ်တာ တစ်ပတ်လောက်ဖြစ်သွားပါတယ်။ အဓိကပြသနာကတော့ အင်တာနက်လိုင်း ပြတ်သွားတာပါ။ ကျွန်တော်ကအပြင်မှာလဲ ထိုင်နေကျမဟုတ်တော့ မဝငြ်ဖစ်ဘူး။ အင်တာနက်လိုင်းကို အမြန်ဆုံးပြုပြင်ဖို့ ကြိုးစားရတာပေါ့။

ကြိုးစားရတာပေါ့ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်သူကဘယ်လိုစခဲ့တဲ့ အကျင့်လဲတော့မသိဘူး၊ ကိုယ့်ကြောင့် ပြတ်တာမဟုတ်လဲ ပြင်ပေးဖို့ တောင်းတောင်းပန်ပန်ပြောရတယ်။

ပထမဦးဆုံး ဖုန်းလိုင်းပြတ်သွားပါတယ်။ အဲဒီတော့ ဖုန်းလိုင်းပျက်သွားလို့ ပြင်ပေးပါခင်ဗျာဆိုပြီး ကွန်ပလိန်းတင်ပါတယ်။ ပြီးပြီပေါ့ သူတို့ပြန်ပြင်ပေးပြီး ပြန်ကောင်း သွားတယ်ပေါ့။ မဟုတ်ပါဘူး ခဏငိုက်လိုက်တဲ့အချိန်မှာ အိမ်မက်မက်သွားတာပါ။ ဖုန်းလိုင်းကမကောင်းပါဘူး။ ကွန်ပလိန်းမေးကြည့်မိတော့ လိုင်းမင်း(Line Man) လာရင်ပြောပေးပါမယ်။ လောလောဆယ် လိုင်းပေါ်တက်မလာသေးပါဘူးတဲ့။ ဒုက်ခဘဲ အဲ့ဒီလိုင်းမင်းလိုင်းပေါ်မတက်သရွှေ့ ငါ့လိုင်းပြင်ပေးမှာမဟုတ်ဘူးဆိုပြီး လမ်းထိပ်ထွက် ကိုကိုလိုင်းမင်းဘယ်နားမှာများရှိမလဲလို့ လိုက်မေးပြီးရှာရပါလေရော။ လိုင်းမင်းကြီးနဲ့တွေ့လို့ အခုတစ်ကယ် ဖုန်းလိုင်းကောင်းသွားပါပြီ။

ဝမ်းသာအားရနဲ့ ကွန်ပြူတာလေးဖွင့် မိုဒန်း(Modem)လေး ပါဝါအွန်လိုက်တော့ ရက်ရက်စက်စက်စိမ်းစိမ်းကာကားနဲ့ လိုင်းမတက်ပါဘူးဗျာ။ အဲဒါနဲ့ အင်တာနက် ကွန်ပလိန်းလေးတင်လိုက်တော့ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ မိုးစုန်းစုန်းချုပ် လိုင်းကမရ ဖုန်းခေါ်ရင်မကိုင်နဲ့ တစ်နေ့ပြီးသွားပါလေရော။ ကံဆိုးချင်တော့ နောက်တနေ့စနေ နောက်တနေ့ တနင်္ဂနွေဖြစ်သွားတော့ပြင်မရပြန်ဘူး။

တနင်္လာနေ့ အားထည့်ပြီးကြိုးစားလိုက်တာ  သူတို့လာစစ်ပြီးပြင်ပေးမယ်တဲ့။ ဝမ်းသာလိုက်တာ အခုလာမှာလားဆိုတော့ မနက်ဖြန် ဂျူတီထွက်မှတဲ့ ပြီးတော့ ကားနဲ့ လာကြိုမှ လိုက်မှာတဲ့။ နောက်တနေ့(အင်္ဂါနေ့) သွားကြို ဖုန်းအိတ်ချိန်းရုံးမှာလိုက်ပြင်ပေးပြီး အင်တာနက်လိုင်းရတော့ ပျော်သွားတာပေါ့။

ဆိုးလိုက်တဲ့ကံများ ကိုယ်ဆီမှာ သုံးမယ်ကြည့်လိုက်တော့ ဖုန်းလိုင်းပျက်နေပြန်ပြီတဲ့၊ အင်တာနက်ပြင်တဲ့သူကသူ့အပိုင်းပြီးပြီတဲ့ ဖုန်းလိုင်းအဖွဲ့ပြောလိုက်ပါတဲ့။ ဟုတ်ကဲ့ ဖုန်းကိုကိုတွေကို ပြောရပြန်တာပေါ့။ ရပါတယ်လုပ်ပေးပါမယ်တဲ့ လိုင်းကပြန်လိုက်စစ်ရမှာဆိုတော့ မနက်ဖြန်ဆိုရပါပြီတဲ့။

ဗုဒဟူးနေ့ ဖုန်းလိုင်းပြန်ကောင်းနိုး စောင့်ရင်းနဲ့ တစ်နေကုန်သွားပြန်ရော။ ကြာသပတေးနေ့မှာ “ယူပါကယ်ပါဦး”ဆိုပြီး သီချင်းဆိုတာတော့မဟုတ်ပါဘူး လိုင်းမင်းဆီပြေး ပြောတော့ အိတ်ချိန်းနဲ့ဆက်သွယ် ဟိုထောက်ဒီထောက်လုပ်လိုက်တာ ဖုန်းလိုင်းကကောင်းတယ်တဲ့။ အင်တာနက်ပို့ထဲ ထည့်လိုက်ရင် အဲဒီလိုဖြစ်ပြီး လိုင်းပျက်ပျက်သွားတာ အင်တာနက်အဖွဲ့ ပြန်ခေါ်လိုက်ပါတဲ့။

အင်တာနက် ကွန်ပလိန်းတင်ရပြန်ပါပြီ။ အရင်လုပ်တဲ့သူနဲ့ပဲ ပြန်လုပ်ပါတဲ့ အမိန့်တော်ချတယ်။ အရင်လုပ်တဲ့သူနဲ့ ပြောပါရစေဆိုတော့ ဂျူတီအော့တဲ့။ ဟမ်းဖုန်းနံပါတ် တောင်းပြီး ဆက်သွယ်လိုက်တော့ ဒီနေ့လာမလုပ်အားတော့ဘူးတဲ့၊ အဲဒါဆိုမနက်ဖြန်လာမလားဆိုတော့ မနက်ဖြန်ရုံးတက်ရမှာ မလိုက်နိုင်ဘူးတဲ့။ ဘယ်နေ့လာမလဲဆိုတော့ မပြောတတ်သေးဘူးတဲ့ နောက်တစ်ပတ်မှတဲ့။ အရမ်းစိတ်ညစ်သွားတယ်၊ ရှိစုမဲ့စု အကြံဉာဏ်လေးထုတ်လိုက်တော့ သူတို့လူကြီးသွားပြော ကြည့်ရင်ကောင်းမယ်ဆိုတဲ့ အကြံလေးပေါ်လာတာနဲ့ ဖြစ်ကြောင်းရယ်ကုန်စင် နတ်သံနှောပြီးပြောပြတော့ ကျွန်တော်စီစဉ်ပေးပါမယ်။ ဒီနေ့တော့အဆင်မပြေတော့ဘူး မနက်ဖြန် လာကြိုပေးပါတဲ့။ ကုန်သွားပြန်ပြီ တစ်ရက်။

ဒီကနေ့ သောကြာနေ့ မနက်စောစောရုံးကိုပြေးကြို၊ သူတို့ လိုက်ပြင်ပေးလို့ လိုင်းကောင်းသွားပြီး အခုမှ ရွာထဲဝင်ခွင့်ရသွားတာပါ။ ဒါတောင်ပြောသွားသေးတယ် အားနာလို့ လိုက်ပြင်ပေးတာတဲ့။ ကျေးဇူးတကယ်တင်လိုက်ပါတယ်။

MG ရွာထဲမှာ ကမ်ဘာကြီးထဲက နိုင်ငံပေါင်းစုံမှာ နေထိုင်ကြတဲ့သူတွေ ရှိတယ်လို့ ကြားဖူးပါတယ်။

ကျွန်တော်လို့ အဖြစ်မျိုးတူတဲ့ နိုင်ငံရှိလားလို့ မေးချင်တာပါ။

ဆက်သွယ်ရေး ဝန်ဆောင်မှုကဘာလဲလို့ မေးကြည့်ချင်တာပါ။ အခုနောက်လုပ်မဲ့ ကော်ပိုရေးရှင်းကြီးနဲ့ အကျိုးတူ ကုမ်ပဏီတွေရော ဘယ်လိုပုံစံနဲ့ ဆက်သွားမလဲလို စောင့်ကြည့်ရဦးမှာပါ။

17 comments

  • kyeemite

    September 14, 2012 at 2:57 pm

    အတွေ့အကြုံအရတော့ ကိုယ့်အနီးဝန်းကျင်မှာ
    တယ်လီဖုန်းလိုင်မင်းတယောက်တိုင်ပေါ်တက်နေတာမြင်ပီဆို
    သတိသာထားတော့ ကိုယ့်ဖုန်းပျက်တော့မယ်..

    Reply

  • etone

    September 14, 2012 at 3:10 pm

    ကိုချိုကြီးရယ် … ကျွန်မတို့ ရုံးမှာလည်း အဲ့ဒီ ဒုက္ခ ခံစားခဲ့ရဖူးပြီ …
    ရုံးမှာ အင်တာနက်သုံးဖို့ … ADSL, ဘရော့ဘမ်းနဲ့ ဝိုင်ဖိုင် လုပ်ပေးထားပြီး အဆင်ပြေသလို ချိတ်သုံးရာက ဓါတ်တိုင်လဲတယ်ဆိုလား ဘာလား ပဲ … ရုံးဖုန်း ၉လုံးစလုံး ကျသွားရော …. ။ ဒါနဲ့ ….. တလိုင်းကောင်းနိုးနှစ်လိုင်းကောင်းနိုး .. စောင့်နေလိုက်တာ … ဆယ့်ငါးရက်လောက်ကြာမှ … အင်တာနက်ချိတ်ထားတဲ့ လိုင်းလေးက ပြန်ကောင်းလာတယ် …. ဒီတောအတွင်း … ADSL ချိတ်သုုံးသူတွေက ဘရော့ဘမ်းဘက်ယူသုံးလိုက် ၊ ဝိုင်ဖိုင်နဲ့ လှမ်းသုံးလိုက်နဲ့ ဆိုတော့ .. စက်အလုံးရေလည်း များလို့ .. .. သိပ်အဆင်မပြေခဲ့ဘူး …. ရက်ပိုင်းလောက် အခက်ခဲဖြစ်တာကို red linkတလိုင်း ဝယ်ရတဲ့ အထိပါပဲ … ။ ဖုန်းကိုးလုံးမှာ တလုံးက ယနေ့ထိ ပြန်မကောင်းသေးပါ … (လနဲ့ချီ ကြာပါပြီ ) ။

    ဖုန်းလိုင်းပြန်ကောင်းလို့ အင်တာနက်ချက်ချင်းမရဘူးတော် …… ဖုန်းရုံးကိုသွားပြီး စာရွက်စာတန်းပြ ၊ အင်တာနက်လိုင်းပြန်ဖွင့်ဖို့ပြောပေးရတယ် … ပြီးတော့ ဟိုနေ့ ရမလို လို ဒီနေ့ ရမလိုလိုနဲ့ …. တပတ်လောက် အချိန်ကုန်ပြီးမှ .. ပြန်ပွင့်သွားတာပါ … ။
    တကယ်တော့ လူများ ပြီး ပွဲမစည်တာပါ … အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်လို့ အခုလို အခက်ခဲတွေဖြစ်နေတာ ၊ လောလောဆယ်တော့ သူတို့ လက်ခုပ်ထဲက ရေမို့ ငြိမ်နေကြရတာပေါ့ ။
    ဆားဗစ်ကောင်းကောင်း မပေးနိုင်လည်း ရှက်မနေပဲ ….. ၊ ပုဂ္ဂလိကပြောင်းပေးလိုက်သင့်တာပါ … ။ အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်သူတွေ ရှိသရွေ့တော့ …. ဆုပ်လည်းစူး ၊ စားလည်း ရူးအခြေနေနဲ့ပဲ ရောင့်ရဲ နေကြရတော့တယ် ။

    Reply

    • P chogyi

      September 15, 2012 at 11:28 am

      ဒါဆိုရင် etone ထက်စာရင် ကျွန်တော်ကတော်သေးတာပေါ့။

      Reply

  • mayjuly

    September 14, 2012 at 3:27 pm

    ဪဖြစ်ရလေခြင်း..

    တစ်နေရာရာမှာ တစ်ခုခုမှားနေတာဖြစ်မယ်ဗျ….

    ဒါမမဟုတ်ကိုယ်တိုင်ပဲ မှားနေတာလားးး… 😛

    မည်သို့ဆိုစေကာမူ မှန်အောင်ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေး တော့ ရှိရမယ်လေ…
    နောက်တှာနော်…စိတ်ဆိုးပါနဲ့ … 😀

    Reply

  • အားမငယ်နဲ့
    မြန်မာပြည်မှာနေသူတိုင်းဒါမျိုးကြုံဘူးပါတယ်
    ဖွင့်မပြောကြလို့သာပါ။

    Reply

    • P chogyi

      September 15, 2012 at 11:32 am

      အားငယ်လို့တော့မဟုတ်ပါဘူး၊ ရွာနဲ့ တစ်ပတ်လောက်ကင်းကွာသွားတော့
      စိတ်ထဲမှာ အများကြီး နောက်ကျသွားသလိုပဲလေ။

      Reply

  • မောင်ပေ

    September 14, 2012 at 4:06 pm

    ဘဝတူချင်းတွေမို့ ကိုယ်ချင်းစာပါအိ
    အကြံပေးချင်သည်မှာ နီးနားတွင်ရှိသော ၃/၄လိုင်းယူထားသည့် နက်ကဖေးကို သွားသုံးလျှင် စိတ်နဲငယ် ချမ်းသာရမည်ဟု

    Reply

  • Shwe Tike Soe

    September 14, 2012 at 4:50 pm

    အဲဒါ ဘူ.အပြစ်မှ မဟုတ်ဘူး တော့်အပြစ် တော့်အပြစ် ကိုချိုကြီးရဲ. တော်က အဲဒီလောက် ဆားဗစ်ကောင်းတဲ့ ကော်နက်ရှင်နဲ. ဖုန်းလိုင်းသုံးမှတော့ ဘောလီဘော အရိုက်ခံရတာပေါ့………..
    သူတို.မှာအပြစ်မရှိဘူး ရှိတာက တော်တော့ ကိုချိုကြီးရဲ. သုံချင်အုံး အင်တာနက်…….. အာဟိ….

    Reply

    • P chogyi

      September 15, 2012 at 11:33 am

      ရှိတာလေးပဲ သည်းခံသုံးရမှာပေါ့လေ။

      Reply

  • မဟာရာဇာ အံစာတုံး

    September 14, 2012 at 4:56 pm

    သည်းခံလော့ ဒဂါဒေါ် ..
    သည်းခံလော့ …
    သူတို့က သည်းခံမှု ခန်တီပါရမီ ဖြည့်ပေးနေတယ်လို့ မှတ်ကွဲ့ .. :mrgreen:

    Reply

  • ကိုခင်ခ

    September 14, 2012 at 7:38 pm

    ဆက်ပြီးမှ သွယ်လို့ရသော အရေးတွေလုပ်နေသည့်ရုံးကို ဆက် သွယ် ရေး ဟုခေါ်တွင် စေသတည်း၊ သို့ပါ၍ အဆင်မပြေမှုရှိက အမြန်တာဆက်လိုက် ကြကုန်ရ၏၊
    ဖုန်းဆက်ဖို့ထင်မနေနဲ့နော် ဘာဆက်ရမလဲ သိသောသူများ လိုင်းကောင်းမည်မှတ်။

    Reply

  • cobra

    September 14, 2012 at 7:48 pm

    ဒါမြန်မာနိုင်ငံလေ အကိုရယ်…
    စိတ်လျှော့လိုက်ပါ။

    Reply

  • တေလေ

    September 14, 2012 at 7:54 pm

    သည်းခံတော့ သံခီး
    သည်းမခံတော့ ပြန်တီး
    ( အဟဲ ပြန်တီးလို့လဲ မရနိုင် )

    Reply

  • ကထူးဆန်း

    September 14, 2012 at 9:59 pm

    Broadband သမားတွေလည်း သတိထားကြပါ ။ ပျက်တာနဲ့ redlink ဝယ်ပေတော့ဘဲ ။
    Broadband ကို service မပေးတော့ဘူးတဲ့ ။ ပျက်ရင်လည်း ပစ္စည်း မရှိဘူး။ ကိုယ့်ဟာကိုယ် အပြင်က ရှာဝယ်တဲ့ ။
    ရုံးမှာ broadband ပျက်သွားလို့ ဖုန်းဆက် တာ ဟိုဟာလုပ်ကြည့် ဒီဟာ လုပ်ကြည့် နဲ့ နှစ်ရက် သုံးရက်လောက် ကုန်သွားတယ် ။ မရဘူး ။ ရုံးမှာ လာစစ်ပေးပါဆိုတော့ ခြေကြွခ ပေးရမယ် တဲ့ ။ ခြေကြွခ ပေးမယ်ဆိုမှ လာစစ်တယ် ။ ပြီးတော့ မရဘူးဆိုပြီး outdoor ရော indoor ရော unit နှစ်ခုလုံး ဖြုတ်ယူ သွားမယ် ဆိုပြီး ဝမ်းနည်းပါတယ် ။ ပျက်နေပါပြီ ။ ပစ္စည်း တော့ မရှိပါ ။ အပြင်က ပြန်ရောင်းတဲ့ သူဆီမှာ ရှာကြည့်ပါတဲ့ ။
    ဒီကြားထဲ mail က အပျက်မခံနိုင်တော့ redlink ပြေးဝယ်ရတယ် ။ ကမာရွတ် ဘက်မှာ သုံးတာ အဆင်ပြေတယ် မြန်တယ် ဆိုလို့ ဝယ်လိုက်တာ ။ အမြန်ဆုံး ၃MB ဝယ်တာ ဗိုလ်တထောင် ဘက်တော့ လိပ်နုန်းဘဲ ။ အဲ့ဒါလည်း တစ်လှည့်စီများပေးနေလား အောင်းမေ့ရတယ် ။ ပြုတ်ကျသွားလိုက် ပြန်လာလိုက်နဲ့ ။

    Reply

  • MaMa

    September 15, 2012 at 9:50 am

    ဘဝတူတွေချည်းပါပဲ။
    အားမငယ်ပါနဲ့။
    အိမ်မှာက ဖုံးလိုင်း အိပ်စတန်းရှင်းပါရှိတော့ …
    အိပ်စတန်းရှင်းလိုင်းရယ်၊ ဖုံးလိုင်းရယ်၊ အေဒီအက်စ်အယ်ရယ်
    အဲဒီ၃ခုကို တလှည့်စီအပြစ်ဖို့နေတော့တာပါပဲ။ 🙁

    Reply

  • ထွန်း ပြောင်

    September 16, 2012 at 12:45 pm

    အင်း ကျုပ်ကိုတွေ့လေးဗျ………
    ဆက်သွယ်ရေးလိုင်းမင်းတွေရဲ့အိပ်ထဲမှာ ဒိုင်ယာရီလေး အမြဲတမ်းပါတယ်
    ဘာလုပ်ဖို့လဲ မေးကြည်တော့ ဘယ်လမှာ ဘယ်ဖုံးကိုဖြတ်မယ် ဘယ်လတုန်းက
    ဘယ်ဖုန်းကိုဖြတ်ထားပြီးသား ……အဲလိုမှတ်တမ်းနဲ့ဗျ …တစ်ခါပျက်ရင် 3000-5000 ကြားပေးရတယ်ဗျ
    ဒါပေမယ့်တစ်ခုတော့ရှိတယ် သူတို့စတည်းချတဲ့နေရာနဲ့နီးတဲက အိမ်ကဖုံးတော့ အမြဲတမ်းကောင်းဗျာ
    သူတို့ကိုဆက်သွယ်ချင်ရင် ရုံးကိုမဆက်ရဘူး အဲဒီအိမ်ကို ဆက်ရတယ်ဗျာ……

    Reply

  • candle .

    September 18, 2012 at 2:40 pm

    THIS IS ” OUR COUNTRY ” TYPE

    Reply

Leave a Reply

Your email address will not be published.