ရထားကြီးထွက်ရန် ( ၅ ) မိနစ်သာလို။

ခင္ခSeptember 11, 20121min017

ရထားကြီးထွက်ရန် ( ၅ ) မိနစ်သာလို။

မနေ့ကမနက်လေယာဉ်နဲ့ ကျွန်တော်အလုပ်ရှင်ကုမ္မဏီသူဌေး မန္တလေးရုံးခွဲကိုရောက်ရှိပြီး နေ့လည်စာ ထမင်း အတူ စားရင်း သူပြောလိုက်တဲ့ စကားလေးကြောင့် ခင်ခ တစ်ယောက်စိတ်မှိုင်ချသွားပါရောဗျာ။ ကျွန်တော်က အစိုးရ ရုံးပိတ်ရက်နဲ့ တနင်္ဂနွေမှာလွဲပြီး(ဒါတောင်အလုပ်ပိတ်လို့) ကျန်အလုပ်ဖွင့်ရက်တွေဆို မနက် ၉ နာရီ ကနေ ညနေ ၅ နာရီအထိက ကျွန်တော်ရဲ့အချိန်တွေကို အခုအလုပ်တဲ့သူများဆီမှာ ရောင်းထားရတဲ့သူလေ။ ဒါနယ်မသွား၊ ခရီးမသွားရတဲ့ မန်းမှာရှိတဲ့အခါမှာပေါ့။ အကယ်လို့ နယ်သွားရမယ် ခရီးသွားရမယ်ဆိုရင် ခုနပြောတဲ့ မနက် ၉ ညနေ ၅ မဟုတ်တော့ဘူး ကျွန်တော်အချိန်တိုင်း သူတို့ပိုင်သွားပြီ၊ ဘာလို့လဲဆိုတော့ တည်းခိုနေထိုင်ဖို့ ဟိုတယ်အခန်းခရော မနက်၊နေ့လည်၊ည စတဲ့ တစ်နေ့တာစားစရိတ်ရော၊ အခြားသုံ:ဖို့ နေ့တွက်စရိတ်အပိုဆောင်ရော ပေးတာဆိုတော့ ကျွန်တော်အချိန်တွေကို သူတိုခဏပိုင်သွားပြီပေါ့လေ။ အဲလိုရှိတာပါ အရင်အနှီးဆိုလို့ လူနဲ့လုပ်အားဘဲအရင်းခံရှိတော့ အချိန်ကိုရောင်းချပြီး လရှင်းခရယူနေရတဲ့ ကုမ္မဏီဝန်ထမ်းဘဝပေါ့လေ။

ဒါနဲ့စကားစပြတ်သွားတာလေး ပြန်ကောက်ကြောင်းယူလိုက်အုံးမယ်၊ နေ့လည်က ထမင်းအတူစားရင်း အလုပ်ရှင်သူဌေးပြောလိုက်တဲ့ စကားက လားရှိုးဘက်မှာ ကျွန်တော်တို့ဆိုဒ်တစ်ခု တည်ဆောက်ပေးဖို့ လုပ်ငန်းတစ်ခုရတယ် အဲဒီပရောဂျက်ကကြီးလို့ ကနဦးလုပ်ငန်းအစကို မင်းဦးဆောင်သွားပြီးလုပ်ပေးပါ အလုပ်အနေအထား တည်တည်ငြိမ်ငြိမ်ရှိလို့ ကျန်တဲ့အဖွဲ့တွေ ဆက်လုပ်လို့ရနိုင်ပြီဆိုမှ ပြန်လာပေးပေါ့၊ အနည်းဆုံး တစ်ပတ်ဆယ်ရက်လောက်တော့ ဟိုမှနေပြီးလုပ်ပေးဖို့ပါ။ ဒါကလည်း အလုပ်ဆိုတာရယ် ကိုယ့်အလုပ်ရှင်က ခိုင်းတာရယ်ကြောင့်သွားရမှာပေါ့။ အရင်လည်းဒီလိုဘဲသွားခဲ့ရတာ နေပြည်တော် တည်ဆောက်ရေးတုံးကဆို လနဲ့တောင်ချီပြီး နှစ်ပေါက်သွားခဲ့ရတာပါ။ အဲဒီတုံးကတော့ ဒီဂဇက်မှာလည်း ရွာသားမဖြစ်သေးသလို အဆင်ပြေအားရင် ဂဇက်လေးဖွင့်ဖတ်လိုက် ဒါလောက်ဘဲမို့လေ၊ အခုကတော့ ရွာကိုလည်းခင်မင်မှု့ရှိလာ စာလေးတွေဖတ်ရုံတင်မဟုတ်ဘဲ ရွာထဲဝင်ဆွေးနွေးလို့တမျိုး ကိုယ်စိတ်ကူးမိတာ ဖတ်ခဲ့တာလေးတွေလည်း မရေးတတ်ရေးတတ်နဲ့ မျှဝေရေးလာတာမို့ သွားလုပ်ရမယ့်နေရာက အင်တာနက်လိုင်း အဆင်ပြေရင်တော့ ကိစ္စမရှိပေမယ့်၊ အကယ်လို့များ အင်တာနက်လိုင်းတာ အဆင်မပြေ ခဲ့ရင်တော့ဖြင့် ဆိုပြီးတွေးပူနေရင် ရင်မောစွာနဲ့ စိတ်မှိုင်ချနေရပြီပေါ့၊ အင်တာနက်လိုင်း အဆင်မသင့်လို့ ဖုန်းကတဆင့်သုံးဆိုပေမယ့်လည်း ကျွန်တော်ကိုင်တဲ့ဖုန်းနှစ်လုံးစလုံးက စီဒီအမ်အေတွေဘဲမို့ မျော်လင့်လို့ မရနိုင်ဖို့ခပ်များများရယ်၊ ဒါဆို အင်တာနက်ပါဂျီတစ်လုံး ဝယ်သွားဆိုရအောင်လည်း ဖုန်းဖိုးနဲ့ အင်တာနက် ဖွင့်ရတဲ့ဟန်ဆက်ဖိုးနဲ့ဆို ရမယ့် လစာနဲ့က မလောက်မဌအဆင်မပြေနိုင် ပြီးတော့ နှစ်နဲ့ချီပြီးကြာတာ လည်းမဟုတ် ရက်ပိုင်းလပိုင်းလေး ဘဲဆိုတော့ မတတ်နိုင်ဘူးပေါ့လေ သူဆန်စားရဲစေဆိုတဲ့အတိုင်း ခင်ခ တစ်ယောက် ဒီနေ့ရထားနဲ့ သွားရပြီပေါ့။ လာရှိုးမှာတော့ အင်တာနက်သုံးရပေမယ့် ကျွန်တော်တို့ အလုပ် လုပ်ရမယ့်ဆိုဒ်က လားရှိုးကနေ (၅)မိုင်လောက် တောထဲသွားရမှာမို့လေ။

ဒါနဲ့ဘဲ ယူစရာရှိတဲ့အဝတ်အစားတွေနဲ့ လိုအပ်တဲ့ဆေးဝါး၊ ပစ္စည်းတွေထဲ့ပြီး သူငယ်ချင်းမော်တော်ကားကို အကူအညီ တောင်းလို့ မန်းဘူတာကြီးဆီသွားဖို့ မဒမ်ခကိုနုတ်ဆက်ပြီး အိမ်ကနေထွက်ခဲ့ရပြီပေါ့။ ရထား မထွက်မီ အချိန်လေးမှာ သူငယ်ချင်းရဲ့ဂျီနဲ့ အင်တာနက်လိုင်းချိတ်ပြီး ဒီပိုစ့်လေးရေးနေတာပေါ့။ ဟော အချက် ပြအသံပေးနေပါပြီ မှိတ်တုတ်မှိတ်တုတ်ဆိုင်းဘုတ်မှာလည်း စာတမ်းဖော်လို့ ရထားထွက်ခွါရန် ၅ မိနစ် သာလို ပါသည်တဲ့ ကဲအချိန်ကိုသူများရောင်းပြီးလုပ်ကိုင် စားသောက်နေရတဲ့သူမို့ သွားလိုက်အုံးမယ်ဗျာ၊ လိုက်ပို့ပေး တဲ့ သူငယ်ချင်းကိုလည်း သူ့ဖုန်းလေးပြန်ပေးရင် “သူငယ်ချင်းရေ တာ့ တာ နော်´´ လို့။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

17 comments

  • မောင်ပေ

    September 11, 2012 at 9:40 pm

    1 မိနစ်နောက်ကြသွားပြီ
    ရထားကြီး ထွက်လို ့သွားပြီ
    လက်ကလေး ပြလို ့နှုတ်ဆက်….

    Reply

  • pooch

    September 11, 2012 at 10:13 pm

    ကိုခင်ခရေ ၅ မိုင်ဆိုတော့ ညနေဘက်အားတဲ့အခါ မြို့ထဲဘက် ဝင်ပြီး သုံးရင်ရနိုင်ကောင်းပါတယ်။
    အစစအရာရာ အဆင်ပြေပါစေ။

    Reply

  • အရီးခင်လတ်

    September 12, 2012 at 2:22 am

    ကိုခင်ခ ရေ အစစ အဆင်ပြေ အောင်မြင်ပါစေ ဆုတောင်းပါတယ်။
    အက်စစ်ဖြိုနည်းလေးပေးတာ အထူးကျေးဇူးတင်ကြောင်းလဲ ပြောပါရစေ။
    သိချင်တာလေးတွေ ထပ်မေးနိုင်ဖို့ မကြာမကြာ လာပါလို့ ဘဲ မှာချင်ပါတယ်။ 🙂

    Reply

  • Ma Ei

    September 12, 2012 at 9:37 am

    ကိုခင်ခရေ…
    တစ်ပတ်ဆယ်ရက်အတွင်းမှာ
    ခဏအားလဲ Post လေးတွေ ရေးထားပါ…
    အဆင်ပြေရင် တင်ပါနော်…

    Reply

  • Moe Z

    September 12, 2012 at 9:59 am

    တာ့ တာ .. 🙂
    ဦးဦးခင်ခရေ အနည်းဆုံးတစ်ပတ်တစ်ခါလောက်တော့ ပြန်တွေ့ရမယ်လို့မျှော်လင့်ပါတယ်
    လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအဆင်ပြေပါစေ..

    Reply

  • manawphyulay

    September 12, 2012 at 10:04 am

    ၅ မိနစ်သာလိုလို့ပဲ.. အင်း နပိုလီယံလိုများ ၅ မိနစ်နောက်ကျသွားခဲ့ရင်
    ဘာများ ဖြစ်မှာပါလိမ့်..

    Reply

  • ကိုပေါက်(မန္တလေး)

    September 12, 2012 at 12:19 pm

    ၅မိနစ်နောက်ကျသွားရင် နောက်ထပ်အလုပ်အသစ်ထပ်ရှာလိုက်ရုံပေါ့ဗျာ။

    Reply

  • htet way

    September 12, 2012 at 1:07 pm

    အေးဗျာ စာနာမိပါတယ်
    အဆင်ပြေ ချမ်းမြေ့ပါစေဗျား

    Reply

  • Shwe Tike Soe

    September 12, 2012 at 3:02 pm

    အမလေး နော် ရင်ထဲကို မကောင်းဘူး….. ကိုခင်ခတို.များ ချွဲတတ်ပ မဒမ်ခကိုတောင် အဲဒီလို နှုတ်ဆက်ခဲ့ရဲ.လား…

    ပုံစံက ချစ်သူနဲ. ခွဲပြီး ရက်အကြာကြီး အလုပ်သွားလုပ်မယ့် ကိုလူပျိုလေး ချွဲနေတာကြနေတာပဲ… အော် သံယောဇဉ်က ကြီးပါပေ့ ကိုခင်ခ ရယ်…
    ဟိုမှာ အလုပ်အဆင်ပြေပြီး မြန်မြန်ပြန်လာ နိုင်ပါစေဗျားးးးးးးးးး 😀

    Reply

  • Hnin Hnin

    September 12, 2012 at 3:42 pm

    ဟုတ်ပါ့နော်..ဖတ်ပြီးစိတ်မကောင်းတောင်ဖြစ်သွားတယ်..

    Reply

  • etone

    September 12, 2012 at 4:57 pm

    အန်ကယ်ရဲ ့ရွာအပေါ် စွဲလန်းစိတ်ကိုတော့ ပစ်ကြွေသွားပြီ ။ 😀
    ခရီးထွက်ချိန်ဆိုလျှင် များသောအားဖြင့် ဗျာများပြီး ပြင်ဆင်နေရတာ များတယ် ၊စာရေးဖို့ ဆိုတာ သိပ်တော့မလွယ်ဘူးရယ် ။
    ရွာကို သတိရပြီး … အိမ်ကထွက်ကတည်းက နှုတ်ဆက်ပြီး သတိမရတော့တဲ့ … မဒမ်ခင်ခကို မန်းလေးလာတဲ့ အခါ ဒီစာလေး လက်ဆောင်ပေးဖို့ ပရင့်ထုတ်ထားပါကြောင်း ……… ဟီး :mrgreen:

    Reply

  • မိုးတိမ်

    September 12, 2012 at 7:58 pm

    ကဲ ကျွန်တော်လဲ မနက်ဖြန်ကစပြီးခရီးထွက်စရာ ကိစ္စလေးရှိလို့ ရွာကိုဒီနေရာကနေပဲ
    ခဏနှတ်ဆက်ခဲ့ပါရစေ။လကုန်မှပြန်ရောက်နှိင်မှာမို့ပါ။သွားရမယ့်နေရာကလဲ အင်တာနက်ရဖို့တော့
    များပါတယ်။သေတော့မသေချာသေးပါ။ရရင်တော့ရွာထဲမှာ ရှိနေမှာပါ။အလုပ်ရှုပ်နေရင်တော့လဲ
    မတတ်နှိုင်ပါ။ညပိုင်းတော့ အားနှိုင်မယ်ယူဆရတာပါပဲ။ရွာကြီးအေးချမ်းစွာနဲ့ အရှည်ဖွံ့ဖြိုးတိုးတက်ပါစေ။

    ရွာသား မိုးတိမ်…………………

    Reply

  • ဦးဦးပါလေရာ

    September 12, 2012 at 8:14 pm

    အင်..
    တယောက်ပြီးတယောက် ခရီးသွားနေကြပါရောလား…
    သွားလမ်းသာပြီး လာလမ်းဖြောင့်ကြပါစေဗျာ…

    Reply

  • ကိုခင်ခ

    September 12, 2012 at 9:24 pm

    ကိုပေရေ မမြင်လိုက်တော့ဘူးဗျ ပြန်ရောက်ရင်ဆုံကြအုံးစို့လေ။

    Pooch ရေ ညစာထမင်းစားရင်း ရွာထဲဝင်ကြည့်တာလေ၊ဆုတောင်းပေးတဲ့ အတွက်လည်း ကျေးဇူးနော်။

    အရီးရေ ရွာထဲတော့ ရောက်နေမှာပါ၊ ဒီရွာမှာနေတာကိုး။

    မအိရေ အခုလည်းပိုစ့်တစ်ခုတော့ရေးနေပြီး စာတွေလည်းဖတ်နေပါရဲ့။

    မမိုးဇတ်ရေ တပတ်တစ်ခါတော့မလုပ်ပါနဲ့ ခင်ခက အင်တာနက်ရတယ်ဆိုတာနဲ့ ရွာလည်ထွက်စမြဲပေါ့။

    မနှောရေ တစ်ခါမှတော့နောက်မကျတတ်သေးဘူးလေ။

    ကိုပေါက်ရေ ပြန်ရောက်ရင်တွေ့အုံးမပေါ့။

    htet way ၊ Shwe Tike Soe ၊ Hnin Hnin ၊ မိုးတိမ် နဲ့ ဦးပါရေ ကွန်မန့်လေးတွေ အတွက်ကျေးဇူးပါ။

    ကြားဖူးခဲ့တဲ့စကားဥပမာလေးကိုပြောအုံးမယ် မအိတုံရေ အဖေကအစိုးရဝန်ထမ်း နယ်မှာတာဝန်ကျပြီး ခဏရန်ကုန်မိသားစုထံပြန်လာလို့ ခွင့်ရက်စေ့တဲ့အတွက် ရထားနဲ့ ပြန်တော့ ကလေးတွေက ရန်ကုန်ဘူတာကြီးကို လိုက်ပို့ကြတယ်။ သူတို့လိုက်ပို့တာက ဘူတာကြီးစခန်းသာ စားသောက်ဆိုင်မှာ လိုက်ပို့ရင်းမုန့် စားရလို့လေ၊ သူက သမီးတွေကြည်ရှိတာပါ။ အဲလိုနဲ့ ရထားတွဲမရောက်သေးခင် မုန့်စားနေတုံး ကောင်လေးတစ်ယောက်က အထုပ်ကလေးတစ်ထုပ်နဲ့ သူတို့ နားလာရပ်ရင်: အတူတူနယ်မှာတာဝန်ကျတဲ့ သူ့အဖေဆီကိုလူကြုံပစ္စည်းလာပေးတော့ သားမင်းအမေကောနေကောင်းလား ဦးကနုတ်ဆက်တယ်လို့ပြောလိုက်ဆိုပြီး အတူတူအလုပ်လုပ်တဲ့ သူငယ်ချင်းမိသားစုမို့ လောကွတ်စကားဆို နုတ်ဆက်တာပေါ့။ ဒါနဲ့ဘဲ ရထားထွက်တော့မယ် တွဲပေါ်တက်တော့ အဖေက သမီးတွေကိုနုတ်ဆက်ပြီး တက်သွားတာပေါ့၊ နောက်နေ့ဟိုရောက်လို့ ကောင်းမွန်စွာရောက်ကြောင်း အမျိုးသမီးဆီဖုန်းဆက်တော့ အမျိုးသမီးက စကားနာထိုးပြောတယ်တဲ့ အိမ်ကအမျိုးသမီးကိုတော့ သမီးတွေနဲ့နုတ်ဆက်စကား မပါးနိုင်လောက်အောင် မအားရှာဘူးနော်တဲ့ပြောပြီး ဖုန်းချလိုက်တယ်၊ အဲဒီမှာဘဲ ဖုန်းလေး ကိုင်ရင်းမြည်တွန် လိုက်တာကတော့ အင်း ငါသမီးတွေရဲ့ လက်စောင်းက ထက်သပါကွယ်တဲ့။ မအိတုံရေ အန်ကယ်ပြောတာ ပုံပြင်တော့မဟုတ်ပေမယ့် သမီးမန့်ပေးတာ အတွက်တော့ အဖြေလေးရကောင်းပါရဲ့နော်၊ ကွန်မန့်အတွက်လည်းကျေးဇူးပါ။

    Reply

  • ကိုခ ပြန်လာရင်တွေ့တာပေါ့။
    ဒီစာအရဆိုရင် နောက်မကျဘူးဆိုတော့ အလုပ်အသစ်ရှာစရာမလိုတော့ဘူးပေါ့။
    ဒီလိုလုပ်ဗျာ ညနေထမင်းစားထွက်ရင် လားရှိုးမြိုထဲလာပြိး အင်တာနက်သုံးဗျာ။
    ပြည်ထောင်စုဘော့လုံးကွင်းနား မှာ အင်တာနက်ဆိုင်ရှိတယ်။ဒါပေမယ့် ကိုးနာရီထက်
    ကျော်ပြီးတော့ မနေနဲ့။
    အစစဂရုစိုက်နော်။

    ရထားထွက်ခါနီး မဒမ်ခကို ခိုင်ထူးရဲ့ သို့တရံတစ်ခါဆီ သီချင်းထဲကလို
    “သံဇကာအလည်မှာ တစ်ယောက်တစ်ဖက် ရှိနေဆဲ စကားသံတွေမသဲကွဲ ဒို့နှစ်ယောက်လဲ”တွေဆိုပြီး
    ငိုပြခဲ့သေးလားဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

  • surmi

    September 13, 2012 at 12:17 am

    တာ ့တာ
    ကျနော်လည်း မကြာခင် သွားရဦးမယ်ထင်ပ
    နှုတ်တော ့မဆက်ပါဘူး လက်လေးဘဲပြသွားမှာ

    Reply

  • ကိုခင်ခ

    September 13, 2012 at 3:59 pm

    ကိုဆာမိရေ တာ့ တာ ပါနော်။ လက်အရမ်းကိုဝှေ့ရမ်းလိုက်လို့ ဘေးကလူကတောင့် လှည့်ကြည့်သေးသဗျ။

    Reply

Leave a Reply

Your email address will not be published.