ပို့စ်အတွင်း ဇယားကွက်ထည့်ပုံ (အလွယ်နည်း)

ပို့စ်ထဲမှာ ဇယားကွက် ဆောက်ပြီး ထည့်တဲ့ အလွယ်နည်း လေးကို ဒီနေရာမှာ ဝေမျှချင်ပါတယ်။ Share လုပ်တာပေါ့ဗျာ၊ ဆရာ လုပ်တာ မဟုတ်ရပါဘူးလို့။ ပြီးတော့လည်း ယခုပို့စ်က မသိသေးသူတွေအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်လို့ ….။ ဤကား အစ ပထမ လျှာရှည်ခြင်း ဖြစ်ပါ၏ … 😀

ကျနော်တို့ ရိုးရိုး ဇယားကွက်တစ်ခုကို တည်ဆောက်တဲ့အခါ ဇယားထဲမှာ Row က ဘယ်နှစ် Row ထည့်မယ်။ ကော်လံက ဘယ်နှစ်ကော်လံ ထည့်မယ် ဆိုပြီး ထည့်သွင်း တည်ဆောက်ကြပါတယ်။ ဒီလိုပါပဲ။ Webpage ပေါ်မှာ ဇယားကွက် တည်ဆောက်တဲ့ အခါမှာလည်း Row တွေ၊ ကော်လံတွေကို ထည့်သွင်း စဉ်းစားပြီးတော့ တည်ဆောက်ကြတာပါပဲ။

Row ပေါ်စေဖို့ ကုတ်တစ်ခုကို မှတ်ရပါမယ်။ ဒါကတော့ (<tr></tr>) ဆိုတဲ့ ကုတ်ပါပဲ။ ကော်လံ ပေါ်စေဖို့ မှတ်ရမယ့် ကုတ်ကတော့ (<td></td>) ပဲ ဖြစ်ပါတယ်။ နောက်ထပ် မှတ်ရမယ့် ကုတ်တွေကတော့ (<table></table>) နဲ့ (<tbody></tbody>) တို့ပဲ ဖြစ်ပါတယ်။ ဒါလေးတွေ မှတ်ပြီးသွားရင် ဇယားကွက်တစ်ခုကို ကောင်းကောင်းကြီး တည်ဆောက်လို့ ရပါပြီ။

ဇယားကွက် ပုံစံ

ပထမဆုံး ဇယားကွက် တစ်ခုကို တည်ဆောက်တဲ့ အခါ (<table><tbody>) နဲ့ စပါတယ်။ ဇယားကွက် အဆုံးမှာ ထည့်ပေးရမှာကတော့ (</tbody></table>) တွေပဲ ဖြစ်ပါတယ်။ ဒီ အစနဲ့ အဆုံးကြားထဲမှာတော့ Row တွေ ကော်လံတွေ၊ စာသားတွေ၊ လင့်ခ်တွေ၊ ပုံတွေ ထည့်သွင်းရပါတယ်။

Row တစ် Row ထည့်မယ်ဆိုရင် (<tr></tr>) ကို အစ နဲ့ အဆုံးကြားမှာ တစ်ခါ ရေးပေးရပါတယ်။ ကော်လံ တစ်ကော်လံ ထည့်မယ်ဆိုရင်တော့ အစနဲ့ အဆုံး ကြားမှာ (<td></td>) ကို တစ်ခါ ထည့်ပေးရပါတယ်။ ဒါပေမယ့် ကော်လံတွေကို Row အတွက် ကုတ်တွေ ဖြစ်တဲ့ ထောင့်ကွင်း နှစ်ခုကြားမှာ ထည့်ပေးရပါတယ်။ ဥပမာ အားဖြင့် – (<tr><td></td></tr>) ဒီလိုပါ။ ဒါကတော့ Row တစ်ခု၊ ကော်လံ တစ်ခု အတွက်ပါ။

Row တစ်ခု ကော်လံ နှစ်ခု အတွက်ဆိုရင် Row ကုတ်ကြားထဲမှာပဲ နောက်ထပ် ကော်လံ ကုတ်တစ်ခုကို ထပ်ထည့်ရပါတယ်။ ဥပမာ (<tr><td></td><td></td></tr>) ဒီလိုပါ။ ဒါကတော့ Row နဲ့ ကော်လံ ထည့်ပုံပါ။ ပြောရမယ်ဆိုရင် ကော်လံ ဆိုတာ Row ထဲမှာ ထည့်ရတာပါ။ ကျနော်တို့ ထည့်ချင်တဲ့ စာသားတွေကိုတော့ ကော်လံ ထောင့်ကွင်း နှစ်ခုကြားမှာ ထည့်ပေးရပါတယ်။ ဥပမာ (<td>အစမ်းစာ</td>) ဒီလိုပါ။

Row တစ်ခု၊ ကော်လံ နှစ်ခု ပါတဲ့ ဇယားကွက် တစ်ခု ထည့်မယ်ဆိုရင် ရေးရမယ့် အပြည့်အစုံ ကုတ်တွေကို အောက်မှာ ပုံနဲ့ ပြထားပါတယ်။

Row တစ်ခု၊ ကော်လံ နှစ်ခု ပါသည့် ဇယားကွက်အတွက် ကုတ်

Row နှစ် Row ထည့်ချင်တယ်ဆိုရင် အစနဲ့ အဆုံး { <table></table> နဲ့ <tbody></tbody> } ကြားမှာ Row ကို ကိုယ်စားပြုတဲ့ (<tr></tr>) ကို နှစ်ခါ ထည့်ရပါတယ်။ ပြီးတော့မှ အဲ့ဒီ Row တွေထဲမှာ ကိုယ်ထည့်မယ့် ကော်လံ (<td></td>) ကို နှစ်ကော်လံ ထည့်မယ်ဆို နှစ်ခါ ထည့်ပေးပါ။ သုံးကော်လံ ထည့်မယ်ဆို သုံးခါ ထည့်ပေးပါ။

Row နှစ်ရိုး၊ ကော်လံ နှစ်ကော်လံ ပါသည့် ဇယားကွက်ကုတ်

ဒီနေရာမှာ တစ်ချက် သတိထားရမှာကတော့ အပေါ်က Row ထဲမှာ ထည့်တဲ့ ကော်လံ အရေအတွက်နဲ့ အောက်က Row ထဲမှာ ထည့်တဲ့ ကော်လံ အရေအတွက်ဟာ တူညီနေမယ်ဆိုရင်တော့ ပြဿနာ မရှိနိုင်ပါတယ်။ အကယ်၍ အပေါ်က Row ထဲမှာ နှစ်ကော်လံ ထည့်ပြီး အောက်က Row ထဲမှာ သုံးကော်လံ ထည့်ထားမယ် ဆိုရင်တော့ ဇယားကွက်က စနစ် ကျတော့မှာ မဟုတ်ပါဘူး။

ဒီလိုမျိုးပါ

“ယနေ့ပို့စ်” မှာ ကျနော် ထည့်သွင်းထားတဲ့ ဇယားကွက်ကို ကြည့်ရင် နေ့ရက် အလိုက် ပို့စ်တွေကို ကော်လံ လေးကော်လံ ခွဲပြီး ထည့်ထားတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရက်စွဲ ထည့်ထားတဲ့ Row ကတော့ ကော်လံ တစ်ခုပဲ ပါရှိပါတယ်။ ဒါက ဘယ်လို လုပ်ရတုန်းဆိုရင် သူ့အောက်က Row တွေက ကော်လံ လေးကော်လံစီ ရှိတဲ့ အတွက် colspan=“4” ဆိုတာလေးကို (<td>) အတွင်းထဲကို ဟောဒီလို (<td colspan=“4”>) ဆိုပြီး ထည့်ပေးလိုက်ပါတယ်။ အောက်က Row တွေက ကော်လံ ၃ ကော်လံ ဆိုရင် 4 နေရာမှာ 3 ပေါ့ဗျာ။

Colspan ထည့်ပြီး Row အတွင်းက ကော်လံတွေကို ညှိပုံပါ

ဒါဆိုရင် အပေါ် Row နဲ့ အောက်က Row တွေကို colspan=“0” ဆိုတာလေး ထည့်ပြီး ညှိဖို့အတွက် အဆင်ပြေသွားပါပြီ။ ပြီးတော့ ကျနော်တို့ တည်ဆောက်တဲ့ ဇယားကွက်က သူ့ချည်းထားရင် border တွေ မပါပါဘူး။ ဒါကြောင့် ဇယားကွက်ကို ဘောင်ခတ်ဖို့၊ ဘော်ဒါ ထည့်ဖို့အတွက် အစဆုံး ကုတ်ထဲမှာ border=“1” ဆိုပြီး ထည့်ပေးရပါတယ်။ 1 နေရာမှာတော့ ထူထူထည့်ချင်ရင် 2 ဒါမှ မဟုတ် 3 စသည်ဖြင့် ထည့်နိုင်ပါတယ်။

ဇယားကွက်အတွက် ဘော်ဒါ ထည့်ပုံပါ

ဒီလောက်ဆိုရင် ဇယားကွက်တစ်ခုကို တည်ဆောက်လို့ ရသွားပါပြီ။ ဒါကြောင့် ကျနော်က Row သုံး Row ပါမယ်၊ ကော်လံက နှစ်ကော်လံစီ ပါမယ်၊ ဒါပေမယ့် အပေါ်ဆုံး Row ထဲက ကော်လံမှာတော့ ခေါင်းစီးအတွက် ကော်လံ တစ်ခုပဲ ထည့်မယ်၊ ဒီလို ဇယားကွက်လေး တစ်ခုကို တည်ဆောက်ပြပါမယ်။ အောက်က ဇယားကွက်အတွက် ကုတ်တွေပါပဲ။

+++++++++++++++++

<table border=“1”>
<tbody>
<tr>
<td colspan=“2”> မန်းဂဇက်ရွာသားအချို့ </td>
</tr>
<tr>
<td> ဘီအီးသမား စိန်ဗိုက်ဗိုက် </td>
<td> နဖူးပြောင်ပြောင် အုပေ </td>
</tr>
<tr>
<td> ဖရဲသီး </td>
<td> ဘဲဥ </td>
</tr>
</tbody>
</table>

+++++++++++

ဒါကတော့ ပေါ်မယ့် ဇယားကွက်ပုံစံပါပဲ။
+++++++++++

မန်းဂဇက်ရွာသားအချို့
ဘီအီးသမား စိန်ဗိုက်ဗိုက် နဖူးပြောင်ပြောင် အုပေ
ဖရဲသီး ဘဲဥ

+++++++++++
😀 😀 😀 😀 😀

အပေါ်ကတော့ ဇယားကွက်ကို တည်ဆောက်ရမယ့် ကုတ်တွေရဲ့ အသုံးပြုပုံပါပဲ။ ပို့စ်အတွင်း ထည့်ဖို့အတွက် ပို့စ်အသစ်တင်မယ့် နေရာကို သွားပါ။ ပြီးရင် ညာဖက်နားမှာ Visual နဲ့ HTML ဆိုပြီး ရှိပါတယ်။ အောက်မှာ ပုံနဲ့ ပြထားပါတယ်။ Visual ဆိုတာကတော့ တင်နေကျ ပုံစံအတိုင်း ပို့စ်တင်စတိုင်ပေါ့ဗျာ။ HTML ဆိုတာကတော့ ကုတ်တွေနဲ့ တင်တဲ့စတိုင်လို့ပဲ အလွယ်မှတ်နိုင်ပါတယ်။ ခု ကျနော်တို့က ဇယားကွက်ကို ကုတ်တွေနဲ့ ထည့်မှာဆိုတော့ တင်နေကျ Visual စတိုင်နဲ့ တင်လို့ ရမှာမဟုတ်ပါဘူး။ HTML စတိုင်နဲ့ တင်ကြရပါမယ်။ ဒါကြောင့် HTML ဆိုတာလေးကို နှိပ်ပါ။

Visual နဲ့ HTML
Visual မှာ တွေ့ရတဲ့ စတိုင်
HTML မှာ တွေ့ရတဲ့ စတိုင်

အဲ … တစ်ခု ပြောဖို့ မေ့နေပါတယ်။ ဒါကတော့ … ကျနော်တို့ ပို့စ်ထဲမှာ ထည့်မယ့် ဇယားကွက်အတွက် ကုတ်တွေ ရေးတာကိုတော့ Notepad ထဲမှာ အရင် ရေးပါ။ ပြီးမှ ထည့်တာက ပိုကောင်းပါတယ်။ ပထမဆုံး ဇယားကွက်ပါတဲ့ ပို့စ်တင်တော့မယ် ဆိုရင် ရေးစရာ ရှိတဲ့ စာတွေကို ရိုးရိုး စတိုင်ဖြစ်တဲ့ Visual ထဲမှာပဲ ရေးပါ။ အားလုံး ပြီးသွားပြီ ဆိုတော့မှ HTML ကို နှိပ်ပါ။ အဲ့ဒီအခါမှာ ကိုယ်ရေးထားတဲ့ စာတွေနဲ့ ရောပြီး အခြား ထောင့်ကွင်းတွေပါ ပါနေပါလိမ့်မယ်။ ပါပါ မပါပါ ကိစ္စ မရှိပါဘူး။ ဖျက်တော့ မပစ်နဲ့နော်

Table ကို Notepad နဲ့ အရင် ရေးထားပါ

အဲ့ဒီလို ရေးစရာ ရှိတာ ရေးပြီးလို့ HTML ကို ပြောင်းပြီးသွားရင် ကိုယ်ဇယားကွက် ထည့်မယ့် နေရာကို သွားပါ။ ပြီးရင် Notepad ထဲမှာ ရေးထားတဲ့ ဇယားကွက် ကုတ်တွေကို copy, paste လုပ်လိုက်ပါ။ ပြီးရင် Visual ကို ပြန်နှိပ်လိုက်ပါ။ ဒီအခါ စောစောက ကိုယ်ရေးလိုက်တဲ့ ကုတ်တွေက ဇယားကွက် အသွင်နဲ့ ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအခါမှာ ဇယားကွက်ထဲက စာတွေကို အလယ်ပို့တာ၊ ဘေးပို့တာတွေကို ကိုယ်ပို့ချင်တဲ့ စာကို Select မှတ်ပြီး လုပ်နိုင်ပါတယ်။ စကားမစပ် ထပ်ပြောရရင် Comment ထဲမှာ ကိုယ်ထင်ရှားချင်တဲ့ စကားလုံးကို အနက်ရောင် ခြယ်ချင်ရင် “<b>အနက်ရောင်ခြယ်မယ့်စာလုံး</b>” ဒီလို ရေးပါလို့။

ဟိုရေးဒီရေး လျောက်ရေးလိုက်တာ ပို့စ်လည်း နည်းနည်း ရှည်သွားပြီ။ ဒီတော့ ဒီလောက်ပါပဲလို့။ အကယ်၍ စိတ်ဝင်စားလို့၊ ကိုယ်တိုင် အစမ်း လုပ်ကြည့်ပြီးလို့ မရှင်းတာများ၊ လွဲနေတာတွေများ ဖြစ်ခဲ့၊ ရှိခဲ့ရင် အောက်က Comment ထဲမှာ ပြောနိုင်၊ မေးနိုင်ပါသည် ဆိုတဲ့ အကြောင်း ပြောရင်း ……

 

အားလုံးကို ချစ်တဲ့ ……

အံစာတုံး

 

27 comments

  • ကထူးဆန်း

    September 11, 2012 at 2:08 pm

    ရှဲရှဲ .. မကြာမီ လက်တွေ့စမ်းပါမည် ။

    Reply

    • မဟာရာဇာ အံစာတုံး

      September 11, 2012 at 2:18 pm

      ဟုတ် ဥထူးဆန်း ..
      ကျနော် ရေးထားတဲ့ထဲ မှားနေတာ ပါရင်လည်း
      ပြောပါဦးနော့ …

      Reply

    • စိန်ဗိုက်ဗိုက်

      September 11, 2012 at 2:39 pm

      ပြောသားပဲ
      ဇယားကို အဲသလို လုပ်ရပါတယ်လို ့

      လောလောဆယ်တော့ ကုဒ်တွေကြည့်ပြီး ခေါင်းကုတ်နေတုန်း..
      ဒီလို ကုဒ်တွေနဲ ့ ရင်းနီးဖို ့ကလဲ ပါဒမီလိုသေးသကိုးဗျာ..
      မြန်မာပြည်ကြီး တိုးတက်လာတဲ့ အခါမတော့ ပါရမီကားပေါ်ကနေ ဒီပို ့စ်ကို လက်တွေ ့စမ်းသပ်ပါဦးမယ်လို ့
      ဂဒိပေးဘာဒယ်ဗျား..

      ဇဂါးမစပ်..
      ကွန်းမန် ့ထဲမှာကော ဇယားထည့်လို ့ရသလားမသိ..
      စမ်းကြည့်ရအောင်..

      ဥုံဖွ ချီးတုံး မတ်တပ်ထ..
      ဟိုက်ချလောင်း..

      မန်းဂဇက်ရွာသားအချို့

      ဘီအီးသမား စိန်ဗိုက်ဗိုက်
      နဖူးပြောင်ပြောင် အုပေ

      ဖရဲသီး
      ဘဲဥ

      Reply

      • စိန်ဗိုက်ဗိုက်

        September 11, 2012 at 2:39 pm

        ပေါ်ဘူးတော့..

        Reply

        • မဟာရာဇာ အံစာတုံး

          September 11, 2012 at 2:50 pm

          အဲ ..
          နင်ပြောမှ ကွန်မန့်ထဲ တေဘယ်ထည့်ဒါဂို
          နာလည်း စဉ်းစားမိဒေါ့ဒယ် ..

          နာလည်း စမ်းဒယ် .. ဘာဖစ်လဲ .. ကိုင်း လာလေရော့ ..
          ဥုံ .. ပေါ်ချင်ပေါ် .. မပေါ်ချင်နေ .. 😀
          +++++++++++++++

          ပေါက်ဖော်
          ဘီအီးသမား

          အီးအီးသွား
          ဂါးဂါးဂါး


          +++++++++++++++

  • Wow

    September 11, 2012 at 3:58 pm

    သားရေပေါ်ဝူးတော့… 😀 😛
    ဟီး.. ဟီး မသိမသာမှတ်သွားပါဂျောင်း…

    Reply

    • Good™

      November 10, 2012 at 10:56 am

      မန်းဂဇက်ရွာသားအချို့

      ဘီအီးသမား စိန်ဗိုက်ဗိုက်
      နဖူးပြောင်ပြောင် အုပေ

      ဖရဲသီး
      ဘဲဥ

      Reply

  • kyeemite

    September 11, 2012 at 4:04 pm

    အံဇာတုံး
    စမ်းကြည့်တာနော်

    Reply

    • Khaing Khaing

      September 12, 2012 at 2:15 pm

      ကိုကြီးအံချာတုံး အရူး လေးမိုက်လိုပဲ စမ်းကြည့်တာ …. ဟီးးးးးးးးးးးး

      Reply

      • Khaing Khaing

        September 12, 2012 at 2:17 pm

        ဟယ် …ကိုကြီးအံရေ ….. ပေါ်တယ်…… ပေါ်တယ် … ပေါ်တယ်တော့ ….. အဲဒါဘယ်သူတွေပြော ပြလို့သိတာလဲဟင် …… ကိုယ့်ဘာသာကိုယ်သိတယ်ဆို အရမ်းတော်တာပဲ …

        Reply

        • မဟာရာဇာ အံစာတုံး

          September 12, 2012 at 4:40 pm

          မာမီရယ် ..
          ရက်စက်လိုက်တာနော် .. အဟီး (ငိုဒါ)
          သူများကိုများ အရူးတဲ့ …
          ဒီက မရူးပါဘူး .. ဂေါက်ရုံလေးတင်ပါ .. :mrgreen:

  • kyeemite

    September 11, 2012 at 4:05 pm

    ဟုတ်သားဟ…သင့်ခရုပါကွာ

    Reply

  • Ma Ei

    September 11, 2012 at 4:10 pm

    ဇယားကွက်ရေးဆွဲနည်းမှတ်ထားပါ့မယ်…
    လှုပ်စိ လှုပ်စိ မျက်နှာလေးတွေ ဘယ်လိုလုပ်ရလဲ
    ပြောပေးပါနော်…

    Reply

  • ဦးဦးပါလေရာ

    September 11, 2012 at 4:45 pm

    (((ပို့စ်ထဲမှာ ထည့်မယ့် ဇယားကွက်အတွက် ကုတ်တွေ ရေးတာကိုတော့ Notepad ထဲမှာ အရင် ရေးပါ။ )))

    ဆိုတော့ Notepad ထဲမှာမရေးပဲ word file ထဲမှာအရင်ရေးပြီးမှ ကော်ပီ/ပေစ့် လုပ်ရင်ကော ရပါသလား. ?

    Reply

    • အရီးခင်လတ်

      September 12, 2012 at 1:59 am

      မရပါဘူး ကိုပါ။
      ဆရာပြောတာကို မကွန့်ချင်ပါနဲ့။ 😉 jk
      ဟုတ်လား တူလေး ဆရာအံ။

      ဒီလို လက်တွေ့အကျိုးရှိရှိ သုံးနိုင်တဲ့ပညာလေး တွေအတွက် သာဓုပါတော်၊ သာဓုပါ။
      လိုရာဆန္ဒများလဲပြည့်ဝပါစေ။ 🙂

      Reply

      • မဟာရာဇာ အံစာတုံး

        September 13, 2012 at 9:18 am

        ဟာဂျာ ..
        အရီးကလည်း ..
        ကျုပ်က ရှက်တတ်ပါတယ် ဆိုနေမှ .. :mrgreen:

        ဦးဦးပါ ..
        Notepad ထဲ ရေးတာက အကောင်းဆုံးပဲဗျ ..
        ဒါကြောင့်ပါ ..

        Reply

  • Kyaw Myo Thet

    September 11, 2012 at 7:54 pm

    ဒီလိုအသိပညာ အတက်ပညာလေးတွေပေးတာကို အထူးကျေးဇူးတင်ပါတယ်ဗျာ
    သင်ဆရာ မြင်ဆရာ ကြားဆရာဆိုတဲ့အတိုင်း လေးစားပါတယ်ဗျာ
    တခြား သိသင့်သိထိုက်တယ် ထင်တာလေးတွေကိုလည်း တင်ပေးပါဦး။ စနည်းနာချင်လို့ပါဗျာ ။

    Reply

  • Mလုလင်

    September 11, 2012 at 8:43 pm

    အဲ့ဒီ့ Table ထည့် တာနဲ့ ပတ်သက် ပြီး အတွေ့အကြုံ ကြီးကြီး ရှိထားပါကြောင်း .. အဟီး …

    Reply

  • မောင်ပေ

    September 11, 2012 at 9:21 pm

    ကိုင်း
    လာစမ်း
    နှာသရမ်း ( အံစာတုံး )
    ပါလန်း
    မြာဖမ်း
    ကြာပန်း

    Reply

  • MaMa

    September 11, 2012 at 10:33 pm

    ပိုစ့်တွေ ကွန်မန့်တွေမှာ ကုတ်ဘလော့ လုပ်တာလေးလည်း သင်ပေးပါဦး။
    အရင်တုန်းကလည်း သဂျီးတော့ ပြောပေးဖူးတယ်။
    သူများတွေ လုပ်နေတာ အားကျပြီး စမ်းလုပ်ကြည့်တာ တခါမှ မရသေးဘူး။ 🙁

    Reply

  • ကထူးဆန်း

    September 11, 2012 at 10:57 pm

  • ကထူးဆန်း

    September 11, 2012 at 11:00 pm

    အဟဲ စာရိုက် ပြီး ရင်

    ဘလောက်ကုတ် = blockquote
    အင်္ဂလိပ်လို ရိုက်ထည့် ရင် ရပါကြောင်း

    Reply

  • ကထူးဆန်း

    September 11, 2012 at 11:07 pm

    ရေးပြတာ ပျောက်ကုန်ပြီ အန်တီမမရေ ။ အဟိ မသင်တတ်တော့ဘူး ။

    ှShift+comma blockquote Shift+fullstop လုပ်လိုသောစာရှေ့မှာ ရိုက် ပြီလျင် shift+comma /blockquote shift+fullstop

    Reply

  • etone

    September 12, 2012 at 4:23 pm

    ကိုခြောက်မျက်နှာရယ် ကျေးဇူးပါတော် ။
    အခုတော့ ကူးထားရုံပဲ ကူးလိုက်ဦးမယ် ။ ခေါင်း သိပ်မနောက်တဲ့ အချိန်ကျမှ ……. လက်တည့်စမ်းကြည့်မယ် … အဟီး ။

    ပို့စ်ထဲမှာ အကွက်တွေပေါ်ချင်လျှင် ၊ ဝေါ့ဒ်ထဲမှာ အရင်ရိုက်တယ် ပြီးလျှင် Outlook Express နဲ့ email compose ကို HTML အနေထားမှာ ကူးတင်တယ် ပြီးမှ အဲ့ကနေ ပို့စ်ထဲ ပြန်ကူးထည့်တယ် .. အဟီး … အရင်က လုပ်နေကြကိုပြောဒါ ……

    Reply

  • ကြောင်ကြီး

    September 14, 2012 at 10:47 am

    ကူးသွားသည်၊ မရလျင် ပြန်မေးပါမည်။

    Reply

  • Green Rose

    November 10, 2012 at 11:16 am

    မဟာရာဇာအံဇာတုံးရေ

    ဇယားကွက် ထည့်နည်း၊ လှုပ်စိလှုပ်စိ အရုပ်တွေထည့်နည်းတွေကိုတော့ နောက်မှ စမ်းသပ်တော့မယ်။
    လောလောဆယ်တော့ ဒီပို့(စ်) ထဲက Comments တွေရဲ့ Unlike (-) Sign တွေမှာ အရောင်ပြောင်းနေတာကို သတိထားမိတယ်။ အနီရောင်မဟုတ်တော့ပဲ စိမ်းဝါဝါလေးဆိုတော့ အစိမ်းနဲ့ သိပ်မကွဲဘူးပဲ။ အရောင်သတ်မှတ်ချက် ပြောင်းသွားတာလားဟင်။

    လေးစားလျှက်
    (Green Rose)

    Reply

Leave a Reply to Mလုလင် Cancel Reply

Your email address will not be published.