မိုဘိုင်းဖုန်းနှင့် အင်တာနက်များ ပြတ်တောက်ကြန့်ကြာမှုမရှိရေး

ခင္ခSeptember 1, 20121min08

မိုဘိုင်းဖုန်းနှင့် အင်တာနက်များ ပြတ်တောက်ကြန့်ကြာမှုမရှိရေး အထပ်မြင့်အမိုးများအပေါ်ရှိ Mobile Antenna တိုင်များစိုက်ထူခွင့်ကို အာစီယံ နိုင်ငံများနည်းတူ ဥပဒေတစ်ရပ်ထုတ်ပြန်ပေးနိုင်ရန် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဩဂုတ် ၂၄ ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ်၌ ကျင်းပသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရပါသည်လို့ ယနေ့ထုတ် ကြေးမုံသတင်း စာမှာ ဖတ်လိုက်ရပါတယ်။

Reform Plan အရ မိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်လုပ်ငန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ပြည်သူများအား ဗဟိုပြုကာ ဆက်သွယ်ရေး လုပ်ငန်း များကို အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပရှိ ပုဂ္ဂလိကနှင့် နိုင်ငံတကာတင်ဒါ စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ ယခုအခါ နိုင်ငံတကာမိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်ကုမ္ပဏီ ၉ဝ ကျော် လာရောက်ဆက်သွယ် ထားကြောင်း၊ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း၊ ကြိုးဖုန်း အင်တာနက်အသုံးပြုမှုအများဆုံးမှာ စီပွားရေးမြို့တော် ရန်ကုန်မြို့ဖြစ်၍ အရည်အသွေး   ကောင်းမွန်သော ဈေးနှုန်းချိုသာသော လုံခြုံမြန်စိတ်ချရသော လျင်မြန်စွာ ရွေးချယ်သုံးစွဲခွင့်များကို အချိန်နှင့် တပြေးညီ မိုဘိုင်းဆက်သွယ်ရေး များအတွက် အာဆီယံနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူတို့တွင် အထပ်မြင့်အဆောက်အအုံ့များ၏ အမိုးပေါ်၌ ဆက်သွယ်ရေး Antenna များ တပ်ဆင်ခွင့်ပြုရမည်ဖြစ်ကြောင်း ဥပဒေပြဌာန်းထားသည်။ ထို့ကြောင့် အာဆီယံနိုင်ငံများနည်းတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် အမိုးပေါ်မှာ Mobile Antenna များတပ်ဆင်ခွင့်ပြုပါက မြို့နေလူထုအနေဖြင့် မိုဘိုင်းဖုန်းကို ယခုထက် ပိုမိုလျင်မြန်စွာ ဆက်သွယ်အသုံးပြုနိုင်ပြီး ဆက်သွယ်မှု ပြတ်တောက်ခြင်းကြုံတွေ့ရတော့မည်မဟုတ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲမှ သိရကြောင်း စောသိန်းဝင်း မှ သတင်းဆောင်းပါးရေထားတာပါ။

ကဲ ရန်ကုန်က ကိုကို မမ ညီငယ် ညီမ တွေရေ လူကြီးမင်းဆက်သွယ်သော တယ်လီဖုန်းသည် ဆက်သွယ်မှု ဧရိယာပြင်ပဆိုတဲ့ အသံလေးကို တဝကြီးတာနားထောင်ထားကြနော် နောက်များ ကြားချင်ပါတယ်ဆိုရင်တောင် ကြားရတော့မှာ မဟုတ်ဘူးလို့ ပြောထားရတော့မလား ဆိုပြီး သတင်းဖတ်လို့တွေးရင်း——————။

8 comments

  • မောင်ပေ

    September 1, 2012 at 7:03 pm

    ဒါဆိုရင် ၊ အဲဒီ “ လူကြီးမင်း… လူကြီးမင်း နဲ ့ပြောပြောနေတဲ့ ကောင်မလေး ကို နှုတ်ဆက်ရင်း နှုတ်ဆက်အနမ်းလေး ပေးချင်လိုက်တာဗျာ ”
    ဟီဟိ

    Reply

  • pazflor

    September 1, 2012 at 7:20 pm

    အရင်ကတည်းက Huwaei မှာလုပ်တဲ့ ဘော်ဒါတစ်ယောက်က ပြောပါတယ် သူတို့တွေ Antenna အတွက် မြို့ထဲ ခေါင်မိုးထပ်တွေကို လိုက်ဌားရတယ်ပြောပါတယ်။ အခု ပိုပြီးထပ်ချဲ့မလို့ထင်ပါဗျာ။

    Reply

  • ကို ခင်ခ

    September 1, 2012 at 7:21 pm

    ပထမကွန်မန့်အတွက်ကျေးဇူးတင်သလို ကိုပေရေ သေချာနားထောင်ပြီးမှလည်း
    ရွှတ် အုံးနော်၊ လူကြီးမင်း ကြားရုံရှိသေး ရွှတ် လိုက်လို့ အမှန်တကယ်ထူးတဲ့ ဘွားတော်ကြီးနဲ့တိုးနေမှဖြင့်။

    Pazflor ရေ ဒါဆို ရန်ကုန်မှာ အထပ်မြင့်ခေါင်မိုးတွေတော့ ဟန်ကျအုံးမှာပေါ့နော်။

    Reply

  • pazflor

    September 1, 2012 at 7:34 pm

    ဟုတ်ကဲ့ အိပ်ပိုင်ရှင်တွေတော့ ဌားခလေးရမှာပေါ့ခင်ဗျာ။ power supply အတွက်တော့ UPS တွေထားရတယ်ဆိုလားဘဲခင်ဗျ။ 😛

    Reply

  • the best

    September 1, 2012 at 9:29 pm

    ရန်ကုန်မြို့ရဲ့ အိမ်အမိုးပေါ်မှာ Mobile Antenna များတပ်ဆင်ခွင့်ရဖို ့
    သက်ဆိုင်ရာ တွေ ကိုယ်တိုင်လိုက်ပြီး ကြိုးစားတာကြာပြီလို ့ကြားပါတယ်။

    မအောင်မြင်လို ့ဥပဒေတစ်ရပ်ထုတ်ပြန်ပေးနိုင်အောင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက
    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်တယ်လို ့ထင်ပါတယ်။

    အမိုးပေါ်မှာ Mobile Antenna များတပ်ဆင်ခွင့်ပြုပါက မြို့နေလူထုအနေဖြင့် မိုဘိုင်းဖုန်းကို
    ယခုထက် ပိုမိုလျင်မြန်စွာ ဆက်သွယ်အသုံးပြုနိုင်မယ်ဆိုတာမှန်ပါတယ်။
    အမိုးပေါ်မှာ Mobile Antenna များတပ်ဆင်ဖို ့ဆိုတာတကယ်လည်းလိုနေပါတယ်။

    “အာဆီယံနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူတို့တွင် အထပ်မြင့်အဆောက်အဦများ၏
    အမိုးပေါ်၌ ဆက်သွယ်ရေး Antenna များ တပ်ဆင်ခွင့်ပြုရမည်ဖြစ်ကြောင်း ဥပဒေပြဌာန်းထားသည်။ ”
    ဒါပေမဲ့ အာဆီယံနိုင်ငံများနည်းတူ ရန်ကုန်မြို့တော် အိမ်အမိုးပေါ်မှာ
    Mobile Antenna များတပ်ဆင်ခွင့်ပြုဖို ့ဆိုတာစဉ်စားစရာတွေ အများကြီးပါ။

    မြန်မာပြည်က တစ်ခုခုလုပ်မယ်ဆိုရင် နိုင်ငံခြားနဲ ့ပဲနှိုင်းယှဉ်ကြတယ်။
    ကိုယ်နိုင်ငံက သူတို ့လို အပြင်အဆင်မျိုးတွေရှိရဲ့လားဆိုတာ မတွေးတတ်ကြဘူး။
    လိုချင်တာပဲသိတယ်။ သူများတွေဘာကြောင့် ဒီလိုလုပ်နိုင်တယ်ဆိုတာသိသင့်တယ်။

    ရန်ကုန်မြို့တော်ရဲ့ အထပ်မြင့်အဆောက်အဦများသည်
    မလေးရှား၊ စင်ကာပူတို့ရဲ့အရည်အသွေးကိုမီပါသလား။

    သူ ့ဘာသာသူပြိုကျရင်တောင်မှMobile Antenna များတပ်လို ့ပါဆိုရင် ဘယ်သူတာဝန်ခံမလဲ။
    မတပ်ဆင်မီ အသက်အာမခံ၊ အလုံစုံအာမခံ ထားပေးပါမည်ဟုစာချုပ်ချုပ်နိုင်မလား။

    အခုလို မိုးရာသီမှာ တိုက်ရဲ့အပေါ်ဆုံးထပ်မှာနေကြတဲ့သူတွေ
    မိုးယိုတဲ့ဒဏ်တွေကြောင့် စိတ်ညစ်နေကြရတာတွေ အများကြီးပဲ။

    တစ်နှစ်တစ်ခါ အမိုးတွေပြင်နေရတဲ့စရိတ်တွေများလွန်းလို ့
    ကိုယ့်အိမ်နီးချင်းတွေတောင် တီဗီအင်တီနာ၊
    ဂြိုလ်တုအင်တီနာဗန်းတွေတောင်ပေးမထောင်ချင်ကြဘူး။

    ဒီလိုအင်တီနာသေးသေးတောင်ပေးမထောင်ချင်တဲ့သူတွေက
    Mobile Antenna တပ်ဆင်ခွင့်ပေးကြပါ့မလား။
    ဥပဒေ၊ အမိန် ့အာဏာတပ်ဆင်ခဲ့ရင် ဘာတွေဖြစ်လာကြအုံးမလဲ။

    စနစ်တကျစီစဉ်ဆောင်ရွက်စေချင်ပါတယ်။

    Reply

  • ကိုခင်ခ

    September 1, 2012 at 10:37 pm

    the best သုံးသပ်သွားတာလေးကကောင်းပဗျာ။

    Reply

    • zarlay

      September 2, 2012 at 3:15 pm

      အင်တာနက်ကြန့်ကြာတာ လိုင်းမကောင်းလို့ပေါ့နော်။

      Reply

  • ကိုခင်ခ

    September 2, 2012 at 4:49 pm

    zarlayရေ ဒါကြောင့် အင်တင်နာကြီးတွေထောင်ကြမလို့တဲ့လေ။

    Reply

Leave a Reply

Your email address will not be published.