အကြံညဏ်တောင်းခံခြင်း

အဇဋာAugust 31, 20121min07

ယနေ့ နေ့လည်တွင် ABSDF ကျောင်းသားများ ဥက္ကဋ္ဌဟောင်း နှင့်အတူ အခြား ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။

မိုးသီးဇွန်ကဲ့သို့သော ပုဂ္ဂိုလ်များလည်း လာမည့် ရက်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ပြီး ယနေ့တော်ဝင်နှင်းဆီတွင်လည်း အဆိုပါ ABSDF ကျောင်းသားကိစ္စများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်။

ပြန်ရောက်လာမည့်သူများကို မကြေနပ်သူများ၊ သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့်သူများ၏ မိဘများကလည်း ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

အဆိုပါကိစ္စကို ယနေ့ သတင်းလိုက်သွားမည်ဖြစ်သည်။

အကယ်၍ ခင်ဗျားတို့သာ ကျွန်တော့်နေရာမှာဆိုရင်

ဘယ်လိုမေးခွန်းမျိုးတွေ မေးချင်ပါသလဲ ?

ဘယ်လို အကြံညဏ်ပေးချင်ပါသလဲ ?

ဆွေးနွေးခြင်းနှင့် အကြံညဏ်တောင်းခံခြင်းဖြစ်ပါသည်။

ထို့ပြင် ဂေဇက်ရွာသားများနှင့်အတူ သတင်းအတူလိုက်ချင်၍ ဖြစ်သည်။

ကဲ…အတူတူ သတင်းလိုက်ကြစို့။

အားလုံးကို ကျေးဇူးတင်ပါသည်။

မြတ်ကျော်သူ

7 comments

  • ချိုတူး

    August 31, 2012 at 1:42 pm

    ဟာ … အစ်ကိုရာ
    သူခိုး သေဖော်ညှိပြန်ပီ
    အဲ့ကိစ္စက တော်တော်မေးရခက်မယ် ထင်တယ်နော်
    ကျနော်ကတော့ ဒီလိုမေးချင်တယ် …..။
    ” ကြောက်ဖူးလား … ပိုပေါ့တို့ ဘာတို့လို ခုံရုံးတင်ရင် ဘယ်လိုလုပ်မလဲ ”
    ” ဘယ်သူ အာမခံပေးလို့ ပြန်လာတာလဲလို့ ”
    ” ဟို စာအုပ်ထွက်ထားတဲ့အပေါ် ဘယ်လိုမြင်လဲ ”
    ” ဒီမိုကရေစီ နိူင်ငံသစ်အတွက် ဘယ်လို ပြန်လည်ပေးဆပ်မလဲ “

    Reply

  • ချာလီဂဇက်ဒလဝမ်

    August 31, 2012 at 2:16 pm

    အပေါ်က ရည်ရွယ်ချက်ထက် ကိုရင်ချိုတူးရဲ့ မေးခွန်းက ပိုခက်တယ် ၊
    သဟာကြောင့် ပြေးပြီ ။

    Reply

  • မောင်ပေ

    August 31, 2012 at 9:29 pm

    မတွေးတတ်တော့ပါဘူးဗျာ
    ကိုမြတ်ကျော်သူ သွားပြီးပြန်လာကြမှ
    မေးမြန်းဆွေးနွေးပြောဆိုခဲ့သမျှတွေကို ပို ့စ်ပြန်တင်ပေးပါဗျာ… နော်
    ကျေးကျေးပါနော် ( တင်ပေးမယ့်ပို ့စ်အတွက် တင်ကြို ကျေးသည် )

    Reply

  • ကထူးဆန်း

    August 31, 2012 at 10:48 pm

    သူလျှို ၁၅ ဦးကို သုတ်သင်ခဲ့မှုအပေါ် လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ထပ်မံအငြင်းမပွားလိုတော့ပါ။ ဆုံးဖြတ်ချခဲ့သည့်ဖြစ် စဉ်တွင် ဗဟိုကော်မတီအနေဖြင့် မပါဝင်ခဲ့သော်လည်း ဗဟိုကော်မတီ၏ကိုယ်စား ကျနော့်တွင် တာဝန်ရှိပါသည်

    လို့ ၁၉၉၂ မေလ ၃၁ တွင် ကိုနိုင်အောင် ပြောခဲ့ သည့် တာဝန်ယူမှုအား ဘယ်လိုတာဝန်ယူမှာလဲ တာဝန်ယူခဲ့လဲ သိချင်ပါသည်။

    Reply

  • ရဲစည်

    September 1, 2012 at 12:49 am

    အင် …
    ဒီမှာလည်း ကျပ်လုံးတွေဟ
    ဟမငေး သဂျီးရေ
    မန်းဂဇက်တော့ ဗျတ်ဝိ ဗျတ္တ ဝင်နေသဗျ :mrgreen:
    မျက်လုံးတွေလဲ ပြူးကုန်ဘီ

    ဃိန် …. ဂိန် …. ကိန်

    Reply

  • kai

    September 1, 2012 at 1:18 am

    မြန်မာ့အခြေခံဥပဒေအရ.. စစ်တပ်အာဏာသိမ်းတာ ခွင့်ပြုထားတော့ကာ…
    .. နောက် ၅နှစ်နေ.. စစ်တပ်ကအာဏာသိမ်းလိုက်မယ်ဆို.. ဘာတွေလုပ်ကြမလည်း..ဘာတွေ.. ပြင်ဆင်ထားသလည်း.. လို့.. မေးချင်မိပါရဲ့.. :mrgreen:

    Reply

  • Mobile

    December 13, 2012 at 7:48 pm

    ကောင်းလိုက်တဲ့ မေးခွန်းလေးဗျာ

    Reply

Leave a Reply

Your email address will not be published.