ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား

SawAungAugust 30, 20121min010

ညီမလေးက……….

အချစ်ကို သေတဲ့အထိ ကိုးကွယ်မယ်….

ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးး

ညီမလေး အယူအဆ……

တချို့တဝက်တော့ မှန်လိမ့်မယ်…….

မှားတယ်လို့ ကိုကြီးမပြောဘူး……….

 

အချစ်ဆိုတဲ့အရာ….

သူတစ်ဦးတည်း ရပ်တည်လို့မရဘူး….

သူ့မှာ ပေါင်းစည်းခြင်းတွေအများကြီး…….

 

သူ့မှာ ဘာတွေပါဝင်လည်း ……….

ညီမလေး သိလား…

နားထောင်ချင်ရင် …

ပြောပြမယ် ညီမလေး………

 

အချစ်ဆိုတဲ့ အရာမှာ……..

သံယောဇဉ်နဲ့တွယ်တာမှုရယ်….

ပေးဆပ်ခြင်းနဲ့ရယူခြင်းတွေရယ်…

မျှော်လင့်ခြင်းနဲ့စောင့်စားခြင်းတွေရယ်….

တလက်လက်တောက်ပနေတဲ့………….

တပ်မက်မှုတွေရယ်……………

ဝမ်းနည်းမှုတွေ….ငိုကြွေးမှုရယ်……

ပေါင်းစည်းထားတဲ့…..

အစုအဝေးကြီးတစ်ခုပေါ့ ညီမလေးရယ်…….

 

ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား…….

အဲသည်အစုအဝေးထဲက အရာတွေနဲ့…

ညီမလေး ဒွန်တွဲပီးတွေ့ရလိမ့်မယ်…

အဲသည်ထပ် ပိုရင်လည်းပိုမယ်…….

 

ဘယ်လိုမှ မရှောင်နိုင်တာ အချစ်ပေါ့

ညီမလေးရယ်………………

အချစ်မရှိဘူးလို့ပြောနေတဲ့သူတွေ…

ညီမလေး သူတို့ကိုကြည့်ပြီး….

မဲ့ပြုံးလေး ပြုံးပြလိုက်ပါ…….

စိတ်ထဲ ကိုယ့်ကိုယ်လိမ်နေတာ နင်တို့ပဲလို့…

ပြောလိုက်…………

အချစ်နဲ့လွတ်ကင်းတာ ဘယ်သူမှမရှိဘူးညီမလေး…..

 

ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား……….

ကိုကြီးလည်း ညီမလေးနဲ့ ထပ်တူပါ………

အချစ်ဆိုတာ သန့်သန့်လေးလို့ပြောတဲ့သူတွေ…

အဟက်…….နင်ဘာလိုချင်တာလဲလို့

မေးလိုက်ပါ ညီမလေး…….

 

ဘယ်အချစ်မှ 100% Whitening မဖြစ်ဘူး……..

ညီမလေးလည်း သိမှာပါ…………

စကြာဝဌာ အဆုံးမရှိဘူးတဲ့….

အချစ်ဆိုတာလည်း အဆုံးမရှိပါဘူး ညီမလေးရယ်….

 

ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားကွယ်….

ဆက်လက်ယုံကြည်နိုင်ပါစေ ညီမလေးရယ်…

ညီမလေး အချစ်တွေနဲ့ပေါ့……

အချစ်ရူးတော့ မဖြစ်စေနဲ့နော်……..

အကိုးကွယ်လွန်သွားရင်ပေါ့……..

 

ကိုကြီးလည်း ………..

ညီမလေးနဲ့ ထပ်တူခံစားရပါတယ်……

 

ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား…..

 

(ကျွန်တော် ညီမလေး အတွက်)

 

Aung Moe Thu

11:51AM

18.3.2011

10 comments

  • မြတ်ကျော်သူ

    August 30, 2012 at 5:47 pm

    ကဗျာနာမည်က မစန္ဒာရဲ့ ဝတ္ထုနာမည်နဲ့ သွားတူနေတယ်…
    အဲဒီနာမည်နဲ့ မြင့်မြတ်ရယ်၊ မိုးဟေကို ရယ် ဗွီဒီယိုုရိုက်ထားသေးတယ်…..

    Reply

    • မောင်ပေ

      August 30, 2012 at 7:51 pm

      ဒီတစ်ပုဒ်ကိုတော့
      ဒါရိုက်တာ ဦးခိုင် ၊ မင်းသား မောင်ပေ နဲ ့ကိုရီးယားဆယ်ကျော်သက် မင်းသမီး၁ဝလက် လောက်နဲ ့ အချစ်ဇါတ်ကြမ်း ဇါတ်လမ်းတွဲကြီး ရိုက်ဖို ့ ရှိပါသတဲ့ဗျာ

      Reply

    • နေဝန်းနီ

      August 30, 2012 at 9:30 pm

      မြတ်ကျော်သူ says:

      ကဗျာနာမည်က မစန္ဒာရဲ့ ဝတ္ထုနာမည်နဲ့ သွားတူနေတယ်…
      အဲဒီနာမည်နဲ့ မြင့်မြတ်ရယ်၊ မိုးဟေကို ရယ် ဗွီဒီယိုုရိုက်ထားသေးတယ်…..

      မစန္ဒာရဲ့ ဝတ္ထု မဟုတ်ပါဘူးကွယ်…။ မိုးမိုး(အင်းလျား)ဖြစ်ပါတယ်…။နော်

      http://www.mediafire.com/?6d610zlbmutq7lv ဒေါင်းလောဒ် လင့်လေးပါတွဲပေးလိုက်ပါတယ်…။

      Reply

    • Mobile

      December 13, 2012 at 11:05 pm

      ကဗျာလေးတွေ အဆက်မပြတ်တင်ဆက်ပေးနေတဲ့ ကိုအောင်မိုးသူရေ
      အားပေးသွားပါကြောင်းဗျာ

      Reply

  • မြတ်ကျော်သူ

    August 31, 2012 at 9:28 am

    တောင်းပန်ပါတယ်…နေဝန်းနီရေ…
    ကျွန်တော်မှား သွားတယ်….
    ကျွန်တော်က မစန္ဒာ နဲ့ မိုးမိုး(အင်းလျား) တို့ နှစ်ယောက်ရဲ့ စာတွေကို သဲသဲကွဲကွဲ မမှတ်မိဘူး…
    သူတို့နှစ်ယောက်လုံးကလဲ…ပုံစံတူရေးကြတာဆိုတော့….

    Reply

  • aung moethu

    August 31, 2012 at 10:12 am

    တိုက်ဆိုင်လို့ ကဗျာနာမည်လေးကို ဆရာမ ဝတ္တုနာမည်လေး ယူသုံးထားတာပါ ဒီကဗျာလေးကို ပုံနှိပ်ပို့ဖို့လည်း အစီအစဉ်မရှိလို့ပါ ခင်ဗျာ….။ ခံစားချက်သက်သက်လေးပါ။ း)

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 11:26 am

    အချစ်ကို ကိုးကွယ်နေသတဲ့လား…။

    Reply

  • panpan ngape

    August 31, 2012 at 2:12 pm

    အချစ်ရုှုးတော့မဖြစ်ပါဘူးနော်။

    Reply

  • နေဠု ဝင်း

    August 31, 2012 at 6:24 pm

    အချစ်အတွက်နဲ့ မမိုက်သင့်ဘူး။

    Reply

Leave a Reply to အတိသဉ္ဖာ နာဂရချစ်သူ Cancel Reply

Your email address will not be published.