သနားကြပါ …. ခင်ညာ

လူ့ဘဝက ခဏတာပါဘဲ …….

ဖြတ်သန်းနေရချိန် ကြာရှည် လွန်းလှတယ် ထင်ရပေမဲ့ ကျော်ဖြတ်ပြီးသွားတဲ့ အချိန်တွေ၊ နေရာတွေ၊ မှတ်ရမှုတွေ၊ အကြောင်းအရာတွေနဲ့ အခြားခြားတွေဟာ ပြန်တွေးကြည့်ရင် ခဏလေးနဲ့ ပြီးပြတ်ခဲ့သလိုပါဘဲ။ ကျနော်ဟာ လက်ရှိဘဝတာမှာ အများနဲ့သက်ဆိုင်မှု အားလုံးအတွက် ဧည့်ကြိုဆိုတဲ့ နေရာလေးမှာ ရပ်တည်နေခဲ့ဖူးပါတယ်။ အလုပ်ရခဲ့ပုံက ဒီလိုပါ။

ရဟန်းတို့ … သူမိုက်တို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ

(၁) မိမိတို့ မကျရောက်သော တာဝန်ကို ဆောင်ရွက်သော သူသည်လည်းကောင်း

(၂) မိမိသို့ ကျရောက်သော တာဝန်ကို မဆောင်ရွက်သော သူသည်လည်းကောင်း

ဤနှစ်မျိုးတို့တည်း။

ဗာလဝဂ် ( အင်္ဂုတ္ထိရ် ပါဠိတော် မြန်မာပြန်) ဆရာ သစ္စာနီ၏ တာဝန်နှင့်သူမိုက်  (နွယ်နီမဂ္ဂဇင်း၊ မတ်လ ၂၀၁၀) မှ ကူးယူပါသည်။

ဒီစာလေး ဖတ်မိတာက တစ်ကြောင်း၊ လက်ရှိလဲ မန်းဂဇက်ထဲမှာ စာလေးတွေ ဖတ်နေတော့ စိတ်ကူးထဲ ပေါ်လာတာလေး လုပ်ကြည့်ချင်စိတ်ဖြစ် မိပါတယ်။ ဒါနဲ့ပဲ မနှစ်က ကျိ်ုက်ထီးရိုးဘုရား သွားခဲ့တော့ ကင်ပွန်းစခန်း ထမင်းဆိုင်တန်းက ဧည့်ကြိုလေးတွေကို ပြေးမြင်မိပါတယ်။ ဒါနဲ့ပဲ ရသစာမူတွေ ဖိတ်ခေါ်ခြင်း ဆိုပီး ခေါင်းစဉ်နဲ့ ပို့စ်လေး တစ်ပုဒ် ပေါ်လာခဲ့ပါတယ်။ အကြောင်းတရားက တိုက်ဆိုင်မှုတွေနဲ့ အတူ ဖန်တီးပေးလိုက်တာပါ။လကုန်ရင် ကျနော် အပါအဝင် ရွာသူရွာသား အားလုံးအတွက် အမှတ်ရစေမဲ့ မန်းဂဇက်စာပေချစ်သူများ အစီအစဉ် ကြီးဟာ တမျိုးတဖုံ ဆန်းသစ်မှုတွေနဲ့အတူ စာမျက်နှာပေါ် တက်လာတော့မှာပါ။ ရွာသူရွာသားတွေ အားလုံး တပျော်တပါး ပါဝင်ကြမှာ ဖြစ်သလို။ အစီအစဉ် တင်ဆက် သူတွေကလဲ ဘယ်လို တင်ဆက်ကျအုံးမလဲ ဆိုတာ တွေးရင်းနဲ့ ခုကတည်းက ကျနော်ကတော့ ကြိုပီး ရင်ခုန်နေပါပီ … ။ ကျနော်ကတော့ ထုံးစံအတိုင်း ဧည့်ကြိုသူဆိုတော့ တက်ရောက်လာတဲ့ ရွာသူရွာသားတွေကို ကြိုဆိုရအုံးမှာပါ။ ဒါပေမဲ့ အားလုံးသော သူတွေမှာ လက်မှတ်ပေါ်မှာ နေရာတွေ ပါနေပီး သမို့ နေရာချထားတဲ့ ကိစ္စကို ကျနော် တာဝန်ယူပေးစရာ မလိုပါဘူး။ ဇူလိုင်လမှာ ကိုဘလက်ချောက စတင်ခဲ့တဲ့ ဒီအစီအစဉ်ဟာ ခုဆိုရင် အရှိန်ရနေတဲ့ ရထားတစင်းအဖြစ် မှန်မှန်ကြီး ခုတ်မောင်းနေပါဘီ။

ဧည့်ကြို

အားလုံးကို ပြုံးပြ နှုတ်ဆက်

အစီအစဉ်တရပ်အတွက်

ကျရာနေရင်း …………

ဒီတချိန်ခဏ အတွက်

မိုက်ခဲ့သူဟု ဆိုချင်ဆို

လိုရာကို ဆွဲတင်း ကောင်းခြင်း အတွက် ဖြစ်ပျက်မမှုအား

နောင်တမရှိ ………….

လာရာလမ်းသို့ ပြန်မကြည့်ဘဲ အနှီသူကား

ဧည့်ကြိုတည်း ………။

ကဗျာလည်းမဟုတ် စာလည်းမဟုတ်၊ ရသလဲ မမည် အလင်္ကာလဲ မမြောက်ပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ရပ်တည် ချက်လေးနဲ့ ရခဲ့ရတဲ့ ခံစားချက်လေးမို့ မျှဝေပါတယ်ဗျာ။ ခုဆိုရင် ရွာထဲမှာ ဧည့်သစ်ဆောင်ကောင်းတွေ ပိုများလာတဲ့ အတွက် ကျနော် ဧည့်ကြိုလုပ်ရတာ ကျေနပ်မိပါတယ်။ အတွေးရိုင်းလေးတစ်ခု ဆက်ပွားပါရစေ။ ဘယ်သူမဆို ကိုယ့်အိမ်၊ ကိုယ့်ဆိုင် ၊ ကိုယ့်ရပ်ရွာထဲ သာမန်ထက်ပိုသော ကောင်းသော လာခြင်းမျိုးကို နှစ်သက်မှာပါ၊ ကျနော်ကတော့ အယူဆ နည်းနည်း အစွန်းစွဲပါတယ်။ ခုတလော ဟိုကိစ္စတွေ နည်းနည်း ပြန်အစဆွဲ ထုတ်လာကျသမို့ ကျနော် ဧည့်ကြိုလေး နည်းနည်းတော့ စိတ်ညစ်နေရပါတယ်။

လက်လှမ်းမှီသလောက်ဘဲ ရေးတတ် ဖတ်တတ်သမို့ ..

တချို့ တချို့သော လက်လှမ်း၍ မမှီသော စာတွေ အကြောင်းအရာတွေမှာ လိုက်ပါဖို့ ဝန်လေးနေမိပါတယ် 🙁

ကိုလွှမ်းမိုးရဲ့ သီချင်းစာသားလေး ဆိုပြပါရစေ …

” တုံးခုလို့မှ လှမ်းမရရင် ခုန်ပြီးတော့ ခူးမယ် ….. ဟုတ်ကဲ့ မှတ်ထားပါ့မယ်

” တခါတလေမှာ တုံးခုလို့ရရ ခုန်ခူးလို့ရရ လက်လှမ်းလို့ဘဲရရ(စိတ်အထင်) လည်ပြန်တောင် မကြည့်သင့်တဲ့ အသီးတွေ ရှိသမို့ 🙂

ကဲ .. နောက်ရက်မှာတော့ ဩဂုတ်လ ကျနော်ခံစားမိတာလေးတွင် တင်ပြရင်း …. ။

အစ်ကိုကြီး အစ်မကြီး ဦးဦးဒေါ်ဒေါ်တို့ရယ် ……

ကျနော်ဟာ မျက်မမြင် ဘာသာအိုကြီးနဲ့ 

စာပေဝမ်းစာရေး အတွက် ခက်ခဲနေသူပါ

စိတ်၊ ပါရမီ မသန်စွမ်းတော့ …………

အများလို နေထိုင် ကျင့်ကြံ အားမထုတ်နိူင်ပါဘူး

ဒါကြောင့်မို့ ရသလေးများပါရင် တဆုပ်လောက် ဖြစ်ဖြစ်

နည်းနည်း စွန်ကျဲပေးကျပါ ခင်ဗျာ 😀

 

 

14 comments

  • surmi

    August 30, 2012 at 9:03 am

    ဗိုလ်ရဲရေ
    ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျုပ်တော ့ပို ့ထားပြီနော်
    တစ်လနှစ်ပုဒ်တောင်ဘမနဲရေးရတာဆိုတော ့ ကိုရဲ ရဲ ့စေတနာကို ဝမ်းလည်းသာတယ်
    အားလည်းနာတယ်ဗျာ ။
    နောက်လလည်း ကျိုးစားကြည် ့ပါဦးမယ်

    Reply

    • ရဲစည်

      August 30, 2012 at 10:58 pm

      ကျေးကျေးပါ ကိုဆာမိ
      ကိုဆာမိတို့က အစကတည်းက အတွေးအရေး ကောင်းပီးသားပါ
      မအားလပ်လို့ အရေးကျဲတာပဲ ရှိတာပါ …….. ကျနော်က လေးစားပီးသားပါ

      စာပေအဆင့်အတန်းရှိမှ
      အဆင့်တန်းရှိ စာပေတွေကို
      တက်နိူင်မယ်ဆိုတဲ့ ကျနော့် အယူအဆ မှားများနေလား မသိဘူးဗျာ .. 🙁

      Reply

  • ကြောင်ကြီး

    August 30, 2012 at 9:34 am

    ဧည့်ကြို
    အိုကျဲ့
    ဖြိုမဟဲ့
    ဆိုခဲ့ပေမဲ့
    ပျိုမတည့်
    ထိုတပည့်
    ငိုဂဲ့ရတယ်
    ဂျိုပဲ့ဘဝလေး..။

    Reply

  • မွန်မွန်

    August 30, 2012 at 10:29 am

    စွန့်ကျဲချင်ပါတယ် သားရယ်.. ဒါပေမယ့် အဒေါ်ကြီးမှာလည်း မရှိဘူးဆိုတော့… 😛
    နောင်လအတွက် ဦးနှောက်ကို ဖျစ်ညှစ်ဖို့ ကြိုးစားပါမယ်လို့…. 🙂

    Reply

    • Mobile

      December 13, 2012 at 9:44 pm

      ဖတ်ရှု့အားပေးသွားပါတယ် ကိုရဲစည်ရေ။။

      Reply

  • မောင်ပေ

    August 30, 2012 at 12:14 pm

    ကိုရဲစည်အတွက် ရည်စူးပြီး
    တစ်ပုဒ်လောက် အုန်းစားမယ်ဗျာ
    လာမယ်ဗျို ့
    ဖတ်လို ့ကောင်းရင် သင့်အနီးအနားက ဆော်ချောချောလေးများကိုပေးဖတ်ပါ
    ဖတ်လို ့မကောင်းရင် တခြားပို ့စ် ပြောင်းဖတ်ပါ ။

    Reply

  • Novy

    August 30, 2012 at 12:16 pm

    တုံးခုလို့မှ လှမ်းမရရင် ခုန်ပြီးတော့ ခူးမယ်
    ခုန်ပြီးတော့ ခူးမရရင် တံချူနဲ့ ခူးပစ်မယ်
    မှတ်ထားကွယ် ငါဟာ…….

    Reply

    • Khaing Khaing

      August 30, 2012 at 12:56 pm

      မမနို …… တံချူနဲ့ခူးမရရင် အပင်ရင်းကကို ခုတ်ချလိုက် …… ဒါဆိုကိုယ့်လက်ထဲ ရောက်လာပီ ….. ဟီး (အလကားစတာ)

      အူးအူးရဲဘာဆိုလိုတယ် သမီးမသိဘူး …… သမီးကတော့ မပို့နိုင်သေးပါဘူး …….. ဉာဏ်မမှီတာလည်းပါတာပေ့ါ …….

      Reply

  • ကို ခင်ခ

    August 30, 2012 at 12:39 pm

    တွေးတွေး ရေးရေး လည်းလုပ်ခဲ့ရ၊
    ရေးရေး တွေးတွေး လည်းရှိခဲ့ပ။
    နောက်တော့—
    မရေမရာအတွေး အသေချာမရေးတော့၊
    ကဗျာကရာအတွေးနဲ့ အာပလာအရေး ဆိုလို့။
    ခုတော့ ——–
    ဒီရွာက ဝေးပေါ့ကွယ်။

    Reply

    • ရဲစည်

      August 30, 2012 at 10:32 pm

      ဟုတ် ကိုခရေ …
      အနော်လဲ ဝေးတော့မှာပါ
      သိပ်ကြာကြာခံတော့မယ်မထင်ဘူး ….

      Reply

  • သုရှင်

    August 30, 2012 at 1:00 pm

    အသံက နည်းနည်းမာနေသေးတယ်
    အဲလို တောင်းစားရင် ဘာမှ မရနိုင်ဘူး။
    နည်းနည်းလေး သနားလာအောင် …လုပ်ဦး 🙂

    Reply

  • ရဲစည်

    August 30, 2012 at 10:30 pm

    အင်း .. ဟုတ်တယ်ဗျာ 🙁
    ကျနော် အသံနည်းနည်းမာနေတယ်ဗျာ
    အင်း .. တောင်းမရ ဘာမရ နောက်အဆင်မပြေတော့လဲ
    နောက်တနေရာ ရွေ့ရတာပေါ့။

    မတတ်နိူင်ဘူးဗျာ
    ကျနော် ကိုယ်တိုင်က မယောင်ရာ ဆီလူးနေသလို ဖြစ်နေတာကိုး 😀

    Reply

  • nature

    September 2, 2012 at 4:15 pm

    ရဿစာပေတော့မရှိဘူး။ နယူကလိယစာပေတော့ရှိတယ်။ 🙂

    Reply

  • နေဝန်းနီ

    September 3, 2012 at 6:12 pm

    အော်……. ကိုရစည်ရယ်…။ ပညာရှာ ပမာ……. ????? ဆိုလား …။
    http://cherrymyodaw-elibrary.blogspot.com/search/label/%E1%81%BF%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%81%8B
    မြန်မာစာအုပ်စာပေများ
    အဲဒိနေရာလေး ခဏတစ်ဖြုတ်လောက်ဖြစ်ဖြစ်သွားကြည့်ပါ့လား ကျွန်တော်တောင် ရှာဖွေတွေ့ရှိတာ မကြာသေးပါ….။

    အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတစ်လည်လည် တဲ့ဗျားးးးးးးးးးး

    Reply

Leave a Reply to Novy Cancel Reply

Your email address will not be published.