နံနက်ခင်းလေးများကတော့ ကိုခင်ခအတွက်——————-(2)

21 အလင်းစက် စတင်ကာစ နံနက်ခင်း
22 သစ်ပင်များကြားက ရောင်နီဦး
23 မိုးမှောင်ရိပ်လွှမ်းနေတဲ့နံနက်ခင်းလေး
2 စိုလက်တောက်ပ အရောင်စုံနံနက်ခင်း
25 ထူးခြားတဲ့အရောင်အသွေးနဲ့နံနက်ခင်းလေး
26 ပန်းခရမ်းရောင် နံနက်ခင်း
27 ပထမမြင်ကွင်းနဲ့နည်းနည်းလေးဘဲကွာပါတယ်။
28 မိတပ်ကပ်ရောင်နံနက်ခင်း
29ခရမ်းရောင်ကဲတဲ့နံနက်ခင်း
30 ခပ်ဆင်ဆင်ပုံလေးတွေကို သေချာရွေးတင်ပေးထားပါတယ်

 

31 ပန်းရောင်အစိမ်းရောင် ရောင်စုံနံနက်ခင်း

 

32 သစ်ပင်လေးတွေကလည်း နံနက်ခင်းကိုကြိုဆိုပါသတဲ့

 

33 မရမ်းရောင်လွှမ်းသောနံနက်ခင်း

 

34 နေရာတူ အချိန်မတူ အဲတော့အလှမတူ
35 ရေတွင်းလေးနဲ့ရွှေရောင်နံနက်ခင်း
36 မူန်မိူင်းသော နံနက်ခင်း(28-8-2012)
37 မိုးအုံ့မှိုင်းတဲ့နံနက်ခင်းလေးတစ်ခု
38 အလင်းတန်းများနဲ့လှပနေတဲ့နံနက်ခင်းလေး
39 အပြာရောင်လွှမ်းသောနံနက်ခင်း
40 ကျနော်နှစ်သက်တဲ့နံနက်ခင်းလေး

“ကိုခင်ခပြောတဲ့နံနက်ခင်းလေးတွေ”

 

မနက်လမ်းလျောက်တိုင်း ဓါတ်ပုံရိုက်ဖြစ်တဲ့အခါ အလင်းအမှောင်နဲ့နေရာအခင်းအကျင်းသဘောကျတဲ့နေရာကို

ထပ်ကာထပ်ကာရိုက်မိတတ်ပါတယ်။

ဖြစ်ပုံက ဒီလိုပါ ကိုယ့်စိတ်ထဲမှာ နှစ်သက်တဲ့ ပုံလေးများရတဲ့နေရာရောက်ရင် သတိထားကြည့်မိတတ်ပါတယ်။

ကြည့်မိတိုင်းလဲလှတယ်ထင်နေတော ့ လက်ဆော့မိပါတယ်။

ဒီပိုစ်က ပုံတွေမှာ တစ်နေရာထဲက ပုံတွေကို အချိန်မတူ ရက်စွဲမတူ ဘဲရိုက်ထားတာတွေအများကြီးပါ ပါတယ်။

မန်းလေးကန်တော်ကြီး မီနီဂေါက်ကွင်းအရှေ့ဘက်ကနေ မဟာမြတ်မုနိဘုရားကြီးကို မြင်ရတဲ့နေရာ၊

ကန်အနောက်ဘက်ဒေါင့် ကျောင်းဆောင်လေးရှိတဲ့နေရာ

ကုန်းမြင့်လေးပေါ်မှာ သစ်ပင်ကွေးကွေးလေးပေါက်တဲ့နေရာ တွေက ကျနော်အတော်လေး

သဘောကျတဲ့နေရာလေးတွေကိုထပ်ခါထပ်ခါရိုက်ပါတယ်။

နောက်ကျနော်ကအရောင်စုံကော့တေးလ်ကို သိပ်သဘောကျပါတယ်။

အဲတော့ကျနော့်ပုံတွေကအရောင်စုံတွေများပါတယ်။

နောက်အလင်းတန်းကျတာလေးတွေနှစ်သက်ပါတယ်။

ဒီပိုစ်မှာတော့ ပုံစံတူလေးတွေပါနေတာကိုတော့ခွင့်လွှတ်စေချင်ပါတယ်။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(29-8—2012)

 

 

5 comments

  • ကို ခင်ခ

    August 30, 2012 at 11:47 am

    ဆည်းဆာပုံထက် နံနက်ခင်း ပုံတွေကို ကွန်ပျူတာနောက်ခံမှ အသုံးပြုဖို့ ကူးထားလိုက်ပြီ ကိုပေါက်ရေ။
    ပုံတွေတင်ပေးလို့ ကျေးဇူးနော်။

    Reply

  • မောင်ပေ

    August 30, 2012 at 12:06 pm

    အပြာရောင်လွှမ်းတဲ့ နံနက်ခင်း ဆိုတဲ့ ပုံလေးကို ကြိုက်မိတယ်ဗျာ
    မနက်မိုးလင်းတိုင်း ခပ်သုတ်သုတ်နဲ ့မျက်နှာသစ် ရေချိုး သွားတိုက်ပြီး အလုပ်ကို ခပ်ပြာပြာ ပြေးနေကြမို ့

    Reply

  • ရွှေ ကြည်

    August 30, 2012 at 12:14 pm

    ၃၇၊ ၃၈၊ ၃၉၊ ၄ဝ တောက်လျှောက်ကြီးကိုသဘောတွေကျသွားတယ်။ ဗရာကြော်လေးပေါက်။

    Reply

  • may flowers

    August 30, 2012 at 4:08 pm

    ကိုခင်ခအတွက် ဆိုပေမဲ့ အပြာရောင်ကိုအရမ်းခရေဇီ ဖြစ်တဲ့အတွက် ပုံ- ၃၉ လေးကူးယူထားခွင့်ပြု
    ပါလေးပေါက်ရေ။

    Reply

  • Mobile

    December 13, 2012 at 9:51 pm

    ၃၂ – ၃၉ စတဲ့ ပုံနှစ်ပုံကိုသာ နှစ်သက်မိပါကြောင်း
    အားပေးသွားပါတယ်ဗျာ

    Reply

Leave a Reply

Your email address will not be published.