ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

spyhacker satanAugust 28, 20121min02

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၁/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁ဝ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂ရ ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် –
(၁) ရဲချုပ်ကျော်ကျော်ထွန်း ပြည်ထဲရေးဝန်ကြီးဌာန

(၂) ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာန

(၃) ဦးသန်းဆွေ ယဉ်ကျေးမှုဝန်ကြီးဌာန

(၄) ဦးအောင်သိမ်း သမ္မတရုံးဝန်ကြီးဌာန

(၅) ဒေါက်တာလင်းအောင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

(၆) ဦးဆက်အောင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

(၇) ဒေါက်တာဒေါ်ခင်စန်းရီ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

(၈) ဒေါ်စုစုလှိုင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(၉) ဦးသောင်းတင် ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန

(၁၀) ဦးထင်အောင် စွမ်းအင်ဝန်ကြီးဌာန

(၁၁) ဗိုလ်မှူးချုပ်ဝင်းမြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

(၁၂) ဦးအေးမြင့်မောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

(၁၃) ဒေါက်တာဒေါ်သက်သက်ဇင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

(၁၄) ဦးသောင်းထိုက် အားကစားဝန်ကြီးဌာန

(၁၅) ဒေါက်တာဒေါ်သိန်းသိန်းဌေး ကျန်းမာရေးဝန်ကြီးဌာန

 

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

2 comments

  • Mobile

    December 16, 2012 at 1:22 pm

    စာရင်းလေးကို ကူယူထားလိုက်ပါတယ်။

    Reply

Leave a Reply to အတိသဉ္ဖာ နာဂရချစ်သူ Cancel Reply

Your email address will not be published.