ကနေ့ မန်းလေးက ဘ,မွေးနေ့

panpanAugust 26, 20121min048

ကနေ့ကတော့ဖြင့်…
အများသူငါတို့ သိထားပြီးကြတဲ့ မန်းလေးက အဘတြောက်ရဲ့ မွေးနေ့မင်္ဂလာ

အခါသမယပါပဲလား အရပ်ကတို့ငဲ့။
ဪ…အဘနာမည်လား
အဲ့အဘကတော့ ဘယ်သူလဲဆိုတာဖြင့် သိချင်ကြပေလိမ့်မယ်..သိချင်ကြပေမယ်
အဟမ်း! ဧတေန သစ္စဝစ္စေန…တဲ့
ဤမှန်သောသစ္စာစကားကြောင့်…အယ် ဘယ်တွေရောက်ကုန်ပါလိမ့်။
အိမ်း….သူကတော့ နာမည်တစ်လုံးနဲ့နေတဲ့လူပါပဲ
သူက အရမ်းကိုထောင်မောင်းထွားကျိုင်းတဲ့ လူထွားကြီးတစ်ယောက်ပါပဲလေ
အသက်ကတော့ ငယ်ငယ်ရွယ်ရွယ် လူငယ်တစ်ယောက်မို့လား
(ချောတော့မချောရှာပေဘူးပေ့ါလေ)—ဤကား စကားချပ်။
သူ့မဒမ်လေးကိုလည်း အတော့်ကို ချစ်ခင်မြတ်နိုးရှာတယ်
စကားအရာမှာလည်း တတ်လိုက်တာမှ……
ဟာသတွေ ကဗျာလေးတွေနဲ့ ပြောတတ်ရေးတတ်တယ်လေ
သဘောလည်းကောင်းသလို ရှက်ကီလည်း သူခုံမင်တယ်လေ
ပြီးတော့ အလုပ်တွေလည်း တော်တော်နှံ့စပ်တယ်
ဂျိတ်လို့အခေါ် ကျောက်မျက်အရောင်းအဝယ်လုပ်မလား၊ ဖြစ်တယ်လေဖြစ်တယ်
ပြီးတော့ ဘောပွဲလည်းလောင်းတတ်သေးသမို့လား
အွင်းးး…..တလောလေးဆီက ရှမ်းပြည်ဖက်မှာ မြေရိုင်းမြေကွက်တွေ အစိုးရဆီက

ဝယ်လို့ရတယ်ဆိုတာလေးရယ်….နောက်ပိုင်း ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာလေးရော
အကြောင်းစေ့ ပေါင်းစပ်လို့ ပိုစ့်တင်သေးပါပကောလေ
ယာဉ်အိုယာဉ်ဟောင်း ပြန်သွင်းပြီး ကားတင်သွင်းလို့ရတော့မယ်ဆိုတုန်းက
သူတို့ဆီမှာ လူတစ်ယောက်ဟာ လေးဘီးကားလေးကို မနေ့တနေ့က ၁ဝသိန်းနဲ့ဝယ်ထားပြီး

နောက်တစ်ရက်နှစ်ရက်နေတော့ ၂၅သိန်းလာပေးပြီးအဲ့လူဆီလာဝယ်ကြကြောင်း
သူ ရွာထဲသတင်းပေးပိုစ့်တင်သေးသမို့ဟာ
ပစ်ပစ်ချန်တို့ နှမြောချက်တော်
ခုများ စလစ်လေးတစ်စောင် ၇၅၊ ၈ဝ အသာလေးကို…အာဟင့်

(လူထင်ကြီးအောင်ပြောတာရယ်၊ ဂယ်လည်း လက်ထဲ ပိုက်ချံမချိ :mrgreen: )
ပြောရင်းဆိုရင်း လေတောင်အတော်ရှည်လာမင့်ကို
တိခနဲ တုံးတိငုတ်စိ စကားစကို တောက်ခနဲ ဖြတ်ပါရစေတော့ အူးအူး ဒေါ်ဒေါ် ကိုကို မမ

မောင်ငယ် ညီမငယ် အပေါင်းတို့ငဲ့လေ
ကနေ့ကတော့ဖြင့်…
အနော့်ရဲ့ ခြစ်လှဆွာသော ဘပေရဲ့ မွေးနေ့ပါပဲဟူလို…………..။
တူနှဲ့တဲ့နှယ် ဗျောင်…တောင်တောင် တောင့် တိန်….ပိန် ပိန် ပိန်…… 😀

48 comments

  • Rose Minn

    August 27, 2012 at 3:29 pm

    ကိုပေရေ အခု မွေးနေ့မှ သည်နောင်နှစ်ပေါင်း 100 တိုင်းကျန်းမာစွာဖြင့် လျှောက်လှမ်းနိုင်ပါစေနော်။
    ဆုတကယ်တောင်းပေးပါတယ်။

    ခင်မင်တဲ့
    Rose

    Reply

  • မောင်ပေ

    August 27, 2012 at 10:07 pm

    ကျွန်တော့်မွေးနေ ့အတွက် ၊ ဝိုင်းဝန်း ဆုတောင်း မေတ္တာပို ့သ ပေးကြသော ချစ်မိတ်ဆွေများအားလုံး ကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျား

    Reply

  • အရီးခင်လတ်

    August 29, 2012 at 1:58 am

    မောင်ပေ

    မွေးနေ့ဆုတောင်းဖို့
    အတော်လေးတောင် နောက်ကျနေပြီ။
    ဒါပေမဲ့ ဆုတောင်းလိုက်ပါရစေဦး။
    မင်္ဂလာရှိသော မွေးနေ့ရက်မြတ်မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များအပါအဝင် လိုအပ်သောဆု၊ မြတ်သောဆုများ အားလုံးပြည့်ဝ ပါစေသောဝ်။ 🙂

    ချစ်ခင်စွာ ဆုမွန်တောင်းလျှက်
    အရီးလတ်

    Reply

  • MaMa

    August 29, 2012 at 8:12 am

    မောင်ပေတို့ ရွာထဲမှာ မျက်နှာပွင့်ချက်တော်။
    (ကွန်မန့်တွေ ၄ရ ခုတောင်ရပြီ။)

    ဒါတောင် အမွှာ၃ယောက်အဖေမို့ :mrgreen:

    Reply

Leave a Reply

Your email address will not be published.