Facebookရေဖွေးဖွေးမှာ လှေလေးတွေလှော်လို့ ခင္ခAugust 25, 20121min018facebook မှာတွေ့လို့ ကာတွန်းအောင်မော်တဲ့။ မြို့ရွှေရန်ကုန်မှာ အခုတလော မိုးများပြီး ရေလျှံနေတယ်ကြားလို့ပါ။ ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။ Post Views: 0
Hnin HninAugust 26, 2012 at 1:26 am တကယ်လျှံတာပါ။ မနေ့ကမိုးသည်းပြီးညနေ၅နာရီမှာမိုးလည်းရပ်၊မီးလည်းဖြတ်(ပျက်တာမဟုတ်ထင်) ရေပြင်ကလည်းအိမ်ရှေ့မှာအပြည့်၊ခြေသလုံးထိ၊လှေလှော်လို့များ ရမလားမသိ။ ရေတွေကလည်း နောက်ကျိကျိဖြစ်ကုန်ရော၊ခြေကျင်းဝတ်လောက်အထိဆိုကြည်နေတာပဲ။ ရေလျှံတိုင်းရွံလို့ ရေထဲ တခါမှ ဆင်းမလျှောက်ဖြစ်ဘူး။ ဖေဖေကဆို ဟိုတခါ စိတ်ကူးပေါက်ပြီး ရေလျှံဓာတ်ပုံတွေမှ အများကြီး လိုက်ရိုက်ထားပြီး အကုန်ကူးထားတာ မနည်းပဲ။ အိမ်က လူတွေကတော့ ကားပါကင်ထိုးတဲ့ကိစ္စနဲ့ဆိုတော့ ဆင်းလိုက်၊ တက်လိုက်ပဲ။ ကားတွေကလည်း ဟိုထိုး၊ဒီထိုးနဲ့ ပါကင်တွေက ကြပ်၊ လမ်းတွေ ပိတ်ကုန်၊ ယောက်ျားတွေ စကားများသံတွေလည်း ကြားရ။ စောစောစီးစီး ရေလွတ်ရာ သွားမရပ်ထားကြသူများရဲ့ ဝီရိယသံတွေပေါ့။ မီးကလည်း မိုးသည်း၊ လျှပ်စီးတွေလက်တုန်းက ပျက်မယ်တစ်ထင့်ထင့်ကို မပျက်ဘဲ မိုးစဲမှမပျက်တော့ဘူး စိတ်ချပြီထင်မှ ပျက်လိုက်တော့ သူ ရက်စက်ပြီ။ ည ၉း၄ဝ မှ ပြန်လာတာ။ ဒီကြားထဲ ၄ရက်လုံးလုံးပျက်မှာလို့ သတင်းမှားကြီးက ကြားလိုက်ရပြန်တော့ စိတ်အတော်ညစ်သွား။ ဟုတ်လောက်ပါဘူး။ ကောလဟလနေမှာပါလို့ ပြန်အားတင်း။ နောက်တော့မှ စက်မှုဇုန်တွေပါတဲ့ (ဟုတ်မဟုတ်တော့ မသိ)။ အိမ်ကလူတွေကို ရေထဲကတက်လာတာနဲ့ ခြေထောက်တွေ Anti-bacterial Soap နဲ့ပါ ချက်ချင်း သေချာဆေးလို့သတိပေးရတယ်။ အနားက စတိုးဆိုင် ဆန်ထုပ်နဲ့ စားစရာ သွားဝယ်မယ် အားခဲထားတာလည်း ပျက်ရော။ ဒီအတိုင်းဆို ည၉နာရီ ဆိုင်ပိတ်တဲ့အထိ ရေကျမှာ မဟုတ်တော့ နက်ဖြန်ချက်ဖို့ ဆန်က နတိ္ထ၊ နက်ဖြန်တော့ ထမင်းငတ်တော့မလားဆိုပြီး စိတ်ကပူလာမိပြန်။ ကားအခြေအနေ သွားသွားကြည့်ပြီး ဆင်းလိုက်၊တက်လိုက် ဖြစ်နေတဲ့ ကိုကြီးနဲ့ ဆန်ထုပ် လူကြုံမှာလို့ ရလို့စိတ်သက်သာရာရသွား။ ကြီးကြီးငယ်ငယ်မိန်းမတွေလည်း ကိုယ်လို မသွားဘူးမထင်နဲ့ ရေထဲသွားနေကြတာပဲ။ ထဘီပေါင်ရင်းထိ စွန်တောင်ဆွဲသွားတဲ့သူနဲ့….. အစ်ကိုနဲ့ အပြိုင်..ဟယ် ဟိုအစ်မ၊မိန်းမ ပေါ်တော့မယ်ပေါ့..အော်ရတာ၊ သူဟာသူတော့ သိပုံမပေါ်၊ အတိုဆုံးဘောင်းဘီ ၁၄လက်မထက်တောင် တိုမလား တင်ပါးဖုံးရုံ ဘောင်းဘီဝတ်ပြီး ရေထဲ ပလတ်စတစ်ဖိနပ်ပါ လက်ကကိုင်လို့ လျှောက်တဲ့သူလည်းရှိ၊ လှိုုင်းလုံးကြီး ကမ်းစပ်လှိမ့် တက်လာသလို တဗွမ်းဗွမ်းနဲ့ အသံကြီး ကြားလိုက်လို့..အိမ်နောက်ဖက်က ဘာသံလဲ ကျယ်လိုက် တာလို့ပြေးကြည့်တော့မှ ဪ..လည်ရှည်ဖိနပ်နဲ့ကိုးလို့..ခြေချလိုက်ရင်း ရေတွေဘေးခွဲခွဲပြီး ထွက်သွားတာ…အိမ်နောက်က Titanic ပဲ..သင်္ဘောဖြတ်သွားတာကျနေတာပဲလို့….ခြေချုပ်မိနေ တဲ့လူ ချက်ချင်း အားတောင်ကျသွားတယ်…ငါလည်း နောက်ဆို တစ်ရံလောက် ဆောင်ထားရင် ကောင်းမယ်။ ဒါဆို ကြွပ်ကြွပ်အိတ် ခြေထောက်စွပ်ပြီး သွားကြည့်မလား စိတ်ကူးမိတာ မလိုတော့ဘူးလို့ း)..။ပုဆိုးခါးတောင်းကြိုက်ပြီး သွားတဲ့အမျိုးသားတွေကတော့အများသား.. ချာတိတ်တွေကတော့ ဘောင်းဘီတိုတွေနဲ့ပဲပေါ့။ အမျိုးသားတွေက ရေလျှံရင် အမျိုးသမီးတွေထက် ပိုပြီး လုံခြုံကြသလားလို့ း)..တွေးမိပါတယ်။ လူတွေငေးရင်း ရေလျှံတော့ သရုပ်သဏ္ဍာန်တွေပါ ပါလာတာပေါ့။ မော်ဒယ်ရှိုးလို ရေဒယ်ရှိုး(ရေထဲရှိုး) လျှောက်နေသလား ထင်မှတ်ရတယ်။ ၅နာရီထဲက လျှံနေတဲ့ရေ ၁ဝနာရီမှ ကျသွားတယ်ထင်တယ်။ ပုတီးစိပ်ရင်း လှမ်းကြည့်မိတော့ ၉း၃ဝ အထိ ခြေကျင်းဝတ်လောက် ရှိသေးတဲ့ရေ လုံးဝတစ်စက်မှ မရှိတော့ဘူး။ ဒါကတော့ ရေလျှံတိုင်း ငေးလို့မရိုးတဲ့ မြင်ကွင်းတွေပါပဲ။ Reply
surmiAugust 26, 2012 at 8:36 am အလုပ်ကနေအိမ်ပြန်တာ ၁ဝ မိုင်ခရီးလောက်ကို ၃ နရီလောက်ကြာ လို ့ ရေလဲငတ် ထမင်းလဲဆာ နောင်ဆိုရင် စားးစရာနဲ ့ ရေကိုဆောင် ထားရတော ့မယ် Reply
YE YINT HLAINGAugust 26, 2012 at 3:39 pm ဦးပေါက်ရေ ! The Italian Job ဇတ်ကား ကြည့်ပြီး ငါတို့ဆီက မြို့တွေလည်း ဗင်းနစ်စ်မြို့လိုရေတွေနဲ့လို့ တွေးနေတုန်း ဦးပေါက် ကွန်မန့် တွေတော့တာပဲဗျို့ ! Reply
ကို ခင်ခAugust 26, 2012 at 4:48 pm ဗင်းနစ်စ်မြို့က ဓာတ်ပုံရိုက်ရင် အရမ်းလှတယ်လို့ ကြားဖူးတယ်။ ကိုပေါက်ပြောသလို ရန်ကုန်ကဗင်းနစ်စ်မြို့နဲ့ တူလာပြီဆို ဓာတ်ပုံလေးတော့ သွားရိုက်သင့်ပြီနော်။ Reply
etoneAugust 26, 2012 at 7:03 pm အန်ကယ်ရေ .. သမီးကတော့ နောက်နှစ်ဆို .. မိုးတွင်းမရောက်ခင်ကတည်းက …. လှေshowroom တစ်ခုထောင်ပြီး လုပ်စားမလား စဉ်းစားနေတယ် …. ခွိခွိ Reply
etoneAugust 27, 2012 at 1:33 pm ရှယ်ယာမပါနဲ့ ညီမလေး ……. ဆားဗစ်စင်တာ တစ်ခု ကောက်ဖွင့်ပလိုက် …. ။ သိတဲ့အတိုင်းလေ …….ဒီမြေဒီရေနဲ ့ ခဏခဏ ပျက်မယ့် အရိပ်ယောင်မြင်နေလို့ .. ခွိခွိ 😛 Reply
ကို ခင်ခAugust 27, 2012 at 12:30 am နောက်နှစ် ရန်ကုန်လာလည်ဖြစ်ရင် မအိတုံဆီဖုန်းကြိုဆက်ထားမယ်၊ လှေဌားထားမလို့လေ။ Reply
Hnin HninAugust 27, 2012 at 1:04 am ခွင့်မတောင်းဘဲ ကိုခင်ခ ပို့စ်မှာ ရေလျှံတာ ရေးတာများသွားလို့ ခွင့်လွှတ်ပါ။ ခုပြန်ဝင်မှ အားနာမိလို့ပါ။ မ etone လှေ showroom ဖွင့်ရင် ဒီနားအရင်လာဖွင့်ပါ။ ဒီရေတက်ချိန်နဲ့ပါ ကြုံသွားတဲ့အခါဆို ချက်ချင်း ရောင်းကုန်မှာပါလို့။ နှင်းနှင်းအကြိုက် အရောင်းသွက် နံပါတ်တစ် ဖြစ်မယ့် ရေအန္တရယ်(မြွေအန္တရယ်မဟုတ်) လည်ရှည်ဖိနပ်ပါ တင်ရောင်းရင် အရင်ဦးဆုံး လာအားပေးပါ့မယ်…. း)…။ Reply
ကို ခင်ခAugust 27, 2012 at 9:29 am Hinn Hinn ခင်ဗျ။ comment ရေးတယ်ဆိုတာ ဖတ်ရတဲ့ပိုစ့်အပေါ်အမှီပြုပြီး တစ်ခါတလေလည်း အရှည်ရေးဖြစ်သွားကြတာအတွက် နားလည်ပါတယ်၊ ပြီးတော့ comment ရေးတာ ခွင့်တောင်း စရာမလိုပါဘူးလေ။ ပထမဆုံးကွန်မန့်ပေးလာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။ Reply
Hnin HninAugust 27, 2012 at 4:49 pm ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ပို့စ်ကတိုတိုလေး ဝင်ရေးတဲ့သူက အရှည်ကြီးဆိုတော့ အားနာသွားမိလို့ပါ။ Reply
P chogyiAugust 27, 2012 at 9:34 am စင်္ကာပူလိုဖြစ်အောင်လုပ်မယ်ဆိုတာ တိုးတက်အောင်လုပ်တာတော့ကြိုက်ပါတယ်။ ဒါပေမဲ့ စင်္ကာပူမှာသောက်ရေအရမ်းရှားတာ၊ အဲဒါတော့ တူအောင်မလုပ်ပါနဲ့လို့။ Reply
manawphyulayAugust 27, 2012 at 9:45 am စင်ကာပူလိုမလုပ်ခင်မှာ ရေလွှမ်းမိုးပြီး မြို့ကြီးများ ပျောက်သွားမလားလို့ စဉ်းစားနေမိတယ်။ Reply
ဘဲဥAugust 27, 2012 at 9:51 am သများတို့ နိုင်ငံက လမ်းတွေက နှစ်မျိုးမောင်းတွေတော့ နွေမှာ ကားမောင်း မိုးမှာ မော်တော်ဘုတ်မောင်း ကဲ …. စင်ကပူရထက်သာဒယ် သူတို့ဆီတောင် အဲ့လိုဖြစ်အောင် မလုပ်နိုင်ဘူးတော့ Reply
ကို ခင်ခAugust 27, 2012 at 11:07 am 2 in 1 , 3 in 1 တွေခေတ်စားနေလို့၊ ခေတ်နဲ့ညီအောင် လုပ်ထားတာနေမှာပေါ့ ဘဲဥရေ။ Reply
Ma EiAugust 27, 2012 at 11:26 am သောကြာနေ့ရုံးကအပြန် ကားလမ်းတွေရေကြီးပြီး သွားလို့မရတာတွေကြောင့် လိုင်းကားတွေ ကွေ့ပတ်မောင်းနေတာနဲ့ အိမ်ပြန်နောက်ကျတော့တယ်… လှေတစ်တန်၊ကားတစ်တန် နဲ့ ပြန်ရမလိုဘဲ လို့တောင်တွေးမိတော့တာ… Reply
18 comments
Hnin Hnin
August 26, 2012 at 1:26 am
တကယ်လျှံတာပါ။ မနေ့ကမိုးသည်းပြီးညနေ၅နာရီမှာမိုးလည်းရပ်၊မီးလည်းဖြတ်(ပျက်တာမဟုတ်ထင်)
ရေပြင်ကလည်းအိမ်ရှေ့မှာအပြည့်၊ခြေသလုံးထိ၊လှေလှော်လို့များ ရမလားမသိ။ ရေတွေကလည်း
နောက်ကျိကျိဖြစ်ကုန်ရော၊ခြေကျင်းဝတ်လောက်အထိဆိုကြည်နေတာပဲ။ ရေလျှံတိုင်းရွံလို့ ရေထဲ
တခါမှ ဆင်းမလျှောက်ဖြစ်ဘူး။ ဖေဖေကဆို ဟိုတခါ စိတ်ကူးပေါက်ပြီး ရေလျှံဓာတ်ပုံတွေမှ အများကြီး လိုက်ရိုက်ထားပြီး အကုန်ကူးထားတာ မနည်းပဲ။ အိမ်က လူတွေကတော့ ကားပါကင်ထိုးတဲ့ကိစ္စနဲ့ဆိုတော့ ဆင်းလိုက်၊ တက်လိုက်ပဲ။ ကားတွေကလည်း ဟိုထိုး၊ဒီထိုးနဲ့ ပါကင်တွေက ကြပ်၊ လမ်းတွေ ပိတ်ကုန်၊
ယောက်ျားတွေ စကားများသံတွေလည်း ကြားရ။ စောစောစီးစီး ရေလွတ်ရာ သွားမရပ်ထားကြသူများရဲ့
ဝီရိယသံတွေပေါ့။ မီးကလည်း မိုးသည်း၊ လျှပ်စီးတွေလက်တုန်းက ပျက်မယ်တစ်ထင့်ထင့်ကို မပျက်ဘဲ မိုးစဲမှမပျက်တော့ဘူး စိတ်ချပြီထင်မှ ပျက်လိုက်တော့ သူ ရက်စက်ပြီ။ ည ၉း၄ဝ မှ ပြန်လာတာ။
ဒီကြားထဲ ၄ရက်လုံးလုံးပျက်မှာလို့ သတင်းမှားကြီးက ကြားလိုက်ရပြန်တော့ စိတ်အတော်ညစ်သွား။
ဟုတ်လောက်ပါဘူး။ ကောလဟလနေမှာပါလို့ ပြန်အားတင်း။ နောက်တော့မှ စက်မှုဇုန်တွေပါတဲ့
(ဟုတ်မဟုတ်တော့ မသိ)။ အိမ်ကလူတွေကို ရေထဲကတက်လာတာနဲ့ ခြေထောက်တွေ Anti-bacterial Soap နဲ့ပါ ချက်ချင်း သေချာဆေးလို့သတိပေးရတယ်။ အနားက စတိုးဆိုင် ဆန်ထုပ်နဲ့ စားစရာ
သွားဝယ်မယ် အားခဲထားတာလည်း ပျက်ရော။ ဒီအတိုင်းဆို ည၉နာရီ ဆိုင်ပိတ်တဲ့အထိ ရေကျမှာ
မဟုတ်တော့ နက်ဖြန်ချက်ဖို့ ဆန်က နတိ္ထ၊ နက်ဖြန်တော့ ထမင်းငတ်တော့မလားဆိုပြီး စိတ်ကပူလာမိပြန်။ ကားအခြေအနေ သွားသွားကြည့်ပြီး ဆင်းလိုက်၊တက်လိုက် ဖြစ်နေတဲ့ ကိုကြီးနဲ့ ဆန်ထုပ် လူကြုံမှာလို့ ရလို့စိတ်သက်သာရာရသွား။ ကြီးကြီးငယ်ငယ်မိန်းမတွေလည်း ကိုယ်လို မသွားဘူးမထင်နဲ့ ရေထဲသွားနေကြတာပဲ။ ထဘီပေါင်ရင်းထိ စွန်တောင်ဆွဲသွားတဲ့သူနဲ့…..
အစ်ကိုနဲ့ အပြိုင်..ဟယ် ဟိုအစ်မ၊မိန်းမ ပေါ်တော့မယ်ပေါ့..အော်ရတာ၊ သူဟာသူတော့ သိပုံမပေါ်၊ အတိုဆုံးဘောင်းဘီ ၁၄လက်မထက်တောင် တိုမလား တင်ပါးဖုံးရုံ ဘောင်းဘီဝတ်ပြီး ရေထဲ ပလတ်စတစ်ဖိနပ်ပါ လက်ကကိုင်လို့ လျှောက်တဲ့သူလည်းရှိ၊ လှိုုင်းလုံးကြီး ကမ်းစပ်လှိမ့်
တက်လာသလို တဗွမ်းဗွမ်းနဲ့ အသံကြီး ကြားလိုက်လို့..အိမ်နောက်ဖက်က ဘာသံလဲ ကျယ်လိုက်
တာလို့ပြေးကြည့်တော့မှ ဪ..လည်ရှည်ဖိနပ်နဲ့ကိုးလို့..ခြေချလိုက်ရင်း ရေတွေဘေးခွဲခွဲပြီး
ထွက်သွားတာ…အိမ်နောက်က Titanic ပဲ..သင်္ဘောဖြတ်သွားတာကျနေတာပဲလို့….ခြေချုပ်မိနေ
တဲ့လူ ချက်ချင်း အားတောင်ကျသွားတယ်…ငါလည်း နောက်ဆို တစ်ရံလောက် ဆောင်ထားရင်
ကောင်းမယ်။ ဒါဆို ကြွပ်ကြွပ်အိတ် ခြေထောက်စွပ်ပြီး သွားကြည့်မလား စိတ်ကူးမိတာ မလိုတော့ဘူးလို့ း)..။ပုဆိုးခါးတောင်းကြိုက်ပြီး သွားတဲ့အမျိုးသားတွေကတော့အများသား..
ချာတိတ်တွေကတော့ ဘောင်းဘီတိုတွေနဲ့ပဲပေါ့။ အမျိုးသားတွေက ရေလျှံရင် အမျိုးသမီးတွေထက်
ပိုပြီး လုံခြုံကြသလားလို့ း)..တွေးမိပါတယ်။ လူတွေငေးရင်း ရေလျှံတော့ သရုပ်သဏ္ဍာန်တွေပါ ပါလာတာပေါ့။ မော်ဒယ်ရှိုးလို ရေဒယ်ရှိုး(ရေထဲရှိုး) လျှောက်နေသလား ထင်မှတ်ရတယ်။
၅နာရီထဲက လျှံနေတဲ့ရေ ၁ဝနာရီမှ ကျသွားတယ်ထင်တယ်။ ပုတီးစိပ်ရင်း လှမ်းကြည့်မိတော့
၉း၃ဝ အထိ ခြေကျင်းဝတ်လောက် ရှိသေးတဲ့ရေ လုံးဝတစ်စက်မှ မရှိတော့ဘူး။ ဒါကတော့ ရေလျှံတိုင်း ငေးလို့မရိုးတဲ့ မြင်ကွင်းတွေပါပဲ။
surmi
August 26, 2012 at 8:36 am
အလုပ်ကနေအိမ်ပြန်တာ ၁ဝ မိုင်ခရီးလောက်ကို ၃ နရီလောက်ကြာ
လို ့ ရေလဲငတ် ထမင်းလဲဆာ နောင်ဆိုရင် စားးစရာနဲ ့ ရေကိုဆောင်
ထားရတော ့မယ်
ကိုပေါက်(မန္တလေး)
August 26, 2012 at 3:18 pm
လောလောဆယ်တော့ ဗင်းနစ်စ်မြို့နဲ့ တူတူလာပြီနော်
YE YINT HLAING
August 26, 2012 at 3:39 pm
ဦးပေါက်ရေ ! The Italian Job ဇတ်ကား ကြည့်ပြီး ငါတို့ဆီက မြို့တွေလည်း ဗင်းနစ်စ်မြို့လိုရေတွေနဲ့လို့ တွေးနေတုန်း ဦးပေါက် ကွန်မန့် တွေတော့တာပဲဗျို့ !
ကို ခင်ခ
August 26, 2012 at 4:48 pm
ဗင်းနစ်စ်မြို့က ဓာတ်ပုံရိုက်ရင် အရမ်းလှတယ်လို့ ကြားဖူးတယ်။
ကိုပေါက်ပြောသလို ရန်ကုန်ကဗင်းနစ်စ်မြို့နဲ့ တူလာပြီဆို ဓာတ်ပုံလေးတော့ သွားရိုက်သင့်ပြီနော်။
etone
August 26, 2012 at 7:03 pm
အန်ကယ်ရေ .. သမီးကတော့ နောက်နှစ်ဆို .. မိုးတွင်းမရောက်ခင်ကတည်းက …. လှေshowroom တစ်ခုထောင်ပြီး လုပ်စားမလား စဉ်းစားနေတယ် …. ခွိခွိ
si tone
August 26, 2012 at 8:25 pm
Si Tone လဲ ရှယ်ရာပါမယ်….. မမ etone
etone
August 27, 2012 at 1:33 pm
ရှယ်ယာမပါနဲ့ ညီမလေး ……. ဆားဗစ်စင်တာ တစ်ခု ကောက်ဖွင့်ပလိုက် …. ။
သိတဲ့အတိုင်းလေ …….ဒီမြေဒီရေနဲ ့ ခဏခဏ ပျက်မယ့် အရိပ်ယောင်မြင်နေလို့ .. ခွိခွိ 😛
ကို ခင်ခ
August 27, 2012 at 12:30 am
နောက်နှစ် ရန်ကုန်လာလည်ဖြစ်ရင် မအိတုံဆီဖုန်းကြိုဆက်ထားမယ်၊
လှေဌားထားမလို့လေ။
Hnin Hnin
August 27, 2012 at 1:04 am
ခွင့်မတောင်းဘဲ ကိုခင်ခ ပို့စ်မှာ ရေလျှံတာ ရေးတာများသွားလို့ ခွင့်လွှတ်ပါ။ ခုပြန်ဝင်မှ အားနာမိလို့ပါ။
မ etone လှေ showroom ဖွင့်ရင် ဒီနားအရင်လာဖွင့်ပါ။ ဒီရေတက်ချိန်နဲ့ပါ ကြုံသွားတဲ့အခါဆို ချက်ချင်း
ရောင်းကုန်မှာပါလို့။ နှင်းနှင်းအကြိုက် အရောင်းသွက် နံပါတ်တစ် ဖြစ်မယ့် ရေအန္တရယ်(မြွေအန္တရယ်မဟုတ်)
လည်ရှည်ဖိနပ်ပါ တင်ရောင်းရင် အရင်ဦးဆုံး လာအားပေးပါ့မယ်…. း)…။
မောင်ပေ
August 27, 2012 at 1:09 am
ရန်ကုန်မြို့ကြီး နောင်နှစ်တစ်ရာမက သာယာပါစေ။
ကို ခင်ခ
August 27, 2012 at 9:29 am
Hinn Hinn ခင်ဗျ။
comment ရေးတယ်ဆိုတာ ဖတ်ရတဲ့ပိုစ့်အပေါ်အမှီပြုပြီး တစ်ခါတလေလည်း အရှည်ရေးဖြစ်သွားကြတာအတွက် နားလည်ပါတယ်၊ ပြီးတော့ comment ရေးတာ ခွင့်တောင်း စရာမလိုပါဘူးလေ။ ပထမဆုံးကွန်မန့်ပေးလာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။
Hnin Hnin
August 27, 2012 at 4:49 pm
ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ပို့စ်ကတိုတိုလေး ဝင်ရေးတဲ့သူက အရှည်ကြီးဆိုတော့ အားနာသွားမိလို့ပါ။
P chogyi
August 27, 2012 at 9:34 am
စင်္ကာပူလိုဖြစ်အောင်လုပ်မယ်ဆိုတာ
တိုးတက်အောင်လုပ်တာတော့ကြိုက်ပါတယ်။
ဒါပေမဲ့ စင်္ကာပူမှာသောက်ရေအရမ်းရှားတာ၊ အဲဒါတော့ တူအောင်မလုပ်ပါနဲ့လို့။
manawphyulay
August 27, 2012 at 9:45 am
စင်ကာပူလိုမလုပ်ခင်မှာ ရေလွှမ်းမိုးပြီး မြို့ကြီးများ ပျောက်သွားမလားလို့ စဉ်းစားနေမိတယ်။
ဘဲဥ
August 27, 2012 at 9:51 am
သများတို့ နိုင်ငံက လမ်းတွေက နှစ်မျိုးမောင်းတွေတော့
နွေမှာ ကားမောင်း မိုးမှာ မော်တော်ဘုတ်မောင်း
ကဲ …. စင်ကပူရထက်သာဒယ် သူတို့ဆီတောင် အဲ့လိုဖြစ်အောင် မလုပ်နိုင်ဘူးတော့
ကို ခင်ခ
August 27, 2012 at 11:07 am
2 in 1 , 3 in 1 တွေခေတ်စားနေလို့၊ ခေတ်နဲ့ညီအောင် လုပ်ထားတာနေမှာပေါ့ ဘဲဥရေ။
Ma Ei
August 27, 2012 at 11:26 am
သောကြာနေ့ရုံးကအပြန် ကားလမ်းတွေရေကြီးပြီး သွားလို့မရတာတွေကြောင့်
လိုင်းကားတွေ ကွေ့ပတ်မောင်းနေတာနဲ့ အိမ်ပြန်နောက်ကျတော့တယ်…
လှေတစ်တန်၊ကားတစ်တန် နဲ့ ပြန်ရမလိုဘဲ လို့တောင်တွေးမိတော့တာ…