အို ..ဘာတဲ့

ကို သာAugust 24, 20121min04

ပြဿနာကဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါပြီလော။

ပြဿနာကတော့~

ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့၊ ပြဿနာ တက်နေကြတာပါ။
လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်က ဆိုပါတယ်။
ခုံရုံးကတော့ ပြည်ထောင်စုအဆင့် မဟုတ်ဘူး လို့ ဆိုနေပါတယ်။

ခုံရုံးရဲ့ အသံကတော့ ~

ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ကို မတ်လ ၂၈ ရက်နေ့က ချခဲ့ပါတယ်။ (ပဝေသဏီက ဖြစ်ခဲ့တာတွေကို ဒီ ဩဂုတ်လလယ်မှာ ဖော်ထုတ်နေကြတာပါ)
ဆုံးဖြတ်ချက် အစအဆုံးကို ဒီနေ့ထုတ် အစိုးရသတင်းစာများမှာ နားနားပြီး ဖတ်ပါ။
ခုံရုံးက နာဂစ်မွှေတုန်း ဝုန်းဒိုင်းကြဲမတတ် စံချိန်တင်ထောက်ခံမှုရခဲ့တဲ့ အခြေခံဥပဒေကို ကိုးကားထားပါတယ်။
နာဂစ်အခြေခံဥပဒေ ဆိုတာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေတို့ နှစ်ပေါင်းများစွာ အချိန်ယူပြီး ဆွဲခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးက လူကြီးမင်းတို့ရဲ့လက်ရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ အသံကတော့ ~

“ကော်မတီ၊ ကော်မရှင် အဖွဲ့များသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ (ဇ) အရ ပြည်ထောင်စု အဆင်‌့ဖြစ်ကြောင်း” လို့
လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ
ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊
ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ တို့မှာလည်း “ဒီအတိုင်းပဲ အဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်” တဲ့။

ဦးနန္ဒကျော်စွာက ဆက်ပြောပါတာက ဒီဥပဒေ ၄ ခုစလုံးက ဗိုလ်သန်းရွှေ ရဲ့ လက်ရာတွေပါလို့ ဆိုပါတယ်။

သူ့စကားလုံး အတိအကျက “ဥပဒေများနှင့် ညီစွာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ထုတ်ပြန် ပြဋ္ဌာန်း ခဲ့တာဖြစ်ပါတယ်” တဲ့။

ကိုးကွယ်ရာ ဘုရားဟောထားသလိုညွှန်းလိုက်တာလို.ပြောနေကြပါတယ်။”ဘယ်သူကမှားပြီးမှန်တယ်လို.”ဆိုတဲ့မျိုးကျော့မြိုင် သီချင်းလေးငြီးယင်းနဲ.။
အို ..ဘာတဲ့။ ။

4 comments

  • cum min

    August 24, 2012 at 9:46 am

    အင်း
    သူမရှိတောပါဘူး
    သူအမိန့်ကိုနာခံစရမလိုတောပါဘူး
    သူနားသွားပါပြီး

    ဦးအောင်မင်းပြောတာနော်
    နာပြောတာဝုတ်ဝူး

    Reply

  • kokothandar

    August 24, 2012 at 10:02 am

    အဲဒီ ဥပဒေအပိုဒ်ကို ပြင်ပေးလိုက်ရင် အငြင်းမပွားတော့ဘူးပေါ့။ ဆွဲခဲ့တဲ့လူက အနိူင်အထက်လုပ်ပြီး ဇွတ်ရေး ဇွတ်ထောက်ခံခိုင်းတော့ ခုံရုံးအကိုးအကား ဟာ မမှန်နိူင်ဘူးပေါ့။ ပြေပြေလည်လည် ညှိနိူင်းပြီးအခြေခံဥပဒေ ကို ပြင်တာဟာ အကောင်းဆုံးအဖြေရှာ ခြင်းပါ

    Reply

  • ပန်းစံပါယ်

    August 24, 2012 at 11:08 am

    ကဲ ဘာလုပ်ကြမှာလဲ။ အဖြေမထွက်တဲ့ပုစ္ဆာကို သူနိုင်ငါနိုင် ပြိုင်ပွဲကျင်းပနေကြမှာလား၊ တိုင်းပြည်ကို အမှန်တကယ်တိုးတက်အောင် လုပ်ကြမှာလား။ အနိုင်ရချင်တာလား၊ တိုင်းပြည်အတွက်တကယ်လုပ်ဆောင်ချင်တာလားသေချာစဉ်းစား။ စဉ်းစား…စဉ်းစား…စဉ်းစား……။

    Reply

  • YE YINT HLAING

    August 24, 2012 at 11:42 pm

    ခြေရာတွေ ၊ လက်ရာတွေ ၊ အရိပ် တွေ —

    Reply

Leave a Reply

Your email address will not be published.