သမ္မတရုံး ထုတ်ပြန်ချက်ကြောင့် ရခိုင်များအသက်ထွက်ရလိမ့်မည်

mrphilipsAugust 22, 20121min013

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းတွေကို စတင်နိုင်ဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့မှာလည်းပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီးကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်အစိုးရက လုပ်ဆောင်ထားတာတွေကိုသမ္မတရဲ့ကိုယ်စား ကော်မရှင်အဖွဲ့ဝင်တွေကိုလာရောက် ရှင်းပြခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းတွေရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ မျက်နှာစုံညီ စည်းဝေးပွဲတခု ကျင်းပခဲ့ကြတာပါ။

အဲဒီမှာ ကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဘယ်လို ချဉ်းကပ်လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ အချင်းချင်း အကြံဉာဏ် ဖလှယ်တာတွေ လုပ်ဆောင်ခဲ့ကြတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဦးသိန်းဌေး ရောက်လာပြီး အစိုးရဖက်က လုပ်ဆောင်ထားသမျှကို သမ္မတကိုယ်စား ရှင်းလင်း တင်ပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်၊ NDF အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။

”နယ်စပ်ရေးရာဝန်ကြီးက ဒီအဆင့်ဟာ ပြည်ထောင်စုအဆင့် ခန့်ထားတာဖြစ်တယ်။ ဒါကြောင့်မို့ ကော်မရှင်ဟာ လွတ်လပ်စွာနဲ့ သီးခြားဖြစ်တဲ့ ကော်မရှင်ဖြစ်တယ်။ ဒါကြောင့်မို့ လွတ်လပ်စွာ စစ်ဆေးမေးမြန်းခွင့်လည်းရှိတယ်။ ဆောင်ရွက်ဖို့မှာလည်း ဘာမှ အနှောင့်အယှက်မရှိဆောင်ရွက်နိုင်ပါတယ်။ သူတို့အနေနဲ့ ပံ့ပိုးပေးဖို့ သမ္မတကိုယ်စား လာပြီးတော့ ရှင်းပြရခြင်းဖြစ်ပါတယ်လို့ စပြီးပြောပါတယ်။ နောက်ပြီး နယ်စပ်ရေးရာဝန်ကြီး လုပ်ဆောင်ထားတဲ့ ရခိုင်ပြည်နယ်ကိစ္စတွေပေါ့ဗျာ။ ဗီဂျေနမ်ဗီးယားလာတာတို့ တူရကီဝန်ကြီးချုပ်လာတာတို့ မစ္စတာကင်တာနားလာတာတို့ ပတ်သတ်တဲ့ ခရီးစဉ်တွေနဲ့ ဓာတ်ပုံတွေကိုပြပြီး ဘယ်နေရာကိုသွားသင့်တယ်ဆိုတာ သူ့အတွေ့အကြုံတွေကို ရှင်းပြတဲ့ကိစ္စပါပဲ။”

ယေဘုယျအားဖြင့်တော့ ဒီစုံစမ်းရေး ကော်မရှင်အနေနဲ့ သမ္မတက ထုတ်ပြန်ထားတဲ့ညွန်ကြားချက်တွေအတိုင်း သူတို့ရဲ့ စုံစမ်း စစ်ဆေးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဆွေက ဆက်ပြောပါတယ်။

”သမ္မတက ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း စုံစမ်းစစ်ဆေးဖို့ နယ်တွေသွားပြီးတော့ သက်ဆိုင်ရာ တွေ့သင့်တွေ့အပ်တဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဖို့ တွေ့တဲ့အခါမှာ ကျနော်တို့ ပြည်နယ်ကနေ အစိုးရတာဝန်ယူပေးဖို့၊ သွားတဲ့လာတဲ့နေရာတွေမှာ လုံခြုံရေးယူပေးဖို့ နောက်ပြီးတော့ သက်သေခံဥပဒေတို့ ရာဇဝတ်မူဥပဒေတို့နဲ့ ပတ်သတ်တဲ့ ကိစ္စများကိုတရားရုံးလိုပဲ ခေါ်ယူစစ်ဆေးခွင့်ရှိတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ခရီးသွားတဲ့အခါမှာ လေယာဉ်နဲ့သွားတဲ့ ကိစ္စတွေပေါ့ သမ္မတရုံးက စီစဉ်ပေးမယ်ဆိုတဲ့အကြောင်းတွေဆိုပါတယ်ဗျ။ အချက်၈ချက်ကို ၈ဖွဲ့ခွဲပြီး လုပ်ရမယ့်သဘောရှိနေတာပေါ့။ အားလုံးသဘောပေါက် နားလည်ကြတယ်။ လုပ်ငန်းအဆင့်ဆင့်ကိုဘယ်လိုလုပ်ကြမယ်ဆိုတာ ၂၅ရက်မှကျမှ တိတိကျကျ စဉ်းစားနိုင်မှာပါ။”

ကော်မရှင်အနေနဲ့ လာမယ့် ဩဂုတ်လ ၂၅ရက်နေ့မှာ ဆပ်ကော်မီတီလေးတွေ ထပ်ဖွဲ့စည်းတာအပြင်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကိုလည်း တိတိကျကျ သတ်မှတ်သွားဖို့ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုတော့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ဘာသာရေးခေါင်းဆောင်တွေ၊နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေမှာ ဝင်ရောက် လုပ်ဆောင်နေသူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အဖွဲ့ဝင်တွေ အပါအဝင်အဖွဲ့ဝင်စုစုပေါင်း ၂ရ ဦးနဲ့ ဩဂုတ်လ ၁ရ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တာပါ။

ဩဂုတ်လ၂၁ရက်နေ့မှာပဲ နို်င်ငံတော်သမ္မတရုံးက ပြည်သူ့လွှတ်တော်ဥက္ကဌထံသဝဏ်လွှာ ရေးသားပြီး လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ သဝဏ်လွှာနဲ့အတူရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

သဝဏ်လွှာထဲမှာ အဓိကအားဖြင့်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက စုံစမ်းသိရှိထားတဲ့ အချက်တွေကို လွှတ်တော်အမတ်တွေထံ အသိပေးအကြောင်းတဲ့ သဝဏ်လွှာဖြစ်ပေမယ့်ရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သတ်ပြီးအစိုးရရဲ့ သုံးသပ်ချက်ကိုလည်း ကဏ္ဍအလိုက်ခွဲပြီး ထည့်သွင်း ဖော်ပြထားပါတယ်။

သမ္မတရုံးက လွှတ်တော်ကိုပေးပို့တဲ့ သဝဏ်လွှာကို ပြည်သူ့လွှတ်တော်တဦးက ဗွီအိုအေကိုဖတ်ပြခဲ့တာမှာတော့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ – နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံမြင့်တင်ခြင်း၊ လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို
့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့်ရခိုင်အသိုက်အဝန်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီမူဆလင်များအပေါ်အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက်ရှိသည်စသည်ဖြင့်က ကနေ ဈ အထိအချက်လိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂါလီ မူဆလင်များ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သာမာန်ပြည်သူများနှင့် ဘာသာရေး အစွန်းရောက်ဟူ၍ ၂ ပိုင်း တွေ့ရကြောင်းနဲသာမာန်ပြည်သူများကတော့ ဘဝရပ်တည်ရေးနဲ့ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေကြရသည်၊အမျိုးသမီးနှင့်ကလေးငယ်တွေဟာ လူဦးရေ၏ ၄ ပုံ၃ ပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရ သည်၊အစွန်းရောက် အစ္စလာမ်မော်လဝီအချို့သည်ဘာသာရေးမှိုင်းပြု၍ လူဦးရေ များပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည်စသည်ဖြင့် ဖော်ပြထားပြီး အစီရင်ခံစာနှင့်သဝဏ်လွှာ စုစုပေါင်းမှာ

13 comments

  • ဘရားသား

    August 22, 2012 at 6:28 pm

    ဖတ်လို့ကောင်းတုန်း တပိုင်းတစကြီးနဲ့ ဘယ်လိုဖြစ်တာလဲ ၊ ဆက်လုပ်လေ ၊
    ဆရာရီးရဲ ရည်ရွယ်ချက် အတိုင်းအတာ ကို မသိရသေးလို့ ၊ ဆက်ပါလေ ။

    Reply

  • နေ ့သစ်/ ဘဝသစ်

    August 22, 2012 at 11:22 pm

    တပိုင်း တစကြီးပါလား။ဘယ်လို ဖြစ်ရတာလဲ။
    မီးပျက်သွားလို့လား။

    Reply

  • Foreign Resident

    August 23, 2012 at 10:06 am

    VOA ( မြန်မာ ) ရဲ့ 22.08.2012 ရက်နေ့ သတင်း ၊
    ” ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် တိုးချဲ့မည် ” ကို

    ဤ သည် မရွေး ကူးချထားတာပါ ။
    နောက်ဆုံးမှာ ကျန်ခဲ့တဲ့ စာကြောင်းကတော့

    ” အစီရင်ခံစာနှင့် သဝဏ်လွှာ စုစုပေါင်းမှာ စာမျက်နှာ ၁ဝ မျက်နှာ
    နီးပါးရှိတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ ” ပါ ။

    အဖြစ်မှန်တွေဟာ ဘယ်လိုပဲ ထိန်ချန် ထိန်ချန် တဖြေးဖြေးပေါ်လာနေပုံရပါတယ် ။

    ” သမ္မတရုံးက လွှတ်တော်ကို ပေးပို့တဲ့ သဝဏ်လွှာကို
    ပြည်သူ့လွှတ်တော်တဦးက ဗွီအိုအေကို ဖတ်ပြခဲ့တာမှာတော့
    ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ –
    နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍
    လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊
    လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
    နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အဝန်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက် ရှိသည်။
    နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ်
    အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည်
    စသည်ဖြင့် က ကနေ ဈ အထိ အချက်လိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။ “

    Reply

    • Foreign Resident

      August 23, 2012 at 2:40 pm

      ” ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့လာသော
      ရခိုင်အရေးနှင့်ပတ်သတ်သည့် သဝဏ်လွှာကို
      ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယက က ဖတ်ကြားတင်ပြခြင်းနှင့်
      လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ပြုလုပ်ရန်စီစဉ်ထားသော်လည်း
      လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက်မှု ရှိလာ၍
      အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။
      နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ကန့်ကွက်ထားသည့်
      လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှာ
      ဒေါက်တာအေးမောင်နှင့် ဦးဘရှိန်တို့ဖြစ်ကြောင်း သိရှိရသည်။ ”

      Eleven Media Group

      Reply

      • Foreign Resident

        August 23, 2012 at 3:21 pm

        ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်များ ကန့်ကွက်မှုကြောင့် သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားရန်အစီအစဉ် ရွှေ့ဆိုင်းခဲ့
        =======================================
        မောင်ပိုင် (နေပြည်တော်)
        =======================================
        ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ သမ္မတ၏ သဝဏ်လွှာကို ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အချို့က ကန့်ကွက်ထား သဖြင့် ယနေ့ ကျင်းပပြု လုပ်နေသည့် ပြည်ထောင်စု လွှတ်တော်တွင် ပါရှိသည့် ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍ သဝဏ်လွှာဖတ်ကြားမည့် အစီအစဉ် အား ရွှေ့ဆိုင်း ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

        အဆိုပါ သဝဏ်လွှာမှာ နိုင်ငံတော် သမ္မတရုံးမှ ၁၇-၈-၂၀၁၂ ရက်စွဲဖြင့် စာအမှတ် ၁၀၇(၁)/၈ဖြင့် ပေးပို့ခဲ့သည့် သဝဏ်လွှာဖြစ်သည်။

        ယနေ့ ကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်အမှတ်(၅)တွင် နိုင်ငံတော် သမ္မတ ထံမှပေးပို့သည့် သဝဏ်လွှာ အား ဖတ်ကြားတင်သွင်းရန် ထည့်သွင်းထားသော် လည်း ရွှေ့ဆိုင်း ထားခဲ့ခြင်းဖြစ်သည်။

        Reply

      • Shwe Phyu

        August 24, 2012 at 5:34 am

        Aba For,
        Finish your reading till the end of that article.
        ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက “သမ္မတကြီးရဲ့သဝဏ်လွှာချည်းပဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ရိုးရိုးလေးပဲ သုံးသပ်ထားတာပါ။ နောက်ကသတင်း သုံးသပ်ချက်မှာ ရခိုင်ကအခြေအနေကို ပြောတဲ့အခါမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေတွေကို ဘင်္ဂါလီတွေရဲ့ အခြေအနေတွေလည်း ပါတယ်။ နောက် အခြားခေါင်းစဉ်တွေလည်း ပါပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေကို ပြောတဲ့အခါမှာ တင်းမာသွားပြီး ထိခိုက်တာတွေရှိတယ်။ ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သဝဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်”ဟု ပြောဆိုခဲ့ပါသည်။
        That article ends with the above statement.

        Reply

  • ရွှေရိုး (ရွှေမန်း-ဒိုင်အို)

    August 23, 2012 at 2:41 pm

    အင်း…ဘာကိုရည်ရွယ်ပါလိမ့်နော်…

    Reply

  • Foreign Resident

    August 24, 2012 at 3:58 am

    ” မဇ္ဈိမက လက်ခံရရှိထားသော မှတ်တမ်းမိတ္တူတွင် အသေအပျောက်ရှိခဲ့သော
    လူမှုအဖွဲ့ ပဋိပက္ခကြီးနှင့် ပတ်သက်၍ ရခိုင်နှင့် ဘင်္ဂါလီများအပေါ် သုံးသပ်ချက်များနှင့်
    အစ္စလာမ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ပြီး
    လူသားဝါဒ ထွန်းကား စေလိုသော သမ္မတဦးသိန်းစိန်၏ ဆန္ဒကိုလည်း
    ရေရှည် အစီအမံများ အဖြစ် တွေ့ရသည်။ ”
    by Mizzima – News in Burmese on Friday, August 24, 2012 at 12:01am

    ” လူသားဝါဒ ထွန်းကား စေလိုသော သမ္မတဦးသိန်းစိန်၏ ဆန္ဒ ” ဆိုပါလား ။

    Humanism တဲ့ ။ ငါတို့ သမ္မတကြီးလည်း တယ်ခေတ်ရှေ့ပြေးပါလား ။
    တစ်ခါတည်း အမေရိကန် ဩဇီ အတွေးအခေါ်လောက် အထိကို လှမ်းလိုက်တာပဲ ။
    လက်ရှိ မြန်မာပြည်သား အများစုက အမှီ လိုက် နိုင်ပါ့မလား ။
    အောင်မြင် မလား ၊ မအောင်မြင် ဘူးလား တော့မသိဘူး ။
    အမှန်တရားကို ပြောရဲတဲ့ အတွက်တော့ ၊ သမ္မတကြီးကို လေးစားမိပါတယ် ။
    Standing Ovation !!!!!

    Reply

  • maungmoenyo

    August 24, 2012 at 7:44 am

    ကိုယ့်ယုံကြည်ရာ ဘာသာ က ဗုဒ္ဓဘာသာလို့ ဆုပ်ကိုင်ထားကြတဲ့ နိုင်ငံခေါင်းဆောင်တွေကတောင်၊ နိုင်ငံအတွက်ဦးစားပေးသင့်တဲ့ လူမျိုးရေး မမုန်းတီးကြရေး နဲ့ လူသားချင်းစာနာထောက်ထားရေးကို ဥိးစားပေးရကောင်းမှန်းပြနေရင်၊ ကျန်အတိုက်အခံတွေအပါအဝင်၊ ပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေက နိုင်ငံမျက်နှာကိုပိုကြည့်ကြသင့်တာပေါ့။

    Reply

  • Khin Nwe

    August 24, 2012 at 11:43 am

    သမ္မတကြီးရှင့်
    ရခိုင်တိုင်းရင်းသားအရေးအခင်းကိစ္စ ကိုတောင် ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ဘူးဆိုရင် ကုလားက
    တမျိုး၊တရုတ်ကတဖုံ နဲ့ ကျွန်မတို့မြန်မာပြည်သူ တွေက ကုလားလိုခေါင်းမြီးခြုံရမှာလား၊တရုတ်လို ဘောင်းဘီ
    ဝတ်ရမှာလားသမ္မတကြီးစဉ်းစားပေးပါ။
    ကျွန်မတို့ကတော့ ရှင်မတောင်သနပ်ခါးလိမ်းပီး၊ချိုတ်ထမီနဲ့ရင်ဖုံးအင်းကျီပဲ ဝတ်ချင်ပါတယ် သမ္မတကြီးရှင်။
    သမ္မတကြီး ရဲ့ဩဇာလွှမ်းမိုးမှုဟာထိရောက်မှု မရှိဘူးဆိုတာ ကချင်ပြည်နယ်က သက်သေပြနေပါတယ်။
    ရခိုင်အရေးအခင်းနဲ့ပတ်သက်တဲ့ သမ္မတကြီးရဲ့ သဘောထားပြောင်းလဲသွားတယ်ဆိုတာ ဘယ်သူ ့ရဲ့ဩဇာ
    လွှမ်းမိုးမှုကြောင့်ပါလဲ၊သမ္မတကြီးရဲ့အကြံပေး အဖွဲ့အစည်းထဲမှာလွှတ်တော်အမတ် shine ဆောက်လုပ်ရေး
    ပိုင်ရှင် ရိုဟင်ဂျာ အောင်ဇော်ဝင်း ၊လွှတ်တော်အမတ် ရိုဟင်ဂျာ ရွှေမောင် တို့လို လူမျိုးတွေရှိနေလို့ပါလား။
    ဗိုလ်ချုပ် ပြောသလို ဖာနိုင်ငံလဲ ဖြစ်နေပါပြီ။သမ္မတကြီးအနေနဲ့ ခေါင်းနဲ့ကိုယ် တွဲပြီးအုပ်ချုပ်စေချင်
    ပါတယ်။မြန်မာပြည်သူလူထုအားလုံးရဲ့ယုံကြည်အားကိုးမှုကိုခံယူစေချင်ပါတယ်၊

    Reply

  • ပန်းစံပါယ်

    August 24, 2012 at 12:04 pm

    သတင်းသုံးသပ်ချက်ကို သပ်သပ်မလုပ်ပဲ သဝဏ်လွှာနဲ့ ရောပစ်လိုက်လို့ လူတွေ မျက်စိလည်ကုန်ကြတာပေါ့။ သမ္မကြီးရဲ့သဝဏ်လွှာစစ်စစ်က အဒီအတိုင်းမဟုတ်ဘူးဆိုရင်တော့ ရင်ထဲပေါ့သွားပါပြီ။

    Reply

  • ရွှေ ကြည်

    August 24, 2012 at 12:07 pm

    အကွပ်မဲ့ခဲ့တဲ့ကြမ်းဆိုတော့ပရမ်းပတာပဲပေါ့။ လိုက်လေဝေးလေပဲ။ ဘယ်သူကို့လက်ညှိုးထိုးရပါ့။ 🙁

    Reply

  • Kyaw Myo Thet

    September 21, 2012 at 11:20 pm

    လက်ညိူးနဲ့ထိုးတာထက်စာရင် ဓားနဲ့ထိုးတာကပိုသင့်တော်မယ်နဲ့တူတယ်

    Reply

Leave a Reply

Your email address will not be published.