ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်

ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်

ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ

၁။ပေးကမ်းကျိုးရှိ၏။

၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။

၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။

၄။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။

၅။ဤလူ့ဘုံလောကသည်ရှိ၏။

၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။

၇။အမိ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ကောင်းကျိုး၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။

၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ ကောင်းကျိုး ၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။

၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။

၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် ရှိကုန်၏ ဟု သိထားရမည်တည်း။

(ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း)

ဤသမ္မာဒိဋ္ဌိတည်လျှင်ပင် ဗုဒ္ဓဘာသာဝင်ဆိုရပြီ။ ပထမအဆင့်ပင်ဖြစ်၏။ ခန္ဓာ အာယတန၊ဓာတ်၊သစ္စာ၊ပဋိစ္စ သမုပ္ပါဒ်တို့ကို ဓာတ်ကွဲအောင်ကြည့်နိုင်၊ မြင်နိုင်မှ ဗုဒ္ဓဘာသာဝင် အလတ်တည်း။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ကိုရသော ပုဂ္ဂိုလ်ကား ဘာသာဝင်အကြီးတည်း။ သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင်အစစ်ကြီးပေတည်း။ အဘယ့်ကြောင့်ဆိုသော် သောတာပန် ပုဂ္ဂိုလ်သည် နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုံ အပြီး မြဲနေသောကြောင့် တည်း။ဗုဒ္ဓဘာသာဝင်အလတ်၊အကြီးတို့ကား ယခုဘဝသာလျှင် စိတ်ချရကုန်၏။ အငယ်သည်ကား တစ်နေ့ တစ်ရက်မျှပင် စိတ်မချရသေး။ ယနေ့ ဗုဒ္ဓဘာသာ နက်ဖြန် စာဖြူဝင် ဖြစ်နိုင်သေးသူဖြစ်၏။ စိတ်မချရသေး။ ဒါကြောင့် အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများလည်း ပရမတ္ထ ဗုဒ္ဓဘာသာဝင် မဖြစ်သေးလင့် ကစား ဗုဒ္ဓဘာသာ အလတ်၊ အကြီးအဆင့်လောက်တော့ ရောက်အောင် ကြိုးစားကြပါလို့ တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

စာတ်ဖတ်သူအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

Forward – အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

4 comments

  • ကြောင်ဝတုတ်

    August 21, 2012 at 12:30 pm

    ကိုမျိုးချစ်နဂါးရေ….

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    အဲဒါလေးကိုတော့ ဂရုပြုစေချင်ပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    Reply

    • မျိူးချစ် နဂါး

      August 23, 2012 at 2:11 pm

      Thanks…I so sorry….

      Reply

  • မောင် ဓုဝ

    August 22, 2012 at 10:42 am

    ဗုဒ္ဓ ဘာသာဖြစ်ရန်အခြေခံ(၁၀)ချက် က ပထမအဆင့်သာရှိသေးတာ ဆိုတော့
    စစ်စစ်တော့မဟုတ်သေးပါဘူး။လိုရင်း ပြောရရင်တော့ ဘုရားရဲ့တရားကိုသိရင်
    ဗုဒ္ဓဘာသာစစ်စစ် မသိရင်တော စစ်စစ်မဟုတ်သေးပါဘူး။

    Reply

  • ကိုသင်း

    August 23, 2012 at 1:43 am

    သရဏဂုံ တည်ရုံမျှနဲ့ ဖြစ်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.