ဝါသနာရှင်ရဲ့ကျေးဇူးတင်စကား၊ လိပ်စာ နှင့် ရွှံ့ ရုပ်တချို့

ရွှေ ကြည်August 20, 20123min054

ဟုတ်ကဲ့ မိရွှေကြည်တင်ခဲ့တဲ့ ဝါသနာအရဖန်တီးထားတဲ့အနုပညာပါတဲ့ ပို့စ်မှ ရွှံ့  ့ရုပ်ဖန်တီးသူနဲ့ ရွှေကြည်မိတ်ဆွေအစ်မတို့

အဆက်အသွယ်ရသွားကြတဲ့အခါ ဤမည်သောပို့စ်ဖြစ်ပေါ်လာပါတော့သည်။

သူက သည်လိုပြောပါတယ်တဲ့

” ရွှေကြည်နှင့်တကွအားပေးအကြံပေးသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ မြင်းခြံကိုရောက်ဖြစ်မယ်ဆိုရင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဝမ်းသာစွာဖိတ်ခေါ်ပါတယ်။ လေးမင်းရဲ့  အရုပ်လေးတွေလုပ်ထားတာ ၅ နှစ် ၆ နှစ် ရှိပါပြီ။

နောက်ထပ်ပုံပို့ပေးလိုက်ပါတယ်။ အားပေးကြပါဦး ”

လိပ်စာ – ဦးစောလှမင်း(စက်မှုတက္ကသိုလ်-ရေနံဘွဲ့ရပါတဲ့)

အမှတ် 10/259 အောင်မင်္ဂလာလမ်း

မြင်းခြံမြို့  ။

(ကားကြီးဝင်းနဲ့နီးပါတယ်)

ဆန္ဒရှိကဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါတယ်ရှင့်။

 

 

 

 

 

 

 

 

 

 

 

 

 

 

သူက တီဗွီချန်နယ်တွေထဲကနေလည်းလေ့လာပါတယ်တဲ့

 

 

 

 

54 comments

  • shwe kyi

    August 20, 2012 at 3:40 pm

    preview ကြည့်တာ ပတ်ဘလစ် ဖြစ်သွားတယ်။
    မရေးပဲကျန်ခဲ့တဲ့ ထုံးစံစကားလေး မရေးလိုက်ရလို့

    “ကျေးဇူးအထူးတင်ပါတယ်ရှင်”

    Reply

  • YE YINT HLAING

    August 20, 2012 at 3:54 pm

    ကျေးဇူးတင်ပါတယ် ! မေ့သွားမှာစိုးလို့ အရင်ပြောလိုက်တာ ! နောက်လည်း နောက်တာ ! တကယ်လည်းပြောတာ ! တကယ်ပြောတာက လိပ်စာချက်ခြင်းသိရလို့ပါ ။ ပုံတွေအားလုံး က လက်ရာမြောက် လိုက်တာ ။

    Reply

  • လေပြေ ရိုင်း

    August 20, 2012 at 4:01 pm

    ဦးစောလှမင်းကတော့ ပြပွဲလုပ်သင့်ပြီထင်တယ်…
    မန့်လို့မကြာသေးဘူး ပေါ်ထွက်လာတာဆိုတော့
    ဝမ်းသာပါတယ်…
    အရုပ်တွေအများကြီးထပ်တွေ့ရတာ
    တကယ့်ပညာရှင်ပါပဲ…

    Reply

  • lynn lynn

    August 20, 2012 at 4:04 pm

    ကျေးဇူးပါပဲ ညီမလေးရွှေကြည်ရေ။ မြင်းခြံရောက်ခဲ့ရင် ဝင်လေ့လာပါအုန်းမယ်။

    Reply

  • shwe kyi

    August 20, 2012 at 4:07 pm

    ကိုရဲရင့်လှိုင်ရေ ရောက်ရင်ဝင်ကြည့်လိုက်နော်။ ကျေးဇူးပါ။

    လေပြေရိုင်းရေ ပြပွဲတော့လုပ်ပါ့မလားမသိ။

    လင်းလင်းရေ ကျေးဇူးပါနော်။ ဝင်လေ့လာနိုင်ပါတယ်တဲ့။

    Reply

  • Ma Ei

    August 20, 2012 at 4:10 pm

    ပန်းအိုးလုပ်ထားတာ မိုက်လိုက်တာ…
    Hotel တွေမှာ သုံးနိုင်တယ်နော်…
    ဈေးကွက်ဝင်လက်ရာတွေပါ…

    Reply

  • garuda

    August 20, 2012 at 4:11 pm

    တော်လိုက်တာဗျာ။ တီဗွီထဲကကြည့်ပြီးလုပ်တာတဲ့။ အနုပညာသမား မဟုတ်တော့ ဘယ်လောက်လက်ရာမြောက်လဲ တော့မကြည့်တတ်ပါဘူးဗျာ။ လူပြိန်းမျက်စိနဲ့ ကြည့်ရတာတော့ သာမန်ပန်းချီ ပန်းပု ကျောင်းဆင်းပြီးသား သူတွေထက်တော့ အများကြီးသာ မယ်ထင်ထယ်။ ပါရမီပါ တယ်ပြောရမှာပေါ့နော။ နိုင်ငံခြားသားတွေ စိတ်ဝင်စားမဲ့နေရာတစ်ခုဖြစ်လာမယ်ထင်တယ်။

    Reply

  • pooch

    August 20, 2012 at 4:15 pm

    အပေါ်ဆုံးက မာသာထရီဆာ ပုံက တော်တော်တူတာပဲ။
    အပြင်မှာ အပင်လေးနဲ့ ထုပ်ထားတဲ့ လူခေါင်းပုံ ရွှံ့ရုပ်က မိုးဒဏ်လေဒဏ်ခံနိုင်ရဲ့လား မသိဘူးနော်။ အပြင်ထုုတ်ထားလေးတွေ့လို့ပါ။

    Reply

  • shwe kyi

    August 20, 2012 at 4:32 pm

    မအိရေ မှန်ပါ့နော် အပင်လေးတွေနဲ့တွဲလိုက်တော့ hotel တွေခန်းမတွေသုံးရင်ကောင်းမလားပဲနော်။

    garuda အခုလိုဝေဖန်ပေးတာကျေးဇူးပါ။

    မပုချ်ရေ မိုးကမြင်းခြံမှာသိပ်မရွာဘူးတဲ့ရှင့်။ ဒါပေမယ့် အဲဒီအရုပ်အခုမရှိတော့ဘူးလို့ကြားသိရပါတယ်။
    စိတ်မကောင်းစရာပါပဲ။ တချို့အရုပ်တွေကို ဘုရားနဲ့စာကြည့်တိုက်တွေကိုလှူပါတယ်တဲ့။

    Reply

  • shwe kyi

    August 20, 2012 at 4:34 pm

    အဲပုံနှစ်ပုံထပ်နေပါတယ်ရှင့်။ သေချာမကြည့်မိတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ 🙁

    Reply

  • shwe pont

    August 20, 2012 at 4:42 pm

    ခုလိုလိပ်စာသိချင်တယ်ဆိုတာကို ရအောင်ကြိုးစားပေးတာ ကျေးဇူးပါရွှေကြည်ရေ လိပ်စာနဲ ့ပုံတွေကို သိမ်း ထားပါတယ်။ အခွင့်ကြုံရင် သွားလေ့လာမလို ့ပါ။ ဦးစောလှမင်းကို မန်းဂေဇက်ကနေတဆင့် သိသွားပြီး ဂျာနယ်တွေ ပေါ်မှာပါ မကြာခင်မြင်ရမလားမသိဘူးဆိုတဲ့ အတွေးလေး ဝင်မိပါတယ်။ဦးစောလှမင်းရဲ ့ပါရမီ နဲ ့လက်ရာတွေကို နှစ်သက်စွာ ကြည့်ရှုသွားပါတယ်။

    Reply

  • R Ga

    August 20, 2012 at 5:34 pm

    သူတတ်ထားတဲ့ ပညာကို ပြန်ပြီးတော့ ဝေမျှတဲ့အနေနဲ့ ပိုစ့်လေးတွေတင်ပေးရင် ကောင်းမယ်နော့ ။ ကုန်ကြမ်းက လည်း ရွှံဆိုတော့ လိုက်လုပ်ရတာ အဆင် ပြေမလားလို့။ သူတတ်ထားသမျှလေးတွေကို ပြန်ပြီးတော့ သင်ပြရင်တော့ ကျွန်တော် အရင်ဆုံး ရွှံခူးပြီး သင်ယူမိမှာပါပဲ။

    Reply

  • အလင်းဆက်

    August 20, 2012 at 6:15 pm

    အပေါ်က စ…ရေ..ရင် ငါးပုံမြောက် ပုံက ကြောင်ဝတုတ်နဲ ့အတော် တူတာပဲ..ဗျာ.။

    Reply

  • shwe kyi

    August 20, 2012 at 6:42 pm

    ရွှေပုံ့ ရေ ဘယ်ရမလဲ စနေသမီးစိတ်ကကြီးပါဘိသနဲ့ ကိုယ့်ရွာသူားတွေသိချင်တယ်ဆိုမှတော့ကြိုးစားရတော့တာပေါ့။ 🙂
    ရွှေပုံ့ပြောသလိုဂျာနယ်မှာတွေ့ခွင့်ရမယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်။ ကျေးဇူးပါ။

    အာဂရေ ဖြစ်နိုင်အောင်တော့ကြိုးစားကြည့်ပေးမယ်လေ။ ဒါပေသိ လက်တွေ့သင်မှပိုအဆင်ပြေမယ်ထင်တယ်။ ကျေးဇူးပါ။

    အလင်းဆက်ရေ ကိုင်ပေါက်နေဦးမယ်နော။ ကြောင်ဒေါသထွက်ရင်မလွယ်ဘူးရယ် 🙂

    Reply

  • မိုး မင်းသား

    August 20, 2012 at 7:02 pm

    အလင်းဆက်က…ဆူမိုနပန်းသမားပုံကိုပြောတာနဲ ့တူပါတယ်ရွှေကြည်ရေ…..

    သူ ့မျက်လုံးထဲမှာ…နဲနဲဝတာနဲ ့

    ကိုကြောင်ဝတုတ်ကိုပြေးမြင်တယ်……

    ကိုကြောင်ဝတုတ်ကိုတိုင်ပြောလိုက်မှာနော်……

    Reply

    • shwe kyi

      August 20, 2012 at 7:11 pm

      ဟုတ်ပ ကိုမိုးမင်းသားရေ ရွှေကြည်တိုင်ကိုတိုင်ဦးမှာ ဒါမှကိုင်ပေါက်အောင် 😀

      Reply

  • အရီးခင်လတ်

    August 20, 2012 at 7:22 pm

    ရွှေကြည်ရေ

    အရီးမှာ အနုပညာ မျက်စိ နဲ့ ဗဟုသုတ မရှိလို့ အသေးစိတ် မဝေဖန်တတ်ပေမဲ့
    မြန်မာ့ ပန်း ၁ဝမျိုး – ပန်းပဲ၊ ပန်းတိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းတဉ်း မှာ
    အဲဒီ ရွှံ့ ရုပ် တွေကို
    ပန်းတော့ ပညာ ခေါ်မလား (အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်သောပညာ)
    ပန်းပု ပညာ (သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ) လို့ ခေါ်မလား မသိ။
    http://wikimyanmar.co.cc/wiki/index.php?title=ပန်းဆယ်မျိုး

    သူ့လက်ရာက ကမ္ဘာအဆင့်မှီ လို့ ပြောလို့ ရမယ် ထင်ပါရဲ့။
    ပုံတိုင်း က လက်ရာ အတော်မြောက်ပါတယ်။

    ၁၁ပုံမြောက် က နွယ်သစ်ပင်တွေ နဲ့ ဟာက အိုင်းစတိုင်း ပုံ လို့ မှန်းတယ်။
    တကဲ့ ကို တူပါပေတယ်။ အိုင်ဒီယာလဲ ကောင်းတယ်။
    အဲဒီ ဟာ ပျောက်သွားတာ နှမြောစရာဘဲ။
    အတော် ဈေးကောင်း ရမှာ သေချာတယ်။

    အထုံပါရမီရှိသူ တစ်ယောက်မှန်း ထင်ရှားပါတယ်။
    အဆက်အသွယ် ကောင်းသူ တစ်ယောက်ယောက် နဲ့ ဆက်စပ်မိသွားရင် မြန်မာ့ပန်းတော့ ပညာပါ ကမ္ဘာ သိသွားမှာ။
    အောင်မြင်ကျော်ကြားသွားပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။

    ဒီလို ပုံလေးတွေ ကို ပြခွင့်ပေးသူရော၊ တင်ပေးတယ် ရွှေကြည့် ကိုရော ကျေးဇူး တင်ပါတယ်။ 🙂

    Reply

    • ရွှေ ကြည်

      August 21, 2012 at 1:25 pm

      ပန်းဆယ်မျိုးကိုအခုမှပြန်မှတ်ရမယ်အရီးရေ 🙂

      Reply

  • အလင်းဆက်

    August 20, 2012 at 7:27 pm

    တိုင်တော့မတိုင် လိုက်ပါနဲ ့ခညာ.။ တားတား က..လေ..
    သတိ ရလို ့… အလွမ်းပြေလေး..
    ပြောလိုက်တာ ။
    ဘုရား သိကြား မ..လို ့.. ကိုကြောင်ဝတုတ် မမြင်ပါစေနဲ ့..။
    အဟိ

    Reply

  • ရွှေ ကြည်

    August 20, 2012 at 7:30 pm

    ဟုတ်ပ အရီးရေ ဘာလို့ပြောရမယ်မှန်းမသိတာနဲ့ မရေးလိုက်ဘူး။
    ရွှေကြည်လည်း တကယ်လက်ရာမြောက်တာတွေ့တာနဲ့ ပုံလေးတွေတင်ပေးလိုက်တာ။
    ပထမပို့စ်တုန်းကခွင့်ပြုချက်မယူပဲတင်လိုက်တာ။ ဒီတခုကတော့ သူကိုယ်တိုင်ခွင့်ပြုလိုက်တာအရီးရဲ့။
    ကြည့်ရှုဝေဖန်ပေးတာဝမ်းသာရပါတယ်အရီးရယ်။

    Reply

  • padonmar

    August 20, 2012 at 8:01 pm

    အဲဒီအရုပ်တွေက ရွှံ့နဲ့လုပ်တာဆိုတော့ ငယ်ငယ်က ကစားခဲ့တဲ့ ရွှံ့ရုပ်တွေနေပူရင် ခြောက်ပြီးကွဲကုန်တာ သတိရတယ်။
    အဲဒီလို မကွဲအောင် နည်းပညာလိုမယ်ထင်ပါတယ်။
    ဒူးမှာ ဆေးမင်ကြောင်လေးပါခြယ်ပေးထားတာ စိတ်ဝင်စားစရာပါ။
    လေးစားပါတယ်ဦးစောလှမင်း

    Reply

  • ko khin kha

    August 20, 2012 at 8:01 pm

    တကယ်လက်ရာ မြောက်ပါဘဲဗျာ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 20, 2012 at 8:53 pm

    သာမန်အဆင့်လက်ရာတော့မဟုတ်ဘူး
    သူ့လက်မှု့ပညာကို သူ့ဖာသာဘယ်လိုခံစားလဲမသိ
    ဈေးကွက်ထဲက ရောင်းဝယ်ဖေါက်ကားသမားတွေနဲ့ လုပ်စားသင့်တယ်
    ဆရာမရှိဘဲတတ်တယ်ဆိုတော့ အံ့ဖွယ်ဘဲ
    ကျုပ်ကိုလည်းလျှော့မတွက်ပါနဲ့ လောက်စာလုံး လုံးတဲ့နေရာမှာ နာမည်တစ်လုံးနဲ့နေသူဘာ

    Reply

  • မောင်ပေ

    August 20, 2012 at 9:18 pm

    ညီမရွှေကြည်ရေ
    ဦးစောလှမင်းကို
    မိုက်ကယ်ဂျော်နီအောင်ပု တို ့
    အူးကြောင် တို ့နဲ ့ ဆက်သွယ်ခိုင်းမယ်ဆိုရင်
    ရောင်းဖို ့လုပ်ထားတဲ့ သူ ့အနုပညာတွေ ဈေးကောင်းရလိမ့်မယ်လို ့ထင်ပါတယ်
    usa ဈေးကွက်နဲ ့ယပလက် ဈေးကွက်ပေါ့နော

    Reply

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 9:34 pm

    အဲ့ရွှံ့ရုပ်လုပ်တာနဲ့ ပတ်သက်လို့
    ပြောရဦးမဗျို့ ..
    ကျုပ်ငယ်ငယ်ကပေါ့ ..
    ရွှံ့တွေနဲ့ အရုပ်လုပ်ခဲ့ဖူးတယ်ဗျ ..
    ဒါပေမယ့်လို့လည်း ကလေး အရုပ်လေးလေးတွေလုပ်ပြီး ဆော့ခဲ့တာပေါ့နော် ..
    အမှန်ပြောရရင် ရွှံ့ကို အဲ့လောက်ပဲ သုံးလို့ရတာလို့ ထင်ခဲ့တာပါ ..
    အခု ဒီအရုပ်တွေကို မြင်ရတော့မှ ရွှံ့တဲ့ တန်ဖိုးကလည်း မသေးပါလား ဆိုတာရယ် ..
    ပညာတစ်ခုရဲ့ အံ့ဖွယ်ဖြစ်မှုရယ်ကို တွေ့လိုက်ရတယ်လို့
    ကြီးကြီးကျယ်ကျယ် ပြောပါစေဗျာ …

    ဒါနဲ့ စကားမစပ် ..
    နာမည်က မြန်မာလို ပြောင်းသွားပါလားဗျ ..
    အဟဲ … ဒါဘာဘဲ .. 😀

    Reply

  • ရွှေ ကြည်

    August 21, 2012 at 9:38 am

    အန်တီပဒုမ္မာရေ ဟုတ်ပနော်မကွဲအောင်ဘယ်လိုလုပ်ပါလိမ့်။

    လေးခင်ခ ဝင်ကြည့်သွားတယ်နော်။ ကျေးကျေး။

    ကိုအောင်ပုကြီး လောက်စာလုံးအလုံးတရာလောက်ရောင်းပါ။ (ရန်ကုန်တွင်ကျီးမောင်းရန်)

    အူးပေရေ ပြောလိုက်မယ်နော်။

    ဟုတ်ပမောင်ငယ်အံ အစ်မရွှေကြည်လည်းရွှံ့ရုပ်ပညာကို အခုအသက်အရွယ်ရောက်မှ ဝတ္ထုတစ်အုပ်မှာ
    ဖတ်ဘူးပြီးသိတာ အခုတော့မြင်ဘူးသွားပြီ။ နာမည်ကလေ မြန်မာလိုပြောင်းရတာက ဒီလိုကွဲ့
    မရွှေအိ နဲ့ ဆင်နေလို့မြန်မာလိုပြောင်းလိုက်တာပါ။ ဘာသဘောမှမဟုတ်ရပါဘူး။ 🙂

    Reply

  • Novy

    August 21, 2012 at 9:50 am

    ရွှေကြည်ရေ. ဝင်ရောက်အားပေးသွားပါတယ်
    အရမ်းကို လေးစား သဘောကျသွားပါတယ်

    မနိုလည်း လက်မှူ့ ပညာလေးတွေကို အရမ်းဝါသနာပါတယ်
    ဖယောင်းနဲ့တော့ စားစရာပုံလေးတွေလုပ်ဘူးတယ်
    ဝါသနာနဲ့ စာဝတ်နေရေးက ဒွန်တွဲမနေလေတော့
    ဝါသနာပါတာကို လုပ်ခွင့်မရပါဘူး

    Reply

  • ကျနော်တို့ဆီမှာ ဒီလို အတတ်ပညာရှင်လေးတွေလူမသိ သူမသိနဲ့ပျောက်ကွယ်သွားခဲ့ရတာအတော်နှမျောစရာကောင်းပါတယ်။

    Reply

  • ရွှေ ကြည်

    August 21, 2012 at 10:24 am

    မမနိုဗွီရေ ဝါသနာနဲ့စားဝတ်နေရေးကဒွန်တွဲမနေလေတော့ တဲ့လားကောင်းလိုက်တဲ့စကားလေးရှင်။
    ဖယောင်းရုပ်လေးတွေပြကြည့်ပါလားကြည့်ချင်လို့ပါ။ အားပေးလို့ကျေးကျေးပါမနို။

    လေးပေါက်ရေ ဟုတ်ပနော်။ ကြည့်ရှုဝေဖန်ပေးတဲ့အတွက် ဂိုမောင်းရော 🙂

    Reply

  • kai

    August 21, 2012 at 11:38 am

    ဝတ်လစ်စလစ်.. မိန်းမပျိုပုံတွေမတွေ့မိဘူး..
    အဲဒါမျိုးတွေကမှ.. ဈေးကောင်းရ….ရောင်းတန်းလှတာ… 🙂

    Reply

    • မဟာရာဇာ အံစာတုံး

      August 21, 2012 at 11:47 am

      သဂျီးဂ အဲ့ဒါမျိုးတွေ ဝယ်မှာလား ..
      ဝယ်မယ်ဆို ကျုပ်တိုင်တိုင် ထုလုပ်ပေးမယ် ..
      ကွိ .. ကွိ ..
      နောက်ထာဘာ .. 😀

      Reply

  • ရွှေ ကြည်

    August 21, 2012 at 12:19 pm

    သူကြီးရေ ရွှေကြည်ရတဲ့ပုံထဲတော့မပါဘူးရယ် သူ့တူမကိုပြောလိုက်မယ်လေ
    ကိုယ်တိုင်တော့ပြောရဲဘူးဗျ။ ခုလိုဝင်ရောက်ကြည့်ရှုဝေဖန်ပေးလို့ ကျေးဇူးပါသူကြီးရှင့်။ 😀

    Reply

  • Shwe Ei

    August 21, 2012 at 12:43 pm

    ရောင်းတန်းဝင် လက်ရာတွေပေမဲ့ ရောင်းမစားဘူးဆိုတော့ လက်ဆောင်တောင်းရင်
    ပေးမယ်ထင်တယ်နော်။
    နောက်တာနော် အတည် နော် ဟိ။ မြင်းခြံမှာ စပ်မှတော်တဲ့ အမျိုးတွေရှိတော့ အလည်သွားဖြစ်ရင် ဝင်တောင်းချင် အဲလေ ဝင်ကြည့်ချင်တာဗျာ။

    Reply

    • ရွှေ ကြည်

      August 21, 2012 at 1:23 pm

      ရွှေအိရေ ဝင်သာတောင်းဗျား။ ဂေဇက်ကရွှေကြည်လွှတ်လိုက်တယ်သာပြော။
      တခါတည်းမောင်းချရောဗျား အဟိ နောက်တာပါနော် ဝင်ကြည့်လိုက်ပါနော်။
      ကျေးဇူးတင်ပါတယ်နော်။

      Reply

  • ကြည်ဆောင်း

    August 21, 2012 at 1:20 pm

    နိုင်ငံခြားသားတွေက ပိုကြိုက်မယ် ထင်မိတယ်
    ရုပ်ထု တစ်ခု ကို ဘယ်လောက် နှစ်ကြာအောင်ခံလဲမသိဘူးနော်
    ရေးထားတဲ့ အထဲမှာ မတွေ့မိလို့ ..
    ဆေးခြယ်လို့ ရတာလဲစိတ်ဝင်စားတယ်
    အကုန်လုံးတော့မဟုတ်ပေမဲ့တချို့ကိုဒီအတိုင်းရွှံ့ရောင်လေးအတိုင်းနဲ့ တချို့ကိုတော့ဆေးခြယ်ပြီးပြပွဲများပြနိုင်ရင် တော်တော်ကောင်းမှာ..

    Reply

    • ရွှေ ကြည်

      August 21, 2012 at 1:29 pm

      အဲဘယ်လောက်ခံလဲရွှေကြည်လဲမသိဘူးရယ်။ မပြောပြနိုင်တဲ့အတွက် ဆောရီးပါနော်။
      အားပေးလို့ကျေးဇူးပါနော်။

      Reply

  • etone

    August 21, 2012 at 4:41 pm

    မရွှေကြည်ရေ … အချိန်ရလျှင် … ကျွန်မgmail ကို ဆက်သွယ်ပေးပါလား … ။
    ဒီရွံ ့ရုပ်တွေနဲ့ ပတ်သတ်လို့..စိတ်ဝင်တစားမေးချင်တဲ့ အကြောင်းလေး ရှိလို့ပါ ။
    ဒီလိုလက်မှုပညာတွေ မတိမ်ကောစေချင်တဲ့ စိတ်လည်း ဖြစ်မိလို့ပါ ။
    etone.mandalaygazette@gmail.com ပါ ။

    Reply

  • ရွှေ ကြည်

    August 21, 2012 at 4:47 pm

    မအိတုံအက်လိုက်ပြီနော်

    Reply

    • မဟာရာဇာ အံစာတုံး

      August 21, 2012 at 4:51 pm

      ကျုပ်လည်း အက်လိုက်ဗျာ ..
      ကျုပ်လည်း စိတ်ဝင်စားလို့ ..
      အဟီးးးး .. :mrgreen:
      နောက်ထာဘာ …. နော့ ..

      Reply

      • ရွှေ ကြည်

        August 21, 2012 at 4:56 pm

        မောင်ငယ်အံစာ တကယ်အက်လိုက်မယ်လေ မေးအကောင့်ပေး။
        ရွှံ့ရုပ်လုပ်ဖူးတဲ့ ပညာဓါတ်ခံရှိလေတော့စိတ်ဝင်စားပေမပေါ့။
        အစ်မအဲဒီဦးလေးဆီပို့ပေးမယ်လေ 🙂

        Reply

        • မဟာရာဇာ အံစာတုံး

          August 21, 2012 at 5:04 pm

          အမဂျီးဂလည်း ..
          နောက်ထာဘာလို့ ..
          ဒါပေမယ့် ..
          အဲ့ဦးလေးဂျီးရဲ့ ပညာကိုတော့
          လေးစားပါတယ်နော့ …
          အခါအခွင့်များ သင့်ခဲ့ရင်
          သွားရောက် လေ့လာဖို့ ရည်ရွယ်ထားပါဂျောင်း ..

  • Wow

    August 21, 2012 at 4:58 pm

    တတ်သိပညာရှင်များက ရွံ့ရုပ်တွေကြာရှည်ခံမဲ့ တက်ကနစ်မျိုးနဲ့ ထိမ်းသိမ်းပေးထားရင်ကောင်းမှာ…
    ပျက်စီးသွားမှာ နှမြောလို့ပါ…

    Reply

    • ရွှေ ကြည်

      August 21, 2012 at 5:03 pm

      Wow ရေ မှန်ပါတယ်နော်တက်ကနစ်လိုတယ်။
      အားပေးလို့ကျေးဇူးပါ။

      Reply

  • ကြောင်ကြီး

    August 22, 2012 at 8:37 am

    ကမာ္ဘဦးခေတ်တုန်းက ကြောင်နဲ့ဂေါ်ဇီလာ ဖိုက်နေတဲ့အရုပ် မရှိဘူးလားဗျ။ အဲဒီအကောင်ဂျီးတွေကို ကြောင်တွေဆော်ထည့်လို့ မျိုးတုန်းသွားတာလို့ သတ္တဒေဗပညာရှင်များ ပြောနေတယ်။။

    Reply

    • ရွှေ ကြည်

      August 22, 2012 at 9:26 am

      အူးကြောင်ကြီးရယ်မိရွှေကြည်မှတ်သားစရာတခုတိုးပြန်ပါပြီ။
      ကြောင်များကြောင့်မျိုးတုန်းသွားသော ဂေါ်ဇီလာများဆိုပြီးလေ။ 🙂

      Reply

  • အလင်းဆက်

    August 24, 2012 at 9:31 pm

    မရွှေကြည်.. မြန်မာလို စာလုံးပေါင်းလေး ဖြစ်သွားပြီနော်…

    ကောင်းပါလေ့..:)

    Reply

  • ကြောင်ကြီး

    August 29, 2012 at 10:15 am

    ရွှေကြည့်ဘဂျီးအတွက်…………………..

    ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီး
    လင်းကိုကိုထက်

    ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ ပန်းချီ၊ ပန်းပု အနုပညာရှင် ၇၀ဝ နီးပါးရဲ့ လက်ရာတွေကို တစုတစည်းနဲ့ ကြည့်ရှု ခံစားနိုင်မယ့် ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လာမယ့် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ တပ်မတော် ခန်းမ မှာ ကျင်းပမယ်လို့ သိရပါတယ်။

    ပြပွဲရက် အတိအကျ မသတ်မှတ်ရသေးပေမယ့် ငါးရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ ဒီပြပွဲမှာ အနုပညာရှင်တွေ အနေနဲ့ ကိုယ်ဖန်တီးချင်တဲ့ လက်ရာတွေကို အရွယ်အစား ကန့်သတ်ချက် မရှိဘဲ ဖန်တီးခွင့်ရှိပြီး ဝယ်သူရှိရင် ရောင်းချ
    နိုင်ပါတယ်လို့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးနီပိုဦး က ပြောပါတယ်။

    ပြပွဲအတွက် ပေးပို့တဲ့ ပန်းချီ၊ ပန်းပုလက်ရာတွေကိုတော့ ထုံးစံအတိုင်း ဆင်ဆာအဖွဲ့က စီစစ်ရွေးချယ်သွားမှာပါ။ အရင်နှစ်တွေတုန်းကတော့ နိုင်ငံရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ လက်ရာတွေကို ပါဝင်ခွင့် မပြုခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖြေလျော့မှုတွေ အတော်လေး ရှိလာမယ်လို့ ဦးနီပိုဦး က ဆိုပါတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေ တိတိပပ သတ်မှတ်ထားတာမျိုးတော့ မရှိသေးပါဘူး။

    ‘မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး’ ဆိုတာကတော့ မြန်မာ့ရိုးရာ ပန်း ၁ဝ မျိုး ဖြစ်တဲ့ ပန်းချီ၊ ပန်းတိမ်၊ ပန်းတော့၊ ပန်းတဉ်း၊ ပန်းတမော့၊ ပန်းပဲ၊ ပန်းပု၊ ပန်းရံ၊ ပန်းပွတ်၊ ပန်းယွန်း ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ပါ။

    ဒီအဖွဲ့ကနေ ပြပွဲရဲ့ ကုန်ကျစားရိတ်တွေကို ကျခံသွားမှာဖြစ်ပြီး ပါဝင်ပြသသူတွေအနေနဲ့ မိမိရဲ့ပန်းချီကား ရောင်းချရ မယ်ဆိုရင် ရောင်းချလို့ ရမယ့်တန်ဖိုးရဲ့ ၂ဝ ရာခိုင်နှုန်းကို အစည်းအရုံး ရန်ပုံငွေအဖြစ် ပေးရပမှာပါ။ ၂ဝဝ၆ ခုနှစ် တုန်းက ပြပွဲမှာ ပန်းချီ၊ ပန်းပု လက်ရာများ ရောင်းချရငွေဟာ ကျပ်သိန်း ၁၇ဝ ဖိုးခန့် ရှိခဲ့ပါတယ်။

    ပြပွဲဝင်တွေအတွက် ကန့်သတ်ချက် တခုကတော့ အစည်းအရုံးဝင်ထားသူများသာ ပါဝင်ခွင့်ရမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အစည်းအရုံးဝင် ၄,ဝဝဝ လောက် ရှိနေတဲ့အတွက် ၂ဝ၁၂ ခုနှစ် အစည်းအရုံးဝင်ကတ် အသစ်လဲထားသူ ၇ဝဝ ခန့်ကိုပဲ ပါဝင်ပြသခွင့် ပေးမှာ ဖြစ်ပါတယ်။

    ၂ဝဝ၆ ခုနှစ်တုန်းက ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လက်ရာပေါင်း ၁,၅ဝဝ ခန့်နဲ့ မန္တလေးမြို့မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သလို ဒီနှစ်မှာလည်း လက်ရာပေါင်း ၁,၅ဝဝ ခန့် ကြည့်ရှု ခံစားနိုင်လိမ့်မယ်လို့ ဦးနီပိုဦး က ခန့်မှန်းထားပါတယ်။
    ပြည်လုံးကျွတ် အနုပညာ ပြပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့က အသက် ၃၆ နှစ်အရွယ် ပန်းချီဆရာ ကိုတာယာ ကတော့ ပထမအကြိမ် ပြပွဲကြီးတုန်းက မပါဝင်နိုင်ခဲ့တဲ့အတွက် ဒီအကြိမ်မှာတော့ မှတ်တိုင်တခုအနေနဲ့ ပါဝင်ပြသမယ် လို့ ဆိုပါတယ်။

    “မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လူငယ် ပန်းချီ ကျောင်းဆင်းတွေရော၊ နာမည်ကြီး ပန်းချီဆရာတွေပါ ပါဝင်မယ့်ပွဲ ဆိုတော့ လက်ရာပေါင်းစုံ တွေ့ရမှာပါ။ လူငယ်တွေအတွက် အခွင့်အရေး ပိုရလာနိုင်သလို အတွေ့အကြုံ ရှိပြီးသူတွေ အတွက် လည်း သူတို့ရဲ့ ဖန်တီးမှု အသစ်တွေကို ပြသနိုင်မှာပါ။ ဒီလိုပြိုင်ပွဲမျိုးကို နှစ်စဉ် ကျင်းပပေးနိုင်မယ်ဆိုရင်တော့ ပန်းချီ
    လောကအတွက် အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။
    ပါဝင်ပြသလိုသူများအနေနဲ့ ဩဂုတ်က ၂၅ ရက်နေ့မှ စက်တင်္ဘာလ ၁ဝ ရက်နေ့အတွင်း မိမိရဲ့ ပန်းချီကား၊ ပန်းပု အနုပညာပစ္စည်းမှာ ရေးဆွဲထုလုပ်သူ အမည်၊ အနုပညာ ပစ္စည်းအမည်၊ အသုံးပြုသည့် အမျိုးအစား၊ အရွယ်အစား၊ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေကို ရေးသားဖော်ပြပြီး အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ အနုပညာ အထက်တန်းကျောင်း(ချင်းချောင်း)ကို ပေးပို့ရမှာ ဖြစ်ကြောင်း သိရှိရတယ်။http://www.mizzimaburmese.com/news/inside-burma/9927-2012-08-22-11-48-04.html

    Reply

    • ရွှေ ကြည်

      August 29, 2012 at 10:28 am

      ဦးကြောင်ကြီး သတင်းလေးအတွက် ကျေးဇူးတင်ပါတယ်။ သတင်းပြန်ပေးလိုက်ဦးမယ်။
      ရွှေကြည်ဘဂျီးဟုတ်ဘူးနော်။ ရွှေကြည်နဲ့ဘာမှမတော်ဘူးရယ် 😀

      Reply

  • Novy

    August 29, 2012 at 11:23 am

    “မမနိုဗွီရေ ဝါသနာနဲ့စားဝတ်နေရေးကဒွန်တွဲမနေလေတော့ တဲ့လားကောင်းလိုက်တဲ့စကားလေးရှင်။
    ဖယောင်းရုပ်လေးတွေပြကြည့်ပါလားကြည့်ချင်လို့ပါ”

    ရွှေကြည်ရေ.. ဒီမှာ ကြည့်လိုက်နော်
    http://myanmargazette.net/89130/travel/photography-pictures-galleries-wallpapers-photo-tips

    Reply

    • ရွှေ ကြည်

      September 13, 2013 at 7:29 pm

      မနိုရေ မနိုစာကိုအခုမှပြန်ဖြစ်တော့မယ် ဖယောင်းရုပ်လေးတွေလှပါ့
      ဝါသနာပါရင် အလိုလိုလေ့လာပြီးလုပ်ကြည့်ဖြစ်သွားတယ်ထင်တယ်နော်
      အားကျပါရဲ့

      Reply

  • kai

    September 12, 2013 at 10:20 am

    ဒါလေးကတခု…
    ရှေ့ရောက်စေဖို့ပါ…။

    ဆိုတော့…
    အနုပညာ..

    Reply

    • ရွှေ ကြည်

      September 13, 2013 at 7:30 pm

      သူကြီးရေ ကျေးဇူးပါ၊
      ဆိုတော့ကာ အနုပညာ 😀

      Reply

  • ကျော်စွာခေါင်

    September 14, 2013 at 3:27 am

    မရွှေကြည်
    ကျနော်ကတော့ အမြဲနောက်ကျနေတော့တာပါဘဲ…
    ဝါသနာရှင်ပို ့စ်မှာ ကွန်မန် ့ရေးပြီးထားခဲ့တာ…
    အခုပို ့စ် တက်လာတာ မသိလိုက်ဘူးဗျ..
    ကိုစောက ဝါသနာရှင် အဆင့်မဟုတ်တော့ပါဘူး..
    ကျနော်လည်းဆက်သွယ်ပြီး လိုအပ်တာရှိခဲ့ရင် ကူညီပေးချင်ပါတယ်…။
    မျက်နှာပိုင်း ပုံတူ ထုတာတွေ ပိုကြိုက်တယ်..
    ပြောပေးပါဗျာ…
    ကျနော် အလည်လာရင် ဆုံချင်ပါတယ်လို ့.. ကျနော့်ဘက်က အခြေအနေပေးရင် သူ….မဖိတ်လဲ
    မြင်းခြံကို အတင်းကို လာလည်မှာလို ့…။

    အားပေးလျှက်
    ကျော်စွာခေါင်

    Reply

    • ရွှေ ကြည်

      September 15, 2013 at 10:10 am

      ကိုကျော်စွာခေါင်ရေ ကျေးဇူးပါဗျ သွားလည်နိုင်ပါတယ်တဲ့ဗျာ ကိုကျော်စွာခေါင်လည်း ပညာရှင်ဖြစ်ရမယ်ဗျ
      ဝါသာနာတူချင်းဆို ပိုလို့တောင်ကြိုဆိုဦးမယ်ထင်တယ် ဆွေးနွေးလို့ရတာကိုးဗျ ဝင်သာလည်လိုက်ပါဗျာ ဒီပို့စ်တွေကတင်ထားတာကြာပါပြီ သူကြီးပြန်မွှေထားလို့ ပြန်မြင်ရတာ
      ကိုကျော်စွာခေါင် မျက်စိလည်သွားတာပါ ကျေးကျေးပါနော်

      Reply

Leave a Reply to Wow Cancel Reply

Your email address will not be published.