မိကျောင်းကို အသေခံမြိုသော မြန်မာ့မျိုးစိတ် စပါးအုံးမြွေကြီး

True FaithJuly 7, 20101min03

ကြုံတောင့်ကြုံခဲ ဗိုလ်လုသည့် တိုက်ပွဲအဖြစ် ခြောက်ပေရှည်သော မိကျောင်းတစ်ကောင်နှင့် ၁၃ ပေ ရှည်သည့် စပါးအုံးမြွေကြီးတစ်ကောင်တို့၏ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲမှုမှာ နှစ်ကောင် စလုံး ဘဝဆုံးရသည့် အဖြစ်ဖြင့် အဆုံးသတ်ရသည်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ
ပြည်နယ်၏ နွံတောများအတွင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။ စပါးအုံး မြွေကြီးမှာ မြန်မာ စပါးအုံး မြွေ ကြီးမျိုး ဖြစ်ပြီး ကြောက်စရာ ကောင်းလှသော သူ၏ ပြိုင်ဖက်ကို တစ်ကိုယ်လုံး မြိုရန် ကြိုးစား ရင်း ဝမ်းဗိုက် ကွဲထွက် သွားခဲ့ခြင်း ဖြစ်သည်။ ဧရာမ တွားသွား သတ္တဝါကြီး နှစ်ကောင် ၏ ဘဝ နိဂုံးကို ဖလော်ရီဒါ ပြည်နယ်၊ အဲဗားဂလိတ် အမျိုးသား ဥယျာဉ်အတွင်း သစ်တောစောင့် အမှု ထမ်းတို့က ရင်သပ်ရှုမော တွေ့ခဲ့ကြခြင်းဟု ဆိုသည်။ ယင်း အမှုထမ်း တို့ အဆိုအရ ဤ ဇာတိဖွား မဟုတ်သော မြန်မာ မျိုးနွယ် စပါးအုံး မြွေကြီးသည် နွံတော အတွင်း မင်းမှုနေသော မိကျောင်း ကြီး၏ ဗိုလ်မထားသည့် အနေ အထားကို စိန်ခေါ် ယှဉ်ပြိုင်ခဲ့ပုံ ပေါ်သည် ဟုဆိုသည်။ စပါးအုံး မြွေကြီး၏ ခန္ဒာကိုယ်မှာ အလည်ခေါင်မှာ ပေါက်ကွဲ နေပြီး ယင်း နေရာမှ မိကျောင်း ၏ အမြီးက ငေါထွက်လျက် ရှိသည်။ မြွေကြီး၏ ဦးခေါင်းပိုင်း မှာလည်း ပြုတ်ထွက် နေသည်။

ကြုံ တောင့်ကြုံ ခဲ ဖြစ်ရပ်မျိုးကို ယခု တောထဲတွင် မတွေ့ခဲ့ဖုးပဲ ယခုမှသာ ကြုံဖူးခြင်း ဖြစ်ကြောင်း ဖလော်ရီဒါ သဘာဝ တောရိုင်း သတ္တဝါများ ဆိုင်ရာ ပါမောက္ခ ဖရန့်ခ် မက်ဇောတီက ပြောကြား သည်ဟု အေပီ သတင်းက ဖော်ပြထားသည်။ ပါမောက္ခကြီး က ဒီနှစ်ကောင်မှာ အရွယ်ကလည်း မတိမ်း မယိမ်း ဖြစ်ပြီး စပါးအုံးက ပထမ အပိုင်ကိုင် လိုက်နိုင်ပုံ ရတယ်၊ နောက်တော့ မိကျောင်းက နိုင်ကွက် ရသွားတာ၊ သူနိုင်တယ်လို့ ဆိုနိုင်ပါတယ် ဟု ဆိုသည်။ သူက မိကျောင်း အနေဖြင့် မြွေ၏ ဗိုက်ပေါက်ထွက် သွားလောက်အောင် ကုတ်ဖြဲ လိုက်ခြင်း ဖြစ်ပုံရသည် ဟုဆိုသည်။

မိကျောင်း ကိုသာ အရမျို နိုင်ခဲ့ရင် ကျန်တဲ့ အကောင်တွေ သူ အကုန် အပြတ်ရှင်း တော့မှာပေါ့ ဟုလည်း ပြောပြသည်။ ဤ သတ္တဝါ နှစ်မျိုး တို့၏ ကြုံရခဲသော တိုက်ပွဲ လေးကြိမ် ရှိခဲ့ဖူးပြီး မိကျောင်းက နိုင်ချင်နိုင်၊ မနိုင်ပါက သရေ သဘော ဖြစ်ခဲ့သည် သာ မြင်ခဲ့ရသည်ဟု ဆိုသည်။ မြန်မာ စပါးအုံး အများစုကို ပိုင်ရှင်များက စွန့်ပစ်ခဲ့ခြင်း ဖြစ်ကာ ပူပြင်း စွတ်စိုသော ဖလော်ရီဒါ နွံများအတွင်း မျိုးပွား ခဲ့ကြသည်မှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ် ကတည်းက ဟုသိရသည်။

ူဟံသာဝတီ သတင်းဌာနမှ ကူးယူတင်ပြသည်။

3 comments

  • kopauk mandalay

    July 7, 2010 at 11:51 am

    တိရိစ္ဆာန်လောက ဆိုတာ သည်လိုပါဘဲ။
    ကြီးသူနိုင်ငယ်သူခံပေါ့။
    ယဉ်ကျေးတယ်ဆိုတဲ့ လူလောက တောင် ဒါမျိုါ်တွေနဲ့ နီးစပ်လာပြီနော်။

    Reply

  • etone

    July 8, 2010 at 3:57 am

    မြန်မာတွေသတ္တိရှိပါတယ်တွေ့တယ်မို့လား။မြန်မာစပါးအုံးမျိုးနွယ်တောင်ဒီလောက်ရဲတာ။

    Reply

  • winne

    July 16, 2010 at 5:14 am

    မြွေကလည်း ထူးထူးဆန်းဆန်း မိကျောင်းကို ဗိုလ်မထားဘူး။ နှစ်ကောင်လုံး ကြွသွားတော့ အသားစား နှစ်ကောင် ပြုတ်သွားတော့ သူတို့ အစားခံရမဲ့ အကောင်တွေ အသက်ချမ်းသာ ရတာပေါ့။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.