စကားကောင်း

မောင် ဓုဝAugust 19, 20121min06

အခုဒီဆေးကိုသောက် ဒီရောဂါအခု ပျောက်နိုင်တယ်လို့ ပြောရင် စကား

ကောင်းပါ။ အခုဒီဆေးကိုသောက် သေပြီးတဲ့နောက်မှာ ရောဂါပျောက်မယ်လို့ ပြောလာ

ရင်တော့စကားကောင်းမဟုတ်တော့ဘူး။

အခုဘဝ ချွေတာစုဆောင်း ကြိုးစားလုပ်ကိုင်ရင် အခုဘဝချမ်းသာနိုင်တယ်လို့

ပြောရင် စကားကောင်းပါ။ အခုဘဝချွေတာစုဆောင်း ကြိုးစားလုပ်ကိုင်ရင် နောက်ဘဝ

မှာချမ်းသာမယ်လို့ ပြောရင်တော့ စကားကောင်းမဟုတ်တော့ဘူး။

အဲ့ဒီလိုပဲ အခုတရားကျင့်တာဟာ အခုဘဝ ကိလေသာတွေကုန်ပြီး ငြိမ်းချမ်းတဲ့

သူ ဖြစ်အောင်လို့ပါ။ ဒါကိုသေပြီနောက် ငြိမ်းချမ်းဖို့လို့ ပြောလာရင်တော့ စကားကောင်း

လို့  ပြောလို့မဖြစ်ပါဘူး။

6 comments

  • မဟာရာဇာ အံစာတုံး

    August 19, 2012 at 1:20 pm

    ဘုရားဟောတဲ့ စကားကောင်းကတော့
    သူ နာလိုသည် ဖြစ်စေ၊
    မနာလိုသည် ဖြစ်စေ ..
    အကျိုးရှိမယ်၊ မှန်ကန်မယ် ဆိုရင်
    အဲ့ဒါ စကားကောင်းပဲတဲ့ …………. ။

    Reply

  • YE YINT HLAING

    August 19, 2012 at 4:49 pm

    လက်ရှိ ပြုမူနေထိုင်လုပ်ကိုင် ကျင့်ကြံမှု ဟာ လက်ရှိ အချိန်မှာကော နောင်တချိန်အတွက်ပါ ကောင်းမယ် ဆိုရင်တော့ အဲဒါစကားကောင်းပါ ။

    Reply

  • မောင် ဓုဝ

    August 20, 2012 at 7:27 am

    ဟုတ်ပါတယ်။ လက်ရှိ ကောင်းအောင်နေဖို့ အတွက် ကပိုပြီးအေရေးကြီးပါတယ်။လက်ရှိကောင်း အောင်မနေဘဲ နောင်အတွက်ကောင်းအောင် လုပ်နေတာမျိုးဟာ လူကိုကျော်ပြီးကြည့်လုပ်နေတာ ဖြစ်လို့ လက်ရှိဘဝနဲ့ကင်းကွာနေတတ်ပါတယ်။လက်ရှိကောင်းအောင်နေရင် နောင်ဘဝရှိတယ်ဆိုလဲ ကောင်းနေမှာပါပဲ။

    Reply

  • Sonny

    August 20, 2012 at 8:10 am

    မောင်ဓုဝရေ
    ဆရာလုပ်တယ်လို့မထင်ပါနဲ့နော်
    သိတာလေးဝင်ဆွေးနွေးတာပါ
    ဘုရားဂုဏ်တော်လေးထဲက
    “သုဂတော” ဆိုတာ ကောင်းသောစကား ဟုတ်သောစကား နှစ်ဖက်အကျိူးရှိသောစကားကိုသာ
    ဆိုသောမြတ်စွာဘုရားတဲ့
    နောက်ဘုရားရဲ့လက္ခဏာတော်ကြီး ၃၂ နှစ်ပါး လက်က္ခဏာတော်လေး ၁၀၈ ပါးရှိပါတယ်။
    အဲဒီအထဲက ဒီပို့စ် လေးကိုဆွေးနွေးဖို့တိုက်ဆိုင်လာတာက တော့
    ဘုရားက သုဂတော နဲ့ညီအောင်စကားတွေကို ကျင့်ကြံပြောဆိုခဲ့တယ် မတည့်သေားသူတွေ တည့်အောင်
    ညိ့ပေးနိုင်ခဲ့တယ် ဂုံးဘယ်တော့မှ မချောခဲ့ဘူးတဲ့။ အဲ အကျိူးကတော့ တို့ဘုရားရဲ့ သွားတော်တွေဟာ
    ဖြူဖွေးပြီ စီစီရီရီ နဲ့ ညီညာလှပါနေတယ်တဲ့။ Formal ပြောရရင်တော့ ကြည်ညိဘွယ်ပေါ့။
    အင်းပြောရင်းနဲ့ ဟာသနော်….တွေးမိတယ်…အဆိုတော်ဒေါ်မာမာအေးတို့ ချောဆုခင်တို့ ကိုငှက်ကြီး တို့ လေးဖြူတို့ဆိုရင် ဟိုအရင်ဘဝ က သုဂတော နဲ့ မညီခဲ့လို့ ဖြစ်မယ်ထင်တယ်နော်…..စကားမစပ် သူတို့တွေ ဟာ ငဆန်နီ ရဲ့
    အကြိုက်ဆုံးအဆိုတော်တွေနော်….
    ကျန်းမာပါစေ
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

    Reply

  • မောင် ဓုဝ

    August 20, 2012 at 8:55 am

    ဟုတ်ပါတယ်။သွားကလေးတွေစီနေတဲ့သူလေးတွေအများကြီးတွေ့ဘူးပါတယ်။သွာကလေးမညီနေတဲ့သူတွေလည်းတွေ့ဘူးပါတယ်။ဒါတွေကို ရှေးအတိတ်ကံကြောင့်လိုယူရင်၊တန်ခိုးရှင်ဖန်ဆင်းရှင်ကြောင့်လို့ယူရင် ၊အကြောင်းမရှိဘူးလို့ယူရင် အမှားတွေပဲလို့ ဆိုတာကြားဘူးပါတယ်။အဲ့ဒီအကြောင်းကို သိပ္ပံပညာရှင်တွေကပိုပြီးတော့သိမယ်လို့တော့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

    Reply

  • si tone

    August 20, 2012 at 11:33 am

    အဲဒါအရမ်းမှန်တဲ့ စကားပဲ……

    Reply

Leave a Reply

Your email address will not be published.