ရန်ကင်းတောင်

MandalayTharAugust 14, 20121min06

ရန်ကင်းတောင်နဲ့ ရေစက်ကို ပါတာလို့ဘဲပြောရမှာဘဲ…

ငယ်ငယ်တုန်းက မန္တလေးနဲ့ နီးနေတော့ မန္တလေးတောင်ကို တကူးတက မသွားဖြစ်ဘူး။ ဒါပေမဲ့လည်း ရန်ကင်းတောင်ကျတော့ အောင်ပင်လယ် လယ်ပြင်ကြီးကို ဖြတ်ပြီး တကူးတကသွားဖြစ်လို့လားမသိဘူး။ နှစ်စဉ်နွေရာသီကျောင်းပိတ်လို့ ကျောင်းဖွင့်ခါနီးဆို အမြဲလိုလို အိမ်ကလိုက်ပို့ပြီး သွားဖြစ်ကြတယ်။ သွားတိုင်းလည်း တိုက်ဆိုင်လို့လား မသိဘူး အမြဲမိုးရွာတယ်။ တောင်ပေါ်ကနေ ကြည့်လိုက်ရင် စိမ်းနေတဲ့ အောင်ပင်လယ် လယ်ကွင်းတွေ ပေါ်မှာ မိုးတွေကွက်ပြီး ရွာနေတဲ့ ရှုခင်းတွေက ဒီနေ့အထိ အမှတ်ရနေခဲ့တယ်။

အိမ်က လူကြီးတွေက နှစ်စဉ်နွေရာသီဆို တနေရာမဟုတ်တနေရာပို့ပေးတယ်။ နေ့ချင်းပြန်တွေပေါ့။ ကျောက်ဆည် ကျောက်သင်္ဘောတို့၊ မုံရွာ ဘောဒိတစ်ထောင်တို့၊ စစ်ကိုင်းတို့၊ မင်းကွန်းတို့၊ အင်းဝတို့ တနေရာမဟုတ်တနေရာ ပို့ပေးတယ်။ ဝမ်းကွဲ ညီအစ်ကိုတွေ တသိုက်နဲ့ သွားခဲ့တဲ့ မိသားစု ပျော်ပွဲစားလေးပေါ့။ အနည်းဆုံး ဒီတနှစ်မပို့ဖြစ်ဘူးဆိုရင် ကျောင်ဖွင့်ခါနီး တစ်ပတ်လောက် အလိုကျမှ ရန်ကင်းတောင်လေးတော့ ရောက်အောင်ပို့ဖြစ်တယ်။ သွားမဲ့နေ့ မတိုင်ခင် ညနေမှ ကြက်သား အာလူးနဲ့ ရော်ထားတဲ့ ဟင်းကိုချက် မနက်ကျ ထမင်းဂျိုင့်ထဲ ထမင်းတွေထည့်၊ သရက်ချဉ်သုပ်၊ ငရုပ်သီးဘာလချောင်ကျော်နဲ့ ကုလားပဲနှပ်တွေက ပုံမှန်ဟင်းတွေဘဲ။

ပြောချင်တာက ရန်ကင်းတောင်အကြောင်း…
ငယ်ငယ်တုန်းက ရန်ကင်းတောင်ကို သိပ်တတ်ကြတဲ့သူ မရှိသေးဘဲ။ အခုလို မစည်ကားသေးဘူးပေါ့။ ကားလမ်းလည်း မပေါက်သေးတော့။ တတ်ရင် အခု မုတ်ဦးကြီးရှိတဲ့ တောင်ခြေမတ်မတ်ကြီးက စတတ်ရတယ်။ အရင်တုန်းက အခုလို မုတ်ဦးကြီးလည်း မရှိသေးဘူးဗျာ။ တတ်တတ်ချင်း မတ်မတ်ကြီးကို စတတ်ရတာ။ အဲဒီမှာတင် လူကို မောရော်ဗျာ။ ငယ်ငယ်က ဒီ ရန်ကင်းတောင်က မန္တလေးတောင်ထက် ပိုမြင့်တယ်ထင်တာ။ တကယ်တော့ မန္တလေးတောင်ဟာ ရန်ကင်းတောင်ထက်ပို့မြင့်ပါတယ်။

တောင်ပေါ်ကို ရောက်ရင် ဆောင်းတန်းတလျှောက် လိုက်သွားရင် ခိုမင်းဘုရား၊ ကျေးမင်းဘုရား၊ ကြက်မင်းဘုရား၊ ကျွဲမင်းဘုရား၊ နွားမင်းဘုရား၊ ပူးမင်းဘုရား စတဲ့ ဘုရားတွေကို သွားပြီးမှာ ငရံမင်းလိုဏ်ဂူကိုရောက်တယ်။ ငရံမင်းလိုဏ်ဂူက ဘုရားမင်း ငရံ့မင်းဘဝတုန်းက နေခဲ့တဲ့ လိုဏ်ဂူလို့ပြောတာဘဲ။ သဘာဝလိုဏ်ကြီးလို ဖြစ်နေပြီး အောက်လိုဏ်တွင်းအနက်ထဲဆင်းသွားရတာ။ အပေါ်မှာ အပင်တွေဘာတွေပေါက်နေတော့။ အထဲရောက်ရင် ရေဓါတ်နဲ့ဆိုတော့ အေးနေဘဲ။

လိုဏ်ဂူဆိုတော့ အခြားဘက် အပေါက်ကနေ ပြန်ထွက်လို့ရတယ်။ အဲဒီကနေ ဆက်သွားရင် ဆုတောင်းပြည့်ဘုရားကို ရောက်ပြီး အဆင်းစောင်းတန်းဘက်ရောက်သွားတယ်။ အခုတော့ ကားလမ်းက အဲဒီ အဆင်းလမ်းဘက်ကနေ တတ်ရတယ်။ ဟိုတလောဆီက ရန်ကင်းတောင်ဘက်ရောက်တော့ နဂါးရုံ ဘုရားတွေဘာတွေ အသစ်ထပ်တိုးလာတယ်။ ရှမ်းတောင်တန်းကြီး နောက်ခံထားပြီး သပ္ပယ်တဲ့ နဂါးရုံဘုရားကြီးကတော့ အတော့ကို ကြည်ညိုဖို့ကောင်းပါတယ်။

ရန်ကင်းတောင် အကြောင်းက မန္တလေးသားတွေကတော့ ရောက်ဘူးနေကြမို့လို့ သိပ်မထူးပေမဲ့။ မရောက်ဘူးတဲ့ သူတွေအတွက်နဲ့ မန္တလေးအလွမ်းပြေနဲ့ ဒီပို့စ်ကို လက်သွေးကြည့်လိုက်တာဗျာ။

 

6 comments

  • ko khin kha

    August 14, 2012 at 8:59 pm

    ရန်ကင်းတောင်က တကယ့်တော တောင်ရိပ်လေး လိုပါဘဲ၊ သာယာပါတယ်။
    မန်းရောက်ရင် လိုက်ပို့ပေးချင်စမ်းပါဘိ ရွာသူ/သားတို့။

    Reply

  • shwe kyi

    August 15, 2012 at 11:09 am

    လေးခင်ခ လာဖြစ်ရင်တကယ်လိုက်ပို့ပေးပါနော်။
    ရန်ကင်းတောင်မရောက်ဖူးဘူးဗျ။ မန်းလေးသားတွေကတော့ပိုင်ပ မန်းလေးတောင်၊ ရန်ကင်းတောင်၊
    စစ်ကိုင်းတောင် စုံလို့ပဲ။

    Reply

  • မောင်ပေ

    August 15, 2012 at 11:15 am

    ငါးရံ့မင်းရုပ်တွေအနားမှာ ဂူပေါက်တွေရှိတယ်
    ဝင်သွားရင် ပုဂံအထိရောက်မယ်ဆိုလား
    ပြောသံကြားဖူးတာပါ

    Reply

  • kyeemite

    August 15, 2012 at 11:18 am

    ရန်ကင်းတောင်အကြောင်းလေးနဲ့ ဓါတ်ပုံလေးတွေကြည့်သွားပါတယ်..
    တစ်ခုလေးပဲပြောစရာရှိတယ်…“တက်” အစား “တတ်” တွေဖြစ်နေတယ်ဗျို့..

    Reply

  • mocho

    August 15, 2012 at 1:51 pm

    ရန်ကင်းတောင်လည်းရာက်ဖူးချင်တယ်။ ချိုင့် ထဲက ထမင်းဟင်း တွေလည်း စားချင်တယ်။ ဗိုက်ဆာနေပါတယ် ဆိုမှ အစား အသောက် ပါတဲ့ ပိုစ့် ဖတ်မိတယ်။

    Reply

  • ko khin kha

    August 15, 2012 at 3:17 pm

    မရွှေကြည်ရေ လာဖြစ်ရင်သာပြောဗျာ တကယ်ပို့ပါတယ်။
    မန်းနေသူတွေက ဧည့်ဝတ်ကျေတတ်ပဗျာ။

    Reply

Leave a Reply to shwe kyi Cancel Reply

Your email address will not be published.