ဖားဥစွဲခြင်း

yanayeAugust 14, 20121min02

ဖားဥစွဲခြင်း

ငါ့တစ်ကိုယ်လုံး ဖားဥစွဲနေတယ်
အသွေးအသားထဲ အကြောအချဉ်ထဲ
လုံးသားထဲ ဦးနှောက်ထဲ
အိပ်မက်ထဲ အတွေးတွေထဲ
အရာအားလုံးမှာပါ………………………………..
ငရဲကိုဖက်တွယ်ထားတဲ့
တက်ကြွမှုအားမာန်နဲ့
ပျက်စီးနေတဲ့ဘဝ
တစိမ့်စိမ့်သွေးထွက်ဆဲ
နှလုံးသားဒဏ်ရာ
ငါ မိုး ရွာထဲ ရောက်ခဲ့တာလား
မိုး ငါ့ကိုခလုပ်တိုက်လိုက်လား
ထန်းသီးကြွေခိုက် ကျီးနင်းလိုက်လား
တွးကြည့်ဖို့ စိတ်ကူးမိမှ
စဉ်းစားဉာဏ်ပါ
ဖားဥစွဲနေတယ်။ ။

2 comments

Leave a Reply

Your email address will not be published.