ဘာမှန်းသိဘူး ..

အချစ်ငှက်လေးများ တွေ့မလားလို့ ..
ကောင်းကင်ကို မော့ကြည့်တော့
လဒ တစ်ကောင် စပ်ဖြဲဖြဲနဲ့ ရယ်ပြတယ်..

လမ်းများဆုံးပြီလားလို့ ..
ဘယ်ဟုတ်မလဲ .. အောက်ဆုံးကို ရောက်နေတာ ..
ငါ .. တကတည်းပဲ .. ပြန်တက် ပြန်တက် ..။

မီးခလုတ် ကောက်ဖွင့်လိုက်တော့ ..
ဖယောင်းတိုင်မီးက ကောင်ပွင့်လာတယ်..
လူကြီးတစ်ယောက်က ဖယောင်းတိုင်နဲ့ ထမင်းချက်ခိုင်းတယ် ..
ဒါနဲ့ .. ထမင်းပန်ကန်ပြင်ပြီးစောင့်နေမိတယ် ..
အခုထိ ငါ့ရှေ့မှာ ..
အနှစ်သာရမရှိတဲ့ ပန်းကန်ကြီးပဲ ရှိတယ်..။ ( ကြာတာကွာ )

ဂစ်တာ တစ်လက် ကောက်ကိုင်လိုက်တယ်..
သေနတ်တစ်လက် ဖြစ်နေတယ် ..
အဲဒါနဲ့ မောင်းချိန်လိုက်တော့ လေပူပေါင်းကြီး ဖြစ်သွားတယ်..
အဲဒါနဲ့ လေတွေကုန်အောင် ဖောက်ထုတ်လိုက်တယ်..
တစ်ကတည်း .. ကုန်မကုန်နိုင်အောင်
လေပူပေါင်းက ပိုတောင် ကြီးလာသေးတယ်.. ။
စပါးနှံ ကိုက်ထားတဲ့ ဌက်လေးတောင် ညောင်းလို့တဲ့
စပါးနှံကို ပစ်ချလိုက်တာ ..
လယ်ကွက်ထဲမှာ စက်ရုံတွေ ဖြစ်ကုန်တယ် ..
လက်သီးဆုပ်တွေ ဘယ်လောက် ပြပြ ..
အတ္တသားကောင်တွေ အမြဲ အနိုင်ရနေတယ် ..
ခုံရုံက ကျမ်းကျိန်လွှာ .. ဘယ်အခါ ပြန်ရှင်လိမ့်မလဲ ..။

တစ်ဇောက်ကန်း

 

5 comments

  • captainamerica

    August 12, 2012 at 10:28 pm

    မို်က်တယ် သူငယ်ချင်း ကဗျာကို ကဗျာလိုပဲခံစားပီး ကဗျာနှလုံးသားနဲ.တွေးသာွးတယ်

    Reply

  • ko khin kha

    August 12, 2012 at 10:33 pm

    တစ်ဇောက်ကန်းသူတွေ တစ်ဇွတ်ထိုးလုပ်မှတော့ ဒီလိုဖြစ်ပြီပေါ့။

    Reply

  • aye.kk

    August 13, 2012 at 7:56 am

    ကျမ်းစူးမှာကြောက်လို ့၊ဘာမှမရေးထားတဲ့ကျမ်းကိုကိုင်ပြီးကျိန်နေကြတာ။
    ခုံမသမာဓိလူကြီးတဦးကပြောပြတာပါဘဲ။ရဲရဲဆိုရဲရဲပြောဘာမှမဖြစ်ဘူးတဲ့။
    အထဲမှာဘာမှကိုမရေးထားဘူးတဲ့။အတုကြီးတဲ့။အစစ်ကသိမ်းထားတာကြာပြီဆိုပဲ။။
    အစစ်ကတော့ထိမှာကြောက်လို ့နှစ်ခုလုပ်ထားတယ်တဲ့လေ။။

    Reply

  • ဥဥ

    August 16, 2012 at 5:15 pm

    ဘာမှန်းသိချင်ရင် ပြောပြရမလား 😎

    Reply

Leave a Reply to aye.kk Cancel Reply

Your email address will not be published.