……. ဇာတ်ခုံကြားက…မုသားသစ္စာ …….

tharli karAugust 12, 20122min02

ဘဝ…

တစ်ခါ…

တစ်ခဏတာ……။

နေရာမှန်…မာန

အတ္တ…ဆိုစေက…ဆို

လိုရင်သာ လိုနေလိမ့်မပေါ့…….တဲ့…….။

အဲ့သလို…ခပ်ဖေါ့ဖေါ.့…အတွေးနဲ့

လောကအလယ် ဆော့ကစားရင်း

သက်ပြင်းသံ…အကြိမ်ကြိမ်

သိမ်ငယ်မှု…အခါခါ

ပျော်စရာ…အဆက်ဆက်

မက်စရာ…အဖုံဖုံ

ယုံစရာ….ခပ်များများ…မှာ

သွားရင်း..မျှော်လင့်

ထိုင်းရင်း…တောင့်တ

ကြောင့်ကျရင်းလည်း …. ကျေနပ်နေခဲ့လိုက်တာ…။

ငါ………..လေ…….

ခုတော့………..

တွယ်တာခဲ့တဲ့….မာန

(ကိုယ်တိုင်) ခဝါချလိုက်ချင်ပေမယ့်

(ကိုယ်တိုင်ပဲ)..မတတ်သာခဲ့……။

ခုလည်း….ကြည့်

အသိမှောက်စွာ…

မြှောက်တာနဲ့ကြုံရင်

မှုန်နေအောင် ‘ က ’ ချင်သလို

ပင့်သာ….ပေးလို့ကတော့

‘ ဟင့် ’ ကနဲနေအောင်..ထောင်ချင်နေသေးတဲ့…..လက်မတွေ…..။

ဆိုတော့……

အမောင်…သာလိကာရေ

( ဗျာ)

လောကဇာတ်ခုံမှာ

ပျော်လိုက်စမ်း…တစ်ခါ

ငိုလိုက်စမ်း…ဟဲ့….တစ်လှည့်ကို

ဒဲ့..တစ်မျိုး…တွတ်..တစ်သွယ်

ဒီလိုရယ်…. ရှိခဲ့တာပဲ……လေ….။

ဒါပေမယ့်…….

မင်းရွေးမယ့်…လမ်း

မင်းလှမ်းရာဝယ်….မှာ

ငါရယ်…

သူတစ်ပါးရယ်

ယောက်ကျားရယ်

မိန်းမရယ်….ရှိနေကြသကွဲ့……။

!….ကွယ်……..

ကိုယ့်အထုတ်…ကိုယ်နင်း

……ရတယ်…….

သူများအရှုပ်….ဝင်ရှင်း

ရချင်ရမယ်………

မရချင်မရဘူး……

ထူးချင်ထူးမယ်…ရူးချင်ရူးမယ်

မှတ်ထား…..ကွယ်…….နော်…….။

….. အော်….ပြောဖို့ မေ့သွား…

မင်း..မာန…ကိုတော့

ဖော်ချင်ဖော်….လျော်ချင်လျော်…

အတ္တတော့…မဖက်နဲ့…

ငဲ့ကွက်စိတ်ကလေးဆိုတာ…

ထားကောင်းတယ်ကွဲ့……..…။

ဒီလိုနဲ့………..

ဟုတ်ကဲ့….

ဟုတ်ကဲ့….

ဟုတ်ကဲ့………ပါ…..။

(သာလိကာ….ရင်ဘတ်မှ…အန်ထွက်သည်)

2 comments

Leave a Reply to အတိသဉ္ဖာ နာဂရချစ်သူ Cancel Reply

Your email address will not be published.