သက်ပြင်းချမိတဲ့သတင်း

ကို သာAugust 11, 20121min07

စပ်မျိုးစပါးသည် စပါးစိုက်ပျိုး ထုတ်လုပ်ရေးအတွက် ဆောင်ရွက် ရမည်ဖြစ်သော်လည်း စနစ်တကျ စမ်းသပ်မှု မလုပ်ဘဲ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မသင့်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးလည်းဖြစ်သူ အ မျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးကပြောသည်။
စပ်မျိုးစပါးတွင် မျိုးစေ့အ ရည်အသွေး၊ ဒေသအလိုက်ရော ဂါ၊ ပိုးမွှားကာကွယ်နှိမ်နင်းမှု၊ ရေ မြေနှင့် ရာသီဥတု၊ တည်ငြိမ်သည့် အထွက်နှုန်း၊ တောင်သူတွက်ခြေကိုက်မှု၊
ပြည်တွင်းပြည်ပ ဈေး ကွက် ရောင်းတန်းဝင်မှု စသည့် အခြေအနေများနှင့် ကိုက်ညီမှုရှိ မရှိ စနစ်တကျ စမ်းသပ်မှုများ ဆောင်ရွက်သင့်ကြောင်း နေပြည် တော် ခရိုင်စိုက်ပျိုးရေးမန်နေဂျာ အဖြစ်ပါ ဆောင်ရွက်ခဲ့သည့် ၎င်းက အမျိုးသားလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
”စိုက်ပျိုးရေးမှာ မြေမှန်၊ မျိုး မှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ဆိုသော ဆောင်ပုဒ်ရှိပါတယ်။ မိုးစပါးကို စက်တင်ဘာ ၁၅ ရက် ထက် နောက်ကျမစိုက်တို့ဆိုတာ ပညာရှင်တိုင်း သတိထားပါတယ်။ တာဝန်ရှိသူတစ်ဦးက ဇွတ်စိုက် ခိုင်းတဲ့အတွက် ကောင်းပါတယ် ဆိုတဲ့ စပါးမျိုးဟာ တင်း ၂ဝ မှ ၅ဝ သာ ထွက်ခဲ့တာ နေပြည်တော်ဒေသမှာ မနှစ်က ကြုံတွေ့ကြရပြီး ဖြစ်ပါတယ်”ဟူ၍ ဦးမှတ်ကြီးက ဆွေးနွေးပြောဆိုသည်။
နေပြည်တော်တွင် ရှေ့ပြေး စီမံချက်အနေဖြင့် ပြီးခဲ့သည့်နှစ် ကတည်းက စတင်ခဲ့ပြီး အခြား ဒေသများသို့ပါ ပျံ့နှံ့စေရန် ဆောင်ရွက်လျက်ရှိသော ယင်းစပါးမျိုးကို စိုက်ပျိုးလိုသည့် ပဲခူးတိုင်းဒေသကြီးမှ လယ်သမားတစ်ဦးဖြစ်သူ ကိုတင်ထွန်းက ”ရုပ်မြင်သံကြားမှာတွေ့လို့ အလျင်လိုရွာကို လာစုံစမ်းတာ။ ဧက ၃ဝ လောက်စိုက်တဲ့ လယ်သမားကြီးက ပြောတယ်။ မစိုက်ချင်နဲ့တဲ့။ ငါတို့က နှစ်သိန်းကို အတိုးမပါဘဲရတယ်။ လေးသိန်းဈေးဆိုတဲ့ အာမခံလည်းရှိတယ်။ ဒီဟာစိုက်ရင် ရေကော၊နည်းကော၊
ရိတ်တာ သိမ်းတာကောရလို့ စိုက်တာတဲ့”ဟူ၍ ၎င်း၏ စုံစမ်းသိရှိမှုကို ပြန်လည်ပြောဆိုသည်။
နေပြည်တော်ဒေသခံ ဆန် စက်လုပ်ငန်းရှင် ကိုနေစိုးကလည်း ”ပြောသာပြောနေတာ။ တင်း ၂၀ဝ တကယ်ထွက်တယ်ဆိုတာ မကြားသေးဘူး။ တကယ်သာ ထွက်ရင် ကျွန်တော်တို့လို ပွဲစားကုန်သည်တွေ၊ ခင်ဗျားတို့လို မီဒီ ယာတွေ၊ လယ်သမားတွေကို ခေါ် ပြီး ရှေ့မှာတင် ရိတ်သိမ်းပြလိုက်ပေါ့။ နောက်ပြီး ဝယ်တဲ့ကုမ္ပဏီ တွေ လာဦးမယ်သာပြောတာ လောလောဆယ်ထိတော့ ဒီကုမ္ပဏီတစ်ခုကပဲ ဝယ်နေတာတွေ့တယ်”ဟူ၍လည်း ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

ဒီသတင်းလေးဖတ်ပြီး သက်ပြင်းရှည်ချမိပါရဲ.။မဆလ ခေတ်က ဦးမာဃ ကိုလည်းပြေးပြီးသတိရမိပါရဲ.။သူကတစ်ဧက တင်း ၃၀ဝ ကျော်ထွက်ပြပြီး အဲဒီခေတ်က အမတ်ဖြစ်သွားဖူးတယ်လေ။ဦးမြင့်လှိုင်ရဲ.သမိုင်းကရော။TV ထဲမှာ နေ.တိုင်းအရမ်းအလုပ်လုပ်တဲ့ပြည်ထောင်စုဝန်ကြီးဆိုတော့လေ။

7 comments

  • ရွှေတိုး

    August 11, 2012 at 3:31 pm

    ဘာပြောရမလဲ မသိတော့လို ့သက်ပြင်းပဲဝင်ချသွားတယ်နော်. ့

    Reply

  • laypai

    August 11, 2012 at 5:24 pm

    စပ်မျိုး စပါး နာမည် က ဘာမျိုးလဲ။
    နာမည်တောင် မပေးရသေးတဲ့ စပ်မျိုး စပါး က ရှိသေးတာလား။
    မြန်မာ မျိုးရင်း အသက် အငယ် ဆုံးက နှံကား မျိုး လေ။ ရွှေဝါထွန်း လဲ စပ်လဲ စပ်မျိုး ပဲ။ ထွန်းနဲ့ ဆုံးတဲ့ မပါးနာမည် အား လုံး စပ် မျိုးတွေ။ နောက် စပ်မျိုး ဆင်း၁ ဆင်း၂ လုံးသွယ် ဆို ပြီး အမျိုးမျိုး ပေါ် တယ်။

    Reply

  • ko win

    August 11, 2012 at 6:36 pm

    အင်း…အနော်လည်း သက်ပြင်းချသွားပါတယ်။

    Reply

  • နေ ့သစ်/ ဘဝသစ်

    August 11, 2012 at 8:20 pm

    ဘာမှလက်တွေ့မလုပ်ဘူးတဲ့ လူတွေက ဆရာကြီးလုပ်
    တကယ်ခံစားလိုက်ရတာကလယ်သမား
    သက်မဝင်ချသွားပါတယ်။ဟင်းးးးးရှုးးးးးးးးး

    Reply

  • နေ ့သစ်၊ဘဝသစ်လဲ လယ်စိုက်ဖူးတယ်ထင်ပါတယ်။စာရွက်ပေါ်မှာတော့
    စံချိန်တွေကျိုးပါလေ့ဗျားးးးးးးးးး

    Reply

  • ဝေးလွင့်တိမ်

    August 13, 2012 at 8:52 pm

    စပါးတဲ့ .. စ လိုက်တာနဲ့ ပါး ကရောပဲ

    Reply

  • ကိုသင်း

    August 15, 2012 at 9:14 am

    မဆလ ခေတ်တည်းက ရှိလာတဲ့ ဆိုးမွေ တစ်ခုပဲ။

    Reply

Leave a Reply to အတိသဉ္ဖာ နာဂရချစ်သူ Cancel Reply

Your email address will not be published.