ဘာအလုပ် လုပ်လုပ် မအောင်မြင်ပဲဖြစ်နေသလား? (ဗုဒ္ဓစကား)

koyin sithuAugust 9, 20121min020

အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
“အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။

လူငယ်တစ်ဦးမှ ဗုဒ္ဓမြတ်စွာဘုရားအား ဘာအလုပ်လုပ် မအောင်မြင်သည့်
အကြောင်းတရား မေးနေသည့်ပုံ…

“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။

ထိုခုနှစ်မျိုးမှာ …

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း – အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း – အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း – စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း – ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း – ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း – လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း – မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။မည်သူမဆို ဤအလှူဒါန
ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

 

(ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်ကို နားကြားရသူကား ဘုန်းတန်ခိုးကြီးပေစွတကား)

Translate  ~ from World Of Wisdom

20 comments

  • ကိုရင်စည်သူ

    August 9, 2012 at 6:30 pm

    ဒီနေ့ မနက်တင် သင်္ဘောပေါ်မှာ နားနေခန်းမှာ ဆေးလိပ်ခဲရင်း
    ကိုရင်က မူဆလင် အီဂျစ်တစ်ကောင်နဲ့ မြန်မာသံရုံးအလံဆွဲချခံရတဲ့ ကိစ္စကနေ ဟိုပြောဒီပြောရင်းက
    ဘာသာရေးအကြောင်းဆွေးနွေးရင်နဲ့ ကွိုင်ထတက်ကုန်ကော…
    ဗုဒ္ဓဘာသာအကြောင်းသေချာမသိပဲနဲ့ မင်းတို့ ဘုရားက ဘုရားမဟုတ်ဘူး
    တမန်တော်ပဲ ကန်တော့စရာမလိုဘူးလာလုပ်တယ်။
    ငါတို့လည်း တမန်တော် မိုဟာမက်ကို မကန်တော့ဘူး ထာဝရဘုရားသခင်ကိုပဲ ကန့်တော့တာတဲ့။
    မင်းတို့ ဗုဒ္ဓကဘုရားမဟုတ်ဘူး Messenger လို့ လာပွားနေတာ…
    ကိုရင်က မဟုတ်ဘူး (Universal Truth)နှင့် ဗုဒ္ဓက ဓမ္မလမ်းစဉ်အကြောင်း ပြန်ရှင်းပြ …
    ပြောရင်းပြောရင်းနဲ့ လနွားက ပေကပ်ပြီး လာငြင်းနေလို့ တင်းလာပြီး စကားသံကျယ်လာတော့
    ခရစ်ယာန်ဖားတစ်ကောင်က အားလုံး ကောင်းကင်ကို ဦးတည်ကြတာပါပွဲကွာလို့ ထိန်းမပြောတော့မှ
    မဟုတ်သော်လည်း စိတ်လျော့ပလိုက်ရတယ်…။ 🙁 🙁
    မလျော့လို့လည်း မရဘူး သင်္ဘောပေါ်မှာ မူစ်နဲ့ ခရစ်ယာန်တွေချည်းပဲ
    မီးများ မီးနိုင် ရေများရေနိုင်ဆိုတာ ဒါလားပဲ… 😳 😳
    အခု ပါလာတဲ့ ဗုဒ္ဓအဆုံးအမတွေ ပြန်ဖတ်ရင်း ဒေါသဖြေပြီး ဒီပို့စ်ကိုတင်လိုက်တာပါဗျာ…

    Reply

  • မောင်ပေ

    August 9, 2012 at 7:57 pm

    ဝမရှိပဲ ဝိမလုပ်တဲ့ ကိုရင်ရေ အလှူဒါန ရမျိုးအကြောင်းကို ရှင်းပြပေးလို ့သာဓုသုံးကြိမ်ခေါ်ရင်း သေချာမှတ်သွားပါတယ်
    ခင်တဲ့
    ပေ

    Reply

  • အလင်းဆက်

    August 9, 2012 at 7:58 pm

    ကျေးဇူးပါပဲ.ဗျာ။ ဒါမျိုး..ပိုစ့်လေး.တွေ ့ရတာ ကြည်နူးမိတယ် ။

    Reply

  • Moe Z

    August 9, 2012 at 8:38 pm

    ကိုရင်စည်သွပ်ရေ သာဓုခေါ်ပြီး လက်မထောင်သွားပါတယ်…

    Reply

  • garuda

    August 9, 2012 at 10:01 pm

    ဒီပို့စ်အတွက် ကျေးဇူး တင်ပါတယ်။

    Reply

  • padonmar

    August 9, 2012 at 10:06 pm

    သာဓုပါ ကိုရင် ရေ
    ဘာသာရေးဆိုတာ ကျင့်ကြံဖို့ပါ။
    ငြင်းခုန်ဖို့ မဟုတ်ပါ ကိုရင်။

    Reply

  • အတိသဌ္ဇနာဂရ

    August 9, 2012 at 10:27 pm

    ၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း – အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
    ၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း – အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
    ၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း – စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
    ၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း – ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
    ၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း – ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊
    ၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း – လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
    ၇။ နေအိမ်အလှူဒါနပြုခြင်း – မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။မည်သူမဆို ဤအလှူဒါန
    ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

    Reply

  • MaMa

    August 9, 2012 at 10:41 pm

    ကောင်းပါလေ့ ကိုရင်ရေ။
    မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အလွယ်တကူ အောင်မြင်ရေးနည်းလမ်းတွေ ရှိတယ်ဆိုတာ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ခုမှပဲ သိရလို့ ကျေးဇူးအထူးတင်မိပါရဲ့။
    လိုက်နာကျင့်သုံးနိုင်ရန် ကြိုးစားပါဦးမည်။

    ကိုရင်လည်း အခုလို မျှဝေရသော ကုသိုလ်ကြောင့် ဘေးမသီ ရန်မခပဲ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ [:)]

    Reply

  • aye.kk

    August 10, 2012 at 6:43 am

    ကိုရင်ရေ……။
    ကျေးဇူးပါ။
    မှတ်သားနာယူဖွယ်ရာများပါဘဲ။

    Reply

  • kyeemite

    August 10, 2012 at 8:40 am

    ကရင်စည်သူ့ ပို့စ်လေးအတွက် လက်မတစ်ချောင်းပါဗျို့…
    အင်မတန်ကောင်းပီးလိုက်နာသင့်တဲ့ တရားအဆုံးအမပါ..
    သဘောင်္ပေါ်လိုနေရာမျိုးမှာ ဘာသာရေးလူမျိုးရေး
    မဆွေးနွေးတာကောင်းပါတယ်ဗျာ..တစ်ချို့ကအစွန်းရောက်တယ်ဗျ..
    အန္တရာယ်ရှိလို့သတိပေးတာပါ..

    Reply

  • we R one

    August 10, 2012 at 9:12 am

    အလှူပေး သူဌေးဖြစ် ဆိုသလို ပေါ့…။
    မရှိလို့မလှူ မလှူလို့ မရှိ..။

    Reply

  • ကြောင်ကြီး

    August 10, 2012 at 10:03 am

    ဘာသာရေး၊ နိုင်ငံရေးကို ကိုယ်မကျွမ်းဝင်တဲ့ အုပ်စုနေရာဒေသမှာ မဆွေးနွေးတာ အကောင်းဆုံးပဲ ကိုစည်သွပ်ရေ။ သူရောကိုယ်ပါ အကျိုးယုတ်စေတတ်တယ်။ သင်္ဘောပေါ်လို အန္တရာယ်များတဲ့နေရာမျိုးမှာ အသက်ကို ညဏ်စောင့်၏…။

    Reply

  • etone

    August 10, 2012 at 10:11 am

    ကရင်စည်ပြောမှပဲ …ခက်ခက်ခဲခဲအလှူမျိုးမဟုတ်ပဲ … နေရာဒေသ အချိန်မရွေး တနိုင်လှူလို့ ရတဲ့ အလှူတွေရှိတာ သိရတော့တယ် ။ ဒီပို့စ်လေးအတွက် လက်မထောင် အားပေးပါတယ်နော် … ။

    Reply

  • eipu

    August 10, 2012 at 11:02 am

    မရှိလို့မလှု၊ မလှုလို့မရှိ
    အားပေးသွားပါသည်

    Reply

  • Wow

    August 10, 2012 at 12:20 pm

    ဘုရားစကားက တန်ဖိုးရှိလိုက်တာ။ မှတ်သားသွားပါတယ်ကရင်စည်ရေ…

    Reply

  • pooch

    August 10, 2012 at 1:36 pm

    ကိုရင်ရေ အသက်ကို ဉာဏ်စောင့်တယ်။ တိတ်တိတ်နေ ထောင်တန်တယ်တဲ့။ သတိထားပါဗျို့။

    Reply

  • mayjuly

    August 10, 2012 at 4:34 pm

    မှတ်သားသင့်တဲ့ ပိုစ့်လေးပါဗျာ …. ရှဲရှဲ

    Reply

  • ရွှေတိုး

    August 10, 2012 at 9:40 pm

    ကိုရင်ရေ မှတ်သားစရာကောင်းတဲ့ပိုစ့်လေးအတွက်ကျေးဇူးပါနော်
    သဘောင်္ပေါ်မှာဆိုတော့ အပြောအဆိုလေးဂရုစိုက်စေချင်ပါတယ်။စိတ်ပူလို ့ပါ ကိုရင်ရေ…..
    မေးကြည့်ချင်တာကလေ ခုခေတ်မော်ဒယ်မလေးတွေ အရမ်းလှူကြတဲ့ ပိုက်ပိုက်မကုန်တဲ့ ခေတ်မှီတဲ့ အလှူမျိုးကရော ကုသိုလ်အားကြီးရပါ့မလားဟင်

    Reply

  • ကိုရင်စည်သူ

    August 11, 2012 at 11:53 am

    ဖတ်ရူ့အားပေးပြီး ကိုရင့်အတွက် စိတ်ပူပေးသော သဂျီးနှင့်တကွ
    ဘော်ဘော်ရွာသူားအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ…
    ကိုရင်လည်း ဘာသာရေးအကြောင်း ထပ်မငြင်းခုန်တော့ဘူးလို့
    ဆုံးဖြတ်ထားပါတယ်ဗျာ…။ မေတ္တာနဲ့ပဲ နေထိုင်နေပါတော့မယ်။
    ဪ…လူတွေ… လူတွေ…
    ချမ်းသာမှုကြောင့် မာနဖြစ်ကြတယ်..
    အောင်မြင်မှုကြောင့် မာနဖြစ်ကြတယ်..
    ဂုဏ်ရည်ကြီးမားမှုကြောင့် မာနဖြစ်ကြတယ်…
    ကျွန်တော်ကတော့ အချစ်နဲ့ပဲနေချင်တယ်… 😳 😳
    ဒီအချိန် ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုတော့
    ရန်ကုန်မှာ မိုးတွေများ ကြီးနေမလား မသိဘူးနော့… 😉 😉

    Reply

Leave a Reply

Your email address will not be published.