မြစ်ရေ စတင်ကြီးနေသော မြင်ကွင်းအချို ့

မိုးကသည်းးးးးရေကများများ

 

ချောင်းရေ ပြင်ပြင်

 

ရေမြုပ် လယ်ကွင်းပြင်

 

လှေသမား အကြိုက်ပေါ့

 

ရေပတ်လည်ဝိုင်းနေတဲ့ စေတီလေးတစ်ဆူ

 

သွေးကျောက် သင်္ချိုင်းဇရပ်
သွေးကျောက် သင်္ချိုင်းဇရပ်

 

ညောင်ပင်ဈေး ရပ်ကွက်

 

ရတနာလမ်းတစ်နေရာ

 

ရေတက်နေတာကို ပျော်နေကြတာဗျာ…

 

မြို ့ပတ်လမ်း မာဃလမ်းထိပ်တစ်နေရာမှာ

 

မြို ့တွင်းအနိမ့်ပိုင်းတစ်နေရာ

 

ဈေးဆိုင်လေးခမျာမလဲ

 

နောက်ထပ်ပြီးတော့ အသေးစိတ်ဆက်ကြည့်လိုပါက ဖေ့စ်ဘွခ် စာမျက်နှာပေါ်မှ

https://www.facebook.com/media/set/?set=a.4060069952526.2156456.1605484743&type=1

Credit to;Sithu Aung

Popular Myanmar News Journal ၏ဖေ့စ်ဘွခ် တွင်လဲ ဖတ်ရှုနိုင်ပါသည်။

မိုးသည်းထန်စွာ ဆက်တိုက်စွာသွန်းနေမှုကြောင့် သံတွဲမြို့အချို့မြေနိမ့် ပိုင်းဒေသများတွင် ယမန်နေ့ည

အချိန်မှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး ဆက်လက် မိုးသည်း၍ သံတွဲမြို့ အချို့နေရာများ၌ ရေလွှမ်းမိုးမိုးသည်း ထန်စွာ

ဆက်တိုက်ရွာသွန်းမှုကြောင့် သံတွဲမြို့၏ အချို့မြေနိမ့်ပိုင်းဒေ သများတွင် ရေလွှမ်းမှုများဖြစ်ပေါ်နေပြီး ရေကြီးမှုဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု

ဒေသခံများထံမှသိရသည်။

“သံတွဲမြို့ အမှတ် ( ၁ )ရပ်ကွက်ဘက်မှာဆိုရေကလူတစ်ရပ်လောက် အထိတက်နေတာ၊အဲဒီရပ်ကွက်က

ဒါအမြင့်ပိုင်းမှာရှိတာပေါ့နော်။ပြီးတော့
အိမ်တွေကလည်း ခြေတံရှည် အနည်းဆုံး ( ၁၅ )ပေလောက်မြင့်ေ တာ့ ပြောင်းရ ၊ရွေ့ရတာမရှိသေးဘူး”
ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။
သံတွဲချောင်းကမ်းစပ်နားတွင် ဖွင့်လှစ်ထားသောယာယီသံတွဲဈေးအတွင်းသို့ လည်းရေများဝင်ရောက်လာ
ပြီဖြစ်၍ ဈေးကို ပိတ်သိမ်းထားရသည်
ဟုသိရသည်။ထိုအတူ ချင်းလူမျိုးအများစုနေထိုင်သော ညောင်ပင်ဈေး ( ရပ်ကွက် )ဘက်မှာ ချောင်းနှင့်လည်း
နီးပြီး မြေနိမ့်ပိုင်း ဖြစ်သဖြင့် သေ ချာပေါက် ရေလွှမ်းမိုးလိမ့်မည်ဟု ဒေသခံတို့က ဆိုကြသည်။

၎င်းစာမျက်နှာတွင်ပင် ဆက်လက်ဖတ်နိုင်သည်မှာ……..(သတင်း+ဓါတ်ပုံ)

သံတွဲမြို့ရပ်ကွက်အချို့တွင် ရေများစတက်နေစဉ်။

မီးလောင်သွားသဖြင့် ပြန်ဆောက်ပေးထားသော ယာယီသံတွဲဈေးသည် သံတွဲချောင်းအနီးတွင်ရှိပြီး၊ ယခုအခါ ဈေးထဲသို့ ရေများစတင်ဝင်လာပြီဖြစ်သဖြင့် ဈေးသူဈေးသားများစိတ်ပူပန်မှုဖြစ်နေကြကာ မိမိတို့ဆိုင်ခန်းများမှ ပစ္စည်းများအားသိမ်းဆည်းရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်းသိရသည်
(စည်သူအောင် သံတွဲမှ ပေးပို့သည်)

 

 

11 comments

  • snow white

    August 8, 2012 at 7:41 pm

    သွားရေးလာရေးစားဖို့သောက်ဖို့ တော့ဒုက္ခရောက်တော့မှာဘဲနော် ။။။ရေကတော်တော်ကြီးနေတာဘဲနော်။။

    Reply

  • YE YINT HLAING

    August 8, 2012 at 9:11 pm

    ရေတွေ တက်လာတာကို မြင်ရပြီး တချို့ ပျော်ကြတာဟုတ်တယ်ဗျ ! အရမ်း မြင့်တက်လာရင်တော့ ပျော်နိုင်မယ်မထင်ပါဘူး ။

    Reply

  • မမ အညာသူ

    August 9, 2012 at 9:38 am

    မြစ်ရေတွေအရမ်းတက်လို့စိတ်ညစ်တဲ့ဒေသကစိတ်ညစ်နေရသလို
    မိုးအရမ်းခေါင်လို့ မြေပဲပင်လေးတွေသေကုန်ကျတဲ့ညာတို့အညာဒေသကလူတွေကလဲ စိတ်ညစ်နေရရှာတယ်လေ

    Reply

  • မောင်ပေ

    August 9, 2012 at 10:18 am

    အေးဗျာ ကမ်ဘာ့ရာသီတွေဖောက်ပြန်ပျက်စီးခြင်းတွေ ကျုပ်တို့ နိုင်ငံကိုလဲ ရိုက်ခတ်လာပေါ့
    မန်းတလေးမြို့တောင် မိုးမရွာတာ ဟုတ်တုတ်တုတ် ဆိုရမလို ဖြစ်နေပြီ

    Reply

  • myanmarcitizen

    August 9, 2012 at 3:27 pm

    မိုးများများရွာတာနဲ့ရေကကြီးဖို့စပြီ။ နှစ်တိုင်း နီးပါး လိုလိုကြီးတယ်ထင်ပါတယ်။ ရေကြီး တာပျော်စရာ ကောင်းသလို စိတ်ညစ်စရာလဲတော်တော်ကောင်း ပါတယ်။ သွားရ လာရ စားရ သောက်ရ အခက်အခဲရှိသကိုးဗျ။ သံတွဲသူ သံတွဲသားတွေ ကိုစာနာပါတယ်ဗျာ။

    မနှစ်က ငပလီ သွားတော့ဖြတ်ခဲ့သေးတယ်ဗျ။ (ကြုံတုန်းလေး ကြွားလိုက်အုန်းမယ် မနှစ်က ငပလီကို ၃ခေါက်တောင် ရောက်ခဲ့တယ် ဟိုလူနဲ့လိုက်ဒီလူနဲ့လိုက်နဲ့)။ ပထမက တစ်ပွေထဲလိမ့်တာ၊ ဒုတိယတစ်ခေါက်က ဟို ဆရာလေးလေဗျာ ဆေးကုတာ မြပြင် မှာလေ။ သူ့ဆီကို အဖွားကသွားချင်သပ ဆိုလို့ လိုက်ပို့တာ (ယုံပါဘူးဗျာ ကျွနုပ်တော့)။

    နောက်ဆုံးကတော့ ရောက်တုန်းရောက်ခိုက် သူငယ်ချင်းတွေနဲ့သွားတာ။ ၆ယောက် ဆိုင်ကယ် ၃စီးနဲ့။ အပျော်ဆုံးပဲ မိုးကလဲသဲလိုက်တာမပြောနဲ့ ဟိုကောင်တွေဆဲလိုက်တာလဲမပြောနဲ့ မိုးတွင်းလာလို့ ဆိုပြီး။
    အဲ ..ကွမ်းယာဆိုင်ကကောင်မလေးကိုသတရသွားတယ် တရာရုံးနားလားမသိဘူး အဲ့နားမှာ လဖက်ရည်ဆိုင်လေးလဲရှိသေး။ ဟိုကောင်တွေ ဒီကွမ်းယာဆိုင် ကိုတကူးတက ဘာလို့သွားဝယ်လဲ ဆိုတာဆိုင်ရောက်မှသိတော့တယ်။ ကောင်မလေး တော်တော်လန်းတယ်ဗျာ။ ကွမ်းယာကိုဘူးနဲ့ ယာပေးတာထင်တယ်။ ဒီလောက်ပြောရင် နာဂရတို့ ကျွန်တော်ဘယ်သူ့ကိုပြောတယ်ဆိုတာသိလောက်ပီ

    အပြန်ကြတော့ ပိုဆိုးသဗျာ မိုးက ကျွန်တော့လက်တွေ ကျင်တောင်တက်တယ် ဆိုင်ကယ်လက်ကိုင် ကိုင်ထားမှန်းတောင်မသိဘူး။ ဆေးပူလိမ်းပြီး ပြန်ခဲ့ရတယ်။

    နောက်စကားမစပ် ဒီကသူငယ်ချင်းတွေသိအောင် ပြောရအုန်းမယ်။ ငပလီ သွားတဲ့လမ်း ဇလွန်ရွာမှာ မပုတ်မသိုး တဲ့ ဆရာတော်တစ်ပါးရုပ်ကလပ် ရှိတယ်ဆိုဆိုတဲ့အကြောင်းပါ။

    Reply

    • အတိသဌ္ဇနာဂရ

      August 9, 2012 at 10:08 pm

      ကိုတောင်ဖက်သားရေ. ဒီနေ ့(၉)ရက်နေ ့မှာရေတော့ပြန်ကျနေပြီဗျာ။တနေ ့
      လုံးပင်ပန်းနေလို ့ခုမှဝင်ရေးဖြစ်တယ်ဗျာ။အကိုပြောနေတဲ့ ကောင်မလေးက
      ချစ်သူကွမ်းယာဆိုင်ကလေ။ဖုန်းနံပါတ်ပေးမယ်လေ ယူမလားဗျာ
      @ကိုဖိုးထောင်ရေ အဲ့ဆရာတော်က ဇလွန်ဆရာတော်ပါ မပုပ်မသိုးဘဲနဲ ့ယနေ ့
      ထိရှိနေတ(၁၀)နှစ်
      ကျော်နေပြီဗျ။လာလည်ပါဗျာ။နွေးထွေးစွာကြိုပါ၏

      Reply

      • myanmarcitizen

        August 10, 2012 at 1:58 pm

        အစစ်ပဲဗျို့ ခုမှ ဆိုင်နာမည်မှတ်မိတယ်ဗျာ။ ဟုတ်တယ် “ချစ်သူ” ကွမ်းယာဆိုင်ဗျာ ဟုတ်တယ် .. ဖုန်နံပါတ်တော့ မယူတော့ပါဘူးဗျာ တော်ကြာမြန်မာ့ဆက်သွယ်ရေးက လူကြီးမင်းနဲ့ တိုးနေလို့ စိတ်တိုနေရအုန်းမယ်။ ဟဲဟဲ

        Reply

  • ဖိုးထောင်

    August 9, 2012 at 9:04 pm

    ဟ ဆရာတော်ရုပ်ကလာပ်ဖူးရင်းနဲ့ကွမ်းယာသွားဝယ်ဦးမှပဲ အန်ကယ်ဦးသန်းထွတ်ဦး မြို့ထိပ်ကစောင့်ဗျာ
    ပြီးရင် ငပလီဆက်ဒိုးမယ်

    Reply

    • myanmarcitizen

      August 10, 2012 at 2:01 pm

      ကိုဖိုးထောင်ရေ သူ့ကိုသာခေါ်သွားဗျို့ သံတွဲနဲ့ ငပလီ က ၅ မိနစ်တောင်မသွားရဘူးဗျာ။

      Reply

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 9:21 pm

    ကိုတောင်ဖက်သားရေ မှတ်မှတ်ရရ ကိုရှိနေပါလားဗျ။ကျနော်ကလဲ
    ချက်ဆိုမီးတောက်ပြီးသား(နှာခေါင်း မဟုတ်ပါ)

    Reply

Leave a Reply to myanmarcitizen Cancel Reply

Your email address will not be published.