ထီပေါက်လို့ ဆုငွေထုတ်မိကာမှ

ဦးသုAugust 7, 20121min011

ဖြစ်ပုံကတော့ ဒီလိုလေးပါ

ကျွန်တော်နဲ့ တစ်ရုံးထဲလုပ်တဲ့ အစ်ကိုရဲ့ အဒေါ်က သိန်း ၁၀ဝ ယူနစ်မှာ အက်ခရာ နဲ့ ရှေ့ ဂဏန်း ၃လုံးတူလို့  ၁ သိန်း ဆုကို မိုးယံမှာ ပေါက်ပါတယ်    အဲဒါ မိုးယံ အရောင်းဆိုင် တွေမှာ ထုတ်တော့ တစ်သိန်းကို ၅၀၀ဝ ထုတ်ပေးခ ဖြတ်ပြီး ငွေလဲ ပေးပါတယ်တဲ့ အဲဒီတော့ ၉၅၀၀ဝ ပဲရတာပေါ့ ။

အဲလို  တွတ် ဆုတွေ ကြောင့် မိုးယံ ကငွေလဲ ပေးတာတင် ဘယ်လောက်ဝင်သွားပြီလဲ စဉ်းစားသာကြည့် ကြပေတော့။  နောက်ပြီး အစိုးရ အောင်ဘာလေ က ထီတစ်စောင်နှစ်ရာ ဆယ်စောင်ဝယ်ရင် ကိုယ်စားလှယ်အတွက် အမြတ် တစ်စောင်အပိုပေးတယ် ပြောရရင် အမြတ်မတင်ရောင်းရင် ပဲ ၁၀%  မြတ်တယ်ပေါ့ဗျာ ။ အဲဒါကိုတောင် မှ တစ်စောင် ကို ၃၀ဝ နဲ့ ရောင်းသေးတယ် ဟိုးအရင် အပိုပေးတဲ့ ခေတ် တုန်းကဆို တစ်စောင်ကို ၄၀ဝ လောက်အထိ မြင့်သွားတယ် အဲ ဒါပေမယ့်  မိုးယံ က တစ်စောင် ၂၀ဝ ရောင်းတာလေးတွေတော့ ရှိတယ် ဗျ အဲဒါကတော့  မအောင်တဲ့ နံပါတ်တွေ ပါပဲ လူကြိုက်နည်း တဲ့ ဟာတွေကိုပေါ့ ဗျာ။  နောက်ပြီး အားလုံး ကို မှတ် ထားစေချင်တာ က မိုးယံမှာထိုးလို့  ပေါက်ရင် ၁သိန်း ကို ၅၀၀ဝ နှုန်း နဲ့ မိုးယံဆိုင်တိုင်း ဖြတ်ပါတယ်တဲ့ ခင်ဗျာ။

11 comments

  • etone

    August 7, 2012 at 4:57 pm

    ထီဆိုင်တွေက … အမျိုးမျိုးပါပဲ …. ။ ဟိုတပတ်က မြို့ထဲမှာ ထီအော်ရောင်းနေတာ ကြားခဲ့တာ 200/220/250 ဆိုတာ အမြင့်ဆုံးပဲ …. ဆိုင်နာမည်တွေလိုက်ပြီး ကွာသွားတယ် … ။
    တသိန်းကို ငါးထောင်ဆိုတာတော့ … နည်းနည်းတော့ လွန်ပါတယ် ….. ။

    မှတ်သားစရာအဖြစ် တစ်ခုပြောပါဦးမယ် .. ထီဆိုင်တွေမှာ ပိုက်ဆံကို ထီလက်မှတ်ရပြီးမှ သာ ပေးပါ .. နှစ်ခါပြန်တောင်းပြီး မပေးရသေးကြောင်း ငြင်းတတ်လို့ပါ … တမင်ကို လိမ်တောင်းလို့ပါ

    Reply

  • laypai

    August 7, 2012 at 5:22 pm

    ၁ဝ ရာနှုံး ပေးတာ မှန်ရင် ၂၅ဝ အပြင် ပို မရောင်း သင့် ဘူး။ ထီတစောင် ၂၀ဝ ကျပ် မူရင်း ဈေး အတိုင်း ရောင်းနိုင်ရင် တော့ အတိုင်းထက် အလွန်ပေါ့။

    Reply

  • P chogyi

    August 7, 2012 at 5:32 pm

    ထီဆိုင်ကိုမပေးဘဲ။
    ပြည်တွင်းအခွန်မှာ ကိုယ်တိုင်သွားထုတ်ကြည့်ပါလား။
    နောက်ထပ်အတွေ့အကြုံတစ်မျိုးရစေရမယ်။
    နောက်ဘယ်တော့မှ ထီမထိုးတော့ဘူးလို့တောင် ဖြစ်သွားမယ်။

    Reply

    • ရွာစားကျော်

      August 7, 2012 at 8:59 pm

      2011 ခု ၁ လပိုင်းတုန်းက သိန်း ၁၄ဝ ကံထူးလို့ ထီဆုကြီးပေါက်ခဲ့ပါတယ်..
      ထီပေါက်ရင် လုပ်ငန်းလုပ် အမြတ်ခွန်မပေးရတဲ့အတွက် အပိုကြေးပေးဝယ်ကြတယ် ကြားဖူးထားတာ၊ နေပြည်တော်က ဆိုင်မှာမေးကြည့်တော့ ဒီမှာပဲထုတ်ပေးမယ်.. သုံးသိန်းလျော့မယ်တဲ့ဗျာ.. လုပ်ပုံက။
      ဒါနဲ့ သုံးသိန်းဖိုး ရန်ကုန်တတ်ဖြုံးမယ် (ဘုရားလည်းဖူးရင်းပေါ့နော်) ဆိုပြီး မိသားစုလိုက် သွားခဲ့ပါတယ်..
      ထီထုတ်လို့ အားလုံးအဆင်ပြေပါတယ်ဗျ.. ပြည်တွင်းအခွန်မှာလည်း ဘာမှမပေးရပါ.. အချိန်ကလွဲလို့ပေါ့။ မနက်အစော ရုံးဖွင့်ချိန်သွား တနေ့တည်း အပြီး ဆုငွေ ချက်လက်မှတ်ရပါတယ်။
      အခွန်ရုံး အပေါက်မှာတော့ လုပ်စားနေတဲ့လူတွေရှိပါတယ်..၊ အဲဒီ ရုံးကလူတွေကတောင် ကိုယ့်ဘာသာကိုယ်လုပ် သူတို့ကို ပေးခိုင်းစရာ မလိုပါလို့ ပြောလိုက်ပါသေးတယ်…။
      ဒါက ကျနော့် ကိုယ်တွေ့ပါခင်ဗျာ..။
      တစ်သိန်း ပေါက်တာ ၉၅၀၀ဝ ရတယ်ဆိုတာက ကိုပေ ပြောသလို ရုံးမသွားချင်လို့ အလွယ်လုပ်ကြတာပါ…

      Reply

  • snow white

    August 7, 2012 at 6:46 pm

    နာစရာရှိ ပြည်သူတွေပါပဲ သိသူတွေများများပြောပေးကာမှ နောက်မနုတ်ယူရဲတော့မှာ ။တစ်သိန်း 5000ဆိုတာတော့လွန်လွန်းပါတယ်။

    Reply

  • မောင်ပေ

    August 7, 2012 at 7:31 pm

    ကျွန်တော် ၂၀၁၂ ၁ ပိုင်း မှာ ၁သိန်းဆု ပေါက်ခဲ့ပါတယ်
    ရတနာ သိန်းထိုက်အောင် ထီဆိုင်ကပါ
    ပေါက်ပေါက်ချင်း အဲဒီထီဆိုင်မှာပဲ ထုတ်လို ့ရတယ် လို ့ဖုန်းဆက်လာလို ့ သွားထုတ်တော့ ၉၇၀၀ဝ ကျပ် ရခဲ့ပါတယ်
    ကိုယ့်ဘာသာကိုယ် သွားထုတ်မယ်ဆိုရင် ထီဆုငွေ ထုတ်ပေးမယ့် ရုံးကို မှတ်ပုံတင်ယူသွားရမယ် ၊ ဓါတ်ပုံ အရိုက်ခံရမယ် ဘာညာ ဖြည့်ရမယ် ၊ တော်တော်လေး အချိန်ကုန်ခံရမယ် ဆိုတော့
    ကုန်မယ့် အချိန်တွေ အတွက် ၃၀၀ဝ ကျပ် ပေးရတာ တန်တယ်လို ့ယူဆခဲ့ပါတယ်
    အခု ကိုသုဝေ ပြောတဲ့ဟာကတော့ ၅၀၀ဝ ကျပ် ဆိုတော့ ““များ”” တာပေါ့ဗျာ

    Reply

    • Pye Kun Zaw

      August 7, 2012 at 8:57 pm

      မြန်မာပြည်လည်းဘယ်တော့မှ အစိုးရရုံးလုပ်ငန်းစနစ်တွေကောင်းလာမလဲမသိဘူး။

      Reply

      • ရွာစားကျော်

        August 7, 2012 at 9:02 pm

        ဆုကြီးဆိုရင်တော့ တမျိုးပေါ့ဗျာ
        ဖောင်ဖြည့် ဓာတ်ပုံရိုက်လုပ်ရတာက အောင်ဘာလေဆုမဲ ဘယ်ရွေ့ဘယ်မျှ ထုတ်ထားပါတယ် ဆိုတဲ့ လက်မှတ် ထုတ်ပေးရအောင်လို့ ပါ..
        သိတယ်မလား.. အဲဒါပြပြီး အခွန်ရှောင်လို့ရတယ်လေ…
        ကျနော့် အမျိုးသမီး နာမည်နဲ့ သိန်း၁၄ဝတန် ထောက်ခံချက်လက်မှတ် ဓာတ်ပုံနှင့်တကွ ပို့စ်တင်ဦးမှ ထင်တယ်.. ရွာထဲ မြင်ဖူးသွားရအောင်

        Reply

  • nature

    August 7, 2012 at 7:40 pm

    ဟုတ်တယ် နောက်ဆို ၅၀၀ဝကျပ်မပေးနဲ့ကိုယ်တိုင်သွားထုတ် တပြားမှပေးစရာလိုဘူး။ သူတို့ကိုအားကိုးမနေနဲ့။

    Reply

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 9:17 pm

    ခုထိ လစဉ်ထိုးလာလိုက်တာ
    တစ်ခါမှကို မပေါက်ဖူးသေးတဲ့အတွက်ရယ်ကြောင့်
    ဘာက ဘယ်လိုရှိတယ်ဆိုတာ ပြောတတ်ပါဘူး ..
    သို့ပေသိ တကယ် ထီပေါက်လာတဲ့အခါ
    ဒါတွေ သိထားတော့ တစ်ပန်းသာတာပေါ့ ခင်ဗျာ ..

    ပြီးတော့ ထီအကြောင်း ကြုံတုံး ပြောလိုက်ရဦးမယ် ..
    ကျုပ်က သိန်း ၁၅၀ဝ ထီဆုကြီးကို
    သုံးကြိမ်ထက် မက ပေါက်မယ့်လူဒဲ့ … ငှဲ့ .. ငှဲ့ .. 😀

    Reply

  • ko khin kha

    August 7, 2012 at 11:32 pm

    ထီပေါက်မှတော့ ပေးလိုက်ပါဗျာ၊ ဆုငွေထုတ်ရင်း ဦးဆုံးအလှုလို့ဘဲသဘောထားလိုက်ပေါ့။ ဟုတ်ဘူးလား။

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.