တာရာမင်းဝေ ကွယ်လွန်ခြင်း (၅)နှစ်ပြည့်အမှတ်တရ

သူရႆဝါAugust 7, 20121min08

My Poetry Art – 2
– သူရဿဝါ –

ပြီးခဲ့တဲ့ စနေနေ့ (၄. ၈. ၂၀၁၂) တုန်းက ကျွန်တော်တို့ ချစ်ခင် လေးစား အားကျ ခဲ့ရတဲ့ ဆရာ တာရာမင်းဝေ (ခေါ်) ကဗျာဆရာ ရွှေဘုန်းလူ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အခမ်းအနားမှာ ရွတ်ဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ ကဗျာ မရွတ်ခင် မှာ “ဆရာဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ အချိန်ပြည့် သူရဲကောင်းတွေ ထဲက တစ်ဦး အပါအဝင်ပါ .. ဆရာ့ အမှတ်တရ ပွဲမှာ ကဗျာရွတ်ခွင့် ရလို့ သိပ်ကို ဂုဏ်ယူ ပါတယ်” လို့ ကျွန်တော် ပြောဖြစ်ခဲ့ ပါသေးတယ်။ ကျွန်တော် ရွတ်ခဲ့တဲ့ ကဗျာ လေးက ဆရာ “ရွှေဘုန်းလူ” ဆိုတဲ့ ကလောင် အမည်နဲ့ ရေးခဲ့တဲ့ “မျှော်” ဆိုတဲ့ ကဗျာလေးပါ။ အားလုံး ပြန်ပြီး နားထောင် လို့ ရအောင် ကျွန်တော် ဗီဒီယို ဖိုင်လေး ပြန်တင်ပေး လိုက်ပါတယ်။

မျှော် – ရွှေဘုန်းလူ

8 comments

  • marblecommet

    August 7, 2012 at 2:02 pm

    ကိုသူရရေ့…..
    ကိုရွှေဖုန်း ဆုံးသွားပေမဲ့
    ကျွန်တော်တို့ ရင်ထဲမှာ
    ဘယ်တော့မှ မသေပါဘူးဗျာ..
    …..
    အခုဆို ဘာလိုလိုနဲ့ ငါးနှစ် ပြည့်သွားပြန်ပြီ
    သူချပြဖို့ အများကြီးကျန်နေသေးတဲ့
    အနုပညာတွေကို သူ့ကို သတိရတိုင်း
    နှမြောမိတယ်ကိုသူရရေ့
    အမှတ်တရလေး တင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ….
    လေးစားတဲ့
    ကမ်းကြီး….

    Reply

  • ရဲစည်

    August 7, 2012 at 3:56 pm

    ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း
    အလွန်တန်ဖိုးထားအပ်သူ တစ်ဦး အကြွေစောခဲ့သမို့
    ……..
    ……..
    ……..

    Reply

  • Thu Wai

    August 7, 2012 at 4:45 pm

    ဆရာတာရာမင်းဝေရဲ့ စာတွေကို ဆေးစွဲသလို ကို စွဲ ပြီးဖတ်ခဲ့တာ သူ ဆုံးသွားပြီ ဆိုတဲ့ သတင်းလဲကြားတော့ နောက်ထွက်တဲ့ လူငယ်စာရေးဆရာတွေ ရဲ့ စာတွေက အာဟာရမရှိတော့သလိုတောင် ဖြစ်သွားတယ်
    ” ဘယ်သူမှ နောက်မကျပါဘူး
    နေဝင်တာ ကိုက စောလွန်းတာပါ ”
    ဆရာ့ ကဗျာလေးတွေ ကတော့ အမြဲတမ်းမှတ်မိနေပါတယ်။

    Reply

  • အလင်းဆက်

    August 7, 2012 at 6:14 pm

    ကျွန်တော်လည်း..ဆရာ ့ကို လွမ်းတယ်ဗျာ။

    ဆရာ့ကို လွမ်းတဲ ့အကြောင်း…. ပြောလို ့..ကိုသူရေ…
    ကျေးဇူး….

    Reply

  • snow white

    August 7, 2012 at 6:49 pm

    ခုလို ဆရာရဲ့ကဗျာလေးကိုပြန်လည်ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။။

    Reply

  • snow white

    August 7, 2012 at 6:52 pm

    ဟင်ဖတ်လို့လည်းမရဘူး ဘာဖြစ်တာလည်း မသိဘူး မျှော် ဆိုတဲ့ကဗျာဖတ်ချင်လို့ ဘယ်လိုလုပ်ဖတ်ရမလည်း သိချင်ပါတယ် သိသူများပြောပြပေးကျပါ။။

    Reply

  • မောင်ပေ

    August 7, 2012 at 7:28 pm

    ဆြာဝါရေ
    ဆြာတာရာမင်းဝေ မရှိတော့တဲ့နောက်
    သူ ့လို တုပပြီး ရေးထားတဲ့ ဘုတ်အုပ်တွေ ထွက်လာကတဲက ခေတ်ပေါ်ဝတ္ထုတွေ သိပ်မဖတ်ဖြစ်တော့ပါ
    ပြုံးစရာ ၊ ရယ်စရာ ၊ ဟားခလုတ် နဲ ့အကြည်တော် ရဲ ့ စာအုပ်တွေကိုပဲ လစဉ် ဖတ်ဖြစ်တော့တယ်
    ဆြာတာရာမင်းဝေ ရေးခဲ့သမျှ ဝတ္ထုတွေထဲမှာတော့ မှော်ဆရာရဲ ့ကျောင်းစာအုပ် ကို အကြိုက်ဆုံးပါ
    ဆြာဝါ ရွတ်တဲ့ ကဗျာထဲက
    “ ပိတ်မထားရသေးတဲ့ သားကြီးတို ့ရဲ ့ကျောင်းစာအုပ်မှာ
    ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
    မေမေ မျက်ရည် ဝဲရော့မယ် ” အရမ်းကြိုက်တယ်ဗျာ

    Reply

  • အလင်းဆက်

    August 7, 2012 at 7:35 pm

    ဦးပေ..က မှော်ဆရာရဲ ့ကျောင်းစာအုူပ်ကို..ကြိုက်တယ် ။ ကျွန်တော်လည်း..အဲဒီ စာအုပ်ကို သဘောကျတယ် ။
    အလှည့်အပြောင်းကလေးတွေနဲ ့.. ဟာသ..ဆန်ဆန်ရေးသွားတာ.။ သဘောကျတယ် ။
    ချစ်မိုးဆွေ..ရယ်..ယုံတမ်းစကားတွေရယ်… ။ ပြီးတော့..စာရေးဆရာ..လူလည်ကျကျ တစ်ယောက်ရယ် ။ ပြီးတော့..လျျှို ့ဝှက်ချက်တစ်ခုရယ်.. အဲဒီ စာအုပ်က တော်တော် ကောင်းပါတယ် ။

    ကျွန်တော်က အရှေ ့မြို ့ရိုးမှ မိုးရေးစက်များ..ကိုကြိုက်တယ် ။ ပြီးတော့…
    ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိ်မ်ပြန်ပွင့်ခွင့်ရခဲ့သော်…. ဆိုတဲ ့စာအုပ်… ကိုလည်းကြိုက်တယ် ။

    Reply

Leave a Reply to snow white Cancel Reply

Your email address will not be published.