ASUS PadFone (2)

nigimi77August 6, 20126min010

အဲဒီ  PadFone ကို  Station အထဲကို ထည့်ပြီးရင် ဖြင့်   Tablet  ပေါ်မှာ  ဒီလိုမြင်တွေ ့ရမှာပါ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲ…..မေ့ဦးမလို ့…..  အဲဒီ  PadFone Station ခေါ်  Docking  Tablet  ဆိုတာကြီးက  အခွံကြီး သပ်သပ်ပါပဲ ။

 

CPU လည်း မပါ …..RAM  လည်း မပါ ပါဘူး ။

 

သူ ့မှာ ပါတာဆိုလို ့     6600 mAh ရှိတဲ့  Battery ရယ်  …..    ထောင့်ဖြတ်တိုင်း  10.1 လက်မ ရှိတဲ့  မျက်နှာပြင်ကြီးရယ်ပါပဲ ။

 

နောက်ပြီး  ….  PadFone ကို Station အထဲကို ထည့်လိုက်တာနဲ ့ Station မှာ  ရှိတဲ့  လျှပ်စစ်အားကို  PadFone ဆီကို ဖြည့်သွင်းပေးပါတယ် ။

 

တကယ်လို ့  Station မှာ ရှိတဲ့  Battery က အားကုန်သွားခဲ့ရင်တော့  PadFone ရဲ  ့  Battery နဲ ့ အသုံးပြုလို ့ရတယ်လို ့ဆိုပါတယ် ။

 

ဘယ်လောက်ကြာကြာ အသုံးခံသလဲ ဆိုတာကိုတော့ လက်တွေ  ့ အသုံးပြုကြည့်မှပဲ  သိရမယ် ထင်ပါတယ် ။

 

ဆိုတော့…….. ကျောက်ကပ် လိုမျိုးပဲ  နှစ်ခုမှာ  တခုရှိရင် ( အားရှိရင်)  အသက်ရှင် (သုံးလို ့ရ)  ပါတယ် ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒီ  PadFone မှာ  နောက်ဆုံးထွက်   Android  Version ဖြစ်တဲ့  Jellybean ပြီးရင်တော့  Latest ဖြစ်တဲ့   Ice cream Sandwich  4.0 ကို

 

ထည့်သွင်းထားပါတယ် ။   အဲဒီ အပြင်  အခု  Officially  ပေးတဲ့    Jellybean  အထိကို  Version မြှင့်လို ့ရပါတယ်တဲ့ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Specification တွေကို  နောက်ပိုင်းမှာ  ဖော်ပြပေးသွားမှာ ဖြစ်ပေမဲ့လဲ   လောလောဆယ် အမြည်း  အနေနဲ ့

 

ပြောရရင်   Qualcomm ရဲ  ့  Snap Dragon  S4   CPU  1.5  GHz  Dual  Core   ကို တပ်ဆင်ထားပါတယ် ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒီဇိုင်းပိုင်း အနေနဲ ့ကြည့်မယ် ဆိုရင် လူတစ်ကို အကြိုက်တစ်မျိုး ဆိုတော့  ပါးစပ် အမြုတ်ထွက်အောင် ပြောပြမနေတော့ပါဘူး ။

 

ပုံ ကိုသာ ရှုစားတော်မူကြပါ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြသာနာ ရှိတာက    သူ ့ဘာသူ   Station ကြီးပဲ ကို   တခြား Tablet တွေနဲ ့ ယှဉ်ကြည့်ရင်  ၂ ဆလောက် လေးတဲ့

 

724g  အလေးချိန်ရှိရတဲ့ အထဲမှာ   129g  အလေးချိန် ရှိတဲ့  PadFone ကိုပေါင်းလိုက်ရင်   853g တောင်မှ လေးပါတယ်တဲ့ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Specification  ကတော့  အောက်က အတိုင်းပါပဲ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဆုံးသပ် ရရင်ဖြင့်………………..

 

ကောင်းကွက်

၁။   Smart Phone   နဲ ့  Tablet  PC  ကို သပ်သပ်စီ  ဒါမှ မဟုတ်  အတူတကွ တွဲသုံးနိုင်စေတဲ့  ထူးခြားဆန်းသစ်တဲ့  Concept

၂။   Android  4.0 သုံးလို ့ရတဲ့  Tablet PC  အဖြစ် ပြောင်းလည်းသွားခြင်း

၃။   Tablet ရဲ  ့ Battery  Pack ကို အသုံးပြုခြင်းဖြင့် Smart Phone  ရဲ  ့ Battery အား ရုတ်လျော့မှုကို ကာကွယ်နိုင်ခြင်း

၄။   Asus ရဲ  ့  Webstorage  အနေနဲ  ့  ၃ နှစ်လုံးလုံး   Cloud ကို  အခမဲ့  အသုံးပြုနိုင်ခြင်း

 

ဆိုးကွက်

၁။   နှစ်ခု ပေါင်းလိုင်ရင်    1 Kg  လောက်လေးတဲ့  အလေးချိန်

၂။   Tablet  PC  အနေနဲ ့ သုံးနေချိန်မှာ   လက်ချောင်းထိပ်မှာ  Screen ရဲ  ့  အပူချိန်ကို  အနည်းငယ် ခံစားရခြင်း

 

 

 

 

Ref :      www.cetizen.com

10 comments

  • nigimi77

    August 6, 2012 at 5:03 pm

    ပြီးပါပြီ :mrgreen:

    Reply

  • အလင်းဆက်

    August 6, 2012 at 7:15 pm

    နည်းပညာ… အသစ်အဆန်းလေးတွေ.နဲ ့ သေသေချာချာ မိတ်ဆက် တင်ပြပေးလို ့ကျေးဇူးပါပဲ.ဗျာ။
    နောက်များမှာလည်း…ဆက်လက်..ဝေမျှ တင်ပြပေးပါဦးလို ့…

    Reply

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:40 am

    ဒီပစ္စည်းကို လိုချင်လွန်းလို ့
    ဒါပေမယ့်ဗျာ. ဈေးးးးးးဈေးးးးး
    ကများလှချည့်ဗျျာ

    Reply

  • မောင်ဘလိူင်

    August 7, 2012 at 11:35 am

    ရန်ကုန်မှာတော့ လောလောဆယ် မရှိသေးဘူးဗျို့..။ ဒီယဲလာ ဆီမှာတောင် မရှိဘူး။
    တခြား ကွန်ပျူတာ ပစ္စည်းဆိုင်တွေမှာတော့ ထရန်စဖော်မာ ပဒ် ပရိုင်း တစ်ခုတစ်လေ
    လောက် တင်ထားတာ တွေ့တာပဲ။ ကီးဘုတ် ဒေါက်ခ် မပါတာ ကို အမှတ်မမှားရင်
    ၄၉၉ ဒေါ်လှ ထင်ပါရဲ့..။ အင်တာနက်ဂျာနယ်မှာ ကြော်ငြာထားတာတော့ အဲဒီ
    တက်ဘလက် ကို ကီးဘုတ်ပါ အပါအဝင် ၇၃၉ ဒေါ်လှ တဲ့ခင်ဗျ..။သူတို့ဖုန်းဆက်
    မေးတော့ ကြော်ပဲ ကြော်ငြာထားတာတဲ့..ပစ္စည်းမရှိပါတဲ့။ ကျုပ်လည်း အဲဒီ
    အေ့ဆစ် ထရန်စဖော်မာ ပဒ် ၃၀ဝ တစ်လုံး အသိတစ်ယောက်ကို ယူအက်စ်
    ကမှာ ပြီး အက်ဆက်ဆိုရီကျတော့ မမှာမိဘူး။ ဒီ ရန်ကုန်မှာ သိသမျှ တွေ့သမျှဆိုင်
    တွေ မှာ လိုက်မေးကြည့်သလောက်တော့ အက်ဆက်ဆိုရီ ဘာမှ မရှိပါ။ သိတဲ့လူများ
    ပြောပေးကြပါဦး ဗျ..။

    Reply

    • ရဲစည်

      August 7, 2012 at 5:07 pm

      လိုချင်တာ ဘာအဆက်ဆရီလဗျ……….
      ကျနော်လဲ ထရန်စဖော်မား ပရိုင်းသုံးလို့ပါ
      ပရော်တတ်တစ် စကရင် ဂတ်
      ကီးဘုတ် ဒေါက်ကင်
      ကာဗာ
      ကင်မလာ ထရိုင်ပေါ့လို ဒေါက်တိုင် ဒါမျိုးလေးတွေတော့ ရနိူင်ကြောင်း

      ဇဂါးအတင်းစပ်
      နက်စက်ဆ် ရ ထွက်လာတော့ အနော်လဲ ပရိုင်းကြီးပိုက်ပီး မျက်ရည်ဝဲနေမိကြောင်း
      ကင်မလာက လွဲလို့ ကျန်တဲ့ စပတ်စ်တွေ အကုန်တူနေကြောင်း
      အော် ဒါနဲ့ဗျို့
      လွတ်လပ်စွာ ကွဲလွဲခွင့်အရ ယူဇာကို အမှန်တကယ်အရေအသွေးထက် ယူအိုင်ဖြင့်ဖမ်းစားနေတဲ့ ဟိုပစ္စည်းကိုတော့
      နည်းနည်းတော့ မကြိုက်တော့ပါကြောင်း :mrgreen:
      ဆော်မဲ့သူတွေ လာတော့မယ်.. ခိ ခွစ်

      ပြတင်း၈ ကိုမျှော်နေမိသူ
      အုစား(ASUS)ခရေဇီမောင်မောင်ယဲ

      Reply

      • မောင်ဘလိူင်

        August 7, 2012 at 5:57 pm

        ကိုရဲစည်ရေ …ဆိုင်လေး ဘာလေး နတ်လမ်းညွှန်လုပ်ပါဦးခင်ဗျ..
        ကျွန်တော်တော့ ကာဗာ၊ စခရင်ဂတ် ဘာမှ ရှာမရလို့ပါ။
        မောင်မင်းကြီးသား ကျန်းမာပါစေဗျာ…။

        Reply

        • ရဲစည်

          August 7, 2012 at 11:21 pm

          ပရိုက်ဗိတ်ကို လိုက်ခဲ့ဗျို့
          ဒီဆိုဒ်ရဲ့ စည်းကမ်းအတိုင်း
          ကြောငြာ ဝင်လို့မရဘူးရယ်
          yeexie.ys@gmail

        • kai

          August 7, 2012 at 11:27 pm

          အမ်..
          ဆိုဒ်ရဲ့စည်းကမ်းက ရွာသူားတွေရဲ့.. ကျော်ငြာဝင်လို့ရပါတယ်ကွယ်..။ ဆိုင်ရာ Category လည်းဖွင့်ထားပါတယ်..

  • မောင်ဘလိူင်

    August 8, 2012 at 12:11 pm

    ကိုင်း ..ကိုရဲစည်ရေ..သဂျီးကတော့ ကြော်ငြာနိုင်ပါသတဲ့..
    ကိုရဲစည် မေးလ် ကို အက်ဒ် လိုက်ပါကြောင်း…
    ကိုနိဂိမီ ကြီးလည်း ပစ္စည်းအသစ်အဆန်းလေးတွေ
    မကြာခဏ တင်ပေးနိုင်ပါစေဗျာ…။ ကျုပ်က အဲဒီလို
    ဂတ်ဂျတ်လေးတွေ စိတ်ဝင်စားတယ်..ကျေးဇူးပါဗျာ..။

    Reply

  • မောင်ပေ

    August 8, 2012 at 9:57 pm

    အ ဆက် ပက် ဖုန်း
    အလို နာမည်ကြီးက ခေါ်ရတာ လျှာလိပ်တာ
    ဈေးကလဲကြီးပ

    Reply

Leave a Reply

Your email address will not be published.