ဝါဆိုလပြည့်နေ့ ကုသိုလ်အလှူ

manawphyulayAugust 3, 20121min014

ပဲခူးတိုင်း ဥဿမြို့သစ် ရွှေဘုန်းပွင့်ပေါ်တော်မူကျောင်းတိုက် မိဘမဲ့ ပရဟိတအလှူ

ဝါဆိုလပြည့်နေ့မှာ မှတ်မှတ်ရရ မိဘမဲ့ကလေးတွေနဲ့အတူ ရွာနည်းချုပ်စပ်မှာ ဆင်းရဲသားကလေးများကို ပညာရေးဖြန့်ဝေပေးနေတဲ့ကျောင်းတစ်ကျောင်းကို ရောက်ရှိခဲ့ပါတယ်။ ကျောင်းသားကျောင်းသူပေါင်း ၃၅ဝ ရှိပြီး မိဘမဲ့ကိုရင်လေးတွေကတော့ ၅၅ ပါးရှိပါတယ်။ မိဘမဲ့ကလေးတွေကတော့ အယောက် ၁၀ဝ ကျော်ပဲရှိပြီး စာသင်တဲ့သူတွေကတော့ ဘုန်းကြီးနှစ်ပါးရယ်.. ကျောင်းဆရာမတွေရယ် စုစုပေါင်း ၁ဝ ယောက်လောက်ရှိပြီး လက်ရှိတော့ သူငယ်တန်းမှ လေးတန်းထိ သင်ကြားပြသပေးနေတယ်လို့သိရပါတယ်။ အဖွဲ့တွေကတော့ ပျော်ရွှင်စွာ ကလေးတွေကို ပြဇာတ်ကပြဖြေဖျော်ပြီး မနက်စာ ထမင်းကျွေးတယ်။ နောက်လှူဖို့ပါလာတာတွေကို ရေစက်ချလှူဒါန်းပြီး ညနေ ၃ နာရီခွဲလောက်မှာ ပဲခူးက ကျိုက်ပွန်ဘုရားဖူးပြီး ပြန်လာခဲ့ကြပါတယ်။ လှူချင်တဲ့သူကိုလည်း ဘုန်းဘုန်းက ကလေးတွေအတွက် မိုးကာအကျီလေးတွေ အဓိကထားပြီး လှူဖို့ရယ် နောက် စားစရိတ်အတွက် ဆန်၊ ဆီ၊ ဆားအစုံပေါ့လေ အမြဲလိုအပ်နေပါတယ်လို့ ပြောပါတယ်။ လှူရမယ့်နေရာကတော့
ရွှေဘုံပွင့်ပေါ်တော်မူကျောင်းတိုက်၊ ဥဿမြို့သစ်၊ ပဲခူးမြို့ ဖြစ်ပြီး ဘုန်းဘုန်းရဲ့ ဖုန်းနံပါတ်တွေကတော့ ဝ၉၅၀၆၇၃၀၃ နှင့် ဝ၉၈၆၁၀၇၂၉ တို့ပဲ ဖြစ်ပါတယ်ရှင်။ တစ်နိုင်တစ်ပိုင် လှူဒါန်းနိုင်ဖို့ ဝါဆိုလပြည့်နေ့အလှူကို ပြန်လည်မျှဝေလိုက်ရပါတယ်ရှင်။

ကလေးများကို နေ့လည်စားကျွေးနေပုံဖြစ်ပါတယ်။
ပြဇာတ်ဖြေဖျော်ရေးပွဲ ကလေးများ ကြည့်ရှုနေပုံ ဖြစ်ပါတယ်
ကျောင်းသားကျောင်းသားများ ၃၅ဝ ရှိပါတယ်
အပြစ်ကင်းတဲ့သူတို့လေးတွေရဲ့ဘဝ

14 comments

  • we R one

    August 3, 2012 at 1:26 pm

    သာဓု သာဓု သာဓု ပါရှင့်..။

    Reply

  • elle smile

    August 3, 2012 at 1:31 pm

    ကလေး လေးတွေကိုကြည့်ပြီးအရမ်းသနားတာပဲ၊ လှုချင်တဲ့သူတွေသိရအောင်ကြော်ညာပေးတဲ့အတွက်မမ မနောရေ သာဓုသာဓုသာဓု။

    Reply

  • mamanoyar

    August 3, 2012 at 1:35 pm

    အလှူအတွက်သာဓုခေါ်ပါတယ်ရှင်

    Reply

  • P chogyi

    August 3, 2012 at 1:46 pm

    ကောင်းလင့်တေး၊ ကောင်းလင့်တေး၊ ကောင်းလင့်တေး

    Reply

  • etone

    August 3, 2012 at 1:51 pm

    အစ်မမနောရေ ….. ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းမျိုးနဲ့ တင်ပေးတဲ့ ပို့စ်လေးအတွက်ကျေးဇူးပါ ။
    ကျွန်မတို ့နိုင်ငံမှာကလေ … လိုအပ်နေတဲ့နေရာတွေ အရမ်းများနေသလိုပါပဲနော် …. ။ အခုပုံထဲက ကလေးတွေက ၊ သန့်သန့် ပြန့်ပြန် ့နဲ့ အဆောက်ဦး ကောင်းကောင်အောက်မှာ နေခွင့်ရသေးတယ် ။ တစ်ချို့ ဘုန်းကြီးကျောင်းပညာသင်က ၊ ကလေးတွေများဆို စားပွဲနဲ့ ထိုင်ခုံမရှိလို့ ကြမ်းပေါ်မှာ ချရေးရတာမျိုးတွေလည်း မြင်ဖူးတယ် …. ။ အဲ့လိုကလေးတွေမြင်ရတိုင်း စိတ်ထဲ မကောင်းဘူး ။ တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေးချင်စိတ်ဖြစ်မိတယ် …… ။ 🙄

    Reply

  • ko khin kha

    August 3, 2012 at 4:21 pm

    ဆင်းရဲတွင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည် ရတနာခုနှစ်တကယ်ပင်စုံညီ ဒို့အမျိုးသားတိုင်းပြည်၊ မွဲတဲ့သူလှုတန်းနိုင်မည် ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ မတဲ့ကိန်းဆိုက်မည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာစီးမည် လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည် ဒို့ နဂါးနီ——။

    သီချင်းလေးဖွင့်သံကြားရင် စိတ်ကူးရင်ပြီးမျှော်လိုက်ကြရတာ ကြာခဲ့လှပေါ့၊ အခုထိတော့ ဒို့နိုင်ငံဟာ—။

    Reply

  • ဦးဦးပါလေရာ

    August 3, 2012 at 6:51 pm

    နောင်ကို ထပ်လှူဖြစ်မယ့် အလှူတွေအတွက် ဒီနေရာလေးကိုလဲ မှတ်သွားပါတယ် မနော..ရေ….။

    Reply

  • MaMa

    August 3, 2012 at 7:55 pm

    မြန်မာပြည်တဝှမ်းလုံးမှာ လိုအပ်ချက်တွေ များလွန်းလို့ တနိုင်တပိုင် ကြိုးစားကူညီနေကြတာတွေကလည်း ဆင်ပါးစပ် နှမ်းပက် သလို ဖြစ်နေတယ်။

    ဘီလ်ဂိတ်လို ချမ်းသာရင်လည်း အကောင်းသား။ [:(]

    Reply

  • ကြောင်ဝတုတ်

    August 3, 2012 at 9:44 pm

    တတ်နိုင်သမျှ နောင်လာမယ့်အနာဂတ်အပင်ပေါက်လေးတွေကို
    တစ်ဖက်တစ်လမ်းကနေအလှူများဖန်တီးပေးကြသူများ… မိမိချွေးနည်းစာထဲမှဖဲ့လှူကြသူများကို
    ကျေးဇူးအထူတင်ရှိပါကြောင်း…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    Reply

  • pu ma

    August 3, 2012 at 9:49 pm

    မနောရေ
    မနောရဲ့အလှူလေးကိုတွေ့ပြီးပုမသတိရတာလေးပြောပြရအုံးမယ်
    ပုမတို့နယ်မှာနာဂစ်တိုက်ပြီးမသေပဲကျန်ခဲ့တဲ့သူတွေသွားလှူဘူးတယ်
    နာဂစ်မှာလူမသေပဲအိမ်ခြံတွေပျက်စီးတဲ့သူတွေကိုအလှူခံပစ္စည်းဘာမှမပေးဘူး
    အသက်မသေလို့တဲ့၊အသက်တာမသေတယ်ခြေသလုံးအိမ်တိုင်ပဲ
    ဘာမှကိုမရတာ၊ကိုယ်ပေါ်မှာရှိတဲ့အဝတ်နွမ်းဖတ်ဖတ်စုတ်စုတ်လေးတွေသာကျန်တာ
    ပုမတို့သွားလှူတော့လဲစားစရာတွေကအဆင်ပြေသလိုဝယ်ပေးကျွေးခဲ့ရတာ
    ဘာကျွေးရလဲသိလား၊ပေါင်မုန့်ကြမ်းကိုသကာရည်ဆမ်းနဲ့စားလိုက်ကြတာ
    ပေါင်မုန့်ကိုဓါးမနဲ့လှီးပြီးသကာရည်နဲ့တို့သုတ်ပေးလိုက်တာ၊
    အဲဒါမှစားလို့တင်းတိမ်တာတဲ့
    ပုမတို့ညီအမတွေသနားလွန်းလို့မျက်ရည်တောင်ကျရတယ်

    Reply

  • မွန်မွန်

    August 3, 2012 at 11:31 pm

    တကယ်လိုတဲ့နေရာမှာ သေသေချာချာ သွားလှူခဲ့တာကို သာဓုခေါ်ပါတယ် အစ်မရေ…
    အခုချိန်မှာ ဘုန်းတော်ကြီးသင်ပညာရေးက နိုင်ငံတော်ရဲ့ အထောက်အပံ့မရဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ… ဒီလိုသွားလှူခဲ့တာကိုလည်း ဝမ်းသာမိပါတယ်….

    Reply

  • manawphyulay

    August 4, 2012 at 9:45 am

    နေရာတိုင်းမှာ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင် ပညာသင်ကြားနေတဲ့နေရာတွေ အတော်များများရှိနေမယ်လို့ မြင်မိတယ်။ ဒါတွေက ကိုယ်လက်လှမ်းမီသလောက်နေရာမို့ လှူနိုင်တာ။ တကယ်လို့သာ ဝေးလံသီခေါင်တဲ့နေရာတွေမှ အနာဂတ်ကလေးငယ်တွေရဲ့ဘဝဆိုရင် မတွေးရဲစရာပါပဲ။ ဒီလို အလှူပြုတဲ့နေရာမှာတောင် ယခုအခက်အခဲဖြစ်နေတာ ကျောင်းသားကျောင်းသူပေါင်း ၃၅ဝ ကျော်က ထီးမရှိ၊ မိုးကာမရှိတွေ အတော်များများ ရှိနေသေးတယ်။ ထီးကျတော့လည်း တချို့က လာလှူပါတယ်တဲ့။ ဒါပေမယ့် လေတစ်ချက်တိုက်တာနဲ့ ထီးက လန်ထွက်ပြီး အရွက်တောင်မကျန်ဘူးလို့ ပြောရှာပါတယ်။ နောင်လှူချင်တဲ့သူတွေရှိရင် ကလေးတွေအတွက် မိုးကာလေးတွေ လှူပေးဖို့ ဆရာတော်ဘုရားက မှာလိုက်ပါတယ်။ နောက် နေ့စဉ်ကျွေးရတဲ့ အစားအသောက်အတွက်လည်း အခက်အခဲတော့ ရှိတယ်ပြောပါတယ်။

    Reply

  • snow white

    August 4, 2012 at 10:07 am

    (စိတ်ထားဖြူ မနောဖြူ ) ( ကုသိုလ်ယူ ကောင်းမှုလုပ် ) ( အပြောချို စကားကောင်း ) ( မျက်မှန်တပ် စကားတက်) သော ချစ်မမပြုလုပ်သမျှကောင်းမှုမှန်သမျှ ညီမလေးစနိုးလည်း ထပ်တူထပ်မျှရရပါစေလို၏ အရှင်ဘုရား။။။

    Reply

Leave a Reply to mamanoyar Cancel Reply

Your email address will not be published.