ဟူး… တစ်လကုန်ပြန်ပြီ

lynn lynnJuly 31, 20121min023

ဟင်း

ဒီနေ့ ဇူလိုင် (31)ရက် လစာထုတ်ရက်ရောက်ပြီ။ လစာထုတ်ရက်ကို မပျော်နိုင်တာကြာနေပြီ။  နောက်လဆို ကုမ္ပဏီကိုရောက်တာ 4နှစ်တင်းတင်းပြည့်ပြီလေ။ 4နှစ်အတွင်းမှာ ကုမ္ပဏီအပေါ်သံဃောဇဉ်တွေ တော်တော်များခဲ့ပြီ။ အလုပ်ခွင်က သူငယ်ချင်းတွေ၊ လူကြီးအပေါ်လည်း သံယောဇဉ်တွေ တိုးခဲ့ပြီ။ ကိုယ်တန်ဖိုးထားတဲ့အလုပ်လေးကို လုပ်ရင်းအလုပ်ခွင်မှာပျော်နေခဲ့တာ။

                    ဒါပေသိ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ မတွေ့ရဲဘူးဖြစ်နေတယ်။ သူငယ်ချင်းတွေက မေးလာမယ့်မေးခွန်းတွေ အတွက်အဖြေမဲ့ခဲ့တာကြာပြီ။ သူတို့ရဲ့ အားမလို၊ အားမရပြောတဲ့ စကားသံတွေ၊ ဂရုဏာနဲ့ ပြောတဲ့အသံတွေကို မကြားရဲခဲ့။ ဩာ်…လစာ၊ လစာ ဘယ်တော့များမှ တက်မလာမလဲ မျှော်လင့်ချက်တဲ့ စောင့်နေခဲ့တာကြာပြီ။ အသံလေးကြားလိုက် ပျောက်သွားလိုက်နဲ့ အကုန်လုံးက မျှော်လင့်နေခဲ့တယ်။ မျှော်ရင်းလင့်ခဲ့တာ တစ်လလည်းမဟုတ် နှစ်လလည်းမဟုတ် နှစ်နဲ့ချီနေပြီ။ လကုန်ရက်မှာ ပေးရမယ့်အခန်းခ၊ ဘေနဲ့စားထားတဲ့ ထမင်းဖိုး၊ တစ်လစာ ခရီးစရိတ် နှုတ်လိုက်တော့ ကိုယ့်အတွက်အသုံးစရိတ်က မကျန် အိမ်ပြန်လှမ်းတောင်း။ ဒီဘဝက လွတ်အောင် လုပ်မယ်ဆိုပြန်တော့ ကိုယ်ဝါသနာပါတဲ့အလုပ်၊ စိတ်ချမ်းသာစရာကောင်းတဲ့ ပတ်ဝန်းကျင်ကို မစွန့်လွှတ်နိုင် တွေဝေနေမိ။

                  စိတ်ဆုံးဖြတ်ပြီ ထွက်မယ်လုပ်လိုက်၊ လစာတက်မယ့် အသံက သဲ့သဲ့ကြားပြန်နဲ့ တော်တော်ကြာသံသရာလည်နေမိတယ်။ တွေဝေသူ၊ ပျော့ညံ့သူအဖြစ်နဲ့ တစ်လ၊ တစ်လကြီးသွားလိုက်တဲ့အသက်။ ထီပေါက်ရင် ကုမ္ပဏီက မထွက်ဘူးဆိုပြီး ထိုးလိုက်ရတဲ့ထီ။ ထီဖိုးသာ ကုန်တယ် ထီကလည်းမပေါက်။

                    တာ်ပါပြီ ကုမ္ပဏီသူငယ်ချင်းတွေကို ကျောခိုင်းပြီ အလုပ်သစ်ကို ရှာတော့မယ်။ လစာတက်မယ့်အသံမကြားခင် စိတ်မပြောင်းခင်အထိ ဆုံးဖြတ်လိုက်ပြီ။

 

23 comments

  • ma me kyaw

    July 31, 2012 at 7:37 pm

    သေချာစဉ်းစားပါအုံး

    Reply

  • အလင်းဆက်

    July 31, 2012 at 8:10 pm

    အဝေးက မြတ်ခင်းစိမ်းတယ်…တဲ ့ ။
    အနီးကပ် သွားကြည့်တဲ ့အခါ……..

    Reply

  • အလင်းဆက်

    July 31, 2012 at 8:13 pm

    ခင်လို့ပါနော်….
    ဒါပေမယ့် တစ်ရွာမကောင်း သူကောင်းမဖြစ်တဲ ့
    ပြိးတော့ အပြောင်း အလဲ..ကို မကြောက်ပါနဲ ့တဲ…။

    အဟိ ။ ဘယ်ဟာ..ယုံရမလဲ..မသိ

    Reply

  • သန်းထွဋ်ဦး

    July 31, 2012 at 8:45 pm

    ဒီလ လကုန်ရက်မှာ ရောင်းအကောင်းဆုံးက ငွေ(၄)သောင်းနဲ ့စတင်ရောင်းပေးနေတဲ့
    တန်ဖိုးနည်းGSMတွေပါ။လစ လေးတွေတော့ဖြတ်လို ့ကျန်ပေါ့မလား

    Reply

    • ဘရားသား

      August 1, 2012 at 9:45 am

      လစ လေးတွေတော့ဖြတ်လို့ ကျန်ပေါ့မလား — ဒီဝါကျရဲ့
      အဓိပ္ပါယ် လေး ပြန်ပေးကြပါ ။

      Reply

  • မောင်ပေ

    July 31, 2012 at 8:57 pm

    မနက်ဖန် မောင်ပေ ထီပေါက်တာနဲ ့တပြိုင်နက် လင်းလေး ကို လစာကောင်းကောင်းနဲ ့အလုပ်အကိုင် ရာထူးတစ်နေရာ ဖန်တီးပေးမှာပါကွယ်

    Reply

  • ko khin kha

    July 31, 2012 at 11:05 pm

    မလင်းလင်းရေ။ ၄ နှစ်ဆိုတဲ့အချိန်ကာလကျော်ခဲ့ပြီး လစာတိုးနှောင့်နှေးတယ်ဆိုရင် လက်ရှိလုပ်နေတဲ့ ကုမ္မဏီခံစားမှု့ထက် သာခဲ့မယ်ဆိုရင်တော့ ပြောင်းသင့်ပါတယ်၊ ဒါပေမယ့် စူးစမ်းရှာပြီး တဖက်က ကိုယ့်ကိုအလုပ်ခန့်ထားပြီဆိုမှ လက်ရှိကုမ္မဏီက ထွက်ပေါ့။ ကုမ္မဏီဝန်ထမ်းနဲ့ ပုပ္ပလိကဝန်ထမ်းတွေက သူဌေး၊ပိုင်ရှင် တိုးပေးမှရတာ အစိုးရဝန်ထမ်းလို နှစ်တိုးခံစားခွင့် သတ်သတ်မှတ်မှတ်မရှိဘူးလေ၊
    ဒါကြောင့် ခံစားခွင့် သာမယ်ဆိုရင် သေချာတာကို လက်ထဲရအောင် ယူရမှာမို့ ပြောင်းသင့်ပေမယ့် လက်ရှိခံစားခွင့်ထက် သိပ်မသာရင်တော့ မပြောင်းသင့်သေးဟု အကြံပေးပါရစေ။
    တစ်ရွာမပြောင်းသူကောင်းမဖြစ် လို့ ဆိုထားသလို သေချင်တဲ့ကျားတောပြောင်းလို့ လည်းရှိတယ်လေ။

    Reply

  • marblecommet

    August 1, 2012 at 2:09 am

    ဘွတူဒွေ ပါလားနော်….
    သများတို့လည်း
    လခထုတ်ရက်ကို အမုန်းဆုံး..
    ဟင့်….

    Reply

  • kai

    August 1, 2012 at 7:03 am

    “မျောက်သစ်ကိုင်းလွတ်”..တဲ့..
    အလကားရှိနေတဲ့..ဆိုရိုးစကားပုံတော့ မဟုတ်ဖူး..

    ဆိုတော့..
    သစ်ကိုင်းလွတ်ပြီး.. “ကားခနဲ”မကျအောင်… တဖက်ကိုပိုင်မှ..” လွှားကနဲ”ကူးပါလို့..။

    Reply

    • မောင်ပေ

      August 1, 2012 at 9:27 am

      သဂျီးဆိုလိုချင်တာက
      လက်ရှိ ၁သိန်းခွဲလောက် ရနေတဲ့အလုပ်ကို မကျေနပ်လို့ နောက်အလုပ်ကိုပြောင်းချင်တယ်ဆိုရင်
      ပြောင်းမယ့်နေရာက အခုလက်ရှိနေရာထက် မသာရင်တောင် လက်ရှိထက်မနိမ့်ဖို့ သတိပြုပါတဲ့

      Reply

  • shwe kyi

    August 1, 2012 at 9:07 am

    အယ် လင်းလင်း ဒဲ့ပြောနေသလိုပဲနော် ငိုချင်လာပြီ။ မျှော်လင့်ချက်သာမထားခဲ့ရင်ဆိုတဲ့ သီချင်းလိုပဲနော်။
    အလစ်သုတ်ရှာရမယ်။ အလစ်သုတ်ရှာရမယ်။ သူကြီးပြောသလို မျောက်သစ်ကိုင်းမလွတ်အောင်ကြိုးစားရမှာပေါ့။ 🙁

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    Reply

  • YE YINT HLAING

    August 1, 2012 at 9:30 am

    ခေါက်ရိုးကျိုး အကြွေးများနဲ့ —- ခေါက်ရိုးကျိုးစဉ်းစားရင်းနဲ့ငါ —- ခေါက်ရိုးကျိုးလကုန်ရက် —- ခေါက်ရိုးကျိုး ပြေးပေါင်းများတဲ့ငါ —- အား — အား —- ခေါက်ရိုးကျိုး နောက်ထပ် လ တွေမှာ —- အား — အား —- ခေါက်ရိုးကျိုး နောက်ထပ် မနက်ဖြန်ထဲ မှာ — ခေါက်ရိုးကျိုး အကြွေး တွေနဲ့ —- ( လင်းလင်း ကို အဆိုတော်လင်းလင်း ရဲ့ ခေါက်ရိုးကျိုး သီချင်း လေးနဲ့ မန့်တွားတယ် ဟဲဟဲ ။ နောက်တာနော် ! )

    Reply

  • မဟာရာဇာ အံစာတုံး

    August 1, 2012 at 10:13 am

    ငယ်ငယ်က သင်္ချာဆရာကြီးကတော့ဖြင့် ပြောခဲ့ဖူးတယ် ..
    တစ်နေရာကနေ တစ်နေရာကို ပြောင်းတော့မယ်ဆို
    “ကျွတ်” (သွေးစုပ်တတ်တဲ့ အကောင်လေး) လို ကျင့်ရတယ်တဲ့ ..

    Reply

  • lynn lynn

    August 1, 2012 at 10:14 am

    လင်းလင်းကို ဝိုင်းပြီး အကြံပေးကြတဲ့ မမီကျော်၊ ကိုအလင်းဆက်၊ ကိုခင်ခနဲ့ သူကြီး၊ ဒီနေ့ထီပေါက်ခဲ့ရင် လင်းလင်းအလုပ်အသစ်ပေးမယ့် ကိုပေ၊ ဘဝတူဖြစ်တဲ့ marblecomment နဲ့ ရွှေကြည်၊ ဝင်ရောက်ဖတ်ရှု့မန့်ပေးတဲ့ ကိုသန်းထွဋ်ဦးနဲ့ ကိုဘရားသား၊ လင်းလင်းရဲ့ ဘဝကို သီးချင်းဆက်ပေးတယ် ကိုရဲရင့်လှိုင်တို့ကို ကျေးဇူးတင်ပါတယ်။

    Reply

    • မဟာရာဇာ အံစာတုံး

      August 1, 2012 at 10:35 am

      ဟိုလေ ..
      အဲ့ထဲမှာ အနော်လည်း ပါဘူးနော် ..
      အဟီးးးးးးးး 😀
      (အဲ့ဂလိုဘဲ)

      Reply

      • lynn lynn

        August 1, 2012 at 10:54 am

        ကိုမဟာရာဇာ အံစာတုံးရဲ့ အကြံဉာဏ်ကောင်းအတွက်လည်း ကျေးဇူးတင်ပါတယ်။ လိုင်းက သိပ်မကောင်းလို့ ချက်ချင်းမပြန်နိုင်တာ ခွင့်လွှတ်ပါ။

        Reply

        • မောင်ပေ

          August 2, 2012 at 8:51 pm

          လင်းလေးရေ
          အဟင့်ဟင့် ဟီး
          ထီကကွယ်
          သိန်း၁၅၀ဝ ဆုကြီးမှာ ၂ လုံးတူ
          သိန်း၃၀ဝဆုမှာတော့ အက်ခရာ ရှေ ့ဆုံး၂လုံးနဲ ့နောက်ပိတ်၁လုံး ပဲတူလို ့
          အဟင့်အဟင့်ဟီး
          နောက်လပေါ့ကွယ်

        • မဟာရာဇာ အံစာတုံး

          August 2, 2012 at 8:59 pm

          ခင်ဗျားဂျီးက
          တူနေလို့ ဟုတ်သေးတယ် ..
          ကျုပ်မှာတော့ တစ်သိန်းဆုမှာတောင်
          တစ်လုံးမှ မတူးဘူး .. အဟီး .. ဟီး ..
          (ဘယ်လိုလုပ် တူမှာတုံး .. ဒီလ ထီမှ မထိုးဘဲနဲ့) 😀

  • မွန်မွန်

    August 1, 2012 at 11:13 am

    လေးနှစ်တောင်ရှိပြီပဲ..
    ကိုယ်ချင်းစာပါတယ် လင်းလင်းရယ်… ထွက်မယ်လို့ အသံကြားမှ လစာတိုးမယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ… ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုတယ်ဆိုရင် အစောကြီးကတည်းက တန်တဲ့လစာ ပေးထားပါလားနော်… ထွက်မယ်ဆိုမှ ပေးမယ်ဆိုတော့ အရင်အချိန်တွေတုန်းက ခေါင်းပုံဖြတ်ခံထားရတယ်လို့ မခံစားရဘူးလားဟင်… 😛
    လင်းလင်းရေ… မွန်မွန်လည်း တစ်ချိန်တုန်းက အဲဒီလိုပဲ ဒွိဟတွေ ဖြစ်ခဲ့ဖူးတယ်။ ပထမဆုံးလုပ်တဲ့အလုပ်ဆိုတော့ သံယောဇဉ်က အရမ်းကြီးတယ်။ ကိုယ်ဘာမှ မတတ်သေးခင်မှာ၊ ဘာအတွေ့အကြုံမှ မရှိသေးခင်မှာ မိသားစုစိတ်ဓာတ်ကြောင့် အလုပ်ခန့်ခဲ့တယ်။ သင်ပေးခဲ့တယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် နှစ်နှစ်ကျော်လောက်အကြာမှ အလုပ်မှာမပျော်တော့ဘူး။ လခကြောင့်မဟုတ်ဘူးလို့တော့ မငြင်းပါဘူး။ ဒါပေမယ့် လခဆိုတာက တစ်စိတ်တစ်ပိုင်းပေါ့…အဓိကက အလုပ်မှာ မပျော်တော့တာပေါ့…. ထွက်စာသွားတင်တဲ့အခါမှာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကို ကျတာပါ။ မထွက်စေချင်ပါဘူး..အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပေမယ့် ကိုယ်ကမှ မပျော်တော့တာ ဘာတတ်နိုင်မှာလဲ…
    အဲဒီအချိန်မှာ ဒွိဟတွေ ဖြစ်တာပဲ… ကျေးဇူးတရားနဲ့ ပျော်ရွှင်မှုဆိုတာရယ်… ဟိုဘက်မှာဘယ်လိုတွေကြုံရမှန်း မသိတာရယ်နဲ့…
    အဲဒီမှာ စာအုပ်တစ်အုပ်ဖတ်လိုက်ရမယ်… “ဘဝကို အဆုံးအဖြတ်ပေးမယ် အသက်နှစ်ဆယ်ကျော် အရွယ်” ဆိုတဲ့စာအုပ်ထဲမှာ ပြောင်းလဲမှုကို ရင်ဆိုင်ဖို့ ကြိုးစားပါဆိုတာကို တွေ့လိုက်တယ်။ နောက်ဆုံးတော့ ငါ့ဆုံးဖြတ်ချက်ကို မပြင်ဘူး။ ဖြစ်လာသမျှကို ရင်ဆိုင်မယ်… ပိုကောင်းလာနိုင်သလို ပိုလည်း ဆိုးသွားနိုင်တယ်..ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ အလုပ်ပြောင်းခဲ့ပါတယ်။
    ဆုံးဖြတ်ချက်မှန်ခဲ့ပါတယ်…

    လင်းလင်းလည်း စဉ်းစားပေါ့နော်..လေးနှစ်ဆိုတာ မနည်းတော့ပါဘူး။ ကိုယ်ပေးဆပ်ခဲ့ရတာနဲ့ ရလာတဲ့ တန်ရာတန်ကြေးနဲ့ အချိုးချကြည့်ပြီး မှန်ကန်စွာဆုံးဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…

    Reply

  • mayjuly

    August 1, 2012 at 11:56 am

    ပြီးခဲ့တဲ့ကာလကိုပြန်ကြည့်ပါ … လစာမတိုးသလို ကိုယ့်ရဲ့အရည်အချင်းကရောတိုးတတ်မှုရှိပါသလား…

    အရည်အချင်းတိုးတတ်မှုရှိရဲ့နဲ့ လစာမတိုးဘူးဆိုရင်တော့ လှည့်မကြည ့်တာအကောင်းဆုံးပါ …. အလုပ်ပြောင်းသင့်ပြီပေါ့ …

    အရည်အချင်းကပါ တိုးတတ်မှု မရှိဘူးဆိုရင်တော့ စဉ်းစားေးပတော့ ….

    Reply

  • manawphyulay

    August 1, 2012 at 12:12 pm

    ခဏစောင့်ကြည့်လိုက်ပါဦး။အလုပ်တစ်ခုက ပြောတော့သာလွယ်တာ နောက်တစ်ခုပြောင်းပြီး နေရာသစ်မှာ ပြန်အခြေချဖို့က အတော်ကြိုးစားရဦးမှာလေ… နောက် လေး ငါးနှစ်ကြာလာရင်လည်း ဒီလိုစိတ်ကလေး ပြန်ဖြစ်မိမှာပဲ။ ဒီတော့ မနောလို အလုပ်တစ်ခုနဲ့ အဆင်မပြေရင် ၂ ခုလုပ်ကြည့်ပေါ့ ဒီလိုလေး အကြံပေးကြည့်ပါတယ်။

    Reply

  • mamanoyar

    August 1, 2012 at 1:10 pm

    ဘဝတူတွေပါကွယ်
    အခြားအလုပ်ဆိုပြန်တော့လည်း ဟင်းးးးးးးး
    “သေချင်တဲ့ကျား တောပြောင်း” ဖြစ်မှာကစိုးရိမ်ရသေးတယ်

    Reply

  • lynn lynn

    August 1, 2012 at 1:22 pm

    မွန်မွန် နှင့် မေဂျူလိုင်တို့ လင်းလင်းအတွက် ဝိုင်းစဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ်။ မမနိုရာကိုလည်း ဘဝတူချင်းဖို့ ကိုယ်ချင်းစာမိပါတယ်။ မမနောရေ မမနောပြောသလိုလဲ အောက်ဆိုဒ် အဲမှားလို့ နောက်အလုပ်တစ်ခုခု တွဲလုပ်နိုင်အောင် အရင်ကြိုးစားကြည့်ပါမယ်။ အကြံဉာဏ်ပေးတဲ့သူ၊ ဝင်ရောက်ဖတ်ရှု့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.