ဝိုင်းကိုဘယ်လို ပိုင်ကြမလဲ

အညာလေသံနဲ့အိမ်ခြံမြေကို ဝိုင်းလို့ခေါ်လိုက်တာပါ ကမ္ဘာမြေကြီးရယ် လူသားတွေရယ်ရှိနေသမျှ ကမ္ဘာမြေကြီး ရဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ အိမ်ယာမြေကွက်တွေ အပေါ်မှာ လူသားတွေ
ရဲ့ပိုင်ဆိုင်မှုက မုချရှိနေမှာပါ ထိုထိုကမ္ဘာအစိတ်အပိုင်းကလေးဖြစ်သည့် အိမ်ယာမြေကွက်လေး(ဝိုင်းကလေး) ကိုဘယ်လို ပိုင်ကြမလဲ??? မြန်မာနိုင်ငံမှာ မြေတစ်ကွက် ပိုင်ဆိုင်ဖို့အတွက်
ဆွေးနွေးကြရအောင် ၊ ပိုက်ဆံပေးဝယ်ရုံနဲ့ ပိုင်ရှင်မဖြစ်ဘူးနော် ဥပဒေနဲ့ အညီ ပိုင်ဆိုင်ဖို့ ဆိုလိုတာပါ ။ အပျင်းလည်းပြေ ပညာလည်းရ မသိသေးတဲ့သူတွေက လေ့လာ သိပြီးသားသူတွေက ပါဝင်
ဆွေးနွေး အသိခြင်း ဖလှယ်ရအောင် ယောဆရာကြီးကဥပဒေဘွဲ့မရပါ ၊ဥပဒေ ပညာရှင်လည်း မဟုတ်ပါ ၊ ငွေရတု တစ်ခေတ်လောက် နိုင်ငဲ့ဝန်ထမ်းလုပ်ခဲ့တဲ့ အတွေ့အကြုံ ကို တင်ပြတာမို့
မှားရင် မှားတယ်လို့ ထောက်ပြ နိုင်ပါတယ်။ ဥပဒေ တွေဟာ ခေတ်စနစ်အလျှောက် လိုအပ်လို့ဥပဒေ ပြုခွင့်အာဏာ ရှိတဲ့အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကပြဒါန်းထားခြင်းဖြစ်ပြီး ပြည်သူတွေက
လိုက်နာကြရတာပါ။ဥပဒေ ပြဒါန်းချက် အပေါ်နားလည်ဖော်ပြမှုလွဲမှားခဲ့သော် ယောဆရာကြီး ၏အမှားသာဖြစ်ပြီး ဥှုပဒေ အမှား အဟုတ်ပါ ။ ရွာသားများ အနေဖြင့် Commend ပေးရာတွင်လည်း
ဥပဒေကို ပြက်ရယ်ပြုသည့် အသုံးအနှုန်းမျိုး ရှောင်ချင်စေချင်ပါသည်။ ( ဥပဒေ များသည် သူ့ှုခေတ်အလိုက် ပြဒါန်းခြင်းဖြစ်၍ ခေတ်စနစ်ခြားနားသည့်အခါ အံဝင်ခွင်ကျ မရှိမှုများ ဖြစ်တတ်ပါသည်။
ထိုသို့အံဝင်ခွင်ကျ ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ဆွေးနွေးလိုပါက လွတ်တော်တွင်သာ ဆွေးနွေးခွင့်ရှိပါသည်။ ) ယောဆရာကြီး ရဲ့ ဆွေးနွေးချက် အပေါ်မှာဖြင့် ကြိုက်နှစ်သက်သလို ထောက်ပြ ဝေဖန်နိုင်ပါသည် ။ …

ကဲ စကြရအောင် မြေယာဥပဒေကို အင်္ဂလိပ်ကိုလိုနီခေတ်က ပြဒါန်းခဲ့ပါသည် ထိုအချိန်က အထက်နှင့်အောက်ကွဲပြားနေ၍ ဥပဒေ မှာလည်း အထက်နှင့်အောက် ခွဲခြားထားပါသည်။
မြေ ကိုပိုင်ဆိုင်ဖို့အတွက် သိထားသင့်တဲ့ဥပဒေ များမှာ (၁) အောက်မြန်မာပြည် မြေနှင့် အခွန်တော်လက်စွဲဥပဒေ (၂) အောက်မြန်မာပြည် မြို့နှင့် ကျေးရွာရှိ မြေယာများ လက်စွဲဥပဒေ
(၃) အထက်မြန်မာပြည် မြေနှင့် အခွန်တော် လက်စွဲဥပဒေ (၄) မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေ (၅) မြန်မာနိုင်ငံ မြေသိမ်း အက်ဥပဒေ (၆) မရွှေ့မပြောင်း နိုင်သောပစ္စည်းများ
လွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေ (၇) စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေ (၈) မြန်မာနိုင်ငံ တံဆိပ်တော် ဥပဒေ (၉) ၁၉၅၃ ခုနှစ် လယ်ယာမြေ နိင်ငံပိုင် ပြုလုပ်ရေး အက်ဥှုပဒေ (၁၀)
၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေ (၁၁) 2012 ခုနှစ် လယ်ယာမြေဥပဒေ (၁၂) ခရိုင်ဝန်ရုံး လက်စွဲဥပဒေ တို့ ဖြစ်ပါသည် ။

ဆက်သွယ်ဆောင်ရွက်ရမည့် ရုံးတွေကိုလည်း သိထားဖို့လိုပါသည်။ (၁) မြေစာရင်း ဦးစီးဋ္ဌာန (၂) အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန (၃)ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးရုံး (၄) စည်ပင်သာယာ
ရေးအဖွဲ့ (၅)ပြည်တွင်း အခွန်များ ဦးစီးဋ္ဌာန တို့ဖြစ်ပါသည် ။ မြေကို စီမံခန့်ခွဲ ရာမှာ မြို့တော်နှင့် ကျန်မြို့များကို ခွဲခြား ထားပြန်ပါသည်။ မိမိမြေကွက်ဟာရန်ကုန်မှာ ရှိမယ်ဆိုရင်ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ ကလည်းကောင်း၊ မန္တလေး မှာရှိမယ်ဆိုရင် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ကလည်ကောင်း စည်မံခန့်ခွဲပြီး ကျန်နယ်မြို့များ မှာတော့
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန က စီမံခန့်ခွဲပါသည်။ ယောဆရာကြီးက အောက်သား ဆိုတော့ အောက်မြန်မာပြည်မှာရှိတဲ့ မြို့လေး တစ်မြို့က မြေတစ်ကွက်ကို ပိုင်ဆိုင်ခွင့် လျှောက်ထားကြ
ရအောင် .. ရွာသားများကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါသည်။

အပိုင်း(၂) ကို ဆက်လက် ဖော်ပြပါမည်။
ယောဆရာကြီး ..

12 comments

  • Khaing Khaing

    July 30, 2012 at 12:18 pm

    လောလောဆယ်တော့ မြေယာဝယ်နိုင်ဖို့ နည်းနည်းဝေးသေးတာကြောင့် အခြားသူများ ဆွေးနွေးတာကိုပဲ မှတ်သားပါမယ်ရှင့် ……….

    Reply

  • cherry nwe

    July 30, 2012 at 12:42 pm

    မမခိုင်ခိုင်လိုပါပဲသမီးလဲမကျွမ်းကျင်လို့မဆွေးနွေးရဲဘူး

    Reply

  • မမ အညာသူ

    July 30, 2012 at 1:13 pm

    ဗဟုသုတအဖြစ်ဖတ်ရှု.သွားပါတယ်

    Reply

  • kai

    July 30, 2012 at 2:42 pm

    စဉ်းစားကြည့်တာပါ..
    မြန်မာကျေးလက်ရွာသူားတွေ.. ဓါးမဦးချမြေဆိုပြီး.. တောရှင်း.. ယာလုပ်..နေထိုင်ကြတာပဲ..
    အဲလိုနဲ့.. မျိုး၁ဆက်-၂ဆက်ကျော်ရင်.. ကိုယ်ပိုင်ဖြစ်သွားမယ်လို့ထင်တယ်..

    အဲဒီမြေကို.. မြို့သူဌေးတယောက်က..တဧက ကျပ်၁သိန်းလောက်နဲ့ဝယ်..။အစိုးရဆီ.. စာရွက်စာတမ်းလျှောက်ယူလိုက်ရင်.. ပြီးရောလို့ထင်တယ်..

    ဟုတ်သလား.. သိချင်သား…
    ဟုတ်ရင်…
    ရိုးမတောင်ခြေနားက.. ဧက ၁၀ဝလောက်..ဝယ်ထားချင်လို့.. :mrgreen:

    Reply

    • Davit

      July 30, 2012 at 2:53 pm

      အောင်မငှီး………..တော်ပါပြီ သဂျီးရယ်……. ဒီပုံအတိုင်းဆို သဂျီးဆီက ပိုက်ဆံ သိန်း 100 ရဖို့အရေး…ဧက 100 စာတောရှင်းရမယ်….မျိုးဆက်နှစ်ဆက်လောက်နေပေးရမယ်…… ယူတော့ဘူး သဂျီးရေ …ယူတော့ဝူးးးးးးးးးးးးးး …………….. သေချာတဲ့ ခု 15 ကျပ်ပဲယူပြီးလစ်ပီဗျို့……………..
      :mrgreen:

      Reply

    • နေဝန်းနီ

      July 30, 2012 at 9:27 pm

      အဲဒိလောက် မကြာပါဘူးသူကြီးရယ်…။ ကျုပ် လိုက်ဝယ်ပေးပါ့မယ်…။ ဘယ်နေရာလိုချင်လဲ ပြော …။ တရားဝင်လည်းဖြစ်ရမယ်…။ အဲ နားလည်မှုတော့ ရှိရမယ်…။ နားလည်မှုဆိုတာက………. ဟီး နားလည်တဲ့သူတွေကို မပြောချင်ပါဘူး…။ 😛 😀 😛

      Reply

    • သန်းထွဋ်ဦး

      July 30, 2012 at 10:10 pm

      သူကြီး စိတ်ပါဝင်စားရင်တော့ ရခိုင်ရိုးမနဲ ့ပင်လယ်ကမ်းခြေတလျှောက်ရနိုင်ပါသေးတယ်။
      ယူမလားဗျို ့။တစ်ဧက(၁)သိန်း ကရိုးမအတွင်းပိုင်းလမ်းမပေါက်သေးတဲ့ နေရာတွေဘဲရနိုင်
      တယ်ဗျ။

      Reply

  • ပန်းစံပါယ်

    July 30, 2012 at 3:44 pm

    သိချင်မေးချင်တာတွေလည်း ရှိပါတယ်။ အပိုင်း ၂ ကိုစောင့်မျှော်နေပါတယ်။

    Reply

  • lynn lynn

    July 30, 2012 at 4:23 pm

    အပိုင်း (2) ကိုစောင့်မျှော်နေပါမယ်။

    Reply

    • မောင်ပေ

      July 30, 2012 at 9:38 pm

      ဒါ ပွိုင့် ဘဲ
      ကျုပ် လဲ အပိုင်း၂ ကို ဆက်ဖတ်နေမယ် ဗျို ့

      Reply

  • သန်းထွဋ်ဦး

    July 30, 2012 at 10:11 pm

    ကျနော်လဲ မကွေးရောက်တော့မှ အိမ်ဝိုင်း အိမ်ဝိုင်းဆိုတာ ကြားဖူးပါ၏

    Reply

  • ကြောင်ကြီး

    July 31, 2012 at 8:58 am

    အိမ်ဝိုင်းတော့ သိဘူး၊ ရွာထဲမှာတော့ အော်မေဂိုဏ်းဆရာဂျီး အန်တီဝိုင်း winne ဆိုတာရှိတယ်။ အန်တီဝိုင်းကို ပိုင်ချင်ရင်တော့ သူ့ဘဲဘဲဂျီးကို အရင်ဆုံး ရှင်းရမယ် ယောဆြာဂျီးရေ….

    Reply

Leave a Reply to မမ အညာသူ Cancel Reply

Your email address will not be published.