အချိုမှုန့်၏ ဆိုးကျိုးများ

Mon LayJuly 29, 20121min017
          အချိုမှုန့်စားသုံးခြင်း၏ ဆိုးကျိုးတွေ ဒီလောက်တောင်များတာကို ဂရုမစိုက်ပဲ ကျွန်တော်တိုြ့မန်မာ
နိုင်ငံမှာ အချိုမုှန့်စက်ရုံတောင် လာတည်တော့မယ်ဆိုတော့ သက်ဆိုင်ရာလူကြီးမင်းများ အပေါ်ဘယ်လို
နားလည်ရမှန်းတောင်မသိ့တော့ဘူး။ ၂၀၁၃ အမှီ အချိုမုှန့်စက်ရုံတည်နိုင်အောင် ကြိုးပမ်းသွားမည်တဲ့။
သတင်းစာမှာ ဖတ်ကြည့်ပါ။

ကဲ… အချိုမှုန့်၏ ဆိုးကျိုးတွေ လေ့လာသွားပါဦး။

Min Aung Naing shared Mg Mandalay‘s photo.
အချိုမှုန့်၏ ဆိုးကျိုးများးးးးးးးးးးးးးးး
အချိုမှုန့် ဆိုတာ ဘာလဲ ……..

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ဝန်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

17 comments

  • ko khin kha

    July 29, 2012 at 1:47 pm

    မစားသင့်တဲ့အထဲမှာတစ်အပါအဝင်ဖြစ်နေပါ၏။

    Reply

  • Shar Thet Man

    July 29, 2012 at 1:54 pm

    ဟုတ်တယ်…အခုဆိုလူတော်တော်များများမေ့တတ်ကြတယ်ဆိုတာ အချိုမှုန့်ကြောင့်တဲ့

    Reply

  • mamanoyar

    July 29, 2012 at 2:12 pm

    အယ်တော့ ဒါဆိုရင်တော့ အချိုမှုန့်လျှော့စားမှဖြစ်တော့မယ်
    အရင်ကတည်းကနည်းနည်းကြားဖူးပေမယ့် လျှော့မစားဖြစ်ခဲ့ဘူး
    အကျင့်ပါနေလို့တော့ မစားတတ်ဘူးဖြစ်နေတယ်
    အခုတော့ လျှော့စားမှဖြစ်တော့မယ်

    Reply

  • ma me kyaw

    July 29, 2012 at 2:46 pm

    လျော့စားတော့မယ်။

    Reply

  • may flowers

    July 29, 2012 at 2:56 pm

    အင်း…………..နာလည်းအချိုမှုန့်လျှော့မှ။

    Reply

  • YUM YUM

    July 29, 2012 at 3:14 pm

    အခုလို ရှယ်ပေးတာ ကျေးဇူးပါ။ လုံးဝကြီးမရှောင်နိုင်ရင်တောင် ခုကစပီး ရှော့စားတော့မယ်။

    Reply

  • မမ အညာသူ

    July 29, 2012 at 3:16 pm

    အချိုမှုန့်ကတကယ်ကိုလူကိုဆိုးကြိုးများစွာပေးပါတယ်
    အချိုမှုန့်အစားအသားမှုန့်သုံးတာကျန်းမာရေးအတွက်သင့်လျော်ပါတယ်ရှင်

    Reply

  • မဟာရာဇာ အံစာတုံး

    July 29, 2012 at 3:22 pm

    အချိုမှုန့်က ဆိုးကျိုးတွေ ရှိတယ်ဆို ..
    မြန်မာပြည် အနေနဲ့
    အဲဒီ အချိုမှုန့် ကုမ္ပဏီကို လက်မခံသင့်ပါဘူး ..
    ဒီလို ကျနော် မြင်ပါတယ် ..

    Reply

  • Shar Thet Man

    July 29, 2012 at 3:58 pm

    ဟုတ်တယ်…အဲဒါကြောင့်အခု..အချိုမှုန့်အစားအသားမှုန့်တွေပေါ်နေပါပြီ။တန်ဆေးလွန်ဘေးပေါ့နော်…

    Reply

  • P chogyi

    July 29, 2012 at 4:48 pm

    ကျွန်တော်သိရတာကတော့
    အာဂျီနိုမိုတိုအချိုမှုန့်စက်ရုံလုပ်ငန်းစုက စက်ရုံဆောက်မယ်ဆိုတာ
    အချိုမှုန့်စက်ရုံမဟုတ်ပါဘူး ကြက်သားမှုန့်စက်ရုံပါ
    သတင်းဖော်ပြသူကရှင်းရှင်းလင်းလင်းမရေးလို့ပါ။
    အချို့မှုန့်အစားထိုး ကြက်သားမှုန့်တွေ ခေတ်စားလာပြန်ပါတယ်။
    ဒါပေမဲ့ နှစ်အနည်းငယ်ကြာရင်တော့ ကြက်သားမှုန့်တွေရဲ့ ဆိုးကျိုးကလည်းပေါ်လာဦးမှာပါ။
    ပုဇွန်ခြောက်တို့ ငပိတို့စားဖို့ကြံပြန်တော့လည်း ၄ဝ ကျော်အသည်းကွဲခြင်းမှာ
    ဖော်ပြထားတာဖတ်ပြီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။
    ၁၉၈၃ ခုနှစ်လောက်ကတည်းက အချိုမှုန့်ကို တစ်စိုက်မတ်မတ်စားလာမိတော့
    မတတ်နိုင်တော့ဘူး ကံရှိသလောက်တော့ လူလောကမှာနေရမှာပေါ့။

    Reply

  • same kyaw

    July 29, 2012 at 5:55 pm

    မြန်မာတွေ အချိုမှုန့်စားတာ အရိုးစွဲနေဘီ။အရင်တုံးက နန်တော်နဲ့ဆွမ်းအုပ်(သိပ်မမှတ်မိ)ဆိုပြီး မြန်မာပြည်မှာ ထုတ်တယ်။နောက်တော့ အန္တရာယ်ရှိတယ်ဆိုပြီး စက်ရုံပြန်ပိတ်သွားတယ်။စက်ရုံပိတ်တော့ မြန်မာတွေ မစားဘဲနေလို့လား ထိုင်းနဲ့ အရည်အသွေးမမှီတဲ့တရုတ်အချိုမှုန့်တင်သွင်းတယ်။တကယ်ဆို အဲ့ဒီကတည်းကမပိတ်ဘဲ လူထုကို ပညာပေးရမှာ။နည်းနည်းလျှော့စားလာမယ်.ခုပေါ်တဲ့ ခနောကလဲ အချိုမှုန့်ရာနှန်းပြည့်မဟုတ်တောင်နဲနဲတော့ပါတာဘဲ။တရုတ်ပြည်မှာ အချိုမှုန့် ကပြည်ပအထူးသဖြင့်မြန်မာပြည်အတွက်ဘဲထုတ်တာ တရုတ်ရဲ့ ၉၀%လောက်ကအချိုမှုန့်မစားဘူး။မြန်မာပြည်ပေါက်တရုတ်ကတော့အချိုမှုန့်စားတယ်။မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဆိုင်တွေ ကတော့ အချိုမှုန့် အရမ်းသုံးပါတယ်။သိပ်မသုံးတာ ကုလားဆိုင်တွေ သိပ်မသုံးဘူး

    Reply

  • mggwa

    July 29, 2012 at 6:07 pm

    အချိုမှုန့်၊ အချိုမှုန့်၊ အချိုမှုန့် . . . . .
    လူကို အရသာရှိစေပေမယ့် သေချာတွေးကြည့် ကြောက်စရာ။
    အချိုမှုန့်ဆို ဘယ် အချိုမှုန့် မှ မကောင်းဘူး။
    အချိုမှုန့်နဲ့ အလားတူတွေလည်း ကောင်းဘူး၊
    “အချိုမှုန့်ပမာ ယနေ့ခေတ်ဝိပဿနာ ”
    http://myanmargazette.net/116672/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen
    တဲ့။
    အဲဒီအချိုမှုန့်စက်ရုံတွေလည်း မြန်မာပြည်မှာ ပေါပါ့။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 29, 2012 at 7:29 pm

    စားတာကတော့ စားနေကြဦးမှာဘဲ
    စားနေကြဦးမှာဖြစ်တဲ့အတွက် လိုအပ်နေဦးမှာဘဲ
    လိုအပ်နေတဲ့အတွက် သူများဆီက ဝယ်ရဦးမှာဘဲ
    ဒီလိုစက်ရုံဖွင့်လိုက်တော့လည်း တစ်မျိုးကောင်းတာဘဲ
    မဟုတ်ရင် တရုပ်က အချိုမှုန့်တွေ နှိပ်စက်တာခံနေရဦးမယ်
    မူရင်းလုပ်ငန်းကိုယ်တိုင်ဆိုတော့ အတိုင်းထက်လွန်ဆိုးကျိုးကြီးဖြစ်မည်မထင်
    သူတို့မှာလည်း သုတေသနတွေဘာတွေရှိမလားမပြောတတ်
    တစ်ကယ်လို့ အချိုမှုန့်မှာ ဆိုခဲ့သလို ဆိုးကျိုးတွေရှိတယ်ဆိုတာကို ထုတ်လုပ်သူတွေကို တိုက်ရိုက်ပြော
    ကြည့်ရင် သူတို့ဘာတွေများပြန်ပြောမလည်း သိခြင်သား

    Reply

  • Gipsy

    July 29, 2012 at 7:50 pm

    အိမ်မှာတော့ ရှောင်ဖြစ်ပါတယ် .. လိုလိုမယ်မယ်ဆောင်ထားတတ်တဲ့ အကျင့်ကို
    ဖျောက်ပစ်လိုက်တာ ငါးနှစ်လောက်တော့ရှိပါပြီ ..
    ဒါပေမဲ့ အပြင်စာ ဝယ်စားဖြစ်ရင်တော့လဲ ရှောင်လို့ မရပြန်ဖြစ်ရပြန်တယ်ဗျ ..
    အချိိုမှုန့်မပါရင် ခံတွင်းမတွေ့သူများ ကြိုးစားပြီး ရှောင်စေ့ချင်ပါတယ် ..
    ရှောင်လေ ဝေးဝေး မူးယစ်ဆေး.. အဲ ဟုတ်ပေါင် အချိုမှုန့်ဘေး … :mrgreen:

    Reply

  • မောင်ပေ

    July 29, 2012 at 7:55 pm

    အမရှား ရေးပြမှာဘဲ
    စက်ရုံတည်မယ့် ကိတ်စနဲ ့
    အချိုမှုန် ့ဆိုးကျိုးတွေ ကို ထပ်သိလာရတယ်ဗျာ
    ကျုပ်လဲ ရှောင်နိုင်သလောက် ရှောင်နေတာကြာပါဘီ
    ခက်တာက
    ဒီက စားသောက်ဆိုင်တွေမှာ
    ကိုယ်မှာတဲ့ အစားအသောက်အတွက်
    အချိုမှုန် ့ရှောင်ပါ လို ့ပြောလိုက်ရင်ကို
    ဂေါ်ဇီလာကြီး မြို ့ထဲ ဝင်လာသလို ဝိုင်းကြည့်တာကလဲ
    တော်တော်နေရခက်တာကလား

    Reply

  • ကြောင်ကြီး

    July 30, 2012 at 1:22 am

    ကြက်သားမှုန့်ဆိုတာနဲ့ အချိုမှုန့် ကုလားဂျီးနဲ့ အရာဂျီးဖြစ်ပါတယ်။ ကြက်သားမှုန့်အစစ် မဟုတ်ကြောင်း အသိပညာပေးမှု လိုအပ်နေပြီဖြစ်ပါဂျောင်း…..

    Reply

Leave a Reply to Shar Thet Man Cancel Reply

Your email address will not be published.