ဒီမိုကရေစီ လမ်းကြောင်းမှာ ဒီလိုအကျင့်ပျက်ဝန်ထမ်းတွေမရှိသင့်တော့ပါဘူး

TRUTHJuly 29, 20121min011

25.7.2012 နေ ့တွင် ပေါင်းတည်ဗီဒီယို အခြေခံ အဖွဲ ့ ၊ မူပိုင်ရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ ့ များသည် လုပ်ငန်းလိုင်စင်မရှိဘဲ မူပိုင်ရှင်၏ခွင့်ပြုချက်မရရှိသော တရားမဝင်မြန်မာဗီဒီယို ဇာတ်ကားခွေ များ ကော်ပီပွား ခိုးငှားနေသော ပေါင်းတည်မြို ့ ပုတီးကုန်းလမ်းနေ ဦးစန်းမြင့် ဒေါ်ဌေး တို ့၏ နေအိမ်သို ့ ဝင်ရောက်ရှာဖွေရာတွင် ပထမတစ်ရက်24.7.2012 ညနေပိုင်း ကတည်းက ပေါင်းတည်ရဲစခန်းမှ နယ်ထိန်း ဝင်းဇော် ဆိုသူက ကြိုတင်သတင်းပေး သိမ်းဆည်းခိုင်းထားသဖြင့် မည်သည် ့ မြန်မာဗီဒီယို ဇာတ်ကားခွေ ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

 

11 comments

  • ချစ်ရင်ထူး II

    July 29, 2012 at 11:56 am

    အဲဒါဆိုလည်း သေချာနေရင် ဂုဏ်သတင်းကျော်ဇော မှုနဲ့ ဖမ်းလိုက်ပေါ့ .. 😀
    မရှိသင့်တော့တာ အမှန်ပါ .. အဲဒါမျိုးတွေ ရှိနေရင် ဒီမိုကရေစီ ဆိုတာ မြင်သာမြင်ရ မကြင်ရ တဲ့ဘဝရောက်သွားမှာ စိုးမိပါတယ် ..

    Reply

  • မောင်ပေ

    July 29, 2012 at 12:18 pm

    ကောင်းဗျာ
    ဒီလိုမျိုး နာမည်တွေ လိပ်စာတွေ နဲ ့တိတိကျကျ ရေးဖော်ပေးတော့
    သေချာပေါက် အရေးယူခံရတော့မှာပါ

    Reply

    • TRUTH

      August 2, 2012 at 1:02 pm

      သတင်းအပြည် ့အစုံ ကတော့
      ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို ့မှ အဂတိလိုက်စား၊အကျင့်ပျက် နယ်ထိန်းတစ်ဦး (Ref;Daily
      Online News on Facebook)

      25.7.2012 နေ ့တွင် ပေါင်းတည်ဗီဒီယို အခြေခံ အဖွဲ ့ ၊ မူပိုင်ရှင်များ၊ဗီဒီယို အခွေအငှားဆိုင်ပိုင်ရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ ့ဝင် များပါဝင်သည် ့ပူးပေါင်းအဖွဲ ့သည် လုပ်ငန်းလိုင်စင်မရှိဘဲ မူပိုင်ရှင်၏ခွင့်ပြုချက်မရရှိသော တရားမဝင်မြန်မာဗီဒီယို ဇာတ်ကားခွေ များ ကော်ပီပွား ကျယ်ကျယ်ပြန် ့ပြန
      ် ့ ခိုးငှားနေသော ပေါင်းတည်မြို ့ ပုတီးကုန်းလမ်းနေ ဦးစန်းမြင့် ဒေါ်ဌေး တို ့၏ နေအိမ်သို ့ ဝင်ရောက်ရှာဖွေရာတွင် ပထမတစ်ရက်24.7.2012 ညနေပိုင်း ကတည်းက ပေါင်းတည်ရဲစခန်းမှ နယ်ထိန်း ဝင်းဇော် ဆိုသူက ၎င်း လမ်းထိပ်တွင် နေသူတစ်ဦး နှင့် ၎င်း လမ်းထဲရှိ တရားမဝင်နှစ်လုံး၊သုံးလုံးထီ ရောင်းချနေသည် ့( အမည်မဖော်ပြလိုပါ)သူ နှစ်ဦးအား “ ဦးစန်းဝင်း ဆိုတာ လမ်းထဲမှာ ဘယ်သူလဲ ” မေးသဖြင့် ၎င်းသူများက “ ဦးစန်းဝင်းဆိုတာ မရှိဘူး၊ဦးစန်းမြင့် ဆိုတာတော့ရှိတယ် ဘာဖြစ်လို ့လဲ” ပြန်မေးသောအခါ ထို နယ်ထိန်း ဝင်းဇော်မှ “ သူ ကအခွေငှားတယ် မဟုတ်လား၊ငှားရင်သိမ်းထားလိုက်တော့ မနက်ဖြန် လာဖမ်းဖို ့ရှိတယ် စခန်းမှူးကလည်း သိပ်ဖမ်းပေးချင်တာမဟုတ်ဘူး”ဟု ပြောသဖြင့် နှစ်လုံးထီ၊သုံးလုံးထီ ရောင်းသူမှ ကြိုတင်သတင်းပေး သိမ်းဆည်းခိုင်းထားသဖြင့် မည်သည် ့ မြန်မာဗီဒီယို ဇာတ်ကားခွေ ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။ထို ကဲ့ အဂတိလိုက်စားသော
      အကျင့်ပျက် ရဲဝန်ထမ်းကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်စေရန် တင်ပြ အပ်ပါသည်။

      Reply

      • htoosan

        August 2, 2012 at 1:33 pm

        ဟဟ .. နယ်ထိန်း တစ်ယောက်က ဘယ်အိမ် ဘယ်သူမသိရှာလို့ သူများသွားပြောတယ် ဆိုတော့ .. ယုံချင်လိုက်တာကွယ်။။
        ဒီလို မျိုး သိလို့ ကတော့ နယ် ထိန်းက အသစ်မို့လို့ ဦး စန်းမြင့် မသိဘူး ထား .. ရပ်ကွက်ထဲက လမ်း ဘယ်လောက်ရှည်တာမို့လို့ .. သွားရှာ ကိုယ်တိုင်ပြောပြီး ပိုက်ဆံတောင်း ပြန်မပေါ့ …. ကျေးဇူးစား ကျေးဇူး ခံ သွား လုပ်မှာပေါ့ ။။။။

        Reply

  • P chogyi

    July 29, 2012 at 5:03 pm

    ပြည်သူတွေကို ကြိုသတင်းပေးနိုင်လို့
    ပြည်သူ့ရဲလို့ခေါ်တာနေမှာပေါ့
    သူကလည်းစေတနာနဲ့ပါ
    သူများတွေ အချုပ်ကျ၊ တရားရင်ဆိုင်ရနဲ့ စရိတ်တွေ အများကြီး
    ကုန်မှာစိုးလို့ စရိတ်ကျဉ်းကျဉ်းနဲ့ ဝန်ဆောင်မှုပေးတာနေမှာပါ။

    Reply

  • ကိုသင်း

    July 29, 2012 at 5:49 pm

    အကျင့်ပျက်ဝန်ထမ်းဆိုတာ ကျွန်တော်တို့တိုင်းပြည်မှာ မိုှထက်ပေါပါတယ်
    ဘယ်ရုံး ဘယ်ဌာနကို သွားသွား under table ( အာရကေ ) မပါရင်
    ဘယ်တော့မှ အဆင်ပြေတယ်ဆိုတာ မရှိဘူး၊သေးသေးကလည်း သေးသေး
    အလျောက်၊ကြိးကြိးကလည်း ကြိးတဲ့အလျောက် လာဘ်စားနေကြတာပါ။
    ဒါကလည်း ကြိုးနိစနစ်ရဲ့ ဆိုးမွေလို့ပြောလို့ရသလို၊အစဉ်အဆက် အုပ်ချုပ်လာ
    ခဲ့တဲ့ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ ညံဖျင်းမှုလို့ ပြောလို့ရပါတယ်။အခုချိန်
    အထိလည်း အမြစ်တွယ်နေဆဲမို့ အနာသိပေမဲ့ ဆေးမရှိတဲ့ AIDS ရေဂါနဲ့
    အလားသဏ္ဍန်တူပါတယ်။

    Reply

  • Thu Wai

    July 30, 2012 at 10:20 am

    ကိစ မပြီးခင် ရေလောင်းပါ ကိစ ပြီးလျှင် ရေများများလောင်းပါ (အိမ်သာထဲကစာတန်း)

    Reply

  • etone

    July 30, 2012 at 2:04 pm

    ဒီပို့စ်ဖတ်ပြီး …. ကျွန်မ အရမ်းရယ်ချင်သွားမိတယ် …. ။ (ပို့စ်ပိုင်ရှင်ကို မရည်ရွယ်ပါနော် )
    ရယ်ချင်မိတာ … တကယ်ပါ …… ဘာလို့လဲဆိုတော့ …… လုပ်စားတော့ မိုးခေါင်ဆိုသလိုမျိုးမို့ပါ … ။

    ပေါင်းတည်လို နေရာမျိုးကို သွားပြီး …. ခိုးကူးခွေ အိမ်မှာ လာရှာတာတို့ ဘာတို့ ထိ ခက်ခက်ခဲခဲ ..လုပ်တယ် … ။တကယ်ဖမ်းချင်လျှင် မြို့ထဲမှာ ပေါ်တင်ရောင်းနေတာ …. အပြုံးတောင်မပျက်ဘူး … ။
    ပြောရလျှင်လေ .. .အရူးချီးပန်းလိုပါပဲ … ။ဟိုတကွက် ဒီတကွက်နဲ့ … ။
    စီမံချက်ရှိတိုင်း ကွက်ကြားမိုး ရွာရွာနေတာ .. အမှန်တကယ် စိတ်ပျက်မိပါတယ် … ။

    ခိုးကူးခွေ တကယ် ပပျောက်ချင်လျှင် …. ဖိဖိစီးစီး … နေရာတိုင်းမှာလုပ် … မိလျှင် ဒဏ်ရိုက် ၊ငွေဒဏ် ၊ ထောင်ဒဏ် … တကယ်သာ … အတိကျ ကြပ်ကြပ်မတ်မတ်လုပ်ကြည့် နောက်ပိုင်း …. လူတွေကြောက်ပြီး ခိုးကူးလုပ်ရဲမှာ မဟုတ်ဘူး … ။ သူတို့ဘက်ကသာ … တကယ်ပပျောက်စေချင်တဲ့ စိတ်ရှိဖို့ပဲ လိုတယ် …. ။
    🙄 ဟူးးးးးးးးးးးးးးး

    Reply

  • မွန်မွန်

    July 30, 2012 at 4:34 pm

    အင်း… ပြောမယ်ဆိုရင် ကိုယ်တွေလည်း စိတ်မလုံပါဘူး။ အခွေသစ်လေးများထွက်ပြီဆိုရင် လမ်းဘေးကဆိုင်ကိုပဲ သွားမေးမိတယ်။ သုံးခွေတစ်ထောင်ဆိုတော့လည်း ဝယ်မိတာပေါ့လေ။ နယ်မှာဆိုရင်လည်း ကိုယ်လိုချင်တဲ့သီချင်းလေးတွေသွားပြောပြီး ဆိုင်ကို အခွေလေးဘန်းခိုင်း..တစ်ခွေမှ သုံးရာ…
    ဆိုင်ပေါ်က တစ်ခွေ ထောင့်ငါးရာလောက်ရှိတဲ့ အော်ရီဂျင်နယ်ကိုလည်း အမြဲမဝယ်နိုင်ဆိုတော့… အင်း…
    နာလည်းပါတယ်လို့ပဲ ပြောတော့မယ်….

    Reply

    • TRUTH

      August 2, 2012 at 12:49 pm

      ဒီကိစ္စ က သီချင်း Copy ခွေ ကိစ္စ မဟုတ်ပါ။နယ်တွေမှာက မြန်မာဗီဒီယို ကားတွေကို မူပိုင်ကြေး
      တစ်ကားကို သောင်းဂဏန်း သိန်း ဂဏန်း နဲ ့ပေးဝယ်နေရတာပါ။မြို ့ကြီးတွေမှာလို RC ကြေး
      ထောင် ဂဏန်းလောက်ပေးဝယ်ရတာမဟုတ်ပါ။ အဲဒါကို ခိုး ငှားတဲ့ လူတွေက ရန်ကုန်လမ်းဘေး ကနေ 300 ။400။500 လောက်နဲ ့ဝယ်ပြီးခိုးငှားနေကြတာပါ။ ညီမတို ့လဲနယ်မူပိုင်ရှင်နေရာ က ဝင်ခံစားကြည် ့နိုင်ပါတယ်။

      Reply

  • ko khin kha

    July 30, 2012 at 4:57 pm

    မောင်ပေ says:
    ကောင်းဗျာ
    ဒီလိုမျိုး နာမည်တွေ လိပ်စာတွေ နဲ ့တိတိကျကျ ရေးဖော်ပေးတော့
    သေချာပေါက် အရေးယူခံရတော့မှာပါ။

    ကိုပေရေ ငယ်ငယ်တုံးကနောက်ပြောကြတာကြားဖူးတယ် စည်တော်ကြီးဆိုလား၊ ကြေးစည်ဆိုလားတီးရင် မည်ပါသတဲ့ “ မထင် မထင် ´´ တဲ့။

    Reply

Leave a Reply to htoosan Cancel Reply

Your email address will not be published.