အချုပ်ခန်း

အချုပ်ခန်း

အချုပ်ခန်းတစ်ခုအတွင်းသို့ လူငယ်လေးတစ်ယောက်ကုတ်ချောင်းချောင်းနဲ့ရောက်လာတယ်၊ အထဲမှာရှိနှင့်သူတစ်ယောက်က လှမ်းမေးတယ်။

“ဟေ့ကောင် မင်းဘာမှုလဲ ”

“ဆဲမှုပါ”

“သွား ဟိုထောင့်မှာသွားထိုင်နေ”

“ဟုတ်ကဲ့”

ထိုသို့ဟောက်လိုက်သူကိုအခြားတစ်ယောက် ကခပ်တည်တည်နဲ့ပြောတယ်။

“မင်းကကော ဘာမှုမို့ သူများကိုဟောက်နေရတာလဲ”

“ရန်ဖြစ်မှုပါ”

“သွားမင်းပါ အဲဒီထောင့်မှာသွားထိုင်”   ဆိုပြီးအမိန့်ပေးလိုက်တော့

“ဟုတ်ကဲ့”  ဆိုပြီး သွားထိုင်နေပါတယ်။

အဲဒီအမိန့်ပေးသူကို အခြားတစ်ယောက်ကလှမ်းမေးပါတယ်။

“မင်းကကော ဘာမှုမို့ အမိန့်ပေးနေတာလဲကွ”

“ခိုးမှု”

“ဒါဆို လာစမ်း ငါ့ကို ယပ်ခတ်ပေးစမ်း”

လို့မျက်နှာထားတင်းတင်းနဲ့လှမ်းငေါက်ပါတယ်။ သူခိုးလဲ “ဟုတ်ဟုတ်ကဲ့ခင်ဗျ” ဆိုပြီး ယပ်တောင်လေးယူပြီးယပ်ခတ်ပေးလိုက်ပါတယ်။

အဲဒီဇိမ်ခံနေတဲ့သူကို နောက်တစ်ယောက်ကမေးပါတယ်။

“မင်းကကောဘာမှုလဲကွ”

“ငါရန်ဖြစ်ပြီး ဒါးထိုးမှုနဲ့ရောက်လာတာကွ” လို့ ခပ်ဆတ်ဆတ်ပြန်ပြောပါတယ်။

“အောင်မာမင်းလိုကောင်ကဇိမ်ခံနေရသေး၊ လာငါ့ကိုဇက်ကြောဆွဲပေးစမ်း”

“မင်းကဘာမို့လို့ ငါ့ကို အမိန့်ပေးရတာလဲ”

လူမိုက်က အခြားလူတွေလိုမဟုတ်ပဲ မိုက်ဂုဏ်လေးနဲ့ပြန်မေးလိုက်ပါတယ်။ဒီအခါပထမမေးသူက

ငါက လူသတ်မှုကွ  လို့ပြန်ဖြေတော့၊လူမိုက်လည်း

“ဟုတ်..ဟုတ်ကဲ့ပါခင်ဗျ” ဆိုပြီးဇက်ကြောသွားဆွဲပေးလိုက်ပါတယ်။ဒါနဲ့နောက်တစ်ယောက်ကလူသတ်သမားကိုပြောပါတယ်။

“ဟေ့ကောင် မင်းအနှိပ်ခံမနေနဲ့ ၊ဒီကိုလာစမ်း”

“လူသတ်သမားလည်းဂျစ်ကန်ကန်နဲ့ ”

မင်းကဘာကောင်မို့လဲကွ လို့ပြန်မေးပါတယ်။

“ငါက မင်းထက်အပစ်ကြီးတဲ့ လူသတ်မုဒိမ်းမှုကွ၊ ငါ့ကိုခြေသလုံးလာနှိပ်ပေးစမ်းဟေ့ကောင်”

ဆိုပြီးခြေထောက်ကိုဆင်းပေးလိုက်ပါတယ်။

လူသတ်သမားလည်း၊ သွားပြီးခြေသလုံးနှိ်ပ်ပေးလိုက်ပါတယ်။

ဒီအခါမှာကွပ်ပျစ်ပေါ်မှာတုံးလုံးလှည်းနေသူတစ်ယောက်ကပြောတယ်။

“အောင်မာ ငါ့တစ်ယောက်လုံးရှေးထားပြီး ဗိုလ်လုနေလိုက်ကြတာကြည့်စမ်း။ မင်းတို့မသိရင်မှတ်ထားကြ၊ငါက ရပ်တကာလှည့်ပြီးဓါးပြတိုက်၊ ခံချတဲ့ကောင် အကုန်သတ်၊ အပျိုမြင်ရင် အကုန်မထားတဲ့ မုဒိန်းလူသတ်ဓါးပြ တောပုန်းကြီးမိုးမှောင်ဆိုတာငါပဲကွ၊ မင်းတို့အကုန်လာကြစမ်း၊ ငါ့ခြေသလုံးကိုတစ်ယောက်တစ်ဖက်နှိပ်ကြ၊ နှစ်ယောက်ကလက်နှစ်ဖက်ကိုနှိက်၊တစ်ယောက်က ဇက်ကြောဆွဲပေး ကျန်တဲ့ကောင်ကပုဆိုးနဲ့ ယပ်ခတ်ပေးစမ်းကွ”  လို့ ပြောလိုက်ပါတယ်။နောက်တော့ကွပ်ပျစ်ပေါ်မှာမှောက်လိုက်ပြီး ခြေတွေလက်တွေ ဆန့်ပေးလိုက်တဲ့အခါ အားလုံးဟာ သူပြောတဲ့အတိုင်းလုပ်ကြပါတော့တယ်။

××××××××××××××××××××××××××××

အော်…….အပစ်သေးတဲ့သူက အပစ်ကြီးတဲ့သူကို ကြောက်ရတဲ့ဘဝပါလားနော်…….

 

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

15 comments

  • TTNU

    July 26, 2012 at 12:12 am

    ကြောင်လေးရေ..
    (အော်…….အပြစ်သေးတဲ့သူက အပြစ်ကြီးတဲ့သူကို ကြောက်ရတဲ့ဘဝပါလားနော်)
    ဆိုတော့ ..
    အပြစ်မရှိတဲ့သူက အပြစ်သေးတဲ့လူကိုကြောက်၊
    အပြစ်သေးတဲ့သူက အပြစ်ကြီးတဲ့သူကို ကြောက်၊
    အပြစ်ကြီးတဲ့သူက ဘယ်သူ့ကိုမှ မကြောက်။
    လို့ Assumption ထုတ်ရမှာလားဟင်…..
    😆

    TTNU.

    Reply

  • captainamerica

    July 26, 2012 at 12:55 am

    နိုင်ငံရေးသမားဆိုရင်ကော ကိုကိုကြောင်ဝတုတ်ရေ
    ဥပမာနော် ကျုပ်သာနိုင်ငံရေးမှုနဲ.ဝင်လာတဲ့ကောင်ဆိုရင်အိုက်မိုးမှောင်ဆိုတဲ့ကောင်ကစပီး
    နအုံကြီးပဲ ရိုက်ပစ်မှာ မင်းတို.ထက်မိုက်လို.နိုင်ငံရေးလုပ်တာကွဆိုပီး အကုန်အပိုးကျိုးမှာ
    ကျိန်းသေတယ် :mrgreen: ဥပမာပြောတာနော်။ဒါထက်စကားမစပ်ဗျာ အကိုပို(စ်)ကို
    ကျွန်တော်အရင်ဝင်မန်းတာဗျ ဆော့(ဖ်)ဝဲတစ်ခုဒေါင်းလော့ဆွဲနေတုန်း ရသာွးလို. အင်စတော
    လုပ်လို်က်တာ စက်ကရီစတပ်ပြန်ကျသာွးရော အဲအချိန်မှာတီချယ်ကြီးဦးသာွးပါလေရော
    ကျွန်တော်ကပို(စ်)ထိပ်ဆုံးကနေဝင်မန်းခဲလို.ပါ။ဒီတစ်ခါတော့ရပီဟဆိုပီးဝမ်းသာနေတုန်း
    ထုံးစံအတိုင်း ” ဒုတိယလူအဖြစ်နဲ.ပီးဆုံးသာွးပါတယ် “

    Reply

    • ကြောင်ဝတုတ်

      July 26, 2012 at 10:12 am

      အစ်ကိုရေ…
      ကျွန်တော်ကြောင်ဝတုတ်က အချုပ်ခန်းထဲမရောက်ဖူးပါဘူးဗျာ…
      စခန်းမှာပဲ တစ်ညခန့်အိပ်ခဲ့ဖူးကြောင်းပါ…

      ခင်မင်လျက်
      ကြောင်ဝတုတ်

      Reply

  • captainamerica

    July 26, 2012 at 12:59 am

    အယ် ဆောတီး နာမည်မွှားသာွးလို. ဗျ ရွာထဲမှာကြောင်တွေကများနေတာ့
    အခက်သား ကိုကြောင်လေးရေ တောင်းပန်ပါတယ်ဗျို.။ညဘက်ကြီးရွာထဲကတိုက်
    တဲ့လက်ဘက်ရည်သောက်ပီး ကိုကြောင်ဝတုတ်ရဲ့ကွန်မန်.လေးကိုစဉ်းစားမိနေပီးရောသာွးတာဗျ
    တကယ်တမ်းအပြင်သောက်တာကဘီယာဗျ လူကနည်းနည်းထွေနေတော့ရောကုန်တာပါ။

    Reply

  • မောင်ပေ

    July 26, 2012 at 2:15 am

    ဒီပိုစ့်မှာ….စာရေးသူ နဲနဲလွဲနေတယ်လို့ ပြောမယ်
    ကျွန်တော် ၅ ရက်နေခဲ့ဖူးအိ

    Reply

  • ဇောက် ထိုး

    July 26, 2012 at 7:34 am

    ဟုတ်ကဲ့.. ဦးပေ..အနှိပ်ခံချင်လို့ စပြောတဲ့သဘောလား….
    မိုက်ဂုဏ်ထကြွားတာလား..

    Reply

  • kyeemite

    July 26, 2012 at 8:25 am

    အဲဒီ တောပုံးကြီးမိုးမှောင်ဆိုတဲ့ကောင် ကျုပ်ဆီလွှတ်လိုက်စမ်းပါ..
    ဆံပင်ဖြူနှုတ်ခိုင်းမလို့…
    ပုံ။ အားလုံးထက်မိုက်တဲ့..
    ဂေဇက်ရွာသား..
    ကြီးမိုက်။

    Reply

  • ကြောင်လေး

    July 26, 2012 at 8:37 am

    ဆရာမကြီး@ အဲလိုခံစားမိလို့ပါ
    ဗိုလ်ယူအက်အေ@ မည်သို့ဆိုစေ ဝဖတ်၊ဝင်မန့်တာကျေးဇူးပါ။
    ကိုပေ@ ကျနော်လည်းကြားဖူးနားဝနဲ့ ရေးတာပါ၊ လက်တွေ့မကျပါ၊အကြမ်းဖျင်းလောက်တင်စားဖွဲ့နွဲ့တယ်လို့သဘောထားပါခင်ဗျာ။
    ဦးကင်းမြီးကောက်@ ကိုပေက ဦးဇောက်ပြောသလို မိုက်ဂုဏ်ပြတာဖြစ်မယ်ဗျ။
    ဦးကြီးမိုက်@ ဦးပေနဲ့ ဦးမို်က် ဘယ်သူပိုမိုက်သလဲ သိချင်သား

    Reply

  • P chogyi

    July 26, 2012 at 11:39 am

    ကြောင်လေးကရော ဘယ်သူကိုကြောက်လဲ။

    Reply

  • Khaing Khaing

    July 26, 2012 at 12:53 pm

    ရုံးတွင် …..
    ကြောင်လေး …… ဟိတ်ကောင်မင်းင့ါကို ဟိုစာရွက်ယူလာပေးစမ်း ..
    တပည့် ……. ဟုတ်..ဟုတ်ကဲ့ ဆရာကြောင်လေး ……

    အိမ်တွင် ..
    ကြောင်လေး …. မိန်းမရေ ထမင်းချက်ပြီးလို့ အဆင်သင့်ခူးခပ်ပြီးပါပြီ ….
    မိန်းမ ……. ဒါဆိုလည်း ကျွန်မအတွက်အိပ်ဖို့အိပ်ယာအဆင်သင့်ခင်းထားလိုက် ……
    ကြောင်လေး ….. မိန်းမရေ မင်းဒီညအနှိပ်အနင်းခံဦးမလား …… ကိုရီးယားဇာတ်လမ်းကကော အပိုင်း ဘယ်လောက်ရောက်နေလဲ အဆင်သင့်ကြည့်လို့ရအောင် ဖွင့်ထားပေးမယ်လေကွာ ….

    ကြောင်လေးသည် အိမ်ထောင်အချုပ်ခန်းတွင် ထိုကဲ့သို့ အချုပ်ကျခံနေရပါသည် ………

    Reply

    • Moe Z

      July 26, 2012 at 12:57 pm

      အယ် .. ဒီအတိုင်းဆို အူးလေးပင်လယ်ပျော်ခမျာ သနားစရာပါလား .. အဟိ :mrgreen:

      Reply

      • Khaing Khaing

        July 26, 2012 at 3:37 pm

        အန်တီ Z ဘူလဲဟင် အူးလေးပင်လယ်ပျော်ဆိုတာက ….. တိဘူးရယ် …..

        Reply

  • mamanoyar

    July 26, 2012 at 2:54 pm

    ဟဟဟဟဟဟဟ
    အချုပ်ခန်းကလဲ မလွယ်ပါလားနော်

    Reply

  • ညလေး

    July 26, 2012 at 3:54 pm

    အဟင်းးးးး.ဒီပိုစ့်ကြီးတက်လာမှပဲ….ပေါ်ကုန်တော့တယ်………
    ကြောင်လေးကော……..ကိုယ်တွေ.ဖစ်ရပ်လားးးး

    Reply

Leave a Reply to Khaing Khaing Cancel Reply

Your email address will not be published.