လူသားအစ! (New Version)

ဟေ့ကောင် မောင်ကျောက် ဆေးပေါ့လိပ်ရှိသေးလား?
အေးရှိတယ် ဒါပေမည့်ကုန်တော့မှာ မနက်ဖြန်ရွာထဲဆင်းရင်ဝယ်ဖို့သတိပေးအုန်း
အေးပါကွ အခုတော့ ပေးပါအုန်းတစ်လိပ် ငါ့လခွီး  ဆေးပေါ့လိပ် မရှိပဲအရက်သောက်ရတာ ဖီလင်မလာဘူး
လဒ တိုးတိုးပြောပါကွ မင်းသောက်သံပြဲကြီးနဲ့ ဘုန်းကြီးနိုးရင် ဇရပ်ပေါ်ကကန်ချခံရလိမ့်မယ်

ဟဲ ဟဲ မကြောက်ပါနဲ့ကွ  ဘုန်းကြီးဒီညကျောင်းမှာ မကျိန်းဘူး၊ မနက်က ဆရာ့ကိုခေါ်ပြောသံကြားတယ်၊ ပင်းဒယ ကြွစရာရှိသတဲ့
အေးဒါဆိုလဲပြီးရော။ ဟို လဒ တိုက်ကြီး ကလဲ အမြည်းသွားရှာတာ ကြာလိုက်တာ။ ဒီမှာ လိမ်မော်ဖြူ တလုံးက ကုန်တော့မယ်၊ ကျော်သန်း ခွီး လူသောက် သောက်ကွာ
ဟဲ ဟဲ ဒါကတော့ ငါ့မှာရခိုင်လဲ ဖြစ်ပြန်၊ Geology ကျောင်းသားလဲ ဖြစ်ပြန် ဆိုတော့
အေပေး ဆင်ချေ ချည်းဘဲ၊ ဟိုမှာ တိုက်ကြီး လာပြီ
ဟေး သူငယ်ချင်း ငတိုက် ဖွယ်ဖွယ်ရာရာ ဘာမြည်းစရာတုန်း?
ထုံးစံ အတိုင်း အာပြဲခြောက် နဲ့ လဖက်။ နှာခေါင်းမရှုံ့နဲ့ မောင်ကျောက်၊ Field ဆင်းလာတာ တောထဲဒီလောက်ရတာ ကံကောင်း
အေးပါကွာ ရရာပေါ့၊ လှည်းတန်း နဲ့ ကန်ဘောင်တော့ လွမ်းသား၊ ဪ…. လူဖြစ်ရတဲ့ဒုက္ခ၊ သောက်ရ ပေအုန်းတော့မည်
အောင်မာ၊ သောက်ကြီးသောက်ကျယ်၊ လူဘယ်လိုဖြစ်တုန်းမင်းသိလို့လား?
ဟဲ ဟဲ လုပ်ပါအုံး အမောင်ကျော်သန်း ရဲ့

ကဲ ကဲ ရခိုင်ပညာရှိ စကား နားထောင်ကြ

ဒီလိုကွ ကမာ႓ဦးအစက နေနဲ့လ ဘဲရှိတာ၊ အဲသည်မှာ နေကြတ်တဲ့ ရောက်တော့ နေနဲ့လ မှားယွင်းမိကြပါလေရော
ဒီလိုနဲ့ အချိန်တန်တော့ လ ကဥ ဥ ပါလေ၊ အဲသည့် လ ဥ ကနေ လူဖြစ်တာကွ

ဟား ဟား မအေပေး၊ ပေါက်ကရ
မဟုတ်လို့လားကွ? လ ဥ ကနေလူဖြစ်တာ၊ ကောင်း ကောင်း နားထောင်၊ ယောက်ျား မိန်းမ ဘယ်လိုဖြစ်တယ် ဆက်ပြောပြမယ်

အဲသည့် လ ဥ ဟာ ကမာ႓ကြီးပေါ်က ရေအိုင်ထဲ ပြုတ်ကျလာသတဲ့
အဲဒီမှာ အိုင်ထဲက လောက်တွေက ဝိုင်းတွယ်ကြတာပေါ့ကွာ
တချို့ဥတွေက လောက်ထိုးလို့မရဘူး၊ ဆရာစံတို့ ခေတ်က ဓားပြီးတယ် လှံပြီးတယ် ဆိုသလိုပေါ့ကွာ
သူတို့က ” လောက်ပြီး” တယ်ပေါ့၊ အဲသည့် ” လောက်ပြီး” တဲ့ ဥ တွေ က အချိန်တန်တော့ ” ယောက်ျား” ဖြစ်ရော
အဲ ” လောက်မပြီး” တဲ့ဥတွေကတိုယ့် “မိန်းမ”  ဖြစ်ရော
လောက်မပြီး တဲ့ဥတွေထဲကမှ ” လောက်ကြီး” တွေအတွယ် ခံရတဲ့ဥက “အပျိုကြီး” ဖြစ်သကွ

ဟား ဟား မအေပေး ကျော်သန်း ခွီး အရက်တောင် သီးတယ်။

14 comments

  • ဘဲဥ

    July 23, 2012 at 4:45 pm

    တော်တေးဒယ် သများဒို့ဂ လောက်ပီးလို့ :mrgreen:
    ဘာတဲ့ အာပျိုဂျီးဖစ်ဒါဂ ……………… ဟီးဟီး

    Reply

  • water-melon

    July 23, 2012 at 5:36 pm

    ဟီးဟီး အစကဖတ်တာနားမလည်ဘူးဗျ
    နောက်မှသေချာဖတ်မှ နားလည်တာ
    သွားဖြဲပြီးရီသွားပါတယ်
    ဟဲ ဟဲဟဲ ဟဲ

    Reply

    • မဟာရာဇာ အံစာတုံး

      July 23, 2012 at 9:01 pm

      ရီလွန်းလို့
      သွားတွေလည်း အအေးပတ် နေဦးမယ် ..
      ခွီး .. ခွီးးးး

      Reply

  • သစ် တည်

    July 23, 2012 at 5:58 pm

    လ ဥကို လောက်တွယ်
    လောက်ပြီး = ယောက်ျား
    လောက်မပြီး = မိန်းမ
    ? = ယောက်ျားရှာ
    ? = မိန်းမရှာ
    ဂယ်တိဂျင်လို ့…….

    Reply

    • ဘဲဥ

      July 24, 2012 at 10:00 am

      ယောက်ျားရှာ ၊ မိန်းမရှာ = လောက်မပီးတပီး 😆

      Reply

  • ချင့် ယုံလိဖန်

    July 23, 2012 at 6:05 pm

    တိုးမိည
    လောက်ပြီးတာက ယောက်ျား
    လောက်မပြီးတာက မိန်းမ
    တကတည်းမှအေ ဗြောင်းဗြန်များ ဖြစ်နေသလား

    Reply

    • ဦး ကျောက်ခဲ

      July 23, 2012 at 6:16 pm

      ဟဲ ဟဲ စာလုံးပေါင်းမှားသွားတယ်။
      လောက်ပီး ၊ လောက်မပီး ခင်ဗျ
      ခွေးလွှတ်ပါဗျာ….

      Reply

  • ဇောက် ထိုး

    July 23, 2012 at 6:13 pm

    ဝင်ရောက်ဖတ်မိပါဂျောင်း……………..
    လူသားအစ ခုမှ သိရပါဂျောင်း………………..
    အမလေးဟဲ့………… ငါသာထီပေါက်လိုက်ချင်ရဲ့…………

    Reply

  • မောင်ပေ

    July 23, 2012 at 6:35 pm

    ကျုပ်ကတော့ လောက်မပြီးချင်ဘူး
    ခင်ဗျားတို ့လဲ လောက်မပြီးကြဘာစေနဲ ့
    လောက်ပြီးရင်
    ဒုတ်ခများလိမ့်မယ်နော
    ဟားဟား

    Reply

  • ချင့် ယုံလိဖန်

    July 23, 2012 at 6:37 pm

    သွား လူဆိုး ဒီက အကောင်းမှတ်လို့ ဟွင့်

    Reply

  • ကိုရင်မောင်

    July 23, 2012 at 8:47 pm

    ဒါ…တွေ့ရှိချက်အသစ်ကို…….
    ရှေ့က တွေ့ရှိထားတာတွေ
    ပယ်လိုက်ရမှာလားဟင်……ဟားဟားဟား…
    လူဇိုး………

    Reply

  • AYAN KHA

    July 23, 2012 at 9:45 pm

    ရီရတယ်…. ဒါပေမယ့်လေ….. စကားကို အသံကာရံအလိုက် နောက်ပြန်ကောက်တာမျိုးနဲ့ ဥပမာ ခေါင်းဆောင်ကြီး.. ဆို ဂီးဆောင်ဂျောင်း…., ချုံးတတီး.. ဆို ချီးတစ်တုံး အဲ့လိုမျိုးနဲ့သာ ကောက်ရင်, လောက်ပြီးတဲ့ အကောင်က လောက်ပြီး… ီးပျောက်တော့….. အမ ဖြစ်ရမှ မဟုတ်လားဗျ….ဟီး…. လောက်မပြီးတဲ့ ကောင်တွေက အထီး ဖြစ်ရမှာ……

    Reply

  • ဖိုးထောင်

    July 23, 2012 at 11:26 pm

    သများဂတော့ လောက်တွေစားသွားပြီးကုန်စားတဲ့လောက်တွေလဲ သေကုန်ရော အဲဒီကျမှ လောက်ပီးမှန်း သိတော့တယ် ညွှတ်ညွှတ်ညွှတ်

    Reply

  • Guest

    July 24, 2012 at 12:37 pm

    ယယ်ယဘာဒယ်.. ဗျဲ..ဟဲဟဲ..

    Reply

Leave a Reply to ဘဲဥ Cancel Reply

Your email address will not be published.