ရာဇဝင်များရဲ့သတို့သမီး Vs အောင်သိန်းလင်း

ဦးသုJuly 23, 20121min017

အခုတင်ပြမှာကတော့ ဦးအောင်သိန်းလင်း က တရုတ်နိုင်ငံထုတ် southern weekend သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာတွေပါ www.burmanet.org  မှာ English လို   ဖော်ပြထားပါတယ်

ဒါဟာသူ့ (သမတ)ရဲ့ကိုယ်ပိုင် အတွေးအခေါ်ပါ။လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး  ကျွန်တော်တို့ဒါကိုဆန့်ကျင်ပါတယ်  ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးမူဝါဒ မဟုတ်ပါဘူး။သမတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကိုပျက်ပြားအောင်လုပ်ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း ဆောက်ကိုဆောက်ရမယ် ။ကျွန်တော်တို့လျှပ်စစ်ဓာတ်အားလိုတယ် အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးပျက်ပြားအောင်လုပ်ခဲ့တာပါ

ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကိုလဲမယုံဘူး ကုလသမဂကိုလဲမယုံဘူး။

ဟီလာရီ ကလင်တန်လာတာ ကျွန်တော်တို့နိုင်ငံအတွက်လာတာမဟုတ်ဘူး။ဒီအမျိုးသမီး(ဒေါ်အောင်ဆန်းစုကြည်)အတွက်လာတာ။

နောက်ပြီး EU နှင့် US အား

သူတို့ကိုမယုံဘူး ။သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေတာ

နောက်ပြီး NLD အား

လူတွေက ရူးနေကြတာ ။ သူက လူကြိုက်များတာက ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဖြစ်နေလို့ပါ

ဟုဆိုခဲ့သည်။

ထို့အပြင် အောင်သိန်းလင်း သည် ၂၀၀၃ မှ ၂၀၁၁ အထိရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁ဝ ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ငွေကြေးများ ကို ရောထွေးသုံးစွဲခဲ့သည်ဟုဝေဖန်ခြင်းခံခဲ့ရသူဖြစ်သည်။

17 comments

  • chityimhtoo

    July 23, 2012 at 3:58 pm

    အရူးပြောစကား အရူးဘဲနားထောင်။စကားထဲထည့်ပြောစရာတောင်မလိုဘူး..အောင်သိန်းလင်း ကျပ်မပြည့်
    တာလူတိုင်းသိတယ်။

    Reply

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

    July 23, 2012 at 4:04 pm

    ခင်ဗျားတို့ကလည်း တိုးတိုးပြောပါဗျာ
    အဲ့သည်နေ့က ဒီကောင်နည်းနည်းမူးနေလို့ပါ
    ဟိုကတိုက်လွှတ်လိုက်တဲ့ အရက်ကစစ်တယ်လေ
    သူ့ဖာသာမူးတာက ကိစ္စမရှိဘူး
    ( လူတွေက ရူးနေကြတာ ) ဆိုတော့ ကျုပ်ဘာ ပါသွားတယ်
    ဒီကောင်ကိုဖြုတ်ရမယ်

    Reply

    • ဘဲဥ

      July 23, 2012 at 4:11 pm

      ဟုတ်ဒယ် ဒို့ရွာထဲဂ စယ်လီဗျယ်လီ ဘိုဂျုတ်မူးဂျီး ကိုပါဆွဲစိသလိုဖစ်တွားဒယ်
      အဲ့ဒီတော့ကာ ဟိဟိဟိ
      လစ်ပီတော်ရေ့………….

      Reply

  • three colors

    July 23, 2012 at 4:28 pm

    ကျွန်တော်တို့ လျှပ်စစ်အားလိုတယ်၊ တရုတ်က သိပ်ကူညီချင်နေတယ်ဆိုလဲ ထွက်လာတဲ့ဓါတ်အားကို အနဲဆုံး ၈၀% ရအောင်တောင်းလေ၊ ဒါတောင် ဆုံးရှူူံးပျက်စီးရတာနဲ့ကာမိပါ့မလား၊
    သူတို့လိုအပ်ချက်ကို ကျွန်တော်တို့ သယံဇာတနဲ့လာရှာတာပဲ၊ အနှစ်၃၀၊၅ဝ ကျရင် အပိုင်ရမှာတော့ မတွေးနဲ့၊ဂျုူံးဂျုံးကျနေပြီ၊
    ကျွန်တော့ဆီမှာ ၁၉၆၉က အမေရိကန် GE ကထုတ်တဲ့ မော်တာ ပန့် အခုထိသုံးနေတုံး၊ ငြိမ်နေတာပဲ၊

    Reply

    • kai

      July 24, 2012 at 12:58 am

      ဘာလို့ ၈ဝရာခိုင်နှုန်းထဲတောင်းတာလည်း.. 😕
      ၁၂၀% လောက်တောင်းပေါ့..။ ငွေလည်းပေး.. ရင်းနှီးမြုတ်နှံတာလည်းလုပ်.. လျှပ်စစ်လည်းပေး.. အကုန်ပေး.. မကောင်းလား… :mrgreen:

      Reply

  • myanmarcitizen

    July 23, 2012 at 5:16 pm

    “ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကိုလဲမယုံဘူး ကုလသမဂကိုလဲမယုံဘူး။ ”
    ကျွန်တော့မိန်းမကိုလဲမယုံဘူး … ကျွန်တော့ကိုကျွန်တော်လဲမယုံဘူး (စောက်တလွဲတွေလုပ်တပ်လွန်းလို့)

    ဟီး ဒီကောင့်အစား ထပ်ဖြည့်ပေးလိုက်တယ်

    Reply

    • မောင်ပေ

      July 23, 2012 at 7:02 pm

      ကျုပ်က ထပ်ဖြည့်ပေးအုန်းမယ်… အဲဒီလူ
      သူမိန်းမ ကို မယုံတာ ခေါ်တောတစ်ကျိပ်နဲ ့ နောက်မီးလင်းလို ့
      သူ ့ကို သူ မယုံတာက တွေ ့သမျှ လူအဖေခေါ်ရလွန်းလို ့ သူ ့အမေ ခံနိုင်ပါ့မလားဆိုတာ သံသယဖြစ်သွားလို ့

      Reply

      • myanmarcitizen

        July 24, 2012 at 4:05 pm

        ဟဲဟဲ .. ကိုပေ ထပ်ဖြည့်မှပဲ ပိုပြီးပြည့်စုံသွားတော့တယ်။ ကျေးဇူး … 🙂

        Reply

  • သစ် တည်

    July 23, 2012 at 6:16 pm

    တေနာကောင်ဂျီး
    ဘာဖျစ်လဲဆဲတော့
    တဂျီး တားကို တူက အရူး တဲ့
    တူအရင် စတာ………

    Reply

  • ဖိုးထောင်

    July 23, 2012 at 11:08 pm

    ဒီလောက် သဘောကောင်း မနောကောင်းကြီးကိုတွယ်နေလိုက်ကြတာကြည့်ပါဦး
    သူ့ခမျာ မီးမှန်ဖို့စေတနာနဲ့ လုပ်နေရှာတာပါအေ ညွှတ်ညွှတ်ညွှတ်

    Reply

  • ကိုရင်မောင်

    July 24, 2012 at 10:26 am

    ( EU နှင့် US အား သူတို့ကိုမယုံဘူး ။
    သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေတာ)..ဆိုလို့…………….
    ဒီမိုကရေစီအစိုးရဆိုတာ ထင်တိုင်းကြဲလို့ရတာမဟုတ်ဘူး အရူးရဲ့……
    နင်တို့ကသာ တရုတ်လုပ်သမျှ ခံ တရုတ်ပေးတဲ့နှစ်ပြားတပဲကိုယူ
    တိုင်းပြည်သယံဇာတတွေကိုလုပ်ပိုင်ခွင့် အခွင့်ကောင်းယူရောင်းစားရမှ…
    ချမ်းသာအောင်လုပ်တတ်တဲ့လူစားတွေလေ….
    ဒီမိုကရေစီ ရယင်…မင်းတို့လိုအချောင်သမားတွေလုပ်ကွက်ပျောက်မှာမဟုတ်လား…
    ကမာ္ဘပေါ်မှာ လူဆိုးအစိုးရတွေကိုသာအားပေးတတ်တဲ့ တရုတ် လိုနိုင်ငံမျိုးကလဲ..
    ဒီနိုင်ငံလူကောင်းတွေခေါင်းဆောင်တွေဖြစ်လာမှာမို့ တရုတ်လဲစွေ့စွေ့ခုန်နေပြီ…
    ဒါမျိူးပေါင်းမှမပေါင်းတတ်တာကို…..
    ဦးနှောက်မရှိတဲ့တရုတ်က အရူးစကားအဟုတ်ထင်ပြီး တရုတ်ထုတ်southern weekend
    အပါတ်စဉ်သတင်းစာထဲထည့်တာပေါ့….ရူးပကွာ….
    ဒီလိုလုပ်လေ…တို့ပြည်သူနဲ့တရုတ်နဲ့ကတော့ ကြာလေဝေးလေဘဲ…..ဟေ့….

    Reply

  • etone

    July 24, 2012 at 10:35 am

    ယောကျာ်းကြီးတန်မဲ့ အတော် မူယာမာယာများတဲ့ ဘဲကြီးကိုပြပါဆိုလျှင် သူနဲ့ ဟိုဂျပုနဲ့က ထိပ်တန်း စာရင်းဝင်တဲ့ … ။ အရိုးဝါးရင်းအသံထွက်လာတော့လည်း ဗလုံးဗထွေးပဲဖြစ်မှာပေါ့ ။
    ဟိုလူ့ကိုပုတ်ခတ် ၊ ဒီလူ့ကို ပုတ်ခတ်နဲ့ … ကိုယ့်အိတ်ကပ်ထဲ ငွေရောက်ဖို့ပဲ တွေးနေတဲ့ လူတွေ ….. စောင့်ကြည့်ပါ … ဇာတ်သိမ်းလှလျှင်တောင် ကံကောင်းပါစေဦး ။ 😛

    Reply

  • ကို သာ

    July 24, 2012 at 11:40 am

    ဦးအောင်သိန်းလင်း ကိုနောက်သက်တမ်းအတွက် သမတ တင်ပေးလျင်ကောင်းမည်လား၊
    အခုလောလောဆယ် လွတ်နေတဲ့ ဒုသမတ တင်ပေးလျင်ကောင်းမည်လား၊
    ရွာသားများဝိုင်းစဉ်းစားကြမလား၊
    ဦးဏှောက်အသစ်လေးနဲ.လား၊
    လုံးလုံးမပါတာလား၊
    ဟူး……….။

    Reply

  • ငပွကြီး

    July 24, 2012 at 12:25 pm

    ကျုပ်အထင် သူက တရုတ်က အင်တာဗျူးမို့လို့ တရုတ်အကြိုက်စကားတွေရှောက်ပြောတယ်ထင်တယ်
    နီးစပ်ရာကို ဟုတ်ဟုတ်မဟုတ်ဟုတ် ဖါးနေ အကြိုက်တွေပြောနေရတာ အကျင့်ပါနေလို့ထင်တယ်..
    သူ့ရဲ့ဦးဏှောက်ကလဲ ဒီလောက်ပဲရှိတာကိုး…သူတို့လောကမှာ ရာထူးဂုဏ်ထူးတွေရတယ်ဆိုတာ လုပ်ဆောင်မူကောင်းလွန်းလို့ တော်လွန်းလို့မှမဟုတ်ပဲ အထက်လူကြီးကိုဖါးနေ အကြိုက်လုပ်ပေးနေရင် နေရာကောင်းတွေရလာတာဘဲလေ…စွန့်လွှတ်အနစ်နာခံတဲ့စိတ်မျိုးနဲ့ လူကြီးရာထူးရထားတဲ့လူ ဘယ်သူရှိသေးလို့လဲ…မြန်မာကွ..လို့ထအော်တဲ့ ဦးခင်ညွန့်တောင် ၁ခါလေး နေအိမ်အကျယ်ချုပ်ကျပါတယ် ပြန်လွှတ်လာတော့ နှိင်ငံရေးမလုပ်တော့ဘူး ဖြစ်သွားတာကိုကြည့်.
    သူသာ ကိုယ့်နှိင်ငံ ကိုယ်တကယ်ချစ်ရင် ဝန်ကြီးချုပ်ဟောင်း ၁ယောက်အနေနဲ့ ဒီခေတ်ထဲမှာ ပါတီဘဲထောင်ထောင် ဘယ်လိုနေရာကဘဲဖြစ်ဖြစ် နှိင်ငံအတွက် ဝင်လုပ်ရမှာပေါ့…အခုလက်ရှိ နေရာယူထားသူတွေလဲ မယုံရင် ၁ခါလောက် ထောင်ချကြည့်လိုက် …သာလို့ ချောင်လို့ လုပ်နေသူတွေချည်းပါဘဲ….ပင်ကိုယ်အရည်အချင်း ကတော့ မထင် ရေးချ မထင်…

    Reply

  • Guest

    July 24, 2012 at 12:46 pm

    သန့်ရှင်းတဲ့ အစိုးရသစ် ဖွဲ့မယ်ဆိုရင် .. အဲ့ဒီ သူတောင်းစား ခွေးသူခိုး.. ပြည်သူ့မေတ္တာတုံး တွေကို အစိုးရအဖွဲ့က အရင်ဆုံးထုတ်ပစ်ဖို့လို့တယ်..

    Reply

  • Wow

    July 24, 2012 at 1:38 pm

    လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း
    ချီးထုတ် နဲ့ အိမ်ကို အပစ်ခံရတဲ့ အောင်သိန်းလင်း
    “မ” ပြောင်းဖူးကြီးကိုင်ပြီး မဲဆွယ်တဲ့အောင်သိန်းလင်း
    သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် စောင်မနေပါဘီ….

    Reply

  • သန်းထွဋ်ဦး

    July 24, 2012 at 6:48 pm

    အင်းးးဗျ အရက်မူးလွန်သွားပြီးပြောတယ်ဆိုရင်လဲသောက်တာ ဘီအီး
    ဟုတ်လောက်ဘူး။မိုးတောင်တက်တိုက်တော့မယ့်ပုံ။စိတ်ရူးပေါက်ချက်များ။

    Reply

Leave a Reply to Wow Cancel Reply

Your email address will not be published.