အချိန်များကို အကျိုးရှိရှိအသုံးချစေချင်……

Mon LayJuly 23, 20121min09

အချိန်များကို အကျိုးရှိရှိအသုံးချစေချင်……

ယခုကျွန်ုပ်တို့ နိုင်ငံတွင် ဒီမိုကရေစီခြေလှမ်းများနှင့် ခရီးကိုလှမ်းဆက်နေပေပြီ။တိုင်းတစ်ပါးသားတို့ကလည်း အလျှိုလျှိုဝင်ထွက်နေကြပေပြီ။ စီးပွားရေး၊ လူမှုရေးများလည်းတိုးတက်စပြုလာနေပြီ။ စီးပွားရေးတိုးတက်ရန် အခြားနိုင်ငံများက အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပညာတွေဖလှယ်ပြီး အစပျိုးနေကြပါပြီ။ လူမှုရေးပိုင်းတွင်လည်း ဖောင်ဒေးရှင်းအသီးသီးပေါ်ထွက်လာပြီး ဆင်းရဲနွမ်းပါးသည့် ပြည်သူ့များကို အကူအညီများပေးနေကြပါပြီ။ အခြား———အဖွဲ့အစည်းကြီးများကလည်း အင်တိုက်အားတိုက်ကူညီနေစမြဲပင်။ —–ဟုပြောလိုက်ရင်း အရင်တစ်ပတ်က မြန်မာနိုင်ငံကို လူကုန်ကူးမှုပပျောက်ရေးနှင့် ပက်သက်ပြီး —ကတာဝန်ယူကာ နိုင်ငံကျော်တရုတ်မင်းသားကြီး ဂျက်ကီချန်းကိုဖိတ်ခေါ်ခဲ့သည်ကို ဂျာနယ်တွင်ဖတ်လိုက်ရသည်။ ဇူလိုင် ၅ ရက်နေ့ကမန္တလေးကို ကိုယ်တိုင်လေယာဉ်ကြီးစီးပြီး ရောက်လာသည့် မင်းသားကြီးဂျက်ကီချန်းကို လာကြိုချင်ကြ၊ တွေ့ချင်ကြသည့် ပရိတ်သတ်တွေကမနည်းပင်။ ဇူလိုုင် ရ ရက်နေ့ မှာတော့ ရန်ကုန်မြို့ ကို ရောက်ရှိလာပြီး ညနေမှာ —ကဖိတ်ကြားထားသောဧည့်သည်တော်များနှင့် တွေ့ဆုံလေမည်ဟုသိရသည်။ —ကိုဖုန်းဆက်မေးကြည့်တော့ လူကုန်ကူးမှုပပျောက်ရေးနှင့် ပက်သက်ပြီး ဆွေးနွေးရန်ရောက်လာခဲ့ခြင်းသာဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ သွားကြည့်ဖို့ ကိုယ်ကိုယ်တိုင်ကလည်း ဘယ်အဖွဲ့အစည်းကမှတော့မဟုတ်။ နေပါစေ။ —-ကပဲစောင့်ကြည့်နေရုံသာ။ လူကုန်ကူးမှုပပျောက်ရေးနှင့်ပက်သက်သည့် အဖွဲ့အစည်းများမှလူကြီးများနှင့် တွေ့သည့်အစည်းအဝေးဆိုတော့လည်း ကြီးကျယ်ခမ်းနားသည့်ပွဲဖြစ်လိမ့်မည်

ဟုသာ။

နောက်တစ်နေ့တွင်အင်တာနက်ထဲ၌တွေ့လိုက်ရသည့်သတင်းမှာကား ဂျက်ကီချန်းနှင့် တွေ့ဆုံသည့်အထူး

ဧည့်သည်တော်များသည် ကစားနည်းဒါရိုက်တာ၊ တီဗွီတွင်မကြာခဏဆိုသလို တွေ့မြင်နေရသည့် အစီအစဉ်တင်ဆက်သူများ၊ မည်သည့်ဖောင်ဒေးရှင်းကိုမျှမပိုင်သော ပုဂိ္ဂုလ်တော်များပင်ဖြစ်သည်။ အတွေးထဲတွင်တော့ —ကြီးမှူးသည့်အစည်းအဝေးပွဲဖြစ်သောကြောင့် အထက်လူကြီးအကြီးအကဲများ၊ သက်ဆိုင်သည့်လူများနှင့်ဟုသာ။ ယခုဤကဲ့သို့ တွေ့လို်က်ရသောကြောင့် အတွေးတွေတက်တက်စင်အောင်

လွဲခဲ့ရပါပြီ။ လူကုန်ကူးမှုပပျောက်ရေးနှင့်လုံးဝသက်ဆိုင်ခြင်းမရှိသော သူများနှင့်တွေ့ဆုံခဲ့ခြင်းသာဖြစ်သည်။ ကစားနည်းဒါရိုက်တာနှင့် ဂျက်ကီချန်းတွေ့ဆုံခဲ့သည်ဆိုခြင်းကတော့ စဉ်းစားစရာပင်။ အချင်းချင်းကစားနည်း

များ ဖလှယ်ခဲ့လေသည်လော။ အခြားသောမော်လ်ဒယ်များနှင့်လည်း အမှတ်တရဓါတ်ပုံများ တဖျက်ဖျက်ရိုက်ခဲ့

သည်ကိုမြင်ရပြန်တော့လည်း အစည်းအဝေးခန်းမကြီးက —များအလားပင်။ —ကငွေကုန်ကြေးကျခံပြီး ပွဲလုပ်ခဲ့သည်မှာ ထိုကဲ့သို့ပြုမူကိစ္စများကို ပြုလုပ်ရန်လောဟု အကြံအိုက်နေခဲ့သည်။ ထို့ပြင် ထိုအစည်းအဝေး

ပွဲတွင် အဆိုတော်များ ပါဝင်တင်ဆက်ခဲ့သည်မှာ မည်သည့်ရည်ရွယ်ချက်များနှင့်နည်း။ စဉ်းစားရင်း စဉ်းစားရင်း လူကုန်ကူးမှုပပျောက်ရေးအတွက် အချိန်ကုန်၊ လူပင်ပန်းခံပြီး လာခဲ့ရသော မင်းသားကြီး ဂျက်ကီချန်းခမျာ —ဖိတ်ကြားထားသော အစည်းအဝေးပွဲနှင့် မသက်ဆိုင်ဟုထင်ရသော သူများ၊ မင်းသားကြီးကိုယ်တိုင်မသိသော

သူများနှင့်သာ အမှတ်တရ ဓါတ်ပုံရိုက်ရင်း ကုန်ဆုံးခဲ့ရမည်ဟုသာထင်လျက်။ မည်သည့်ရည်ရွယ်နှင့် ပြုလုပ်ခဲ့

လေသနည်းဆိုသည်ကိုတော့ ဦးစီးသည့် —မှတစ်ပါးအခြားမရှိပြီ။

 

9 comments

  • ko khin kha

    July 23, 2012 at 4:10 pm

    ဖတ်ခဲ့ဖူးတဲ့ ဦးစံရှားစကားနဲ့ပြောရရင်တော့
    မှားတဲ့အခါလည်း မှားပေမပေါ့။

    Reply

  • မိုးမှောင်

    July 23, 2012 at 4:17 pm

    ဒါကတော့ သူတို့လဲ သူတို့ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့တဲ့ ပုံစံ ပဲ
    တခြားသူအတွက်တော့ ဘယ်လိုနေမလဲ မပြောတတ်ဘူး
    ဟိုသီချင်းလေးလို
    ♪ မှားပေါင်းများလို့ ရိုးနေပါပြီ ♪

    Reply

  • မွန်မွန်

    July 23, 2012 at 4:38 pm

    ငယ်ငယ်တုန်းကလို ကွက်လပ်ဖြည့်ခိုင်းနေတာလား… 🙂
    ပေါ်တင်ရေးလို့ရနေပါပြီ…(ထင်တာပဲ… :P)

    ူသူတို့လည်း ဂျက်ကီချန်းကို မြင်ဖူးချင်လို့ နေမှာပေါ့… 🙂

    Reply

  • manawphyulay

    July 23, 2012 at 6:40 pm

    ပြောလိုက်စမ်းပါ… သေချာလေး သတင်းစာမှာ ခေါင်းစီးပိုင်းထည့်ပြောလိုက်… ဒါများ ပြောင်းလဲနေပြီ ပြောတဲ့သူက ပြောနဲ့…

    Reply

  • ဖိုးထောင်

    July 23, 2012 at 11:44 pm

    လာထားနော်လာထား ခနပဲ ပြမှာ ဂျက်ကီချန်းနဲ့ တွေ့ချင်ရင် …….. း)

    Reply

  • Shar Thet Man

    July 24, 2012 at 11:58 am

    အချိန်ကိုအကျိုးရှိရှိအသုံးချတယ်ဆိုရင်လည်း မသက်ဆိုင်တဲ့လူတွေကိုဘာဖိတ်စရာလိုလဲ။သဘောပြောတာပါ….သက်ဆိုင်တဲ့လူတွေအများကြီးရှိပါတယ်….

    Reply

  • Shar Thet Man

    July 24, 2012 at 1:18 pm

    ဝေဖန်ရေးပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်..ပိုပြီးထိရောက်တဲ့ဝေဖန်မှုလေးပေးစေချင်ပါတယ်

    Reply

  • မောင်ပေ

    July 24, 2012 at 2:11 pm

    ကို ရှားသက်မန် ရေးပြမှဘဲ စဉ်းစားတွေးကြည့်မိတော့တယ်
    ဟုတ်ပဗျား
    ဂျက်ကီချန်းခဗျာ လာတာက လူကုန်ကူးမှု ပပျောက်ဖို ့
    တွေ ့ရတဲ့ လူတွေက မင်းသမီးတွေ ဆိုတော့
    ကြည့်ရတာ မင်းသမီးတွေ ကများ လူကုန်ကူးနေကြတာလား
    ဟားဟား

    Reply

  • Shar Thet Man

    July 24, 2012 at 5:15 pm

    သျှားသက်မာန်ပါ မိန်းမပါ။

    Reply

Leave a Reply

Your email address will not be published.