သဘောင်္သားတွေ ကိုယ့်CDC ကိုယ့်ဘာသာကိုင်ထားလို့ရပြီ

ဦးသုJuly 23, 20121min02

SECD မှာပြီးခဲ့တဲ့ တစ်ပါတ်လောက်ကစပြီး သဘောင်္သားတွေ ကိုယ့် CDC စာအုပ်ကို ကိုယ်တိုင် မှတ်ပုံတင်ပြပြီး ထုတ်ယူ ကိုင်ဆောင်ထားလို့ ရပါပြီ။ အခွန် ကင်းလွတ် ကာလ မတိုင်ခင်ထွက်သွားတဲ့သူတွေက အခွန်ကြေကြောင်း နဲ့ မှတ်ပုံတင်မူရင်းပြပြီး ထုတ်ယူနိုင်သလို

အခွန်ဆောင်စရာ မလိုတဲ့ သူတွေကလဲ မှတ်ပုံတင် နဲ့ တင် ထုတ်လို့ ရပါပြီ SECD က သင်္ဘောသားရဲ့  စီဒီဒီကို မထိန်းချုပ်တော့ ပါဘူး နောက်ပြီး ပြန်လာ ရင် သတင်းပို့ပြီးတာ နဲ့ ကိုယ့်စီဒီစီ ကို ပြန်ယူထားလို့ ရပါပြီ နောက်ပြီး သင်္ဘောသား တွေရဲ့  လက်မှတ် တွေကို SECD ကအင်တာနက်မှာတင်ပေးထားမှာပါ။    အဲ ဒီမှာ ကြည့်ပြီး သဘောင်္သား အစစ်လား အတုလားဆိုတာကို ခွဲခြားလို့ ရနေပါပြီ  ဒါပါပဲကွယ်။

2 comments

  • သရဲ ပြေး ဘီလူး ငို

    July 23, 2012 at 8:53 pm

    အားတော့နာပါတယ် ကျနော်က သင်္ဘောသားမဟုတ်လေတော့
    အေဘီစီဒီတွေ နားမလည်ပေါင်ဗျာ
    သင်္ဘောသားတွေ အရင်ကထက် ပိုအဆင်ပြေသွားမယ် လို့တော့ ခံစားမိပါတယ်

    Reply

  • Guest

    July 24, 2012 at 12:55 pm

    သင်္ဘောသားတွေအတွက် သတင်းကောင်းပါ.. အဲဒီ SECD ဆိုတာကြီးက သင်္ဘောသားတွေအတွက် အင်မတန် အကုသိုလ် များတဲ့ ရုံးတစ်ရုံးပဲလေ.. ပြန်ရောက်ရင် စီဒီစီအပ်ဖို့ တစ်ပါတ်အတွင်း သတင်းပို့ရတာတို့.. နောက်ကျရင် ညွှန်မှူးဆိုတဲ့ သတ္တဝါနဲ့ ဝင်တွေ့ရတာတို့.. အဲလိုတွေ့ဖို့.. အဆင့်ဆင့်တင်.. သောက်သုံးမကျတဲ့ စာရေးမတွေ အဟောက်ခံရတာတို့ သက်သာသွားတာပေါ့ဗျာ.. သတင်းအတွက် ကျေးဇူးတင်ပါတယ်..

    Reply

Leave a Reply

Your email address will not be published.