Talk မယ့်အစား blog ပါလား

Mg OggaJuly 2, 20101min04

မြန်မာပြည်မှာ အင်တာနက် ဆိုင်တွေများလာသလို အင်တာနက်သုံးစွဲသူတွေလည်း များလာတယ်။ လူတွေ အများဆုံးသုံးကြတာကတော့ Gtalk သုံးရလွယ်တယ် အဆင်ပြေလို့ တွင်ကျယ်ကြတယ်၊ လူသုံးများတယ်။ ဒါက မထူးခြားပါဘူး အင်တာနက် သုံးစွဲသူတွေ Gtalk နဲ့တင်လမ်းဆုံးတာ မကောင်းပါဘူး ထန်းလျက်နဲ့ အချိုကုန်တာမျိုးပါ။ အင်တာနက်မှာ အခြားအသုံးပြုစရာတွေ အများကြီးပါ။ ဒါပေမယ် လူအတော်များ ဂျီတော့မှာ Chat နောက် ဂျီမေးလ်စစ် ယုံလောက်ပဲ လုပ်ကြတယ်။ မတိုးတက်လာကြဘူး။ ထန်းလျှက်နဲ့ အချိုမကုန်စေနဲ့ ဆိုသလိုပေါ့ အင်တာနက်မှာ အချိုတွေပေါပါတယ် ထန်းလျှက်ချိုသလို တခြားရဿတွေကို ခံစားကြည့်စေချင်ပါတယ်။

လူအတော်များက ဘလော့ရေးဖို့ထက် ဂျီတော့ကိုပိုသုံးကြတယ်

ဂျီတော့နဲ့ တင်ရပ်နေတာကတော့ မကောင်းဘူးထင်တယ်ဗျ

ဂျီတော့ကနေ ဝက်ဆိုဒ်တွေကြည့် ဘလော့တွေကြည်

ကိုယ်လည်း သူတို့ လုပ်သလို လုပ်ချင်လာ ကိုယ်သိတာကိုမျှဝေ

အင်တာနက်ကို တစ်ခုပြီးတစ်ခုကလိ တစ်ခုပြီးတစ်ခုပိုသိ

မြန်မာလိုရေးတဲ့ အကြောင်းအရာတွေ စုံလာ

အမြင်ပေါင်းစုံ အသိပေါင်းစုံ အင်တာနက်ပေါ်ရောက်လာတော့

အင်တာနက် သုံးစွဲတဲ့ သူတွေ အကျိုးရှိလာတာပေါ့

နောက် ရေးတဲ့သူတွေကလည်း ကိုယ်နဲ့ အသိမြင်တူတဲ့ သူတွေ စုစည်းလာကြတယ်။

ဘလောရေးရင်း ပရဟိတလုပ်ငန်းတွေ လုပ်လာကြတယ်။

Digitalization လုပ်ငန်းတွေစိတ်ဝင်စား E-book တွေလုပ်

မြန်မာနဲ့ ပတ်သက်တဲ့ အချက်လက်တွေများလာ

ပတ်ဝန်းကျင်ကို ကြည်ရတာပြီပျော်စရာကောင်းလာတာ

အမြဲ ဒါလေးဘယ်လိုမျှဝေရမလဲပဲစဉ်းစားလာ

အသိပညာတွေ ခံစားချက်တွေ မျှဝေရတာပျော်စရာ

အပေးနဲ့ ပျော်ရတာ ပျော်စရာ

ဒီလို ဘလော့ဂင်းရတာပျော်စရာ

ကဲ ခင်ဗျားတို့ကော Talk မဲ့အစား Blog ပါလားဗျာ

ဂျီတော့မယ်အစား ဘလော့ဂင်းပါလား ဆိုပြီး ကို zox တဂ်ပေးတာကြာပြီ အခုမှပဲရေးဖြစ်တာ တောင်းပန် ပါတယ်ဗျာ။ တဂ်ဂိမ်းကစားချင်တာကြာပေါ့ အခုမှပဲရေးရတော့တယ် တဂ်ပေးတဲ့ ကိုZox ကိုကျေးဇူးတင်ပါတယ် ခင်ဗျာ။

4 comments

  • Endless

    August 12, 2010 at 9:32 am

    အရမ်းကောင်းတဲ့ အိုင်ဒီယာလေးပါ……………..

    Reply

  • sususan

    August 12, 2010 at 11:57 am

    ဟုတ်တယ်နော်..Blogတာကောင်းတယ်..

    Reply

  • မန်း ရိပ်

    August 13, 2010 at 9:43 am

    ွTalk မယ့်အစား Blog တာက အကောင်းဆုံးလို့ထင်တယ် မျှဝပေးတဲ့အတွက် ကျေးဇူးပါ

    Reply

  • sithuphyo

    September 7, 2010 at 8:19 am

    ကောင်းလိုက်တဲ့စကားလေးပါ။ကျနော်လည်းအကိုပြောတာကိုလက်ခံပါတယ်။ဖြစ်သင့်နေတာကြာပါပြီ။ကျနော်တို့
    တောင်ဖိုရမ်တစ်ခုဆောက်နေပါတယ်။လုပ်နေတာမပြီးသေးလို့ပါ။ http://www.myanmaritfamily.net.tc ဆိုတဲ့ဖိုရမ်လေးပါ။
    10လပိုင်းကုန်လောက်ပြိးမယ်လို့မှန်းထားပါတယ်။ အဲ့ခါကျရင်လာလည်ကြပေါ့နော်. 😀

    Reply

Leave a Reply to sususan Cancel Reply

Your email address will not be published.