ငပလီမှ သိမ်းယူမြေများပေါ်တွင် Max Myanmar ကုမ္ပဏီမှ ဟိုတယ်ဆောက်လုပ်ရန် ပြင်ဆင်နေ

ko layJuly 18, 20121min07

သံတွဲမြို့နယ်၊ငပလီကမ်းခြေရှိ တိုးချဲ့တပ်ပိုင်မြေအဖြစ်သိမ်းယူထားသော ကမ်းခြေမြေကွက်များတွင် Max Myanmar ကုမ္ပဏီမှ ဟိုတယ်ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။
၎င်းမြေကွက်များအတွက်ပိုင်ရှင်အား ထိုက်တန်သော လျော်ကြေးပေးခြင်းမရှိပဲ၂၀၀ဝ ပြည့်နှစ်တွင် သံတွဲ မ.ယ.က ၏အမိန့်အမှတ် (၁/၂၀၀၀)ဖြင့် ဖယ်ရှားစေခဲ့ခြင်းဖြစ်သည်။ သိမ်းယူသောမြေများမှာ မဇင်ကျေးရွာအထိရှည်ပြီး တစ်မိုင်ခွဲခန့်ရှိသည်။
ထိုမြေများပေါ်တွင် ၂၀၀၁ ခုနှစ်မှစ၍ ဟိုတယ်များဆောက်လုပ်ခဲ့ကာ လက်ရှိတွင် Amazing ဟိုတယ် တစ်လုံးသာ ဖွင့်လှစ်နိုင်သေးသည်။ မြေများသိမ်းယူခြင်းနှင့်ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က တိုင်ကြားရန်အခွင်အရေးမရှိ၍ မတိုင်နိုင်ခဲ့ကြပဲ ၂၀၁၁ အောက်တိုဘာတွင် နိုင်ငံတော်သမ္မထံ တင်ပြခဲ့ကြောင်း မြေသိမ်းဆည်းခံရသူများက ပြောသည်။ ထို့နောက် ယခုနှစ်ဇန်နဝါရီတွင် အမျိုးသားလွှတ်တော်၊ လူ့အခွင့်အရေးဆိုင်ရာကော်မတီထံ ထပ်မံတင်ပြ ခဲ့ကြကြောင်းလည်း ၎င်းတို့ကပြောသည်။ တိုင်ကြားစာကိုလက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်နေကြောင်း ကော်မတီ၏အကြောင်းပြန်စာကို မတ်လက လက်ခံရရှိခဲ့ကြောင်း၎င်းတို့က ပြောသည်။
အဆိုပါသိမ်းဆည်းခဲ့သော မြေကွက်များတွင် နိုင်ငံပိုင်မြေကွက်လေးခု၊ စိန့်မေရီဘုရားကျောင်းပိုင် မြေကွက် ၊ NLD နာယက ဦးတင်ဦးပိုင်မြေကွက်နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ဇနီးပိုင်မြေကွက်တို့လည်း ပါဝင်သည်။ ငပလီကမ်းခြေမြေကွက်များမှာ လက်ရှိတွင် တစ်ဧကလျှင် သိန်းတစ်သောင်းခန့်တန်ကြောင်း ဒေသခံများက ပြောသည်။ ငပလီတွင် ဟိုတယ်ဆောက်လုပ်ရန်ပြင်ဆင်နေသော Max Myanmar ကုမ္ပဏီမှာ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း မှ၎င်း၏ရှယ်ယာများကို မကြာခင်က လျှော့ချခဲ့သည်။

7 comments

  • htoosan

    July 18, 2012 at 9:07 pm

    အရင် အစိုးရ လက်ထက် S-3 ရခိုင်တိုင်းမှုးဘဝ မှာ သိမ်းခဲ့တာပါ ။ စစ်ထောက်ချုပ်ကို လွဲအပ်ခဲ့ပြီး စစ်ထောက်ချုပ်ကနေမှ ပြန်ပြီး အငှားချထားတာပါ ။ စစ်ထောက်ချုပ်ကို ငှားရမ်းခတွေ သွင်းနေရပါတယ်။

    လက်ရှိ Max Myanmar နေရာ ကို ယုဇန ဦးဌေးမြင့်ကို ချပေးခဲ့ပေမဲ့ ဦးဌေးမြင့်တို့က ခရီးလှည့်လည်ရေးတွေ မကောင်းတော့ မဆောက်ခဲ့ဘဲ ပြန်အပ်ခဲ့ပါတယ် ။ ထိုနည်း၎င်းဘဲ Asia World , Wood land တို့လဲ ပြန်အပ်ခဲ့ပါတယ် ။ အဲ့ဒါကို Max Myanmar ကို ပြန်ချပေးထားတာ ကြာပါပြီ ။ သူလဲ ခောတ်မကောင်းလို့ မဆောက်ဘဲနေတာ ။ ခုမှ စဆောက်တာပါ ။

    Reply

  • ဝေးလွင့်တိမ်

    July 18, 2012 at 9:09 pm

    မြေတွေသိမ်း၊ လယ်တွေသိမ်း လောဘတွေတက်ကြ နောက်ဆုံးတော့ ကိုယ့်တစ်ကိုယ်စာနေရာလေးတောင်မှ နှစ်ကြာလာရင် ပျောက်သွားတတ်ကြတာ လူ့ဘဝဓမ္မတာပဲလေ။

    Reply

  • နစ်နာသူများ တိုင်သင့်ပါ၏။သို ့သော် ခေတ်ပြောင်းပါပြီ ဆိုကတည်းက ဟိုနားဆန္ဒပြရ၊
    ဒီက်ရုံ ဆန္ဒပြရနဲ ့နေရာမလပ်ခေတ်မှီလာလေပြီ။ကြာလေလျှင် သမ္မတတော့ ပိုပြောင်တော့
    မည်။(ထိပ်. ထိပ်)

    Reply

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    July 19, 2012 at 9:38 am

    သူတို့ ပိုင်လို့ သူတို့ လုပ်ကြတာ
    ကျနော်တို့ မပိုင်လို့ ဆုံးရှုံးကြရတာ
    ဒါသည်ဟာ အဖြေ ဆိုပေမဲ့
    တရားမျှှတမှုဆိုတာ ဤလောက ၌ ရှာမှရှား ဖြစ်ပေသတည်း ။

    Reply

  • TheWinner

    July 19, 2012 at 12:32 pm

    ကျွန်မတို့ သိရသလောက်ကတော့ ကိုထူးဆန်းပြောသလိုပါပဲ လုပ်ခွင့်ရထားတဲ့ ဟိုတယ်တွေအားလုံးက စစ်ထောက်ချုပ်ကို မြေငှါးခတွေ သွင်းနေရပါတယ်။ Max ကလည်း အခုမှသာ စဆောက်ဖို့ လုပ်နေတာပါ – သူတို့ မြေငှါးခတွေ သွင်းနေရတာ နှစ်နဲ့ ချီနေပါပြီ။ သွင်းရတဲ့ Amount ကလည်း အတော်များပါတယ်။
    မြေတွေ သိမ်းစဉ်က အသိမ်းခံရတဲ့ သူတွေကို ၅၆၆ တပ်နားမှာ မြေတွေ ပြန်ပေးပါတယ်။ လန (၃၉) ပါ ပေါက်ပြီးပေးတာလို့ သိရပါတယ်။ အဲဒါကို မလိုချင်လို့ ရန်ကုန်ကလာလည်တဲ့ သူတွေကို ပြန်ရောင်းကြတဲ့သူ များပါတယ်။ အဲဒီမြေတွေကလည်း အခုဆိုရင် မြေတကွက်ကို သိန်းရာနဲ့ ချီပြီး ပေါက်နေပါပြီ။

    Reply

    • snow white

      July 19, 2012 at 5:42 pm

      တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည်တို့မြေ ။။ တရားမျှတအောင်သမ္မတလုပ်ပေးမှာပါ ။။

      Reply

Leave a Reply

Your email address will not be published.