ဘတ်ငွေ ၁၀၉ ဘီလီယံနှင့် ထိုင်းပညာရေး လမ်းပြမြေပုံ

khinmintatthuJune 30, 20101min01

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၁-၂၀၁၄ ပညာရေး လမ်းပြမြေပုံပါ မဟာဗျူဟာ ၄ သွယ်နှင့် စီမံချက် ၆၄ ခု အတွက် ဘတ်ငွေ ၁၀၉.၄၅ ဘီလီယံကို အတည်ပြု လိုက်ပြီဖြစ်သည်။

ပထမ မဟာဗျူဟာနည်းလမ်းမှာ စီမံကိန်း ၃ဝ အတွက် ဘတ်ငွေ ၁၅.၇၉၈ ဘီလီယံ တန်ဖိုးရှိသော ခေတ်မီ ထိုင်းအရည်အသွေး ဖွံ့ဖြိုးမှု အစီအစဉ်ဖြစ်သည်။ အခြေခံ ပညာရေးကော်မရှင်၏ ဘတ်ငွေ ၁.၁ ဘီလီယံ စီမံချက်တွင် ကျောင်းငယ် နှစ်ထောင်ကို အရည်အသွေး မြှင့်တင်ခြင်းနှင့် အဆင့်မြင့်ပညာ ကော်မရှင်၏ အဆင့်မြင့် ပညာရေး မူဝါဒနှင့် အစီအစဉ် ရေးဆွဲရန်အတွက် ဘတ် ၂ ဘီလီယံ သုံးမည့် စီမံကိန်းတို့ ပါဝင်သည်။

ဒုတိယ မဟာဗျူဟာဖြစ်သော ခေတ်မီဆရာဆရာမ အရည်အသွေး ဖွံ့ဖြိုးရေး အစီအစဉ်အရ စီမံချက် ၉ ခုတွင် ဘတ်ငွေ ၁.၃၉၃ ဘီလီယံကို အသုံးပြုမည် ဖြစ်သည်။

တတိယမြောက် ပညာရေးမဟာဗျူဟာတွင် ခေတ်မီကျောင်းများနှင့် သင်ယူရေးဌာန အရည်အသွေး ဖွံ့ဖြိုး တိုးတက်ရေး စီမံချက် ၁၂ ခုအတွက် ဘတ်ငွေ ၉.၄၄၃ ဘီလီယံကို အသုံးပြုမည်ဖြစ်သည်။ ဤအထဲတွင် ကုန်ကျစရိတ် သက်သာသော သင်ယူရေးဌာနများ တည်ဆောက်ရန် ဘတ်ငွေ ၁.၇၃၃ ဘီလီယံနှင့် ရပ်ရွာ စာကြည့်တိုက် အသစ်များအတွက် ဘတ် ၈၈၈.၆ သန်းတို့ ပါဝင်သည်။

စတုတ္ထမဟာဗျူဟာမှာ ခေတ်မီ စီမံခန့်ခွဲမှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြစ်ပြီး ဘတ်ငွေ ၇၆.၈၁၅ ဘီလီယံ တန်ဖိုးရှိသည့် စီမံချက် ၁ရ ခု ဖြစ်သည်။ ဗျူဟာအရ ဘတ်ငွေ ၅၃၅ သန်းကို တောင်ပိုင်းပြည်နယ်များ ပညာရေးဖွံ့ဖြိုးမှု စီမံချက်နှင့်  ဘတ်ငွေ ၇၅.၂၀ရ ဘီလီယံကို အသက် ၁၅ နှစ်အထိ အခမဲ့ အခြေခံပညာရေး စီမံကိန်းတို့အတွက် သုံးစွဲမည်ဖြစ်သည်။

ထိုင်းပညာရေးဝန်ကြီး ချင်နာဝန်ဘွန်ယာကိယတ်က ဝန်ကြီးဌာန အရာရှိကြီးများ၏ အပတ်စဉ် အစည်းအဝေးတွင် စီမံချက် လုပ်ဆောင်မှု အခြေအနေများကို တင်ပြရန် အေဂျင်စီများကို တာဝန်ပေးထားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပညာရေး ကောင်စီရုံးချုပ်က ပညာရေး ပြောင်းလဲမှု ကော်မီတီသို့ ပညာရေး လမ်းပြမြေပုံကို တင်သွင်းမည် ဖြစ်ကြောင်း နှင့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖွဲ့တို့မှ ဥက္ကဌအဖြစ် ဆောင်ရွက်မည့် ဒုတိယ ဆယ်စုနှစ်ပညာရေး ပြုပြင်ပြောင်းလဲရေး ပေါ်လစီ ကော်မီတီသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။

မောက္ခ နိုင်ငံတကာပညာရေးသတင်းမှ တစ်ဆင့်ဖော်ပြလိုက်သည်

One comment

  • etone

    July 1, 2010 at 1:49 am

    မြန်မာနိုင်ငံမှာရော ဘယ်လောက်အကုန်ခံမှာလဲ 😀

    Reply

Leave a Reply

Your email address will not be published.