မန ္တလေးအရှေ ့နားက အောင်ပင်လယ်နဲ့ ရန်ကင်းတောင်

mgwaloneJuly 16, 20121min07

ကိုယ်တိုင်လည်း စိတ်ကူးရှိတာရယ်၊ မန ္တလေးအလှပို့စ်မှာ ရန်ကင်းတောင်အလှကို ခံစားလိုပါတယ်ဆိုတဲ့ comment ရယ်ကြောင့် ဒီပို့စ်လေးကို တင်လိုက်ပါတယ်။ အဲ ပုံတွေသေးနေတာကိုလည်း ထပ်ကြိုးစားကြည့်တာလည်း ပါပါတယ်။

အောင်ပင်လယ်ဆိုတာ မန ္တလေးရဲ ့ အရှေ ့ဖက် မှာ ရှိပါတယ် ။ ရန်ကင်းတောင်ကို တော့ အဝေးမြင်ကွင်းတွေပဲ ပါတဲ့အတွက် တောင်းပန်ပါတယ်။ မန ္တလေးရဲ ့ ဖုန်ထူ၊ ကားရှုပ်၊ ဆိုင်ကယ်ရှုပ်နေတာတွေကနေ ဘယလိုမှ မတူတဲ့ ခံစားချက်ကို ပေးနိုင်တဲ့ နေရာပါ။ ရာသီအလိုက် စိမ်းစိုတဲ့ မြင်ကွင်း၊ လှပတဲ့ ကောင်းကင်၊ ပျိုးခင်း၊ စပါးခင်းတွေကို ဖြတ်တိုက်လာတဲ့ လေကို ရှူနိုင်တဲ့ နေရာပါ။

ဒါပေမဲ့ ဘယ်လောက်အထိ ဒီနေရာတွေ ရှိနေဦးမှာလဲ။ ကနောင်မင်းသားကြီးတို့ လက်ထက်က ရေမြုပ်ဗုံးတွေ စမ်းသပ်ခဲ့တဲ့ အောင်ပင်လယ်ကန်၊ အခုအခြေအနေမှာတော့ စပါးပင်တွေ စိမ်းစိုနေသေးတဲ့ အောင်ပင်လယ် ဒေသ၊ အနာဂတ်မှာ တိုက်တွေ၊ ကားတွေက ဖုန်းကွယ်သွားတော့မလား။

အယင်က မန ္တလေးရဲ ့ အနားသတ် မြို ့ပတ်လမ်းလို့ ဆိုနိုင်တဲ့ အောင်ပင်လယ် ကန်ဘောင်လမ်းရဲ ့ အရှေ ့ဖက်မှာ အဆောက်အဦးတွေ တိုးလာနေတာ၊ မြေတွေဖို့ပြီး ဝင်းတွေ ခတ်နေကြတာတွေကို တွေ့နေရပါတယ်။ လယ်တွေကို ဝယ်ပြီး ဆောက်နေကြသလား၊ မြို ့တော်စည်ပင်ရဲ ့ တရားဝင် ခွင့်ပြုတာလား မသိပါ။ စိမ်းစိုတဲ့ ရှုခင်းနဲ့ အောင်ပင်လယ်ကိုတော့ နှမြောမိပါတယ်

 

7 comments

  • water-melon

    July 16, 2012 at 7:36 am

    အောင်ပင်လယ်တို့ ရန်ကင်းတောင်တို့ဘက်တောင်မရောက်တာကြာပြီ
    အန်တီဝလုံးကျေးဇူးကြောင့် ကြည့်ခွင့်ရလို့
    ရှဲရှဲပါ

    Reply

  • မာလိန်မှုူး

    July 16, 2012 at 7:51 am

    ပုံတွေ သေးလို့ ထပ်တင်တယ်ဆိုပေမဲ့ အခုလဲ ပုံသေးနေလို့ အားမရပါခင်ဗျာ ။
    ရှုခင်းလေးတွေကို အကြီးကြီး မြင်ရနိုင်ရင် သိပ်ကောင်းမှာ ။

    Reply

  • မောင်ပေ

    July 16, 2012 at 9:39 am

    ကျွဲနဖားတောင်
    ဘဲငါးကြောင်
    ဝဲစားပြောင်
    သရဲနားထောင်
    ကဲမလားမောင်

    Reply

  • မမ အညာသူ

    July 16, 2012 at 10:14 am

    ရန်ကင်းတောင်ကိုတစ်ခေါက်တော့ရောက်ဘူးပါတယ်
    ရှု့ခင်းလေးတွေကကြည့်တဲ့သူကိုတကယ်ပဲအေးချမ်းစေပါတယ်
    ဒါထက်ကြီးကြီးလေးတင်ပေးရင်မိုက်မယ်နော်

    Reply

  • ကျနော်ရန်ကင်းတောင်ကို တစ်ပါတ်ပါတ်ပြီးရိုက်တင်ပေးဘူးတယ်။.
    လင့်ပြန်ရှာပေးမယ်နော်။

    Reply

  • mamanoyar

    July 16, 2012 at 1:58 pm

    တစ်ခါတစ်ခေါက်တော့ အရောက်လာပါ
    မြို့ကြီးကမမရာ မင်းတို့နေ့တိုင်းစားတဲ့ ထမင်းဖြစ်တဲ့အပင်လေးတွေကို
    ပြချင်နေလို့ပါ သီချင်းလေးအမှတ်ရလို့……

    Reply

Leave a Reply

Your email address will not be published.