မြန်မာနိုင်ငံအလယ်ဗဟိုချက်မသို့ အပိုင်း (၁)

thihayarzarJune 30, 20101min04
IMG_1497

မြန်မာနိုင်ငံအလယ်ဗဟို တည်ရှိရာနေရာသည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကူမဲမြို့ အနီးရှိ မြသုခရွာ နားတွင်တည်ရှိသည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မသည် မြေပြန့်ပေါ်တွင်တည်ရှိနေခြင်းမဟုတ်ပါ။ တောင်ကိုးလုံးကိုဖြတ်သန်းပြီးမှ မြန်မာနိုင်ငံအလယ်ဗဟိုချက်မ သို့ရောက်ရှိသည်။ တောင်ထိပ်ပေါ်တွင် အနော်ရထာဘုရင်မင်းမြတ် တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီရှိသည်။ ထိုစေတီတွင် မြတ်စွာဘုရား၏ စွယ်တော်ပွား တစ်ဆူကိုလည်း ဌာပနာ အဖြစ်တည်ထားတော်မူခဲ့သည်။ ထိုစေတီသည် ပြက္ခရွေတောင်ပေါ်တွင်တည်ရှိသည်။ ထိုစေတီကိုလည်း ပြက္ခရွေမဟာစွယ်တော်စေတီ ဟုခေါ်ကြသည်။ ထိုပြက္ခရွေတောင်ပေါ်တွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးရှိသည်။ ထိုဆရာတော်၏ဘွဲ့နာမည်သည် ဦးဩဘာသ ဖြစ်သည်။ အခုဆိုလျှင် ဆရာတော်မှဦးစီးပြီး တောင်တက်ကားလမ်း ဖောက်လုပ်နေပြီဖြစ်သည်။ ပြက္ခရွေမဟာစွယ်တော်စေတီ ကိုသီတင်းကျွက်လတွင်ဘုရားပွဲကို နှစ်စဉ်ကျင်းပလျက်ရှိသည်။    ဆက်လက်ဖော်ပြပါမည် …….. မျှော်

4 comments

  • naung

    July 1, 2010 at 2:48 am

    ကျွန်တော်သိချင်တာက အဲဒီအလယ်ဗဟိုဆိုတာ ဘယ်ကတိုင်းတာလည်း
    ဥပမာ။ ။ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းကြားကိုတိုင်းတာလား။ ဒါမှမဟုတ် ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်ကြားလား။
    ပူတာအိုနဲ့ကော့သောင်းကြားလား ဆိုတာ သိချင်ပါတယ်။

    Reply

  • thihayarzar

    July 25, 2010 at 9:01 am

    ကျွန်တော်သိသလောက်တော့ မြန်မာနိုင်ငံ၏ အလယ်ဗဟို ကိုပြောတာဖြစ်နိုင်ပါသည်။ အနော်မင်းတရားကြီးကလည်း မြန်မာနိုင်ငံ၏ အလယ်ဗဟို ဖြစ်တဲ့အတွက် စွယ်တော်ပွားတစ်ဆူကို ဌာပနာတည်ထားခဲ့တယ်လို့ ထင်မိပါတယ်။

    Reply

  • thihayarzar

    June 27, 2011 at 9:04 am

    ကျွန်တော်ကတော့ မြန်မာနိုင်ငံအလယ်ဗဟိုမှာတည်ထားတဲ့ ပြက္ခရွေတောင်ပေါ်မှာရှိတဲ့ စွယ်တော်ရှင်စေတီတော်ကြီးကို သွားရောက်ဖူးမျှော်တာ အခုအကြိမ်ဆိုလျှင် လေးကြိမ်မြောက်တောင်ရှိခဲ့ပါပြီ … တောင်ထိပ်ပေါ်ကိုတစ်ခေါက်ရောက်ဖူးလျှင် နောက်တစ်ခေါက်လာချင်လောက်အောင် ဆွဲဆောင်မှုရှိပါတယ် … ဆောင်းတွင်းနဲ့မိုးတွင်းတွေမှာ သွားတာပိုကောင်းပါတယ် …. အရမ်းကိုအေးချမ်း တိက်ဆိတ် ငြိမ်သက်ပြီး တရားဘာသနာပွားများနိုင်တဲ့နေရာတစ်ခုပါ ..

    Reply

  • moethidasoe

    June 27, 2011 at 10:48 am

    ချက်တည့်တည့်တော့ ဖြစ်ချင်မှ ဖြစ်မယ် .. ဗိုက်လောက် ဆိုရင်တော့ မှန်နိုင်တယ် ..
    အနော်ရထာက လျာထားခဲ့တဲ့ နေရာဆိုရင်တော့ အခုနေရာ မဖြစ်နိုင်လောက်ဖူး ..
    ဘာကြောင့်လဲဆိုတော့ အနော်ရထာရဲ့ ပိုင်နက်က အင်မတန် ကျယ်ခဲ့တာ .. အခုမှသာ

    Reply

Leave a Reply to moethidasoe Cancel Reply

Your email address will not be published.