ခင်ချင်သေးတယ်သူငယ်ချင်းတို့ရယ်…….

snow whiteJuly 13, 20121min015

စနိုးဘဝတစ်သက်မှာ လူပေါင်းများစွာ သူငယ်ချင်းများစွာနဲ့ကြုံတွေ့ခဲ့ဖူးပြီးပါပြီ      သူငယ်ချင်းကောင်းမိတ်ဆွေ ကောင်းများစွာနဲ့လည်း
တွေ့ကြုံဖူးပါတယ်  တခါတလေ  စဉ်းစားမိတာ က လူစိတ်ဆိုတာ ပေါင်းသင်းရခက်လှပါလားပေါ့။
ကိုယ့်စိတ်တောင်တစ်ခါတစ်လေ မမှန်တာ သူများစိတ်ကိုလည်း ကိုယ်ဘယ်လိုသိလိမ့်မလဲပေါ့ နော်  စနိုးငါးတန်း ကနေ ဆယ်တန်းထိ
ခင်ခဲ့ရတဲ့သူငယ်ချင်း ၂ယောက် ရှိခဲ့တယ်   စနိုးက ဆုသာမရပေမယ့် ကျောင်းမှာ  ၁to၁ဝ ကတော့ဝင်တယ်   စာမေးပွဲ ဖြေပြီးတိုင်း သူငယ်ချင်း၃ယောက် စိတ်ညစ်
စရာကအမြဲလိုလို ကြုံရပါတယ်။
ဘာကြောင့်လည်းဆိုတော့ စနိုးကအဆင့်   ၄       ၅ ရတဲ့အပတ်မှာသူတို့ အဆင့်က  ၂၂   ၂၃  အဲ့လောက်ကွာတော့ သူတို့ကမနာလိုဖြစ်ကျတယ်
စာမေးပွဲဖြေပြီးတိုင်းreportcards  ထွက်တိုင်းစိတ်ညစ်ရတယ်  သူတို့နှစ်ယောက်က စနိုးကိုမခေါ်ကျတော့ဘူး။။
စနိုးစကတော့စိတ်ညစ်ရတယ် သူတို့မခေါ်ရင်   တစ်ယောက်ထဲနေနေရတယ် ခင်တာဆိုတော့လည်းသူတို့နှစ်ယောက်ဘဲရှိတာဆိုတော့လေ သူတို့မှမခေါ်ရင်
ကိုယ့်ကသူများနဲ့လည်းမခင်ဘူးလေ တစ်ယောက်ကိုခင်ရင်အဲတစ်ယောက်နဲ့ဘဲ ခင်တက်တာဆိုတော့   စနိုး  ကတစ်ယောက်ထဲနေရတာလည်းမကြိုက်ဘူး
သူတို့မခေါ်တော့ ငယ်စိတ်နဲ့ဆိုတော့  ငါဒီတစ်ခါစာမေးပွဲဖြေရင်  နည်းနည်းလေးဘဲဖြေ မယ် သူတို့မခေါ်တာတော့မနေနိုင်ဘူးပေါ့ အဲ့လိုမျိုးစဉ်းစားဖူးတယ်ပေါ့ စာမေးပွဲဖြေချိန်ရောက်တော့လည်း
ကိုယ့်ရတာတော့ဖြေမှာဘဲ ဆိုပြီး ဖြေလိုက်တာဘဲ  အဲ့တော့အဆင့်ကွာပြန်ကောပေါ့  လေ။။
အဲ့လိုနဲ့ သူငယ်ချင်းတွေ ၈တန်း ရောက်လာရော ၅တန်းထဲကခင်လာတာဆိုတော့  စနိုးလည်းအရေထူနေပြီ သူတို့ခေါ်လိုက်မခေါ်လိုက်ကမထူးဆန်းတော့ဘူးပေါ့လေ
၈တန်းမှာကျတော့  စနိုးတို့ကျောင်းက ဂုဏ်ထူးနဲ့ အမှတ်ခွဲတာ    အထက်တန်းကျောင်း ပြောင်းဖို့ကို   သူတိုု့ကိုလညးစနိုးပြောထားတယ် ငါ့တို့ကြိုးစားကျမယ်
ဒါမှကျောင်းတူတူတက်ရမှာ   (အထက်တန်းကျောင်းတူတူတက်ရအောင်လို့)     အဲ့လိုပြောလည်း မကြိုးစားရင်တော့ ကျောင်းကွဲမယ်ဆိုတာ သိတယ် လေ
ပြောလည်းပြောပြောပါဘဲ ၈တန်းအောင်စာရင်းလည်းထွက်ရော  စနိုးကဂုဏ်ထူးပါတယ် ၂ဘာသာပါ    တစ်ခါထဲပြောထားတာနော်     ၁ဝတန်းမှာတော့မပါဘူး   ဟီးးးးးးးးး
အလယ်တန်းမှာပါလို့ဘာမှအသုံးမဝင်ဘူးလို့တော့မပြောလိုက်ပါနဲ့နော်      ကြွားခြင်းလည်းမဟုတ်ပါဘူး  ရင်ဖွင့်တာပါ သူငယ်ချင်းတွေအပေါ်ကိုယ်အနွံတာ ခံသလောက်
ကိုယ်ပေါ်ကျတော့   မကောင်းတော့စိတ်ထဲ  ထင့်နေတာလေးရင်ဖွင့်ရေးသားလိုက်တာပါ ။။။
ကဲစကားလွဲကုန်ပြီ      ၉တန်းတက်ဖို့ ကျောင်းပြောင်းဖို့ကိစ္စပြသနာစတက်ပါလေရော    သူတို့ နှစ်ယောက် ကသူတို့တက်ချင်တဲ့အထက်တန်းကျောင်းကို ပိုက်ဆံလိုက်ရမယ်
ကျောင်းအုပ်ဆရာ မကြီးနဲ့ပြောရမယ်   ပြောင်းမယ့်ကျောင်းမှာလည်း ပြောရအုံးမယ်   ဇာတ်လမ်းတွေက ရှုပ်ယှက်ခက်တော့ သူတို့ ရမယ့်ကျောင်းရယ်  အလယ်တန်းကျောင်း
ကပြောင်းပေးတဲ့ကျောင်းဘဲသူတို့ကတက်မယ်ဆိုတော့လည်း   စနိုးကလည်းသူတို့ကို မခွဲနိုင်တော့   သူတို့ပြောင်းတဲ့ကျောင်းလိုက်တက်ပါတယ်။။
စနိုးမိဘတွေကလည်း စနိုးပျော်သလိုလုပ်ခွင့်ပေးထားတယ်  စနိုးမိဘဘက်ကလည်းအေးဆေး ဆိုတော့ သူတို့ပြောင်းတဲ့ကျောင်းဘဲ  တက်ဖြစ်ခဲ့ပါတယ်
အဲ့လိုနဲ့ ၁ဝတန်းစာမေးပွဲကို ဖြေရမယ့်အချိန်ရောက်လာတော့ သူတို့နှစ်ယောက်က     တပူးပူးတတွဲတွဲ ဘယ်ဆရာဘယ်မေးခွန်းလေးလုပ်ကြည့်မယ်ပေါ့   စနိုးကတော့သူတို့
နားသွားရင် နောက်နေ့မှဒီဘာသာကျက်တော့မယ် နောက်နေ့မှဒီဘာသာလုပ်တော့မယ် အဲ့လိုဖြစ်ကုန်တော့ စနိုးလည်းတရက်ကနေ နှစ်ရက်ကျတော့ သိလာတယ်
ငါရှိလို့ သူတို့စာမလုပ်တာ နေလိမ့်မယ်ဆိုပြီး စနိုး လည်းသူတို့နားသွားပြီးစာမလုပ်ဖို့ဆုံးဖြတ်လို်က်တယ်  စနိုးဘဝ မှာသူတို့တွေ ကိုယနေ့ချိန်ထိခင်နေတုန်းပါ      ဒီနေ့ထိလည်း သူတို့ နဲ့ ပျော်ပါးခဲ့ တာ မမေ့သေးဘူး
သူတို့ကို  ခုချိန်ထိခင်ချင်သေးတယ်   ဒါပေမယ့်   သူတို့တွေရဲ့စေတနာကသူတို့ကိုအကျိုးပေးနေပါတယ်  ဘာကြောင့်လည်းဆိုတော့ တစ်ယောက် ကခုချိန်ထိ   ဒုတိယနှစ်မှာ ကျနေတုန်းပါဘဲ   တစ်ယောက် ကတော့   ခုမှ
၁ဝတန်းအောင်လို့   ကျောင်းတက်နေတုန်းပါ     စိတ်ထားကိုတက်နိုင်သလောက် ဖြူစင်စေချင်တယ် သူငယ်ချင်းတို့ရယ် ငါနင်တို့ကိုယနေ့ချိန်ထိ     ခင်နေတုန်းပါသူငယ်ချင်းတို့ရယ်
သူတို့တွေကတော့ ခုချိန်ထိစနိုးကိုမခေါ်တော့ပါဘဲ   ၅နှစ်လောက်ရှိသွားပါပြီ      ။။။။။။

15 comments

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 7:10 pm

    ရပါတယ်ဗျာ..
    သူငယ်ချင်းနှစ်ယောက် မရှိတော့လို ့ စိတ်မကောင်း မဖြစ်ပါနဲ ့
    အုပေတို ့ အုဖျဲတို ့ ရှိတာပဲ..သူတို ့တွေက အားကြီး ခင်တတ်ကြပါတယ်..
    စကားမစပ်..
    ဒါတွေဟာ အနိစ္စ သဘောတွေဘာနော်..
    ဘာကိုမှ အစွဲ မထားနေပါနဲ ့
    တရားသဘောနဲ ့ရှုရင် ဘယ်အရာမှ မတည်မြဲဘူး..
    အချိန်နဲ ့အမျှ အသစ်အသစ်တွေနဲ ့ အစားထိုးပြီး ကိစ္စချောနေကြတာချည်းပဲ..
    တရားများများထိုင်ပါ…
    အဲဒီအခါ မမြဲခြင်းတရားတွေကို အလိုလိုမြင်လာပြီး တည်တည်ငြိမ်ငြိမ်ဖြစ်သွားပါလိမ့်မယ်..

    အဘကတော့ အသက်အရွယ်ရလာလို ့ ကျန်းမာရေးအရ တရားမထိုင်နိုင်တော့ပါဘူးကွယ်.
    သမီးတို ့အရွယ်တွေ ထိုင်ကြပါ..
    ဪ..
    ဒါနဲ ့
    ကြုံတုန်း ကြွားရရင် အဘလဲ မူလတန်းတုန်းက ဂုဏ်ထူး ဆယ်ဘာသာ ရခဲ့ဖူးပါတယ်ကွယ်..

    Reply

    • မစ္စတာ တောက်တဲ့

      July 13, 2012 at 9:15 pm

      ဪ …
      ဟုတ်လား ဘဘဗိုက် ..
      အဘအတွက် မြေးလေးတို့ ဂုဏ်ယူနိုင်တာပေါ့ဂျာ …
      မြေးလေးတို့လည်း တူနယ်ချင်းတွေနဲ့ တွေ့ရင် ကြွားရဦးမယ် …
      နာရို့ အဖိုးလည်း ချောင်းဆိုးနေပြီ …. လို့ ..
      😀 😀

      Reply

  • etone

    July 13, 2012 at 7:16 pm

    စနိုးရေ … သူငယ်ချင်းဆိုတာ … လူပေါင်းစိတ်ခွာတွေက များပါတယ် …။
    အစ်မလည်း သူငယ်ချင်းများစွာထားခဲ့ဖူးပါတယ် … အကူညီလိုလျှင်သာ ကိုယ့်ကို သတိရတတ်ကြပြီး ကျန်တဲ့အချိန်တွေမှာ ရှိတယ်လို့တောင်မထင်ဘူး ။ ဒါကို အပြစ်မပြောချင်ပါဘူး ….လူဆိုတာ ကိစ္စဝိစ္စတွေများတယ်မို့လား …. ။

    ငယ်ငယ်က ဆိုးတိုင်ပင်ကောင်းတိုင်ပင် စိတ်ရင်းနဲ့ပေါင်းတဲ့ သူငယ်ချင်း နှစ်ယောက်ရှိခဲ့ဖူးတယ် … တစ်ယောက်ကတော့ တခါကပို့စ်မှာရေးဖူးတဲ့ ဆင်ရဲလ်မားသားပေါ့ အခုထိတော့ အဆက်သွယ်ရှိတုန်းပါ.. … နောက်တယောက်ကတော့ ….ဌာနဆိုင်ရာတစ်ခုမှာ ရာထူးကြီးကြီးရပြီးကောင်းစားနေလို့ အဆက်သွယ်ကို မရှိတော့သလောက်ပဲ … ။

    အလုပ်ထဲရောက်လို့ ပေါင်းသင်းရပေမယ့် တချို့စိတ်တွေနားလည်ရခက်တယ် …ဒါပေမယ့်လည်း …. အလုပ်နဲ့ပတ်သတ်ရင် စိတ်ထဲက ခံစားချက်တွေဖျောက်ပြီးပေါင်းသင်းဆက်ဆံရပါတယ် … ကလေးတွေတုန်းကလိုတော့ နင့်ကိုမခေါ်ဘူး ..နင်နဲ့မဆော့ဘူးလုပ်လို့မရဘူးပေါ့ … သင့်တင့်လျှောက်ပတ်အောင်နေရပါတယ် စနိုးရေ… ။

    မိတ်ဆွေဆိုတာ ဘဝတစ်ကွေ့မှာ ခဏတာ တွေ့တာပါ …. လိုက်ဖ် ပါတနာကသာလျှင် မသေမချင်းကိုယ့်ဘေးရှိဖို့ ရာခိုင်နှုန်းများ တာမို ့… ဘဝတွက် လက်တွဲဖော်ကောင်းကောင်း ၊နားလည်မှုရှိမယ့်လူကို ရှာပါလို့ …. အကြံပေးချင်ပါတယ် …ဟီး 😀

    Reply

    • snow white

      July 13, 2012 at 7:20 pm

      မမအိရှာပေးလေ ကိုယ့်ညီမလေးတွေကို ဟီးးးးနောက်တာပါ မမအိ်ဆုံးမစကားသံလည်းနာခံလျှက်ပါ မမအိ ။။။

      Reply

  • မောင်ပေ

    July 13, 2012 at 9:05 pm

    သူရို ့တွေ စာမေးပွဲကျတာ
    စနိုးလေးနဲ ့မခေါ်လို ့…။

    Reply

  • may flowers

    July 13, 2012 at 9:47 pm

    စနိုးရေ အားမငယ်နဲ့ နော်….ဒါလည်းဖြစ်တတ်တဲ့ သဘောတရားလေးတွေမို့ပါ။

    Reply

  • water-melon

    July 14, 2012 at 7:30 am

    ငိုနဲ့နော်
    စနိုးဘူးဘေးမှာ ဖရဲရှိတယ်
    အားတင်းထားတိလား
    အဟတ် အဟတ် အဟတ်

    Reply

  • ကြောင်ကြီး

    July 14, 2012 at 9:01 am

    စနိုး
    တမျိုး
    အပိုး
    မကျိုး၊
    တန်ခိုး
    ပုဆိုး
    ငဆိုး
    မခိုး…။

    Reply

  • ဘဲဥ

    July 14, 2012 at 10:40 am

    ဥဥလေးဆီကိုသာ လာခဲ့လိုက်ပါကွာ
    အားဂျီး ခင်တတ်ပါဒယ်
    ရိုးမြေကျကို ခင်ပလိုက်အုံးမှာ 😀

    Reply

  • Khaing Khaing

    July 14, 2012 at 10:46 am

    သူငယ်ချင်းအပေါင်းအသင်းခင်တာ အမလိုပါပဲလား စနိုးရယ် အမလည်း ငယ်ငယ်က တစ်ယောက်ဆို တစ်ယောက်ခင်ခဲ့ဖူးတယ် သူတို့လုပ်တာ အထိနာတော့ ကြီးလာတော့ ပညာတတ်လာတယ် အပေါင်းအသင်းဆို လူတိုင်းနဲ့ပေါင်းသင်းနေထိုင်တတ်လာတယ် ဒါပေမယ့် အမလည်း အပေါင်းအသင်းကံ ခေပါတယ် အမခင်သလောက်အမကိုမခင်ကြဘူး အမကတော့ စကားပြောလို ့ကောင်းမယ်ဆို အားလုံးကိုခင်တယ် …….. ခက်တာကလူသာကြီးပေမယ့် အချိန်မစီးဘူးပြောရမလား မျက်နှာအလွန်ပြောင်တဲ့အမကို လူမလေးစားဘူးပေါ့ကွယ် ……

    Reply

  • mamanoyar

    July 14, 2012 at 10:51 am

    စနိုးရယ် အားမငယ်ပါနဲ့
    ဘာဖြစ်လဲ သူတို့မခေါ်လဲ နိုရာတို့ရှိတယ်

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 14, 2012 at 11:23 am

    လူစိတ်ဆိုတာ တကယ်ပေါင်းသင်းရခက်တယ်ဆိုတာ..
    တကယ်မှန်တယ် စနိုးလေး.. စနိုးလိုပါပဲ…
    သူငယ်ချင်းတွေမခေါ်ဘူးဆိုရင် အရမ်းအားငယ်ရတယ်…
    ဝမ်းလည်းနည်းတယ်..ခုတော့ နေတတ်သလိုနေတော့တယ်..
    လူအကြောင်းဆိုတာ ပေါင်းကြည့်မှသိတဲ့ စနိုးရဲ့…
    တော်တော်များများကတော့ အပေါ်ယုံအလွှာတွေနဲ့ ပေါင်းသင်းကြတယ်..
    တကယ့်စစ်မှန်မှုဆိုတာ မရှိသလောက်ရှားတယ်လေ..
    စနိုးလေးလည်း အားမငယ်ပါနဲ့… နေတတ်သလိုနေပြီး…
    ကိုယ်ကိုယ် တိုင်ပဲ ပျော်အောင်ဖန်တီးနေတတ်ဖို့လိုပါတယ်…
    ပျော်ရွှင်စရာတွေပဲဖန်တီးပြီး ဂေဇက်ကသူငယ်ချင်းတွေနဲ့..
    ပျော်လိုက်နော်…… စနိုးလေးကို ခင်တတ်တဲ့…..
    မန်းဂေဇက်သူငယ်ချင်းတွေအများကြီးပါ..ဟုတ်ယ်ဟုတ်…:)

    Reply

  • manawphyulay

    July 14, 2012 at 4:51 pm

    ခင်ချင်တယ်ဆိုရင်လည်း ခင်လိုက်ပေါ့ စနိုးရယ်… ပြောနေရသေးတယ် ဂယ်ပဲ…. မပြောလည်း ခင်မှာပဲဟာကိုနော့….

    Reply

  • အလင်းဆက်

    July 14, 2012 at 6:44 pm

    တရုတ်ကားတွေထဲက ဘုရင်လိုပဲ…

    အဲသလို အဖြစ်မျိုးလည်း..ရှိသလား….လို ့..မေးချင်တယ်…
    သူငယ်ချင်းလေး စနိုးရယ်…

    Reply

Leave a Reply to ဘဲဥ Cancel Reply

Your email address will not be published.