ဈေးဝယ်နှင့်ဈေးသည်

မမ အညာသူJuly 13, 20121min016

ဂလန်ဂလန်………………

နာရီနှိုးစက်သံနှင့်အတူညာအိပ်ရာကနေကပျာကရာထလိုက်ပါတယ်

ဝါးးးးးးးးးးးးးးးးးးးရာသီဥတုကသာယာလိုက်တာ

အယ်မေ့နေလိုက်တာ ညာဒီနေ့ဈေးသွားရမှာပဲ

ရေမိုးချိုးအဝတ်အစားလည်းပြီ ခြင်းတောင်းကိုဆွဲကာ ဈေးကို ခက်သွက်သွက်လျောက်လာခဲ့တယ်

ဈေးရောက်တော့ လိုအပ်တာလေးတွေဝယ်ရတယ်လေ……..

ဝယ်လို.မှမဆုံးသေးဘူး မထင်မှတ်ပဲမိုးကရွာပါလေရော့ ဒါနှင့်ပဲဈေးတန်းတစ်ခုမှ မိုးဝင်နေလိုက်ရတာပေ့ါ

အဲအချိန်လက်လက်ဆက်ဆက်မျှစ်တွေ တစ်ပိသာမှ 800 ထဲပါ လို့အော်ရောင်းနေတဲ့အဘွားအိုတစ်ယောက်ရဲ့အသံကိုညာမိတော့အမှတ်မထင်ပဲလှည့်ကြည့်မိလိုက်တယ် မိုးမလုံတဲ့အမိုးအကာအောက်မှာ မျစ်တွေရောင်းနေတဲ့ အသက် 70လောက်အဖွားအိုတစ်ယောက်ကို မထင်မှတ်ပဲ သွားမြင်လိုက်တယ်

အမျိုးသမီးတစ်ဦးရောက်လာပြီ တစ်ပိသာဘယ်လောက်လဲ လို့မေးတော့

အဘွားအိုက တစ်ပိသာမှရှစ်ရာထဲပါသမီးရယ် အဘွားကိုယ်တိုင်ချိုးလာတဲ့မျှစ်တွေပါလက်ဆက်ပါတယ်

အဲတော့အမျိုးသမီးက တစ်ပိသာလေးရာရရင်တော့ယူမယ်လို့ပြောလိုက်တယ်

အဘွားအိုကလဲတုန်ရီနေတဲ့အသံနှင့် တကယ်ကိုမရလို့ပါကွယ် အဘွားရရင်ပေးပါတယ် ဒါဆိုလဲသမီးရယ်700နှင့်ယူသွားလိုက်ပါလို့ ပြောပေမဲ့

အမျိုးသမီးကလဲမဝယ်ဘူးသိလား သူပြောတဲ့ဈေးမရလို့လေ လှည့်ထွက်သွားတယ်

တကယ်တော့800ဆိုတာ ပုံမှန်ဈေးပါ အဘွားအိုကဈေးကိုတင်ရောင်းထားတာမဟုတ်ပါဘူး

အမျိုးသမီးရဲ့မတန်မရာဆစ်နေပုံကိုကြည့်ပြီ အဘွားကိုသနားလာတယ်

ဈေးဝယ်နှင့်ဈေးသည်ပဲလေ ကိုယ်ကြိုက်မှဝယ်မှာပေါ့ ဟုတ်ပါတယ် ညာသိပါတယ်

ဒါပေမဲ့လေ မတန်မရာတင်ထားလို. ဈေဆစ်တာကိုညာမပြောလိုပါဘူး

အဲအဘွားအိုမျှစ်တွေရောင်းတယ်ဆိုတာ ကုမ္ပဏီကြီးတည်ထောင်ဖို.လဲမဟုတ်ပါဘူး

စူပါမားကပ် တွေလုပ်ဖို.လဲမဟုတ်ပါဘူး သူ့ရဲ့တစ်နေ့တာစားဝတ်နေရေးအတွက်တကယ်ကိုလိုအပ်နေလို့ပါ

ငွေ 800ဆိုတာဘာမှမဟုတ်ပေမဲ့တစ်ချို့တစ်ချို့အတွက် တော့ ဝမ်းစာတစ်နေ့သာကိုဖူလုံစေပါတယ်

 

လူသားတိုင်းကိုယ်ချင်းစာတရားထားနိုင်ကျပါစေ

ညာကိုယ်တွေ့သဖွယ်ရေးထားပေမဲ့

ကိုယ်တွေ့တော့မဟုတ်ပါဘူး စိတ်ကူးထဲမှာခံစားမိတာလေးကို တင်ပြလိုက်ပါတယ်ရှင်

ခင်မင်လျက်ပါ

 

 

 

 

16 comments

  • Khaing Khaing

    July 13, 2012 at 3:50 pm

    မမညာရေ …….. စိတ်ကူးဆိုပေမယ့် ဒါမျိုးတွေကအပြင်မှာရှိပါတယ် .. သက်ကြီးရွယ်အိုတွေကို အလကား တောင်လှူရမှာ အခုလို သူတို့က သမာအာဇီဝ အလုပ်လုပ်နေတာကို အားပေးသင့်တယ် .. အခိုင်ဆို စိတ်ထဲသနားရင် ဈေးဆစ်ခဲတယ် ……. ဟိုနေ့က ဘုရားပန်းဝယ်တာ ၁၂ ပွင့်ကို ၁၃၀ဝ တဲ့ သူက ၁၂၀ဝ နဲ့ယူတဲ့ အခိုင်က တဝက်ပဲယူမယ်လို့ပြောတော့ရပါတယ်တဲ့ ပြီးတော့ ၁၀၀ဝ တန်ထုပ်ပေးတာ ၃၀ဝ ပဲပန်အန်တယ် အောင်သပြေပန်းဝယ်ပြီးလှည့်အထွက်မှာ ငွေအန်းတာလိုတာသိလိုက်တယ် ဒါပေမယ့် ဘုရား ကိစ္စဖြစ်နေတော့ ငွေတစ်ရာနဲ့အခိုင် သွားပြန်မတောင်းတော့ဘူး …. လှူတယ်လို့သဘောထားလိုက်တယ် … သူ့အရိပ်သူ့နောက်လိုက်မှာပဲလေ …….

    Reply

    • မမ အညာသူ

      July 13, 2012 at 3:55 pm

      ဟုတ်ပါတယ်
      အပြင်မှာလဲသမာအာဇီဝကျကျဈေးရောင်းနေတဲ့အဘွားအိုတွေကိုတွေ့နေရတယ်လေ
      အဲလိုမြင်ရတိုင်းညာတကယ်ပဲစိတ်မကောင်းဖြစ်ရတယ်သိလား
      ခုလိုအားပေးတာကျေးဇူးတင်ပါတယ်နော်

      Reply

  • mamanoyar

    July 13, 2012 at 4:12 pm

    မမညာရေ ကိုယ်တွေလဲ ဒီလို လူတွေထဲမပါအောင် ကြိုးစားရမှာပေါ့
    ဘာပဲဖြစ်ဖြစ် စာနာစိတ်ရှိရမယ်လေ

    Reply

  • မစ္စတာ တောက်တဲ့

    July 13, 2012 at 4:36 pm

    မမညာရေ ..
    ကျုပ်တော့ဖြင့် အဲ့ဒီလို
    သက်ကြီးရွယ်အိုတွေ ဈေးရောင်းနေရတာမြင်ရင်
    သိပ်ပြီး သနားမိတာပဲ ..
    ဒါကြောင့် သူတို့ဆီမှာပဲ ဝယ်ခဲ့တတ်တယ်ဗျ ..

    Reply

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 13, 2012 at 4:38 pm

    ကျွန်တော်က အဖွားအိုတွေပိုက်ဆံတောင်နေတာမြင်ရင် အရမ်းသနားတတ်တယ်ဗျ … တွေ့ရင် ပိုက်ဆံလှူဖြစ်တယ် .. အော် … ကိုယ်လဲတနေ့ ဒီလိုအိုရမှာပါလား … ကိုယ်အိုသွားရင်ရော ဘယ်လိုနေရမလဲ … ကောင်းကောင်းနေရမှာလား …. ဒါမှမဟုတ် အစွန့်အပစ်ပဲ ခံရမလား ဆိုပြီး တွေးမိရင် အရမ်းကြောက်တာပဲ ….

    Reply

  • ဇောက် ထိုး

    July 13, 2012 at 4:42 pm

    လူလေးကလှသလို မိညာစိတ်လေးကလဲ လှလိုက်တာလို့ အောက်မေ့မိတယ်။
    ပြီးတော့ အရေးအသားလေးကလဲ အထစ်အငေါ့မရှိဘဲ။ ချောနေတာပဲလို့….
    ဒီလို ရုပ်ချော…သဘောကောင်း… မနောကောင်း.. အပြောကောင်းလေးတွေရဲ့ အသံလေးတွေကြားရတာ မင်္ဂလာပါပဲ။

    Reply

  • ko khin kha

    July 13, 2012 at 4:43 pm

    သူတို့မှာရှိတဲ့အင်အားလေးတွေစုစီးပြီး ဘဝအတွက်ရုန်းကန်နေရတာပါ။အလှုတောင်လှုကြသေးတာဘဲ လုပ်ကိုင်စားတဲ့ အဖိုးအဖွားတွေ့ရင် ဈေးခြင်းတူရင် ဦးစားပေးအားပေးကြပါ။ ဈေးခြင်းမတူရင်လဲ အသက်အရွယ်ကြီးရင့်သူများစောင့်ရှောက်ခြင်း ပရဟိတတစ်ခုကို လုပ်ဆောင်လိုက်တယ်လို့ သဘောထားပြီးအားပေးကြပါ။
    တစ်ချို့ထောက်ပံ့မှု့တွေဟာ လူသိရှင်ကြားဂုဏ်အားဖြင့်မရှိသော်လည်း မြင့်မြတ်သောအလှုတစ်ခု မည်ပါသည်။

    Reply

  • မမ အညာသူ

    July 13, 2012 at 4:54 pm

    ညာတို့တွေလဲတစ်နေ့ကျရင်အိုကျရမှာပါ
    ညာတို့တွေလဲဘာတွေဖြစ်မယ်ဆိုတာကိုကြိုတင်သိမထားနိုင်ပါဘူး
    ငါသာသူ့နေရာမှာဆိုတဲ့အတွေးလူသားတိုင်းမှာရှိနေမယ်ဆိုရင်ကမ္ဘာလေးကကြီးဟာ
    တကယ်ကိုကျေနပ်ဖို့ကောင်းမှာပါ

    Reply

  • snow white

    July 13, 2012 at 6:01 pm

    အဲ့အဖွားအို ရဲ့သားသမီးတွေကို သတ်ချင်တယ် မွေးရကျိုးမနပ်ဘူး သက်ကြီးရွယ်အိုဈေးရောင်းတာ တောင်းတာတွေ့ရင် စနုးိစိတ်တွေ တကယ်ကို အဲ့အဖွားအိုတွေ အဖိုးအိုတွေ ရဲ့မိသားစုတွေ ကိုစိတ်တိုမိတယ်။။။

    Reply

  • may flowers

    July 13, 2012 at 10:02 pm

    ဟုတ်ပါ့မမညာရေ………….ဒီလိုပါပဲ…ဈေးကိုသွားရင်ခဏ ခဏတွေ့နေရတဲ့ မြင်ကွင်းလေးတွေပါ

    အမြတ်အရမ်းတင်ပြီး လက်ကောက်ကြီးတွေတံတောင်ဆစ်လောက်ရောက်အောင် ဝတ်ထားကြတဲ့

    အသား၊ငါး သည်တွေကိုသာ ဈေးမစစ်ရဲရင်ရှိမယ်…ရိုးရိုးသားသား တစ်ဝမ်းစာကိုယ်တိုင်ရှာဖွေလာတဲ့

    တောသည်လေးတွေကို မတရားနှိမ်ပြီး ဝယ်နေကြတာ ဈေးစစ်နေကြတာအမြဲလိုလိုတွေ့တွေ့နေရတာ

    ကြာပေါ့..။ ကိုယ်ကိုတိုင်က လည်းအဲဒီကိစ္စကို စိတ်ထဲမတွေ့တာ ကြာနေပေမဲ့ မမအညာသူလိုပိုစ့်လေး

    ရေးတင် ဖို့တော့စိတ်မကူးခဲ့မိဘူး။ ခုလိုရေးသားပေးတဲ့ အတွက်ကျေးဇူးပါနော်။ကိုယ့်ခံစားချက်နဲ့ ကွက်တိ

    ပဲမို့လို့ပါ။

    Reply

  • ကြောင်လေး

    July 14, 2012 at 8:40 am

    “အဲအဘွားအိုမျှစ်တွေရောင်းတယ်ဆိုတာ ကုမ္ပဏီကြီးတည်ထောင်ဖို.လဲမဟုတ်ပါဘူး
    စူပါမားကပ် တွေလုပ်ဖို.လဲမဟုတ်ပါဘူး သူ့ရဲ့တစ်နေ့တာစားဝတ်နေရေးအတွက်တကယ်ကိုလိုအပ်နေလို့ပါ”

    ဟုတ်တယ်အညာသူရေ အဲလိုဈေးသယ်မျိုးနဲ့ တောင်းရွက်ပြီးလည်ရောင်းရတဲ့ဈေးသယ်တွေကိုမတန်ရင်ကာဈေးဆစ်ရင် အရမ်းစိတ်တိုတယ်။အိမ်ကကြောင်မကြီးကို အမြဲငေါက်ရတယ်။

    ရှူးးးးးးးးးးး စကားမစပ်တိုးတိုးလေးသတိပေးလိုက်ဦးမယ်နော်…..ခင်လို့
    ဟိုသတ်ပုံငှက်ကထကြီးမမ မလာခင်လေး ၊ သိလား
    လတ်လတ်ဆတ်ဆတ် လို့ရေးရတယ်နော်

    Reply

  • မမ အညာသူ

    July 14, 2012 at 9:01 am

    အင်း
    ညာကဘာရယ်တော့မဟုတ်ဘူးသိလားစာလုံးပေါင်းသတ်ပုံမကြာခဏမှားတက်တယ်လေ
    ခုလိုအမှားကိုအမှန်သိအောင်ပြင်ပေးတဲ့ကြောင်လေးကိုကျေးဇူးတင်ပါတယ်နော်
    အားပေးမှုု့ကိုလဲကျေးဇူးတင်ပါတယ်ရှင်

    Reply

  • MaMa

    July 14, 2012 at 9:54 am

    ညာရေ-
    တခါတလေတော့လည်း အဲလိုနဲ့ ပြောင်းပြန်လေးတွေ ကြုံရတာ ရှိသေးတယ်။
    တခါက မိသားစုတွေ ခရီးသွားတော့ မြို့တစ်မြို့က လမ်းမပေါ်မှာ မနက်စောစော ဆိုင်းထမ်းနဲ့ မုန့်ရောင်းနေတဲ့ဆီမှာ ကားပေါ်က ဆင်းပြီ ဆီထမင်း ဝယ်စားတယ်။
    တစ်ပွဲဘယ်လောက်လဲတော့ မမေးကြည့်မိဘူး။
    အဲဒီအချိန်မှာပဲ လမ်းသွားတစ်ယောက်ကလည်း လာဝင်စားတယ်။
    တစ်ယောက်တည်းမို့ အဲဒီလူက စားပြီး ငွေရှင်းပြီးထွက်သွားတယ်။
    အမှတ်တမဲ့ပေမယ့် သူရှင်းသွားတာ ၂၅ဝ ကျပ် ဆိုတာကို သိလိုက်တယ်။
    ကိုယ့်အလှည့် ငွေရှင်းတော့ တစ်ပွဲ ၅၀ဝ ယူတယ်။
    အဲဒါနဲ့ စောစောက တစ်ယောက်ကျတော့ ၂၅ဝ ပဲလေလို့ ပြောတော့………. ကားပေါ်ကဆင်းလာလို့တဲ့လေ။
    မစားခင်က တစ်ပွဲဘယ်လောက်လဲ မေးပြီး စားတာ မဟုတ်တော့ မကျေမနပ်နဲ့ ပေးခဲ့ရတယ်။
    အဲဒီကနေ ပညာရသွားတာကတော့ နောက်ဘာစားစား တစ်ပွဲဘယ်လောက်လဲ မေးပြီးမှ စားတော့တယ်။
    အဲလိုမျိုးရိုက်စားတွေနဲ့တွေ့တော့လည်း စိတ်တိုရပြန်ရော။ 🙁

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    Reply

    • မမ အညာသူ

      July 14, 2012 at 10:42 am

      ဟုတ်ပါတယ်မမရယ်
      တစ်ချို့ဈေးသည်တွေကလဲတော်တော်ဆိုးတယ်သိလား
      မြို့ကတစ်ချို့ဆိုင်ကြီးတွေမှာဆိုလေတောပုံအတတလေးတွေဆို အထာကြီးတွေနှင့်ရောင်းတယ်လေ
      ပိုက်ဆံပေးဝယ်တာတောင်ရောင်းချင်သလိုလိုမရောင်းချင်သလိုလိုနှင့်
      ဒီလိုတွေပါပဲလူအမျိုးမျိုးစိတ်အထွေထွေလေ

      Reply

Leave a Reply to mamanoyar Cancel Reply

Your email address will not be published.