မျက်နှာပေါင်းတင်မယ် ……….

Khaing KhaingJuly 13, 20121min029

ကျွန်မက မျက်နှာပေါင်းတင် ဆံပင်ပေါင်းတင် ခေါင်းလျှော်တာတွေကို အမြဲတမ်းလုပ်လေ့လုပ်ထ မရှိခဲ့ပါဘူး …… ဘာကြောင့်လဲဆိုတော့ အချိန်မရတာရယ် ငွေကြေးအကုန်အကျမခံနိုင် တာရယ်ကြောင့် တစ်လတစ်ခါ တစ်ခါတစ်လေ စိတ်ညစ်စိတ်ရှုပ်နေချိန်တွေမှသာ ဆိုင်ကိုသွားဖြစ်တယ် ….. ဆိုင်သွားပြီး မျက်နှာလေးပေါင်းတင် ခေါင်းလေးလျှော်လိုက်ရင် လူကပေ့ါ ပါးသွားသလိုခံစားရတယ် .. ဆိုင်မှာက သေချာနှိပ်ပေးနှယ်ပေးတော့ ဇိမ်ရှိတာပေ့ါ …… ခေါင်းကို အမြဲတော့မလျှော်ရဲဘူး ရောဂါဖြစ်မှစိုးတယ် ……

ကျွန်မဧပြီလကုန်ကတည်းက ယခုဇူလိုင်လအထိ ဆိုင်မသွားဖြစ်ခဲ့ဘူး မျက်နှာမှာ အဖုတွေပေါက်နေတော့ ဆိုင်သွားပြီးမျက်နှာလေးပေါင်းတင်မယ် ဇိမ်လေးခံချင်တာနဲ့ ရုံးမှာ သူငယ်ချင်းတစ်ယောက်နဲ့ အဖော်ညှိဖြစ်တယ် …….. သူကဒိန်ချဉ်နဲ့တင်တဲ့နေရာရှိတယ် တို့သွားတင်ကြမယ်လေလို့ ကျွန်မကိုပြောလာတယ် ကျွန်မလည်း အချိန်သိပ်မရှိတော့ ရုံးနဲ့နီးတဲ့မြို့ထဲကိုပဲ ရုံးအပြန်သွားကြမယ်လို့ ကတိပေးထားလိုက်တယ် ….. ဒီလိုနဲ့ နှစ်ယောက်သား ချီတက်လာခဲ့တယ် ပေါင်တင်တဲ့ဆိုင်ရောက်တော့ သူကအောက်မှာ ဆိုင်းပုဒ်ကလေးထောင်ထားတယ် ပေါင်းတစ်ခါတင် (၃၀၀၀) ကျပ်တဲ့ “စိတ်တိုင်းမကျ ရင်ငွေပေးစရာ မလိုပါ ”တဲ့လေ အိုကိုယ်က လှမှမလှတာ စိတ်တိုင်းကျစရာမလိုဘူး အရေးကြီးတာက လောလောဆယ်ဇိမ်ရှိဖို့ပဲလိုတယ် ……. ဒါနဲ့နှစ်ယောက်သား အပေါ်ထပ်ကို တက်လာကြတယ် အမျိုးသမီးသီးသန့်တဲ့ အယ်မဆိုးဘူး အမျိုးသားမလုပ်တော့ ကိုယ်က လွတ်လွတ်လပ်လပ်နေလို့ရတယ်လေ … အပေါ်ထပ်ရောက်တော့ ဧည့်ခန်းလိုနေရာမျိုးကြီး အဲဒီမှာ အမျိုးသမီးတစ်ယောက်က မျက်နှာမှာပေါင်းတင်လက်စကြီးနဲ့ထိုင်နေတယ် ကျွန်မတို့နှစ်ယောက်တော့ အဲဒီဆိုင်က ကောင်မလေးကို ကိုယ်ဖြစ်ချင်တာတွေ ကိုယ်ပြောပြီး ပေါင်းတင်ဖို့လုပ်တာပေ့ါ ကောင်မလေးက အချိန်က (၂)နာရီကြာမယ်တဲ့ ဒါနဲ့ ကျွန်မတို့က အဲဒီလောက်အချိန်မရဘူးလို့စောဒကတက်လိုက်တယ် ကောင်မလေးကလည်း ရပါတယ်ဆိုပြီး ကျွန်မကို သဘက်တစ်ထည်ပေးပါတယ် ပြီးတော့ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ခိုင်းတယ် စိတ်ထဲဘဝင်မကျတော့ဘူး ဟင် ငါကဇိမ်ခံချင်ပါတယ်ဆိုမှ သူကငါ့ကိုလာပြီး ကိုယ်တိုင်မျက်နှာသစ်ခိုင်းနေတယ် ဒါနဲ့ကျွန်မလည်း ဘာမှမပြောပဲ သူတို့ဘာလုပ်မလဲ အသာစောင့်ကြည့်ပြီး သူငယ်ချင်းမျက်နှာသစ်တာကိုစောင့်နေလိုက်တယ် ပြီးတော့ အပေါ်ထပ်ကိုထပ်ခေါ်သွားတယ် အဲ … အဲဒီမှာမိုက်တယ် မျက်နှာပေါင်းတင် ခေါင်းလျှော်ရင်အိပ်တဲ့ ကုတင်ပေါ်ကိုတက်ခိုင်းတယ် ဒါနဲ့စိတ်ထဲကနေ တော်သေးတယ် ငါဇိမ်ခံရဦးမှာပေ့ါလို့တွေးမိတယ် ကျွန်မလည်း ပေါင်းတင်ဈေးကိုမမေးမိတော့ အောက်ကအတိုင်း (၃၀၀၀) ပဲပေါ့ဆိုပြီး ဟိုဒီဝေ့ကြည့်မိတယ် လူတွေအိပ်တဲ့ကုတင်ခြေရင်က မှန်မှာလည်း ပေါင်းတင် (၃၀၀၀) ရေးထားတော့ အိုခေပေ့ါ …. ကျွန်မမျက်နှာကို နှိပ်နှယ်ပေးမယ့်ကောင်မလေးက အမဘယ်လောက်တန်တင်မှာလဲတဲ့ မျက်နှာလေးကိုကိုင်ပြီး သူမကမေးလာပါတယ် ကျွန်မလည်း ကြောင်အမ်းအမ်းနဲ့ ခြေရင်းကို လက်ညှိုးထိုးပြတော့ မဟုတ်ဘူးလေအမ (၅၀၀၀)တန်ရှိတယ် (၃၀၀၀) တန်ရှိတယ်တဲ့လေ တွေ့လားစပြီ စိတ်ထဲထင်ပါတယ် အခုခေတ်ပေါင်းတင်တာ (၃၀၀၀)လောက်မရပါဘူးလို့ ဘာကွာလဲဆိုတော့ မချောက အသားပိုဖြူပြီး မျက်နှာပိုနူးညံ့မယ်အမတဲ့ အင်းရောက်လက်စဆိုတော့လည်းမထူးပါဘူးလေ (၅၀၀၀) တန်တင်မယ်ညီမလို့ပြောလိုက်တယ် …. ကောင်မလေးက ဆားဝက်ခြံညှစ်ပေးမယ်တဲ့ ကျွန်မကမညှစ်နဲ့လို့ပြောလိုက်တယ် တကယ်တော့ ကျွန်မက မျက်နှာပေါ်မှာ တစ်ခုခု အုပ်မိုးပြီးလာလုပ်ရင် လုံးဝမခံစားနိုင်ဘူး အသဲယားတတ်တယ် …… ဒါပေမယ့် အစမ်းညှစ်ကြည့်ပါလား မခံဖူးလို့ လို့ပြောလိုက်တယ် ဒါနဲ့သူမကညှစ်ပေးတယ် နာတယ်ရှင့် အသဲကလည်းယားလာတော့ ကောင်မလေးကမလုပ်တော့ဘူး ဆက်ပြီး သူမက cream တစ်မျိုးနဲ့ ကျွန်မမျက်နှာကို လာပွတ်ပေးတယ် ပြီးတော ့မျက်နှာကိုအပူပေးတဲ့စက်နဲ့လည်းမှုတ်တယ် အမလေး ဇိမ်ခံရမယ်မှတ်တယ် အပူပေးထားတော့ အသက်အောင့်ထားရတယ် အပူပေးစက်ကိုပိတ်ပြီး ကျွန်မမျက်နှာကို ဆေးသုတ်တဲ့အတံနဲ့ ပစ်ပစ်အရည်တွေကိုလာသုတ်ပါတယ် အပူပေးပြီစမျက်နှာဆိုတော့ အေးအေးလေးခံစားရတယ် အရောင်ကတော့နှနွှင်းအရောင်ပါ  အနံ့ကဆေးအနံ့နဲ့ ဒိန်ချဉ်အနံ့ရောနေတယ် တရုတ်ဆေးအနံ့ဆိုပိုမှန်မယ်ထင်ပါတယ်  ….. မျက်နှာအနှံ့လူးပေးပြီး ပလပ်စတစ်လေးကပ်လိုက်တော့ ပြီးသွားရော ….. ကျွန်မလည်း ဖီးတဝက်နဲ့ထလိုက်ရတယ် သူက (၂) နာရီပြည့်ရင်ပြောတဲ့ ပျင်းစရာကောင်းလိုက်တာ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် စကားပြောရင်းအချိန်ဖြုန်းနေမိတယ် ခဏကြာတော့ မျက်နှာကယားကျိယားကျိဖြစ်လာတယ် ကျွန်မလည်းသူငယ်ချင်းကိုမေးတယ် နင်ကောယားလားဆိုတော့ အင်း တဲ့ ……. သူကကျွန်မကို တစ်နေရာစိတ်ဖျောက်လိုက်တဲ့ ကျွန်လည်း ဟိုစာအုပ်လှန်ဒီစာအုပ်လှန်နဲ့ စိတ်ဖျောက်တာဘယ်လိုမှ မရဘူး ….. ဒါနဲ့ အချိန် (၁) နာရီတောင်မပြည့်ဘူး ကျွန်မမျက်နှာကဟာတွေ ခွာမယ် တော်ပြီလို့ပြောလိုက်တယ် အဲဒါ အောက်မှာ ရှိတဲ့ကောင်မလေးက ကျွန်မကိုရေချိုးခန်းထဲထပ်ခေါ်သွားပြီး မျက်နှာကဟာကို ခွာချပေးတယ် ….. ပြီးတော့ကျွန်မကိုမျက်နှာသစ်ခိုင်းတယ် အပြင်ရောက်တော့ ဘေစင်တစ်ခုရှေ့မှာ ခရင်လေးပေးတယ် မျက်နှာကိုပွတ်လိုက်တဲ့ နောက်တော့ မိတ်ကပ်လိုအရည်မျိုးထပ်ပေးတယ် ထပ်ပွတ်ခိုင်းတယ် ……. ဒီဆိုင်က ပေါင်းတင်ပေးတဲ့ မမတွေများ သက်သာလိုက်တာ တစ်ခြားဆိုင်တွေမှာဆို လက်မောင်းအောင့်အောင် မျက်နှာကို နှိပ်ပေးရတယ် …… သူမကပြောပါသေးတယ် အမကအခုခွာမယ်ဆိုလို့တဲ့ ကျွန်မတို့က (၁) နာရီပြည့်ရင် နောက်ဆေးတစ်မျိုးမျက်နှာမှာ ထပ်တင်ပေးသေးတယ်တဲ့ ….. ယားတယ်လို့ပြောတော့ ကျွန်မကိုပုစွန်စားလားတဲ့ ကျွန်မက ဘယ်နေ့ကလဲဆိုတော့ ဒီနေ့တဲ့ အမှန်ပြောရရင် ပုစွန်မစားတာကြာပါပြီ အဲဒီနေ့ကလည်း ဘာမှကိုမစားလာရဘူး ဗိုက်ကလည်း အတော့်ကိုဆာနေပါတယ် …… အခုဒီပေါင်းတင်ဆိုင်ကို ကျွန်မလုံးဝမကြိုက်ဘူး ဘာလို့လဲဆိုတော့ သူတို့ကအချိန်တစ်ခုကို ကန့်သတ်ထားတယ် လူတစ်ယောက်က အချိန်မရဘူးသိသိကြီးနဲ့ မိမိဘယ်လိုလုပ်မယ်ဆိုတာရှင်းပြသင့်တယ် အခုတော့ ပိုက်ဆံသာ (၅၀၀၀)ပေးခဲ့ရတာ ဘာမှလည်း မထူးခြားသွားဘူး …… ကျွန်မနောက်ကလာသမျှလူအားလုံးက (၅၀၀၀) နဲ့ပဲ ပေါင်းတင်နေကြပါတယ် သူတို့က (၃၀၀၀) ပြောပြီး (၅၀၀၀)ကိုတင်မလားမေးတော့ လှချင်လို့ ပေါင်းလာတင်တာ ပိုက်ဆံ (၂၀၀၀) နဲ့တော့ ဘယ်သူမှ အလှကိုအလျော့မခံချင်ဘူးပေါ့လေ ……. တစ်ခြားလူတွေကြိုက်ချင်ကြိုက်မယ် ကျွန်မတော့ မကြိုက်ဘူး Service ညံ့လို့ ……. တစ်ခြားဆိုင်တွေဆို ပေါင်းမတင်ခင်က အချိန်ဘယ်လောက်ကြာမယ် ဘယ်လိုလုပ်ရင် ပိုက်ဆံဘယ်လောက် ဘာတွေထည့်ပေးမယ် အသေးစိတ်ရှင်းပြတယ် အချိန်မရရင် ဘာလေးပဲလုပ်သွားဆိုပြောတယ် …….

ထိုဆိုင်ကိုမကောင်းဘူးလို့ပြောတာမဟုတ်ဘူး အသားအရေတင်းရင်းပြီးဖွေးချင်ဖွေးပါလိမ့်မယ် ကျွန်မကသူပြောသလို အချိန်ကို (၂) အပြည့်မနေခဲ့တော့မသိသာခဲ့ဘူး ……… ဒါပေမယ့် ကျွန်မလို ဇိမ်ခံချင်သူများ အသားအရေ စမ်းစတစ်ဖြစ်သူများ သတိထားသွားစေချင်လေးပါ …… ကျွန်မကြုံခဲ့တာလေးကိုမျှဝေတာပါ …..

 

 

Khaing Khaing

29 comments

  • Inz@ghi

    July 13, 2012 at 3:24 pm

    ကျွန်မက မျက်နှာပေါင်းတင် ဆံပင်ပေါင်းတင် ခေါင်းလျှော်တာတွေကို အမြဲတမ်းလုပ်လေ့လုပ်ထ မရှိခဲ့ပါဘူး …

    ရှေ့၂ခု ကတော့ ထားပါတော့ ..
    ခေါင်း မှန်မှန် မလျှော်တာကတော့…

    အင်း…သင်္ဘောသီးလေးက … မျက်စိတင်မှုန်တာမဟုတ်…
    အနံ့လည်း မရရှာဝူးကိုး .. သနားပါဘိတောင်း..

    ခုခိခုခိ…

    Reply

    • Khaing Khaing

      July 13, 2012 at 3:40 pm

      စပြီ စပြီ ဒီလိုရေးရင် ဒါမျိုးအပြောခံရမယ်ဆိုတာ သိနေတယ် …… တမင်အကြွားမပါအောင် မနည်းကိုထိန်းရေးထားရတာ ……. ခေါင်းမှန်မှန်မလျှော်လဲ သများခေါင်းက အနံ့မွှေးပြီးသား သူများတွေလို မသေခင်ပုပ်နေတာမဟုတ်ဘူး ……….. တကယ်ထဲ ဝေဖန်ရေးနဲ့လေကန်ရေး …

      Reply

      • snow white

        July 13, 2012 at 5:42 pm

        မမခေါင်းမလျှော်ဘူးဆိုတာ ညီမလေးလည်းမယုံဘူး တို့အစ်မက အသန့်ကြိုက် တာကိုနော် စာရေးတာ လောသွားလို့နေမှာပေ့ါနော် စိတ်လျော့ချစ်မမ ချစ်မမက ရယ်နေရင် ချောတယ် စိတ်ကြီးနေရင်မချောတော့ဘူးနော် မမစာကိုဖတ်ပြီးအားပေးတယ် တို့မမစာများလည်းများများတင်နိုင်ပါစေနော် ။။။

        Reply

        • Inz@ghi

          July 13, 2012 at 5:47 pm

          သိမ်းငှက်သူရဲကောင်း ကိုပြန်ရိုက်မလို့ …
          အရေးကြီးတဲ့ ..ဇာတ်ဆောင်နေရာက ကျကျနန သရုပ်ဆောင်နိုင်မယ့်လူ ရှာတာ မတွေ့လို့ ..၃နှစ် လောက် ကြာသွားတယ်…
          ခုတော့တွေ့ဘီလေ…..ပိုစ့်ပိုင်ရှင် ကိုယ်တိုင်ပါပဲ ..ခစ်ခစ်..

          ယုံအော် မဟုတ်ဘူးကွယ့် …

          မေခြောက်ဖုံ…

          😛

      • Inz@ghi

        July 13, 2012 at 5:44 pm

        ကြွားတဲ့အသံ ထွက်လာပြန်လို့ မှတ်မှတ်ရရ ဟိုအနီရောင်အခြောင်း အောက်စိုက်ခဲ့ပါကြောင်း…

        နှလုံးသားရှိတဲ့အရပ် ကို ခရီးထွက်သွားပြီ ဖြစ်လို့ ..
        လုံးဝ(လုံးဝ) ပြန်လာလှည့်ကြည့်တော့မှာ မဟုတ်ကြောင်း…
        ရေးချင်ရာရေးနိုင်ပါကြောင်း…

        တကိုယ်ရေ သန့်ရှင်းရေး မကောင်းတဲ့လူ ကို
        အပေါင်းအသင်း မလုပ်ချင်ပါကြောင်း ….
        အကျင့်တွေပြင်ပါ့မယ်… ပုပ်တယ်သိုးတယ် ပြောတာလည်း
        မေ့ဖျောက်ပေးပါ ဆို မျက်ရည်လေးတစမ်းစမ်းနဲ့
        တောင်းပန်ပီး ဘီဘီ တိုက်မယ်ဆိုရင်တောင်
        မျက်စိမှိတ် ခေါင်းမော့ လက်ပိုက် ပီး သကာလ… ဘယ်ဘက် ၃ချက် ညာဘက်၃ချက်
        (ဟောဒလို ဟောဒလို) အားရပါးရ ခေါင်းယမ်း ပြမှာ ဖြစ်ကြောင်း …

        အခုတော့ သိပီမို့ … လမ်းတွေ့ရင်တောင် နှာခေါင်း ကို လက်ညိုးနဲ့ လက်မနဲ့ ပိတ်လို့
        ဝေးဝေးကလျောက်မှာ ဖြစ်ကြောင်း …

        အရေးအသားကို အော်ဂလီဆန်လို့..
        သည်စာကို အိုဖုရို ဝင် ရေနာရီဝက်စိမ် ဘီအိုရီ လေးနဲ့ ခေါင်းကျကျနန လျှော်
        ပြီးတော့မှ ကွန်ပူတာပေါ်က မန့်လိုက်ပါတယ်ဗျာ ..

        ဟံမာငီး …ညက်ခွက်ကြီး မြင်ယောင်လာလို့ …လက်၂ဖက်နဲ့
        ခေါင်းတဗျဉ်းဗျဉ်း …ကုတ်မယ့် ပုံ ဆိုတာ သိလို့
        နေရထိုင်ရ တာ အဆင်မပြေလို့ …လက်သွားဆေးဦးမယ်….ကွယ်…

        ဒက်ဂလောက် ဒက်ဂလောက် ….

        Reply

        • Khaing Khaing

          July 14, 2012 at 9:35 am

          အမလေးလေး ပြောထားလိုက်တာ တစ်တစ်ခွခွပါလား …….. သူ့ဆံပင်ငှက်သိုက်ဖြစ်ပြီး အိမ်သာ ထဲမှာရိုက်ထားတဲ့ပုံကျတော့ ချဉ်ဆော်နံနေတာ ဓာတ်ပုံထဲကတောင်အပြင်ကိုအနံထွက်တယ် ပန်းတနော်သွားတုန်းက မအိတုံရိုက်ထားတဲ့ပုံကိုကြည့် သူ့ကိုယ်သူတောင်ဝန်ခံထားသေးတယ် …

          မပြောချင်ပေမယ့် သူပြန်လာကြည့်ကြည့်မကြည့်ကြည့် သူများတွေမြင်မှာမှ ပြောမယ် ပြောမယ် .. ရန်ကုန်မှာတုန်းက ရွှေဘဲဆိုင်မှာထိုင်တုန်းကအကျီင်္ကို တနင်္ဂနွေနေ့အထိမချွတ်ပဲဝတ် ထားတဲ့လူကများ သူခိုးကလူပြန်ဟစ်နေသေးတယ် … အွန်း သူ့စကားငှားသုံးပြီးပြောဦးမယ် ပက်ပက်စက်စက် ချဉ်ပါတယ်အေ …. အမလေးပြောရင်းနဲ့မျက်မှန်ချွတ်တပ်လုပ်တဲ့ သူ့မျက်နှာကြီးကို မြင်ယောင်လာပြီး အော့ လက်သန့်ဆေးနဲ့လက်ကိုပြန်ဆေးပြီး မျက်စိကို မျက်စဉ်းခပ် နှာခေါင်းကိုနှာသန့်ဆေးထည့်ပလိုက်တယ် …. ဒါပဲ ….

          ညီမလေးစနိုးရေ မမကဒီစာကိုရိုက်တာပြုံးပြုံးလေးသိလား အမက မိဂီကို အခုလိုပြန်ပြောတယ်ဆိုတာကလည်း ဂုဏ်တော်ကိုးပါးထဲက “အနုတ္တရောပုရိသဓမ္မသာရထိ”တဲ့ အဲဒီဂုဏ်တော်နဲ့အညီ ကျင့်သုံနေတာပါကွယ် ….

  • မမ အညာသူ

    July 13, 2012 at 3:31 pm

    ဟုတ်
    ခုလိုတင်ပြပေးတာကျေးဇူးတင်ပါတယ်ရှင်

    Reply

  • mamanoyar

    July 13, 2012 at 3:47 pm

    အန် ဘယ်ဆိုင်လဲနော်ခိုင်ခိုင် သွားမိမှာစိုးလို့
    တစ်ခါမှ ပေါင်းမတင်ဖူးပါဘူး
    ဟီးးးးးးးးးးးးးး

    Reply

    • Khaing Khaing

      July 13, 2012 at 4:02 pm

      မမနိုရာရေ …… ရန်ကုန်တိုင်းဒေသကြီး ဘုန်းကြီးလမ်းအနီးမှာပါ ဒိန်ချဉ်နဲ့ပေါင်းတင်တာ လူသိများပါတယ် ဆိုင်နံမည်တော့ အတိအကျမပြောချင်ပါဘူး …

      Reply

  • နွယ်ပင်

    July 13, 2012 at 3:53 pm

    ဒါကတော့ ဆံပင်ညှပ်ဆိုင်တွေရဲ့ ထုံးစံပဲလေး မခိုင်ရဲ့ ….
    သူတို့က ဆံပင်ပေါင်းတင် 2000 လို့ ရေးထားမယ် အထဲရောက်သွားလို့ရှိရင်
    အစ်မ ဒီလောက် xxxxxx ဒီလောက် xxxxxx တန်နဲ့ ပေါင်းတင်ပါလား ပိုပြီးကောင်းလာတယ်
    ပိုပြီးဆံပင်ပျော့လာတယ်နဲ့ ကိုယ်တွေကတော့ လှချင်တော့ ပေါင်းတင်မယ်ဆိုပြီး စိတ်ကူးသွားတာက
    တစ်ဈေး ဆိုင်ကပြန်လာရင် လုပ်လာမိတဲ့ ဈေးကတစ်ဈေး ဒါနဲ့ ပိုပြီးကောင်းလာလားဆိုတော့
    သိပ်ပြီးထူးမခြားနားပဲ ဒီလိုမျိုးတွေ ကြုံရတာက ခဏခဏပဲကို အစ်မရယ် ..
    ကိုယ်တွေကလည်း လှချင်တယ်ဆိုတော့ ခက်သားလား အစ်မရယ်နော် ….

    Reply

    • Khaing Khaing

      July 13, 2012 at 4:04 pm

      နွယ်ရေ … အမက ဈေးပိုပေးရတာ အကြောင်းမဟုတ်ဘူး အခုက ဘာဇိမ်မှမခံ လိုက်ရဘဲ ပေးလိုက်ရတာ မတန်ဘူး …. အခုကသူတို့က တစ်ခြားဆိုင်တွေလို ဆံပင်လျှော် တာတွေဘာတွေမလုပ်ဘူး ပေါင်းတင်သက်သက်ပဲ … အလှအပကြိုက်တာ မိန်းမသဘာဝပဲလေ .. ယောက်ျားတွေတောင်အလှကြိုက်လို့ လှတဲ့မိန်းမတွေကို ယူနေကြတာပဲ …

      Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:22 pm

    အင်း..မိုက်လေးလည်း..
    မှတ်သွားပါတယ်နော်…။

    Reply

  • water-melon

    July 13, 2012 at 4:36 pm

    ဒီလိုနဲ့ နှစ်ယောက်သား ချီတက်လာခဲ့တယ် ပေါင်တင်တဲ့ဆိုင်ရောက်တော့ပေါင်းတင်တာလား ပေါင်တင်တာလား
    အဟီ
    ရုပ်ကိုကြည့်ပြီး ဒိန်ချဉ်အကျန်တွေနဲ့တင်ပေးတာထင်တယ်
    သင်္ဘောသီးကတော်ဖြစ်ပြီး အောက်ကြေးမနှိုက်ပါနဲ့အေ
    မန်းလေးလာမှ ရှယ်ဆိုင်ခေါ်ပြီးတင်ပေးပါမယ်
    အဟတ် အဟတ် 😆

    Reply

    • မစ္စတာ တောက်တဲ့

      July 13, 2012 at 4:51 pm

      အခိုင်ကို ရှယ်ဆိုင်လိုက်ပို့ပေးမယ်ဆိုတော့
      ဥဥဗြဲကို မေးရဦးမယ်ဂျ ..
      သများကော မန်းလေးလာရင်
      ဆိုင်လိုက် ပို့ပေးမှာလား ဥဥဗြဲ …
      (ဘယ်ဆိုင်ဒုံး သိဒယ်မဟုတ်လား) 😀

      Reply

      • water-melon

        July 14, 2012 at 6:58 am

        တိဒယ် တိဒယ် တိုတောက်တဲ့ကြီး
        လာခဲ့လေ တောက်တဲ့မလေးတွေရှိတဲ့ဆိုင်
        လိုက်ပို့မယ် အဟတ် အဟတ်

        Reply

        • Khaing Khaing

          July 14, 2012 at 9:50 am

          တောက်တဲ့ကိုပေါင်းမတင်ပါ …….. ဖရဲကိုယုံပြီးဆိုင်ပြခိုင်းရင်တော့ အဟဲ အဟဲ သူကိုယ်တိုင် ကိုတောက်တဲ့ကိုတင်ပေးလိုက်လိမ့်မယ် သူ့အခန်းထဲခေါ်ပြီးတော့ …….

  • Phaung Phaung

    July 13, 2012 at 4:52 pm

    Khaing Khaing …. ရေးထားကိုဖတ်ပြီး ရယ်လည်းရယ်ချင်တယ်… ပိုက်ဆံလည်းပေးရသေးတယ်….
    စိတ်တိုင်းလည်းမကျခဲ့ရဘူး… ဟုတ်ပ…
    Phaung2 ကတော့ ကပ်စေးနည်းဆိုတော့ ဘယ်တော့မှမျက်နှာပေါင်းမတင်ဘူး… ခေါင်းပဲလျှော်တယ်..
    အပြင်မှာဈေးသက်သက်သာသာရေးထားရင်ပိုဆိုးတယ်… ရေးထာတာတစ်မျိုး …အထဲရောက်တော့ တစ်မျိုး

    Reply

    • Khaing Khaing

      July 14, 2012 at 9:39 am

      ကပ်စေးနှဲတာတော့ နှဲတာပေ့ါ တစ်ခါတစ်လေ လှချင် လက်တည့်စမ်းချင်တာပေ့ါလေ … သူများတွေပေါင်းတင် မြက်နုတ် အဲဝုတ်ပါဘူး …… ပေါင်းတင်တဲ့ခေတ်မှာ ကိုယ်ကမလုပ်ဖူးဖူးဆို ခေတ်နောက်ကျသွားမှာပေါ့လို ဟုတ်ဝူးလားဖောင်းဖောင်းလေး ……….

      Reply

  • myanmarcitizen

    July 13, 2012 at 5:03 pm

    ဒါများ ၅၀၀ဝ ပေးနေရသေးတယ်။ ဒိန်ချည်တစ်အိုးဝယ်လိုက်ရင်များ တင်လို့တောင်မကုန်ဝူး။ ပိုလို့စားတောင်စားလို့ရအုန်းမယ်။ ဒိန်ချည်နဲ့ ပေါင်းလေးတင်လိုက် ဒိန်ချည်လေးစားလိုက်နဲ့ အဟေး ဘယ်လောက်ကောင်းလိုက်မလဲ

    Reply

    • water-melon

      July 14, 2012 at 7:00 am

      ဟုတ်ပါ့ ဟုတ်ပါ့
      နွားနို့၁ပိသာလောက်ဝယ်ပြီး
      ဒိန်ချဉ်ဖောက်စမ်းပါ
      ဉာဏ်မရှိတာပါအေ
      အင်း နာလည်း တလုပ်မလေးတွေဆိုင် ပေါင်တင်ရင်ကောင်းမလား ပေါင်းတင်ရင်ကောင်းမလား
      အဟတ် အဟတ်

      Reply

    • Khaing Khaing

      July 14, 2012 at 9:41 am

      ပေါင်းတင်ပြီးမှ စဉ်းစားမိတာပါ …. ငါ့ဘာသာအိမ်မှာဒိန်ချဉ်ဝယ်ပြီးတင်လည်းရသားလို့ … ခစ်ခစ်ခစ် … အို သများက ဇိမ်ခံချင်လို့အပြင်မှာသွားတင်ပါတယ်ဆိုနေမှ ……

      ဖရဲမညည်းကိုတော့ တလုပ်မတွေက ပေါင်းမတင်ပေးဘူး ပေါင်တင်ပေးလိမ့်မယ် … မန်းလေးလာရင်တွေ့မယ် ……. မိဖရဲညည်းမျက်နှာကို မြင်းချေးကပ်ပလိုက်မယ် …..

      Reply

  • မောင်ပေ

    July 13, 2012 at 8:06 pm

    ဒါကြောင့်မို ့
    ဟိုနေ ့က ဓါတ်ပုံထဲမှာ အရမ်းလှပနေတာကိုး
    မခိုင်ယောက်ျား ကံကောင်းလေစွ။

    Reply

    • Khaing Khaing

      July 14, 2012 at 9:43 am

      အာ …… ကိုပေကလည်း သများကပေါင်းတင်လို့လှနေတာမဟုတ်ဘူး ……. မတော်တဆလှတယ်လိုထင်သွားတာဖြစ်မယ် …. အဲဒါလေးဘလက်ဓာတ်ပုံရိုက်ချက်တော်လို့ ….

      Reply

  • amatmin

    July 13, 2012 at 8:16 pm

    အင်း…
    လှချင်တာကိုးးး..
    ခံပေါ့ဗျာ..
    မကြိုက်ရင် နောက်တဆိုင်ပြောင်း..
    ဒီပုံစံနဲ့ ပိုခံရစေသတည်းးးးး 🙂
    ဆိုင်ကြောင့်မဟုတ်… လူကြောင့် 😛 😛

    Reply

    • Khaing Khaing

      July 14, 2012 at 9:46 am

      လူပျိုကြီးကိုမတ် ပြောင်းမှာပါ မပူနဲ့ ကြားဖူးတယ်မှတ်လား တစ်ဆိုင်မကောင်း တစ်ဆိုင်ပြောင်းတဲ့ …..

      Reply

  • ko khin kha

    July 14, 2012 at 4:43 pm

    မခိုင်ရေ။ ကိုယ့်အိမ်မှာအချိန်ရရင် ကိုယ့်တိုင်လုပ်လို့လွယ်တဲ့ ဒိန်ချဉ်နဲ့မျက်နှာလိမ်းနည်းပြောပြမယ်နော်။
    ဒိန်ချဉ်ရယ် ကြက်ဥအကာရယ်( အနှစ်လုံးဝမပါရပါ)ကိုရောစပ်ပြီး မွှေပါ။ မျက်နှာကိုသန့်စင်အောင် ဆပ်ပြာရည်(သို့မဟုတ်)ဆပ်ပြာနဲ့ ဆေးကြောသစ်ပြီး ခြောက်အောင်သုတ်ပါ။ ပြီးရင် ခုနက ရောစပ်ထားတဲ့ ဒိန်ချဉ်နဲ့ကြက်ဥအကာကို လိမ်းပေးပါ။ လိမ်းသည့်အခါမှာ မေးဖျားဖက်ကနေ အပေါ်ကိုတွန်းတဲ့စနစ်နဲ့ လိမ်းပေးရင်ပိုကောင်းတယ်၊ အဲဒီလိုမျက်နှာတစ်ခုလုံးလိမ်းပြီးရင် ၁၅ မိနစ်ခန့် လှဲလောင်းနေပါ။ ထိုအချိန်မှာ ပါးစပ့်စေ့ထားပါ စကားမပြောရ ပါးစပ်မဟရပါ။ စကားပြော ပါးစပ်ဟလုပ်ရင် ပါးစပ်ဝန်းကျင် ကအသားအရေတွေမှာ အရစ်တွေဖြစ်နိုင်လို့ပါ။ ၁၅မိနစ် မျက်နာတင်းပြီး ခြောက့်ဖန့်ဖန့်ဖြစ်ရင် မျက်နှာ သစ်လို့ရပါပြီ။ တစ်ပတ်တစ်ချိန်လုပ်သွားရင် မျက်နှာဟာချောမွေ့ပြီး လှပနေတယ်လို့သိရပါတယ်။

    Reply

    • Khaing Khaing

      July 17, 2012 at 3:27 pm

      ကျေးဖူးပါ ကိုခင်ခ ခက်တာက ကိုယ်တိုင်မလုပ်ချင်တာပါပဲ …… ဒါပေမယ့် အခါသင့်ရင် လုပ်ကြည့်ပါဦးမယ်

      Reply

  • eipu

    July 17, 2012 at 4:02 pm

    ဒိန်ချဉ်နဲ့အိမ်မှာ ကိုယ့်ဘာသာပေါင်းတင်ကြည့်ပါလား။
    ဒိန်ချဉ်ထဲကမလိုင်တွေကိုဖယ်။
    မျက်နှာသစ်ပြီး ၁၅ မိနစ်လောက်တင်ထား။
    ပြီးရင်မျက်နှာပြန်သစ်လိုက်လေ။ မျက်နှာကဖွေးပြီးပိုချောလာတယ်။
    ၅၀၀ဝထပ်မကုန်ရတဲ့နည်းလေးပါ။

    Reply

  • etone

    July 17, 2012 at 4:31 pm

    မခိုင်ရေ …
    ့ညီမတော့ … ဒရိုင်းစကင်မို့လို့ …. ဆိုင်ကိုသွားတာထက် .. ကိုယ့်ဘာသာကိုယ်လုပ်ဖြစ်တာက များပါတယ် ။ သူတို့ လက်ကြမ်းတွေနဲ့ နှိပ်တဲ့ ဒဏ်လည်း မခံနိုင်သလို …. မျက်စိမှိတ်ထားစဉ် ဆခရက်ပ်လုပ်တဲ့ ဘာမှန်း မသိတဲ့ အလှကုန်တွေကိုလည်း ကြောက်မိလို့ပါ … ။ အသားရည်က ဆန်းဆစ်တစ်ဗ်ထဲ မပါပေမယ့်…. ကြေးချွတ်တာတွေ ၊ သဲ ဆပ်ပြာတွေနဲ့ ပွတ်ခံရတဲ့အခါ .. ပြောင်ချော နူးအိသွားပေမယ့် .. အပိုဆုအဖြစ် ယောင်ပြီး ကျန်ကျန်ခဲ့တာ တစ်ရက်နှစ်ရက်လောက်ထိပါပဲ … ။ တစ်ခုခုဆိုလည်း .. ဘာပစ္စည်းတွေ သုံးမလဲဆိုတာ .. ကြိုမေးရတယ် … ကြိုကြည့်ဖြစ်တယ် .. အဲ့ဒါကြောင့် သွားတယ်ဆိုလည်း ကိုယ်သွားနေကြ လုပ်နေကြဆိုင်ပဲ သွားတယ် …. ။

    ခေါင်းလျှော်ရတာတော့ ဆိုင်မှာ လျှော်တာ ကြိုက်တယ် …. ။ နှိပ်ပေးလို့ပါ …… ။ ဒါပေမယ့် ကြိုပြောထားရတယ် … ဘယ်နားကို ဘယ်လို မလုပ်ဘူးလဲဆိုတာ.. တစ်ခါတစ်လေ ဆံပင်တွေကို ဆွဲပြီး ဆောင့်ပလိုက်တာ အရမ်း စိတ်တိုတယ် .. နောက်ပြီး မပြောမဆိုနဲ့ နားထဲ ရေထည့်ဆေးတာမျိုး ၊ ဇက်ချိုးလိုက်တာမျိုးလေ … ။ အိမ်မှာခေါင်းလျှော်လျှင် … ဇိမ်မရှိလို့ .. ဆိုင်ကို ပိုကြိုက်ပေမယ့် ……. အချိန်ကြပ်တည်းနေတာကြောင့် …. မနက်စောစောပဲ အိမ်မှာ ခေါင်းလျှော်ဖြစ်တယ် ။ ခေါင်းက တရက်ခြား တစ်ခါလောက်လျှော်လျှင်ပဲ ..ေ ပါ့ပါး လန်းဆန်းနေသလိုပါ … ။

    မခိုင်ပြောတဲ့ ဆိုင်ကတော့ … အပြောနဲ့ လက်တွေ့ မညီတာ အမှန်ဘူး .. နားလှည့်ပါးရိုက်လုပ်ချင်တဲ့ စရိုက်မျိုး ကတော့ .. ကြာရှည်မရပ်တည်နိုင်ပါဘူး … ။ အခုဆို ပိုက်ဆံပေးနိုင်လျှင် ပေးနိုင်သလို အလှကုန်မျိုးစုံဝယ်သုံးလို့ ရနေပြီမို့ …… ဈေးကြီးပြီးကိုယ့်အသားနဲ့ သင့်လျှော်တာလေးဝယ်ပြီးပေါင်းတင်လျှင် …. လှမယ်ထင်တယ် မခိုင်ရေ ……… အဟီး .. သဘောင်္သီးတော့ ပိုက်ပိုက်ထွက်ပြီမှတ် …….. ခွိခွိ 😛

    Reply

Leave a Reply to snow white Cancel Reply

Your email address will not be published.