ဒီလိုနေ ဒီလိုမနေ နဲ့

snow whiteJuly 12, 20121min017

မိုးလင်းလာတာနဲ့ အမျှ   လူတွေကဘဝ အတွက်ကြိုး စားရုန်းကန် နေရတာပါ     ပြေလည်မှုတွေလည်း ရှိသလိုမပြေလည်မှုတွေလည်း

ရှိတက်   စမြဲပါ        မနက်ပိုင်းလေးတော့ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံစွာ နေ ဖို့ အတွက်က ကိုယ့်ရဲ့တစ်နေတာ

စိတ်  ကြည်လင်ဖို့ကိုပေးပါလိမ့်မယ်  မိုးလင်းထဲ ကညချိန်ထိ ဘဝ အတွက် ကြိုးစားရ    ပိုက်ဆံရဖို့ ရှာကျရ   အဖေတွေကလည်း

ပိုက်ဆံရဖို့ ရှာ ရ  မိခင်ကလည်း   သားသမီးစားဖို့    တစ်အိမ်လုံးစားဖို့     သားသမီးတွေကလည်း  ဘဝ အတွက် အနာဂတ်  အတွက်

ကျောင်းတက်ရ   ကဲကျောင်းပြီးတဲ့သူကလည်း အလုပ်လုပ်စရာရှိလုပ်မယ် သင်တန်းတက် မယ့်သူကလည်းတက်မယ်    ဈေးသည်ကလည်း

ဈေးရောင်းမယ်       ဆိုက်ကားသမားကလည်းဆိုက်ကားနင်းမယ်     စပယ်ယာကကလည်းသူစပယ် ယာအလုပ်သူလုပ်မယ်

လူအမျိုး အကြောင်းအမျိုးမျိုး နဲ့  လှုပ်ရှားရုန်းကန်နေရအုံးမှာပါဘဲ    မနက် မျက်နှာသစ် ချိန်ကစလို့   ညအိပ်ချိန် ထိက ကိုယ့်ဘဝ အတွက်

ကြိုးစားရမယ်ဆိုတာတော့သိတယ်  ဒါပေမယ့်တစ်နေ့ တာကျက်သရေ မင်္ဂလာအပေါင်းနဲ့နေဖို့ ကကျတော့ကိုယ့်ကိုယ်တိုင်   ကျက် သရေ  မင်္ဂလာအပေါင်းနဲ့

နေချင် ရင် ကိုယ့်ကိုယ်တိုင်   လုပ်မှရမယ်  ဘာကြောင့်လည်းဆိုတော့မိုးလင်းထဲက စိတ်ကမကြည်လင်ရင် ဘာအလုပ်လုပ် အောင်မြင် မည်မဟုတ်   မနက် မိုးလင်း

လာတာနဲ့ တရားပေါက်ရမယ်လို့လည်းမပြော ဘူးနော်

မနက်ပိုင်းလေး တော့ အိ်မ်က နေ  ဘုရားစာလေးရွတ် ပြီးတော့ အိမ်ကနေကြည်ကြည် လင်လင် စိတ်ကိုတက်နိုင်သလောက် ကြည်လင် စွာနဲ့ ထွက်လာပေမယ့်

လမ်းရောက်တာ နဲ့စိတ်ညစ်စရာ ဆဲသံကလည်း  ကြားရသေးတယ်  ဘယ်လောက် ကျက်သရေ ယုတ်စေလည်း   မြန်မာလူမျိုးတော့ လူမျိုးတွေပါဘဲ   မိုးလင်းတာနဲ့ စိတ်မချမ်းမြေ့စရာ ကလည်း

မတွေ့ချင်မှ အဆုံး တွေ့ရတယ်      ကားပေါ်စတက်ထဲက  စပယ် ယာရဲ့အော်ငေါက်သံကအရင်စ ကြားရမယ်       ကားပေါ်ကဆင်းတော့    မုန့်ဝယ်တယ်  မုန့်ဆိုင် က အကြွေ ပြသနာတက်တယ်

အကြွေ မပေးလို့ ဆိုပြီး မုန့်ဆိုင် ကဆိုင်ပိုင်ရှင်  လူကိုပြကျမတက် ကြည့်တယ် ကြောက်တောင် ကြောက်တယ်  ဈေးသည်ရဲ့မျက်လုံးက အဲ့လောက် ထိ အချစ်မျက်လုံးလေးနဲ့ ကြည့်လိုက်တာ

မနက် ပိုင်းနော် ဒါတောင်    ၈နာရီဘဲ ရှိသေးတာ    အော်လူတွေ ရဲ့စိတ်တွေ ကမနက်မိုးလင်းလာတာနဲ့ အမျှ လောဘ ဒေါသ မောဟတွေ နဲ့ ဘဲ စတင်တယ်  ညအိပ်ချိန် ရောက်သည်ထိအောင်

ဒီလောဘမီးတွေ ကသေမယ်မထင် ဘူး    ဘုရားဟော စကားလေးတစ်ခွန်းကို မှတ်မိနေတယ်  ကိလေသာမကုန်သမျှ ပတ်လုံးလောဘ ဒေါသ မောဟ မီးတွေ ကုန်နိုင်လိမ့်မည် မဟုတ်

ဘာပြောပြောပါ ဘယ်လောက်စိတ်ညစ်စရာတွေနဲ့  တွေ့လာပါ         ကိုယ့်မျက်နှာလေးကိုတော့တက်နိုင် သလောက် ဒီလိုနေထားမယ်          အပြုံးမျက်နှာနေထားမယ် တစ်နေ့ လုံးကိုယ့်အတွက်

ကျက်သရေ မင်္ဂလာ   အပေါင်း နဲ့ ပြည့်အောင်တော့ နေမယ်

 

 

 

 

 

 

ဒီလိုမနေနဲ့                                         ဒီလိုနေ

 

ပုံလေးမှာကြည့်လိုက် သိပ်မကွာသလို ဘဲနော် ဒါပေမယ့်  ဒီလိုနေ ဒီလိုမနေနဲ့ လို့လည်းရေးထားသေးတယ်နော် (ဒီလိုမနေနဲ့)ပုံထဲကအတိုင်းနေ    လို့ ကတော့   မင်္ဂလာအပေါင်းမပြောနဲ့

တစ်နေ့ တာလုံးမင်္ဂလာမပြည့်မှုနဲ့ ဘဲ နေနေရမယ် စိတ်မချမ်းမြေ့မှု တွေများနေမယ်           ( ဒီလိုနေ )ဆိုတဲ့ပုံထဲကအတိုင်းလေးနေမယ် ဆိုရင်တော့    ကျက်သရေ မင်္ဂလာအပေါင်းနဲ့လည်းပြည့်စုံမယ်

တစ်နေ့တာစိတ်အေးချမ်းမှု ရစေမယ် လို့ ထင်မြင်မိတယ်

17 comments

  • snow white

    July 12, 2012 at 11:32 am

    ပုံလေးစထည့်ကြည့်ပေမယ့်မအောင်မြင် ဘူး ဖြစ်သွားတယ် နောက်တစ်ပို့စ်ကျမှ ပုံ လေးပါအောင် တင်ပေးမယ်နော် နောက်မှာကြောက်လို့ ပုံပါတယ်ဆိုပြီးပုံမတွေ့လို့ ပုံပါတယ်လို့ မှတ်ပြီး ဖတ်ပေးကျနော် …

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 12, 2012 at 11:50 am

    ဟုတ်ပါပြီ..စနိုးရယ်…
    ပုံလေးပါတယ်လို့ပဲ သတ်မှတ်ပြီး ကြည့်လိုက်ပါပြီ…
    ဒီလိုနေ..ဒီလိုမနေနဲ့ ဆိုတာ…
    မြင်ကြည့်ရုံနဲ ့သိပါတယ်နော်…
    အပြုံးဆိုတာ လူတိုင်းအတွက် အကျိုးရှိပါတယ်…
    မြင်ရတဲ့သူအပေါင်း ကျက်သရေလည်းရှိတာပေါ့…
    မနက်မိုးလင်းတာတဲ့ ကိုယ့်ကိုကိုယ်မှန်ထဲကြည့်ကြည့်ပါ…
    အပြုံးပန်းလေးတစ်ပွင့်ဆင်ကြည့်ပါ…
    ဘယ်လောက် ကျက်သရေရှိလည်း…
    အပြုံးပန်းလေးက စိတ်ကိုလန်းဆန်းစေပါတယ်…
    မနက်အိပ်ယာထရင် အရင်ဆုံးမှန်ကြည့်ပြီး ပြုံးကြည့်နော်…
    အဲ့လိုပဲ နေ ့သစ်တစ်ခုရဲ့မနက်ခင်းလေးကအစပြုလို့…
    နေဝင် အလုပ်သိမ်းချိန်ထိ အပြုံးပန်းတွေ ဝေဝေဆာဆာနဲ့…
    လောဘ ဒေါသ မောဟတွေ ကင်းပြီး….
    ပျော်ရွှင်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ပါစေလို့…
    စနိုး ရေ မိုက်လေး ဖတ်ကြည့်သွားပါတယ်နော်…
    စနိုးလေး လည်းပျော်ရွှင်ပါစေ…ခင်မင်လျှက် မိုက်လေး…။

    Reply

  • htoosan

    July 12, 2012 at 12:46 pm

    ပုဒ်ထီး ပုဒ်မတွေ မပါတာ ဟာ ကောင်းချင်တဲ့ ဟင်း ဆားမပါသလိုပါလား ။
    ဒီလိုရေး ဒီလိုမရေးနဲ့လို့ ဒုတိယံပိ နဲ့ နောက်ဆုံး အကြိမ် အဖြစ် လျှာရှည် အဲဟုတ်ဘူး လက်ရှည် သွားပါကြောင်း ….

    Reply

  • မောင်ပေ

    July 12, 2012 at 12:55 pm

    ကိုပေ က တော့ စနိုးလေးနဲ ့ဘဲ နေမှာ…. ဂျစ်လို ့

    Reply

    • snow white

      July 12, 2012 at 1:35 pm

      ဦးဦးပေ နေကောင်းတယ်နော် ဘာတွေဖြစ်နေတာလည်း ခုတလော ဂျစ်တာဘဲပြောနေတယ်
      နောက်တာပါ ကိုယ့်ဦးလေးဘဲ ။။။

      Reply

      • မောင်ပေ

        July 12, 2012 at 1:39 pm

        အူးကြောင်က
        သူမရှိတုန်း
        သူ ့ကိုယ်စား
        မိန်းခလေးအားလုံးကို
        တစ်ယောက်မကျန်
        ဂျစ်ရမယ်လို ့
        အမိန် ့ရှိထားလို ့ပါကွယ်
        ဂျစ်မယ်နော
        ဟီဟိ

        Reply

  • P chogyi

    July 12, 2012 at 1:10 pm

    အပြုံးဟာ ကိုယ်ခန်ဒါ အကြောအချင်တွေပြေစေတယ်လို့ပြောတယ်
    အထူးသဖြင့် မျက်နှာပေါ်ကပေါ့
    (com off က ဘာဖြစ်လို့လဲ)

    Reply

    • snow white

      July 12, 2012 at 2:17 pm

      ပါသွားတာနေမယ် စနိုးအပြစ်ပေါ့လေ မလုပ်တက်သေးဘူး ခုထိကိုအမှားပါနေသေးတယ် နားလည်ပေးနော်

      Reply

  • ko khin kha

    July 12, 2012 at 1:37 pm

    လူတွေဟာ မွေးဖွားခြင်းကစပြီး သေဆုံးခြင်းအတွင်း
    တဖြေးဖြေးအိုမင်းရင့်ရော် သွားတတ်ကြတယ်ဆိုပေမယ့်
    တစ်ခါတရံမှာ မနက်နေထွက်တဲ့အချိန်နဲ့ ညနေနေဝင်တဲ့အချိန်အတွင်းမှာဘဲ
    အိုမင်းရင့်ရော်သွားတတ်ပါတယ်တဲ့။
    အဲဒီတစ်နေ့တာ အတွင်းအိုမင်းရင့်ရော်တဲ့သူတွေက ဘယ်သူတွေလဲဆိုရင်
    စနိုးပြောတဲ့ ဒီလိုမနေနဲ့ ဆိုတဲ့သူတွေပါဘဲ။
    ပုံမပါပေမဲ့ စနိုးဆိုလိုချင်တဲ့ပုံတွေကို မြင်ဘူးပါတယ်၊ ပိုစ့်စာသားလေးကို ဖတ်ပြီးအားပေးပါတယ်။

    Reply

  • shwe kyi

    July 12, 2012 at 1:40 pm

    နှင်းဖြူလေးရေဖတ်သွားတယ်နော် ဒီလိုပဲနေမယ်နော် 🙂

    Reply

  • Mလုလင်

    July 12, 2012 at 1:50 pm

    အမြဲ ပြုံးနေရင် လဲ စပ်ဖြီးဖြီး များ ဖြစ်နေမလား လို့ပါ။

    သူကြီး က မတူတာတွေး .. မတူတဲ့ ရှုထောင့် က မန့်ရမယ် ဆိုလို့ပါ။ 🙂

    Reply

  • manawphyulay

    July 12, 2012 at 3:35 pm

    ဘယ်လိုပဲ ပြောပြော မနက်ကတော့ ဒီလိုမနေနဲ့ဆိုတဲ့ ပုံစံနဲ့ အလုပ်ထဲမှာ နေနေပါတယ်။ ခုတော့လည်း ဒီလိုနေဆိုတဲ့ပုံစံကို ရအောင် ကျင့်ကြည့်နေပါတယ်စနိုးရေ… ဘဝမှာ ဒီလိုကြီးပဲ အမြဲ မနေနိုင်သလို ဒီလိုမနေနဲ့ပြောတဲ့ပုံစံလည်း အမြဲနေလို့မရပြန်ပါဘူး။ သဘာဝက အလှည့်အပြောင်းဆိုသလိုပေါ့ကွယ်…

    နောက်ကို စာရေးရင် ပုဒ်မ ချပါ ဆရာမကြီးရယ်… စာက ဆုံးနေပြီ ပုဒ်မက မချဘူး။ ဆက်ဖတ်ရမလို ရပ်ရမလို ဖြစ်ဖြစ်သွားတယ်….. 😛

    Reply

  • snow white

    July 12, 2012 at 3:49 pm

    ဟုတ်ကဲ့ပါရှင့် မေ့သွားပြန်တာပြန်တာ စလုံးပေါင်းမမှားပါရင်လည်း မနေတက်ဖြစ်နေတယ် ချစ်မမရယ် နောက်ပုဒ်မချပါ့မယ်နော် ချစ်မမစကားအစဉ်မြဲနားထောင်လျက်ပါ ။။။

    Reply

    • ကြောင်လေး

      July 13, 2012 at 10:48 am

      ကိုပေ နဲနဲလျော့ ………….ဦးကြောင်ကိုယ်စား ကျနော်လည်းရှိတယ်။
      ကျနော့်ကိုတဝက်ခွဲပေး….

      ဒေါ်စနိုးပုဒ်မက ချမဲ့ချတော့ သုံးခုတောင်ချပြလိုက်တယ်၊ မနောကိုရွဲ့တာထင်တယ်။

      Reply

  • ရွှေ မင်း သား

    July 13, 2012 at 8:28 am

    လူဘဲလေ စိတ်ညစ်တဲ့ အခါ လဲ ညစ်ရမှာပေါ့။
    ပျော်တဲ့ အခါ လဲ ပျော်သလို နေမှာပေါ့.
    စိတ်ညစ်ရင် လဲ စပ်ဖြီးဖြီး
    ပျော်ရင်လဲ စပ်ဖြီးဖြီး ဆိုရင် ဘယ်ကြည့်မကောင်းမလဲ…
    ဒီတော့ ကိုယ့်ကို မထိခိုက်တဲ့ ကိစ္စတွေမှာ အကောင်းမြင် မျက်စိလေး နဲ့ ကြည့်ပေးရမယ်။
    အော် ဆဲသံကြားရင်လဲ ၊ သူစားဝင်အိပ်ပျော်အောင် သူကျင့် လေးနဲ့ သူဆဲတာဘဲလေ…(ကိုယ်ဆဲတာ မဟုတ်ရင်) ကိုယ့်ကို လာဆဲရင်တော့ မှတ်လောက်သားလောက်အောင် ကျွေးပစ်လိုက်။
    ဈေးသည်က အကြွေမပေးလို့ ဆဲရင် အကြွေးမှတ်ထားလိုက်ပေါ့ နောက်မှ ပေါင်းပေးမယ်။ ဟုတ်ဘူးလား ဒါမှ မရရင် မဝယ်ဘူးဗျာ ။ နေတတ်ရင် အေးဆေးပါ ။
    စပါယ်ယာ အော်ငေါက်ရင် မျက်စပစ် ပြလိုက်ပေါ့… တခါတည်း ပုံကျသွားအောင်..။
    ဒါမှ မဟုတ် ဟာသ နှော အရောဝင်လိုက်ပေါ့ ။ ဟာသဉာဏ်ရွှင်သူများကတော့ သူများထက် အသက်ရှုချောင်မယ်။ ဟာသ ဉာဏ် ရွှင် သူတွေက တဘက်လူရဲ့စိတ်ကို ပိုပြီး ပျော့ပြောင်းအောင်လုပ်နိုင်မယ် ထင်တာဘဲ။
    ကျုပ်လဲ ကျုပ်ထင်တာတွေ လျှောက်ပြောတာ….

    Reply

  • cum min

    July 13, 2012 at 12:41 pm

    လူလိုပဲနေမယ်တွာ…ဘာဂျစ်ရယ်……

    Reply

  • snow white

    July 13, 2012 at 6:12 pm

    ဖိုက်တာ လား ဖိုက်တာဆိုရင် ခြင်ဆေးခွေထင်ပြီး တစ်ရွာလုံးကိုပေးလိုက်မှာနော် ခြင်ဆေးခွေမဝယ်ခိုင်းဘဲ အလှူလုပ်ပလိုက်မှာ ကိုcum min ဘယ်လိုလဲ ဖိုက်တာလား လူလား လူလိုဘဲနေနေတာဘဲကိုလို့ စိတ်ကြီးလိုက်တာ စိတ်လျှော့ စိတ်လျှော့ ။။။

    Reply

Leave a Reply to snow white Cancel Reply

Your email address will not be published.